HomeEntertainmentFilmဧပြီလမှာ စတင်ရိုက်ကူးသွားမယ့် Flash ဆိုလိုရုပ်ရှင်

ဧပြီလမှာ စတင်ရိုက်ကူးသွားမယ့် Flash ဆိုလိုရုပ်ရှင်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ DCEU ရဲ့ Flash ရုပ်ရှင်ကတော့ ဧပြီလမှာ စတင်ပြီးတော့ အင်္ဂလန်နိုင်ငံမှာ စတင်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ Ezra Miller ဟာ ၂၀၁၆ ခုနှစ်မှာ ထွက်ခဲ့တဲ့ Batman v Superman: Dawn of Justice ထဲမှာ Flash အနေနဲ့ စတင်ပါဝင်ပါတယ်။ Justice League ထဲမှာတော့ Ezra ဟာ ပိုပြီးတော့ screen time ရရှိခဲ့ကာ အရေးကြီးတဲ့နေရာက ပါဝင်ခဲ့ပါတယ်။ အခုချိန်မှာတော့ Ezra ရဲ့ Flash ဆိုလိုရုပ်ရှင်ဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ ထွက်ရှိလာမယ်လို့ သိရပါတယ်။

photo via screenrant

Backstage ဆိုတဲ့ သရုပ်ဆောင်တွေ ရွေးပေးတဲ့ website ရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ The Flash ရုပ်ရှင်ဟာ ဧပြီလမှာ ရိုက်ကူးရေး စတင်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် အင်္ဂလန်နိုင်ငံမှာ ရှိတဲ့ Warner Bros ရဲ့ Leavesden စတူဒီယိုမှာ ရိုက်ကူးသွားမယ်လို့လည်း သိရပါတယ်။ အစတုန်းကတော့ ဒီရုပ်ရှင်ဟာ မတ်လမှာကတည်းက ရိုက်ကူးရေး စတင်သွားမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ရှိခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပရိသတ်တွေ စောင့်စားနေကြတဲ့ ဒီရုပ်ရှင်ကတော့ မကြာခင်မှာ ရိုက်ကူးရေး စတင်တော့မှာ ဖြစ်ပါတယ်။

photo via screenrant

ကိုဗစ်ဟာ Warner Bros အပါအဝင် ရုပ်ရှင်စတူဒီယိုတွေရဲ့ အစီအစဉ်တွေကို နှောင့်နှေးသွားစေပြီး အခက်အခဲတွေ အများကြီး ဖြစ်စေခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာလည်း ကိုဗစ်ကြောင့်ပဲ ရုပ်ရှင်တွေရဲ့ ထွက်ရှိလာမယ့် ရက်တွေနဲ့ ရိုက်ကူးရေးတွေကို ထပ်မံပြောင်းရွှေ့ရတာမျိူး မဖြစ်တော့ဘူးလို့ မျှော်လင့်ပါတယ်။ ဒါ့အပြင် မကြာခင်မှာ ရိုက်ကူးရေးတွေ စတင်တော့မှာ ဖြစ်တာကြောင့် ဒီရုပ်ရှင်ထဲမှာ ဘယ်သူတွေ ပါဝင်လာဦးမှာလည်း ဆိုတာနဲ့ တစ်ခြားမေးခွန်းတွေရဲ့ အဖြေတွေကိုလည်း ရရှိနိုင်ပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ကျွန်တော်တို့တွေ စောင့်မျှော်နေတဲ့ ရုပ်ရှင်တွေကို ကြည့်ရှုဖို့အတွက် အတားအဆီးတွေ မရှိလောက်တော့ပါဘူးလို့ ထင်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနၾကတဲ့ DCEU ရဲ႕ Flash ႐ုပ္ရွင္ကေတာ့ ဧၿပီလမွာ စတင္ၿပီးေတာ့ အဂၤလန္ႏိုင္ငံမွာ စတင္႐ိုက္ကူးသြားမယ္လို႔ သိရပါတယ္။ Ezra Miller ဟာ ၂၀၁၆ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Batman v Superman: Dawn of Justice ထဲမွာ Flash အေနနဲ႔ စတင္ပါဝင္ပါတယ္။ Justice League ထဲမွာေတာ့ Ezra ဟာ ပိုၿပီးေတာ့ screen time ရရွိခဲ့ကာ အေရးႀကီးတဲ့ေနရာက ပါဝင္ခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ Ezra ရဲ႕ Flash ဆိုလို႐ုပ္ရွင္ဟာ ၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာလမွာ ထြက္ရွိလာမယ္လို႔ သိရပါတယ္။

photo via screenrant

Backstage ဆိုတဲ့ သ႐ုပ္ေဆာင္ေတြ ေ႐ြးေပးတဲ့ website ရဲ႕ ေဖာ္ျပခ်က္အရ ဆိုရင္ေတာ့ The Flash ႐ုပ္ရွင္ဟာ ဧၿပီလမွာ ႐ိုက္ကူးေရး စတင္သြားမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ အဂၤလန္ႏိုင္ငံမွာ ရွိတဲ့ Warner Bros ရဲ႕ Leavesden စတူဒီယိုမွာ ႐ိုက္ကူးသြားမယ္လို႔လည္း သိရပါတယ္။ အစတုန္းကေတာ့ ဒီ႐ုပ္ရွင္ဟာ မတ္လမွာကတည္းက ႐ိုက္ကူးေရး စတင္သြားမယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ရွိခဲ့ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ပရိသတ္ေတြ ေစာင့္စားေနၾကတဲ့ ဒီ႐ုပ္ရွင္ကေတာ့ မၾကာခင္မွာ ႐ိုက္ကူးေရး စတင္ေတာ့မွာ ျဖစ္ပါတယ္။

photo via screenrant

ကိုဗစ္ဟာ Warner Bros အပါအဝင္ ႐ုပ္ရွင္စတူဒီယိုေတြရဲ႕ အစီအစဥ္ေတြကို ေႏွာင့္ေႏွးသြားေစၿပီး အခက္အခဲေတြ အမ်ားႀကီး ျဖစ္ေစခဲ့ပါတယ္။ ၂၀၂၁ ခုႏွစ္မွာလည္း ကိုဗစ္ေၾကာင့္ပဲ ႐ုပ္ရွင္ေတြရဲ႕ ထြက္ရွိလာမယ့္ ရက္ေတြနဲ႔ ႐ိုက္ကူးေရးေတြကို ထပ္မံေျပာင္းေ႐ႊ႕ရတာမ်ိဴး မျဖစ္ေတာ့ဘူးလို႔ ေမွ်ာ္လင့္ပါတယ္။ ဒါ့အျပင္ မၾကာခင္မွာ ႐ိုက္ကူးေရးေတြ စတင္ေတာ့မွာ ျဖစ္တာေၾကာင့္ ဒီ႐ုပ္ရွင္ထဲမွာ ဘယ္သူေတြ ပါဝင္လာဦးမွာလည္း ဆိုတာနဲ႔ တစ္ျခားေမးခြန္းေတြရဲ႕ အေျဖေတြကိုလည္း ရရွိႏိုင္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ ကြၽန္ေတာ္တို႔ေတြ ေစာင့္ေမွ်ာ္ေနတဲ့ ႐ုပ္ရွင္ေတြကို ၾကည့္ရႈဖို႔အတြက္ အတားအဆီးေတြ မရွိေလာက္ေတာ့ပါဘူးလို႔ ထင္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular