HomeCelebs Update NewsInternationalအထင်မှားစေတဲ့ ထွေလာတွေကြောင့် ပရိသတ်တွေလည်း ရုပ်ရှင်စတူဒီယိုတွေကို တရားစွဲလို့ ရပြီ

အထင်မှားစေတဲ့ ထွေလာတွေကြောင့် ပရိသတ်တွေလည်း ရုပ်ရှင်စတူဒီယိုတွေကို တရားစွဲလို့ ရပြီ

Ana de Armas ရဲ့ ပရိသတ်နှစ်ယောက်ကတော့ Yesterday ရုပ်ရှင်ရဲ့ အထင်မှားစေတဲ့ ထွေလာကြောင့် Universal စတူဒီယိုကို တရားစွဲထားပါတယ်။ အကြောင်းကတော့ Yesterday ရုပ်ရှင်ရဲ့ ထွေလာထဲမှာ Ana de Armas ပါဝင်ထားပြီး တကယ့်ရုပ်ရှင်ထဲမှာတော့ Ana de Armas မပါဝင်တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီတရားစွဲဆိုမှုကြောင့်ပဲ ယခုအချိန်မှာတော့ ရုပ်ရှင်စတူဒီယိုတွေက အထင်မှားစေတဲ့ ထွေလာတွေ ပြသရင်တော့ ပရိသတ်တွေအနေနဲ့ တရားစွဲနိုင်တယ်လို့ အမိန့်ချသွားခဲ့ပါတယ်။

photo via screenrant

Yesterday ရုပ်ရှင်ကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အဲဒီအချိန်မှာတော့ Ana de Armas ဟာ ယခုလိုမျိူး သိပ်ပြီးလူသိမများသေးပါဘူး။ သူမဟာ ဒီရုပ်ရှင်ထဲမှာတော့ အဓိကဇာတ်ကောင်ရဲ့ ဒုတိယမြောက် Love Interest အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရုပ်ရှင်ဖန်တီးသူတွေကတော့ စိတ်ပြောင်းသွားကာ အဓိကဇာတ်ကောင်ကို သူ့ရဲ့ အဓိက Love Interest နဲ့ပဲ ဖန်တီးသွားမယ်လို့ ဆုံးဖြတ်လိုက်တာကြောင့် Ana de Armas ရဲ့ ဇာတ်ဝင်ခန်းတွေဟာ ဖျက်ပစ်ခံခဲ့ရပါတယ်။

Ana de Armas ရဲ့ ပရိသတ်နှစ်ယောက်ကတော့ ဒီထွေလာကို ကြည့်ပြီးနောက်မှာ (၃.၉၉)ဒေါ်လာနဲ့ ဒီရုပ်ရှင်ကို ငှားကြည့်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း တကယ့်ရုပ်ရှင်ထဲမှာတော့ Ana de Armas မပါဝင်ခဲ့တာကြောင့် သူတို့နှစ်ယောက်ဟာ အလွန်စိတ်ပျက်သွားကြပြီး လိမ်ညာ Marketing ဆင်းတယ်လို့ Universal စတူဒီယိုကို ဒေါ်လာ(၅)သန်းတန် အမှုနဲ့ တရားစွဲခဲ့ပါတယ်။ ယခုအချိန်မှာတော့ တရားသူကြီး Stephen Wilson ဟာ ရုပ်ရှင်ရဲ့ထွေလာဟာ ပရိသတ်တွေကို ကြည့်ချင်လာအောင် စွဲဆောင်တဲ့ ကြေညာပဲ ဖြစ်ပြီး ဒီလိုလုပ်ရပ်ဟာ လိမ်ညာပြီး ကြော်ညာတာပါလို့ ဆိုပါတယ်။ ဒါ့အပြင် ဒီတရားစွဲဆိုမှုကြောင့် ယခုအချိန်မှာတော့ ပရိသတ်တွေဟာ ရုပ်ရှင်စတူဒီယိုတွေကို အထင်မှားစေတဲ့ ထွေလာတွေကြောင့် တရားစွဲဆိုနိုင်ပြီ ဖြစ်ပါတယ်။

တကယ်တော့ ရုပ်ရှင်လောကမှာ ထွေလာထဲမှာ မြင်တွေ့ခဲ့ရပြီး တကယ့်ရုပ်ရှင်မှာ ပါဝင်မလာတဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်လေ့ရှိပြီး ဒီလိုဖြစ်ရပ်မျိူးကို Terminator 2: Judgement Day ၊ The Dark Knight ၊ Cars နဲ့ Alien တို့လိုရုပ်ရှင်တွေရဲ့ ထွေလာမှာလည်း မြင်တွေ့ခဲ့ရပါတယ်။ ယခုခေတ်မှာ ဆိုရင်တော့ Marvel စတူဒီယိုရဲ့ ထွေလာတွေဟာ သိပ်ပြီးမယုံကြည်ရဘဲ ပရိသတ်တွေကို အထင်မှားအောင် ပြုလုပ်ထားတာတွေများစွာ ရှိနေပါတယ်။ ဒါကြောင့်ပဲ လူကြိုက်များတဲ့ Marvel စတူဒီယိုကလည်း ဒီအတိုင်းသာဆိုရင်တော့ တရားစွဲဆိုခံရနိုင်တဲ့ စတူဒီယိုတွေထဲမှာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular