HomeEntertainmentFilmတရုတ်ပြည်ရဲ့ Online Release မှာ မတူညီတဲ့ဇာတ်သိမ်းနဲ့ ပြုပြင်ခံလိုက်ရတဲ့ Fight Club ရုပ်ရှင်

တရုတ်ပြည်ရဲ့ Online Release မှာ မတူညီတဲ့ဇာတ်သိမ်းနဲ့ ပြုပြင်ခံလိုက်ရတဲ့ Fight Club ရုပ်ရှင်

နာမည်ကျော် Fight Club ရုပ်ရှင်ဟာ ထွက်ရှိပြီး နှစ်(၂၀)အကြာမှာတော့ မတူညီတဲ့ ဇာတ်သိမ်းနဲ့ ပြုပြင်ခံလိုက်ရပြီ ဖြစ်ပါတယ်။ အဲဒါကတော့ မူလက နိုင်ငံတကာ ရုပ်ရှင်ကြည့်ပရိသတ်များအတွက် ဖန်တီးထားတဲ့ ဇာတ်သိမ်းကနေ သွေဖီပြီး တရုတ်ပြည်အတွက် online release လုပ်တဲ့အခါမှာ အခုလို ပြုပြင်ခံလိုက်ရတာ ဖြစ်ပါတယ်။

၁၉၉၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂန္ထဝင်စာရင်းဝင် Fight Club ဇာတ်ကားထဲမှာတော့ Brad Pitt ၊ Edward Norton နဲ့ Helena Bonham Carter တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

Photo via IMDb

ယခု လောလောလတ်လတ် တရုတ်ပြည်အတွက် အွန်လိုင်းကနေ ဖြန့်ချိလိုက်တဲ့ ရုပ်ရှင်ထဲမှာတော့ မူလဇာတ်သိမ်းနဲ့ မတူညီဘဲ ရဲအရာရှိတွေဘက်က အောင်ပွဲရရှိသွားတဲ့ ပုံစံနဲ့ ဇာတ်သိမ်းကို ပြုပြင်ထားကြောင်း Variety အပါအဝင် သတင်းဌာနများစွာက တင်ပြထားကြပါတယ်။

Tencent Video က streaming ပြသတဲ့ အဆိုပါ ဗားရှင်းမှာတော့ ရုပ်ရှင်ရဲ့ အဆုံးသတ်နားမှာ စာတန်းထိုးပြီး သူတို့ လိုချင်တဲ့ ဇာတ်သိမ်းပုံစံကို ပြောင်းလဲထားတယ်လို့ သိရပါတယ်။

Photo via IMDb

“ရဲတွေဟာ အစီအစဉ်ကြီးတစ်ခုလုံးကို လျင်မြန်စွာ သိရှိ ဖော်ထုတ်လိုက်နိုင်ကြပြီး ရာဇဝတ်သားတွေအားလုံးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ ဗုံးတွေ မပေါက်ကွဲအောင်လည်း အောင်မြင်စွာ ကာကွယ်လိုက်နိုင်ကြပါတယ် … ”

“တရားစီရင်မှုအပြီးမှာတော့ Tyler ဟာ စိတ္တဇဆေးရုံကို ပို့ခံလိုက်ရပြီး စိတ်ရောဂါနဲ့ ပတ်သက်တဲ့ ကုသမှုတွေကို ခံယူလိုက်ရပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ သူဟာ ဆေးရုံကနေ ဆင်းခွင့် ရရှိခဲ့ပါတယ် … ” လို့ စာတန်းထိုးပြီး ဇာတ်သိမ်းကို ပြောင်းလဲထားတာ ဖြစ်ပါတယ်။

Photo via IMDb

ဒီကိစ္စနဲ့ ပတ်သက်ပြီး Disney စတူဒီယိုနဲ့ Tencent Video တို့ကို People သတင်းဌာနက ဆက်သွယ် မေးမြန်းထားပေမယ့် လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

(Fight Club ရုပ်ရှင်ဟာ မူလကတော့ 20th Century Fox စတူဒီယိုက နိုင်ငံတကာစျေးကွက်ကို ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း Disney ဟာ 20th Century Fox စတူဒီယိုကို ၂၀၀၉ ခုနှစ်မှာ ဝယ်ယူခဲ့တာကြောင့် Disney ရဲ့ လက်အောက်ခံကုမ္ပဏီ ဖြစ်လာပြီး အမည်ကိုတော့ 20th Century Studios လို့ ပြောင်းလဲသတ်မှတ်လိုက်တာ ဖြစ်ပါတယ်။)

Photo via IMDb

Fight Club ရုပ်ရှင်ဟာ စာရေးဆရာ Chuck Palahniuk ရဲ့ အမည်တူဝတ္ထုကို အခြေခံကာ ရိုက်ကူးဖန်တီးထားတဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နောက်ခံဇာတ်ကြောင်းပြောသူရဲ့ ဘဝအကြောင်းကို တင်ဆက်ပြသသွားတာ ဖြစ်ပြီး နောက်ခံဇာတ်ကြောင်းပြောသူနေရာမှာ Edward Norton က သရုပ်ဆောင်ကာ Tyler Durden နေရာမှာတော့ Brad Pitt က သရုပ်ဆောင်ထားပါတယ်။ Helena Bonham Carter ကတော့ Tyler Durden ရဲ့ချစ်သူ Marla Singer နေရာက သရုပ်ဆောင်ထားပါတယ်။

ရုပ်ရှင်ရဲ့ မူလဇာတ်သိမ်းမှာတော့ ဇာတ်ကြောင်းပြောသူဟာ Tyler Durden ကို သေနတ်နဲ့ ပစ်သတ်လိုက်ပြီး Marla နဲ့အတူ ဘေးပတ်လည်က အဆောက်အဦးတွေ ပေါက်ကွဲပျက်စီးကုန်တာကို ရပ်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်နဲ့ဝတ္ထု နှစ်ခုစလုံးဟာ သူ့ရဲ့ theme နဲ့အတူ အရင်းရှင်ဝါဒနဲ့ anarchy တို့အကြောင်း ပြသထားတဲ့ မက်ဆေ့ချ်တွေနဲ့ ပတ်သက်ပြီး လူတွေကြားမှာ ကျယ်ပြန့်စွာ ဆွေးနွေး ငြင်းခုန်လာခဲ့ကြတာ ဖြစ်ပါတယ်။

Glasgow

Source: people

RELATED ARTICLES

Most Popular