HomeCelebs Update NewsInternationalဆင်ဂယ်လ်ဘဝနဲ့ပဲ ပျော်နေလို့ ဒိတ်မလုပ်တာ ငါးနှစ်လောက်ရှိပြီဆိုတဲ့ Charlize Theron 

ဆင်ဂယ်လ်ဘဝနဲ့ပဲ ပျော်နေလို့ ဒိတ်မလုပ်တာ ငါးနှစ်လောက်ရှိပြီဆိုတဲ့ Charlize Theron 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဟောလိဝုဒ်ရဲ့ နာမည်ကျော် မင်းသမီးတစ်လက်ဖြစ်တဲ့ Charlize Theron ဟာ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်တဲ့အကြောင်းတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၇)ရက်နေ့က The Drew Barrymore ရှိုးမှာ ဧည့်သည်အဖြစ် ပါဝင်ရင်း ပြောပြခဲ့ပါတယ်။

အဆိုပါစကားဝိုင်းမှာတော့ Charlize ဟာ သူမရဲ့ မွေးစားသားသမီးနှစ်ယောက်ဖြစ်တဲ့ အသက်(၈)နှစ်အရွယ် Jackson နဲ့ (၅)နှစ်အရွယ် August တို့ကို ပြုစုပျိုးထောင်ရင်း ဆင်ဂယ်လ်ဘဝနဲ့ပဲ ပျော်ပျော်ကြီး နေထိုင်နေတဲ့အကြောင်း ပြောပြလာတာ ဖြစ်ပါတယ်။

Photo: charlizeafrica/ Instagram

“ကျွန်မဘယ်သူနဲ့မှ မဒိတ်ဖြစ်တာ ငါးနှစ်ကျော်လောက် ရှိနေပါပြီ။ သူငယ်ချင်းတွေက တစ်ယောက်ယောက်နဲ့တော့ တွဲပါလား။ ဟိုတစ်ယောက်နဲ့တော့ တွေ့ကြည့်လေဆိုပြီး စသဖြင့် ပြောလာရင်လည်း ကျွန်မဘက်က သူတို့ပြောတာကို လက်ခံပါတယ်။ ကျွန်မ ခံစားမိတာကတော့ ကျွန်မအနေအထားနဲ့ဆိုရင် အကြူဇယားတွေ အများကြီးနဲ့ တွေ့ရမယ့်အချိန် ရောက်နေတယ် ထင်တာပဲ … ” လို့ အသက် ၄၅နှစ်အရွယ် ရှိပြီဖြစ်တဲ့ Charlize က Drew Barrymore ကို ပြောပြခဲ့ပါတယ်။

“ကျွန်မ ပြောချင်တဲ့ အဓိပ္ပာယ်က ဟိုလိုအများကြီး ပွေရှုပ်တာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ သိတယ်မှတ်လား။ ကျွန်မရဲ့ တစ်ကိုယ်ရည်ဘဝကတောင် သိပ်ကောင်းမွန်နေပြီးသား အခြေအနေမျိုးမှာ ပိုကောင်းတဲ့ အနေအထားမျိုး ယူမလာပေးနိုင်ရင် အလကားပဲလေ။ ကျွန်မထက် နိမ့်တာမျိုးကိုတော့ ဘယ်လက်ခံလိမ့်မလဲရှင်…” ဆိုပြီး Charlize က ဆိုထားပါတယ်။

Photo: charlizeafrica/ Instagram

“အရိုးသားဆုံးနဲ့ ပြောပြနိုင်ပါတယ်။ ကျွန်မဘဝမှာ ကိုယ့်ဘာသာ တစ်ယောက်တည်း နေနေရတာ အထီးကျန်တယ်လို့ မခံစားရပါဘူး။ ကလေးတွေ မွေးစားထားတာဟာ တစ်ခုခုကို အစားထိုးတာမဟုတ်သလို တစ်ခြားအရာတွေကို သိပ်မစိတ်မဝင်စားတော့တာမျိုးလည်း မဟုတ်ပါဘူး။ အမြင့်ဆုံး စွမ်းဆောင်ရည်နဲ့ အရာအားလုံးကို ကြိုးစားနေတုန်းပါပဲ…”

“ကျွန်မ ထင်တာကတော့ ကိုယ်ဦးစားပေးထားတဲ့အရာတွေက ကိုယ့်ကို အရမ်းလိုအပ်နေတာမျိုးပေါ့။ မိဘတစ်ယောက် ဖြစ်ရတာ မလွယ်ပါဘူး။ သိပ်ကိုကြိုးစားရပါတယ်။ ဒါပေမယ့် တစ်နေကုန်လို့ အိပ်ရာထဲ ခေါင်းချမိတာနဲ့ ပြန်စဉ်းစားလိုက်ရင်လည်း ဘုရား … ငါကိုက ဒီလိုမျိုးနေချင်နေတာပါလားဆိုပြီး ဖြစ်ရတယ်… ” လို့ Charlize က ကလေးနှစ်ယောက်နဲ့ ဆင်ဂယ်လ်ဖြစ်နေရတဲ့ ဘဝကို ရင်ဖွင့်လာပါတယ်။

Photo: charlizeafrica/ Instagram

Charlize ဟာ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ဇွန်လတုန်းကလည်း The Howard Stern Show မှာ ပြောပြခဲ့ပါသေးတယ်။ “ကျွန်မက ဘယ်တုန်းကမှ လက်ထပ်ချင်တဲ့သူ မဟုတ်ပါဘူး။ ကျွန်မအတွက်တော့ လက်ထပ်တယ်ဆိုတာဟာ ဘယ်တုန်းကမှ အရေးကြီးတဲ့ ကိစ္စလည်း မဟုတ်ခဲ့ပါဘူး …” လို့ သူမက ဆိုပါတယ်။

“ကလေးတွေနဲ့ ကျွန်မရဲ့ဘဝဟာ ဘယ်တော့မှ အထီးမကျန်သလို အထီးကျန်နေတယ်လို့လဲ မခံစားရဖူးပါဘူး။ အခုလက်ရှိဘဝဟာ အဲ့လိုအထီးကျန်မှုတွေ ဖြစ်ဖို့အတွက် နေရာတောင်မရှိပါဘူး။ ဒါပေမယ့်လည်း ကျွန်မ ဒိတ်မလုပ်တာဟာ ဒီအကြောင်းပြချက်ကြောင့်လည်း မဟုတ်ပါဘူး.. ”

“တစ်ယောက်ယောက်နဲ့ ဒိတ်သွားရတာ ကျွန်မ ကြိုက်ပါတယ်။ ဒါပေမယ့် အဲ့လို လူတစ်ယောက်နဲ့အတူ ထပ်ပြီး နေနိုင်ပါဦးမလားဆိုတာ ကျွန်မ သေချာမသိဘူး။ အပွင့်လင်းဆုံး ပြောရမယ်ဆိုရင် ကျွန်မနဲ့တွဲမယ့်လူဟာ ကျွန်မနဲ့ခြံချင်းကပ်လျက်မှာ အိမ်လာဝယ်နေမှပဲ ရလိမ့်မယ်။ အဲ့လို လူတစ်ယောက်နဲ့ အတူနေရတဲ့ဘဝကိုလည်း ကျွန်မ နောက်တစ်ခါ နေနိုင်ဦးပါ့မလား၊ ကိုင်တွယ်နိုင်ပါ့ဦးမလားဆိုတာ မသိဘူး။ အဲ့လိုကိစ္စမျိုးတွေအတွက်လည်း ကျွန်မက အသက်ကြီးပါပြီ …” လို့ Charlize က ဆိုထားပါတယ်။

C 21

Source: people

(Zawgyi Version)

ေဟာလိဝုဒ္ရဲ႕ နာမည္ေက်ာ္ မင္းသမီးတစ္လက္ျဖစ္တဲ့ Charlize Theron ဟာ သူမရဲ႕ အခ်စ္ေရးနဲ႔ ပတ္သက္တဲ့အေၾကာင္းေတြကို ၿပီးခဲ့တဲ့ စက္တင္ဘာလ(၁၇)ရက္ေန႔က The Drew Barrymore ရႈိးမွာ ဧည့္သည္အျဖစ္ ပါဝင္ရင္း ေျပာျပခဲ့ပါတယ္။

အဆိုပါစကားဝိုင္းမွာေတာ့ Charlize ဟာ သူမရဲ႕ ေမြးစားသားသမီးႏွစ္ေယာက္ျဖစ္တဲ့ အသက္(၈)ႏွစ္အ႐ြယ္ Jackson နဲ႔ (၅)ႏွစ္အ႐ြယ္ August တို႔ကို ျပဳစုပ်ိဳးေထာင္ရင္း ဆင္ဂယ္လ္ဘဝနဲ႔ပဲ ေပ်ာ္ေပ်ာ္ႀကီး ေနထိုင္ေနတဲ့အေၾကာင္း ေျပာျပလာတာ ျဖစ္ပါတယ္။

Photo: charlizeafrica/ Instagram

“ကြၽန္မဘယ္သူနဲ႔မွ မဒိတ္ျဖစ္တာ ငါးႏွစ္ေက်ာ္ေလာက္ ရွိေနပါၿပီ။ သူငယ္ခ်င္းေတြက တစ္ေယာက္ေယာက္နဲ႔ေတာ့ တြဲပါလား။ ဟိုတစ္ေယာက္နဲ႔ေတာ့ ေတြ႕ၾကည့္ေလဆိုၿပီး စသျဖင့္ ေျပာလာရင္လည္း ကြၽန္မဘက္က သူတို႔ေျပာတာကို လက္ခံပါတယ္။ ကြၽန္မ ခံစားမိတာကေတာ့ ကြၽန္မအေနအထားနဲ႔ဆိုရင္ အၾကဴဇယားေတြ အမ်ားႀကီးနဲ႔ ေတြ႕ရမယ့္အခ်ိန္ ေရာက္ေနတယ္ ထင္တာပဲ … ” လို႔ အသက္ ၄၅ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ Charlize က Drew Barrymore ကို ေျပာျပခဲ့ပါတယ္။

“ကြၽန္မ ေျပာခ်င္တဲ့ အဓိပၸာယ္က ဟိုလိုအမ်ားႀကီး ေပြရႈပ္တာမ်ိဳးကို ဆိုလိုတာ မဟုတ္ပါဘူး။ သိတယ္မွတ္လား။ ကြၽန္မရဲ႕ တစ္ကိုယ္ရည္ဘဝကေတာင္ သိပ္ေကာင္းမြန္ေနၿပီးသား အေျခအေနမ်ိဳးမွာ ပိုေကာင္းတဲ့ အေနအထားမ်ိဳး ယူမလာေပးႏိုင္ရင္ အလကားပဲေလ။ ကြၽန္မထက္ နိမ့္တာမ်ိဳးကိုေတာ့ ဘယ္လက္ခံလိမ့္မလဲရွင္…” ဆိုၿပီး Charlize က ဆိုထားပါတယ္။

Photo: charlizeafrica/ Instagram

“အ႐ိုးသားဆုံးနဲ႔ ေျပာျပႏိုင္ပါတယ္။ ကြၽန္မဘဝမွာ ကိုယ့္ဘာသာ တစ္ေယာက္တည္း ေနေနရတာ အထီးက်န္တယ္လို႔ မခံစားရပါဘူး။ ကေလးေတြ ေမြးစားထားတာဟာ တစ္ခုခုကို အစားထိုးတာမဟုတ္သလို တစ္ျခားအရာေတြကို သိပ္မစိတ္မဝင္စားေတာ့တာမ်ိဳးလည္း မဟုတ္ပါဘူး။ အျမင့္ဆုံး စြမ္းေဆာင္ရည္နဲ႔ အရာအားလုံးကို ႀကိဳးစားေနတုန္းပါပဲ…”

“ကြၽန္မ ထင္တာကေတာ့ ကိုယ္ဦးစားေပးထားတဲ့အရာေတြက ကိုယ့္ကို အရမ္းလိုအပ္ေနတာမ်ိဳးေပါ့။ မိဘတစ္ေယာက္ ျဖစ္ရတာ မလြယ္ပါဘူး။ သိပ္ကိုႀကိဳးစားရပါတယ္။ ဒါေပမယ့္ တစ္ေနကုန္လို႔ အိပ္ရာထဲ ေခါင္းခ်မိတာနဲ႔ ျပန္စဥ္းစားလိုက္ရင္လည္း ဘုရား … ငါကိုက ဒီလိုမ်ိဳးေနခ်င္ေနတာပါလားဆိုၿပီး ျဖစ္ရတယ္… ” လို႔ Charlize က ကေလးႏွစ္ေယာက္နဲ႔ ဆင္ဂယ္လ္ျဖစ္ေနရတဲ့ ဘဝကို ရင္ဖြင့္လာပါတယ္။

Photo: charlizeafrica/ Instagram

Charlize ဟာ သူမရဲ႕ အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး ၿပီးခဲ့တဲ့ဇြန္လတုန္းကလည္း The Howard Stern Show မွာ ေျပာျပခဲ့ပါေသးတယ္။ “ကြၽန္မက ဘယ္တုန္းကမွ လက္ထပ္ခ်င္တဲ့သူ မဟုတ္ပါဘူး။ ကြၽန္မအတြက္ေတာ့ လက္ထပ္တယ္ဆိုတာဟာ ဘယ္တုန္းကမွ အေရးႀကီးတဲ့ ကိစၥလည္း မဟုတ္ခဲ့ပါဘူး …” လို႔ သူမက ဆိုပါတယ္။

“ကေလးေတြနဲ႔ ကြၽန္မရဲ႕ဘဝဟာ ဘယ္ေတာ့မွ အထီးမက်န္သလို အထီးက်န္ေနတယ္လို႔လဲ မခံစားရဖူးပါဘူး။ အခုလက္ရွိဘဝဟာ အဲ့လိုအထီးက်န္မႈေတြ ျဖစ္ဖို႔အတြက္ ေနရာေတာင္မရွိပါဘူး။ ဒါေပမယ့္လည္း ကြၽန္မ ဒိတ္မလုပ္တာဟာ ဒီအေၾကာင္းျပခ်က္ေၾကာင့္လည္း မဟုတ္ပါဘူး.. ”

“တစ္ေယာက္ေယာက္နဲ႔ ဒိတ္သြားရတာ ကြၽန္မ ႀကိဳက္ပါတယ္။ ဒါေပမယ့္ အဲ့လို လူတစ္ေယာက္နဲ႔အတူ ထပ္ၿပီး ေနႏိုင္ပါဦးမလားဆိုတာ ကြၽန္မ ေသခ်ာမသိဘူး။ အပြင့္လင္းဆုံး ေျပာရမယ္ဆိုရင္ ကြၽန္မနဲ႔တြဲမယ့္လူဟာ ကြၽန္မနဲ႔ၿခံခ်င္းကပ္လ်က္မွာ အိမ္လာဝယ္ေနမွပဲ ရလိမ့္မယ္။ အဲ့လို လူတစ္ေယာက္နဲ႔ အတူေနရတဲ့ဘဝကိုလည္း ကြၽန္မ ေနာက္တစ္ခါ ေနႏိုင္ဦးပါ့မလား၊ ကိုင္တြယ္ႏိုင္ပါ့ဦးမလားဆိုတာ မသိဘူး။ အဲ့လိုကိစၥမ်ိဳးေတြအတြက္လည္း ကြၽန္မက အသက္ႀကီးပါၿပီ …” လို႔ Charlize က ဆိုထားပါတယ္။

C 21

Source: people

RELATED ARTICLES

Most Popular