HomeCelebs Update NewsChineseFan Bingbing ရဲ့ အထင်ကရအဖြစ်ဆုံး ဇာတ်ကား(၅)ကား

Fan Bingbing ရဲ့ အထင်ကရအဖြစ်ဆုံး ဇာတ်ကား(၅)ကား

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Fan Bingbing ဟာ ကျော်ကြားတဲ့ မင်းသမီးတစ်လက် ဖြစ်ရုံတင်မက ဖက်ရှင်နယ်ပယ်မှာလည်း အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်သလို ကော်ဇောနီပေါ်က ဘုရင်မတစ်ပါးလည်း ဖြစ်ပါတယ်။ သူမဟာ တရုတ်ပြည်တွင်းမှာတင် မဟုတ်ဘဲ ဟောလိဝုဒ်အထိပါ အောင်မြင်တဲ့ မင်းသမီးတစ်လက်လည်း ဖြစ်တာကြောင့် သူမ သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲတွေထဲက ချီးကျူးခံခဲ့ရပြီး အထင်ကရ အဖြစ်ဆုံး ဇာတ်ကား(၅)ခုကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

 I Am Not Madame Bovary
photo via imdb

Fan Bingbing ဟာ ဒီဇာတ်ကားနဲ့ အာရှရုပ်ရှင်ဆု၊ ရွှေကြက်ဖဆုစတဲ့ ထူးချွန်ဆုတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဇာတ်လမ်းကတော့ ခင်ပွန်းသည်ကိုယ်တိုင်က ပြည့်တန်ဆာဆိုပြီး ပြန်စွပ်စွဲခံရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရေးနောက်ခံနဲ့ တိုင်းရေးပြည်ရေး အခြေအနေတွေကို သရော်လှောင်ပြောင်ထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ ၂၀၁၆ခုနှစ်မှာ ထွက်ရှိထားပြီး IMDb 6.9 ရရှိထားတဲ့ ဒရာမာကားကောင်း ဖြစ်ပါတယ်။

The Empress of China
photo via imdb

၂၀၁၄-၂၀၁၅မှာ ထုတ်လွှင့်ပြသခဲ့တဲ့ တီဗွီဇာတ်လမ်းတွဲဖြစ်ပြီး သူမရဲ့ အထင်ကရအဖြစ်ဆုံး ဇာတ်ကောင်တစ်ခုလို့တောင် ပြောလို့ရနိုင်ပါတယ်။ တရုတ်ပြည်သမိုင်းမှာ တစ်ဦးတည်းရှိတဲ့ ဧကရာဇ်ဘုရင်မကြီး Wu Zetian အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး အဝတ်အစားပိုင်းတွေမှာ လျှပ်ပေါ်လော်လီတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရင်ဘတ်ပိုင်းတွေမှာ ဆင်ဆာတွေပါ အဖြတ်ခံထားရတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ တကယ့်တကယ်တမ်းမှာတော့ ဧကရာဇ်ဘုရင်မတစ်ပါးရဲ့ ကျက်သရေရှိပြီး ဝံ့ကြွားတဲ့ဟန် အပြည့်နဲ့ ကြည့်လို့ကောင်းတဲ့ ဝတ်စားဆင်ယင်မှုလို့ ပရိသတ်တွေကတော့ ဝေဖန်ကြပါတယ်။ ဒါကြောင့်လည်း အဲ့ဒီ့နှစ်ပိုင်းမှာ ကြည့်ရှုနှုန်းအများဆုံး ဖြစ်ခဲ့တဲ့ ဇာတ်လမ်းတွဲ ဖြစ်ခဲ့တာ ဖြစ်နိုင်ပါတယ်။ IMDb rating ကတော့ 6.4 ရရှိထားပါတယ်။

X-Men: Days of Future Past
photo via imdb

ဒီကားကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb 8.0 တောင် ရရှိထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ X-Men တွေ မျိုးသုန်း ပျောက်ကွယ်မယ့်ရန်မှ ကာကွယ်ဖို့အတွက် Wolverine ကို အတိတ်ကို ပြန်သွားပြီး သမိုင်းကို ပြန်ပြင်စေတာပါ။ ဒီကားထဲမှာတော့ Fan Bingbing ဟာ Blink ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါဟာ သူမအနေနဲ့ စူပါဟီးရိုးဇာတ်ကားမှာ ပထမဦးဆုံး ပါဝင်ဖူးတာတော့ မဟုတ်ပါဘူး။ Iron Man 3 မှာလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း သူမ ပါတဲ့အခန်းက တရုတ်နိုင်ငံမှာ ပြသတဲ့ နေရာမှာသာ ပါဝင်ခဲ့ပြီး တစ်ခြားနေရာတွေမှာတော့ ဖြတ်ခံလိုက်ရပါတယ်။

Lost in Beijing

photo via imdb

ဒီဇာတ်ကားကတော့ ၂၀၀၇ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb 6.7 ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒါဟာ သူမရဲ့ အစောပိုင်း သရုပ်ဆောင်မှုတွေထဲမှာ ပါဝင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ဘာလင်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ပြသခွင့် ရခဲ့တာကြောင့် Fan Bingbing ဆိုပြီး နိုင်ငံတကာက အာရုံစိုက်တာကို ရရှိစေခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ စီးပွားရေးအဆင်မပြေတဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ ပိုကောင်းမွန်တဲ့ ဘဝတစ်ခုကို ရရှိဖို့ မျှော်လင့်ချက်နဲ့ ပေကျင်းမြို့ပေါ်ကို ပြောင်းရွှေ့လာကြပါတယ်။ မြို့ပေါ်မှာ ရရာအလုပ်ကို ကိုယ်စီလုပ်ကိုင်ကြရင်း ဇနီးဖြစ်သူဟာ သူမအလုပ်က သူဌေးရဲ့ အဓမ္မကျင့်မှုကို ခံလိုက်ရပါတယ်။ အဲ့ဒီ့နောက် သူမမှာ ကိုယ်ဝန်ရှိလာတဲ့အခါ ကလေးအဖေက ဘယ်သူဆိုတဲ့အပေါ် ငြင်းခုန်မှုတွေနဲ့ လူမှုရေး အရှုပ်အရှင်းတွေကို ရိုက်ပြထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။

Buddha Mountain
photo via imdb

ဒီကားကတော့ ၂၀၁၀ခုနှစ်မှာ ထွက်ရှိထားပြီး IMDb 6.7 ရထားတဲ့ ဒရာမာကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နှစ်ဆယ်ကျော်အရွယ် လူငယ်သုံးယောက် မရင့်ကျက်သေးချိန်မှာ စိတ်ထင်ရာ လျှောက်လုပ်ကြတဲ့ အဖြစ်အပျက်ကို ပုံဖော်ထားတာပါ။ ဒီဇာတ်ကားကြောင့်ပဲ (၂၃)ကြိမ်မြောက် တိုကျို နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး မင်းသမီးဆုကို ရရှိခဲ့ပါတယ်။

ဒါကတော့ Fan Bingbing သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေထဲက ချီးကျူးမှုအများဆုံးနဲ့ အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေကို ဖော်ပြပေးထားတာပါ။ နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Fan Bingbing ဟာ ေက်ာ္ၾကားတဲ့ မင္းသမီးတစ္လက္ ျဖစ္႐ုံတင္မက ဖက္ရွင္နယ္ပယ္မွာလည္း အထင္ကရပုဂၢိဳလ္တစ္ဦးျဖစ္သလို ေကာ္ေဇာနီေပၚက ဘုရင္မတစ္ပါးလည္း ျဖစ္ပါတယ္။ သူမဟာ တ႐ုတ္ျပည္တြင္းမွာတင္ မဟုတ္ဘဲ ေဟာလိဝုဒ္အထိပါ ေအာင္ျမင္တဲ့ မင္းသမီးတစ္လက္လည္း ျဖစ္တာေၾကာင့္ သူမ သ႐ုပ္ေဆာင္ခဲ့တဲ့ ႐ုပ္ရွင္ေတြနဲ႔ ဇာတ္လမ္းတြဲေတြထဲက ခ်ီးက်ဴးခံခဲ့ရၿပီး အထင္ကရ အျဖစ္ဆုံး ဇာတ္ကား(၅)ခုကို ေ႐ြးခ်ယ္ေဖာ္ျပေပးလိုက္ပါတယ္။

I Am Not Madame Bovary
photo via imdb

Fan Bingbing ဟာ ဒီဇာတ္ကားနဲ႔ အာရွ႐ုပ္ရွင္ဆု၊ ေ႐ႊၾကက္ဖဆုစတဲ့ ထူးခြၽန္ဆုေတြကို သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။ ဇာတ္လမ္းကေတာ့ ခင္ပြန္းသည္ကိုယ္တိုင္က ျပည့္တန္ဆာဆိုၿပီး ျပန္စြပ္စြဲခံရတဲ့ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ႏိုင္ငံေရးေနာက္ခံနဲ႔ တိုင္းေရးျပည္ေရး အေျခအေနေတြကို သေရာ္ေလွာင္ေျပာင္ထားတဲ့ ဇာတ္ကားလည္း ျဖစ္ပါတယ္။ ၂၀၁၆ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb 6.9 ရရွိထားတဲ့ ဒရာမာကားေကာင္း ျဖစ္ပါတယ္။

The Empress of China
photo via imdb

၂၀၁၄-၂၀၁၅မွာ ထုတ္လႊင့္ျပသခဲ့တဲ့ တီဗြီဇာတ္လမ္းတြဲျဖစ္ၿပီး သူမရဲ႕ အထင္ကရအျဖစ္ဆုံး ဇာတ္ေကာင္တစ္ခုလို႔ေတာင္ ေျပာလို႔ရႏိုင္ပါတယ္။ တ႐ုတ္ျပည္သမိုင္းမွာ တစ္ဦးတည္းရွိတဲ့ ဧကရာဇ္ဘုရင္မႀကီး Wu Zetian အေၾကာင္းကို ႐ိုက္ကူးထားတာျဖစ္ၿပီး အဝတ္အစားပိုင္းေတြမွာ လွ်ပ္ေပၚေလာ္လီတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ရင္ဘတ္ပိုင္းေတြမွာ ဆင္ဆာေတြပါ အျဖတ္ခံထားရတဲ့ ဇာတ္လမ္းတြဲျဖစ္ပါတယ္။ တကယ့္တကယ္တမ္းမွာေတာ့ ဧကရာဇ္ဘုရင္မတစ္ပါးရဲ႕ က်က္သေရရွိၿပီး ဝံ့ႂကြားတဲ့ဟန္ အျပည့္နဲ႔ ၾကည့္လို႔ေကာင္းတဲ့ ဝတ္စားဆင္ယင္မႈလို႔ ပရိသတ္ေတြကေတာ့ ေဝဖန္ၾကပါတယ္။ ဒါေၾကာင့္လည္း အဲ့ဒီ့ႏွစ္ပိုင္းမွာ ၾကည့္ရႈႏႈန္းအမ်ားဆုံး ျဖစ္ခဲ့တဲ့ ဇာတ္လမ္းတြဲ ျဖစ္ခဲ့တာ ျဖစ္ႏိုင္ပါတယ္။ IMDb rating ကေတာ့ 6.4 ရရွိထားပါတယ္။

X-Men: Days of Future Past
photo via imdb

ဒီကားကေတာ့ ၂၀၁၄ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb 8.0 ေတာင္ ရရွိထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ X-Men ေတြ မ်ိဳးသုန္း ေပ်ာက္ကြယ္မယ့္ရန္မွ ကာကြယ္ဖို႔အတြက္ Wolverine ကို အတိတ္ကို ျပန္သြားၿပီး သမိုင္းကို ျပန္ျပင္ေစတာပါ။ ဒီကားထဲမွာေတာ့ Fan Bingbing ဟာ Blink ဆိုတဲ့ ဇာတ္ေကာင္ေနရာကေန ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ဒါဟာ သူမအေနနဲ႔ စူပါဟီး႐ိုးဇာတ္ကားမွာ ပထမဦးဆုံး ပါဝင္ဖူးတာေတာ့ မဟုတ္ပါဘူး။ Iron Man 3 မွာလည္း ဧည့္သည္သ႐ုပ္ေဆာင္အျဖစ္ ပါဝင္ခဲ့ဖူးပါတယ္။ ဒါေပမဲ့လည္း သူမ ပါတဲ့အခန္းက တ႐ုတ္ႏိုင္ငံမွာ ျပသတဲ့ ေနရာမွာသာ ပါဝင္ခဲ့ၿပီး တစ္ျခားေနရာေတြမွာေတာ့ ျဖတ္ခံလိုက္ရပါတယ္။

Lost in Beijing
photo via imdb

ဒီဇာတ္ကားကေတာ့ ၂၀၀၇ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb 6.7 ရရွိထားတဲ့ ဇာတ္ကားတစ္ကား ျဖစ္ပါတယ္။ ဒါဟာ သူမရဲ႕ အေစာပိုင္း သ႐ုပ္ေဆာင္မႈေတြထဲမွာ ပါဝင္တဲ့ ဇာတ္ကားတစ္ကားျဖစ္ၿပီး ဘာလင္ႏိုင္ငံတကာ ႐ုပ္ရွင္ပြဲေတာ္မွာ ျပသခြင့္ ရခဲ့တာေၾကာင့္ Fan Bingbing ဆိုၿပီး ႏိုင္ငံတကာက အာ႐ုံစိုက္တာကို ရရွိေစခဲ့တဲ့ ဇာတ္ကားလည္း ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ စီးပြားေရးအဆင္မေျပတဲ့ ဇနီးေမာင္ႏွံႏွစ္ေယာက္ဟာ ပိုေကာင္းမြန္တဲ့ ဘဝတစ္ခုကို ရရွိဖို႔ ေမွ်ာ္လင့္ခ်က္နဲ႔ ေပက်င္းၿမိဳ႕ေပၚကို ေျပာင္းေ႐ႊ႕လာၾကပါတယ္။ ၿမိဳ႕ေပၚမွာ ရရာအလုပ္ကို ကိုယ္စီလုပ္ကိုင္ၾကရင္း ဇနီးျဖစ္သူဟာ သူမအလုပ္က သူေဌးရဲ႕ အဓမၼက်င့္မႈကို ခံလိုက္ရပါတယ္။ အဲ့ဒီ့ေနာက္ သူမမွာ ကိုယ္ဝန္ရွိလာတဲ့အခါ ကေလးအေဖက ဘယ္သူဆိုတဲ့အေပၚ ျငင္းခုန္မႈေတြနဲ႔ လူမႈေရး အရႈပ္အရွင္းေတြကို ႐ိုက္ျပထားတဲ့ ဇာတ္ကား ျဖစ္ပါတယ္။

Buddha Mountain
photo via imdb

ဒီကားကေတာ့ ၂၀၁၀ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb 6.7 ရထားတဲ့ ဒရာမာကားေလးပဲ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ ႏွစ္ဆယ္ေက်ာ္အ႐ြယ္ လူငယ္သုံးေယာက္ မရင့္က်က္ေသးခ်ိန္မွာ စိတ္ထင္ရာ ေလွ်ာက္လုပ္ၾကတဲ့ အျဖစ္အပ်က္ကို ပုံေဖာ္ထားတာပါ။ ဒီဇာတ္ကားေၾကာင့္ပဲ (၂၃)ႀကိမ္ေျမာက္ တိုက်ိဳ ႏိုင္ငံတကာ႐ုပ္ရွင္ပြဲေတာ္မွာ အေကာင္းဆုံး မင္းသမီးဆုကို ရရွိခဲ့ပါတယ္။

ဒါကေတာ့ Fan Bingbing သ႐ုပ္ေဆာင္ထားတဲ့ ႐ုပ္ရွင္နဲ႔ ဇာတ္လမ္းတြဲေတြထဲက ခ်ီးက်ဴးမႈအမ်ားဆုံးနဲ႔ ေအာင္ျမင္ခဲ့တဲ့ ဇာတ္ကားေတြကို ေဖာ္ျပေပးထားတာပါ။ ႏွစ္သက္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular