HomeEntertainmentFilmThe Flash ဇာတ်လမ်းတွဲထဲက ပရိသတ်တွေ သတိမထားမိခဲ့တဲ့ အလွဲလေးများ

The Flash ဇာတ်လမ်းတွဲထဲက ပရိသတ်တွေ သတိမထားမိခဲ့တဲ့ အလွဲလေးများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိဖို့အတွက် သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်အဖွဲ့သားတွေဟာ အစွမ်းကုန် ကြိုးစားကြရပါတယ်။ များသောအားဖြင့် အကောင်းဆုံး ကြိုးစားကြပေမယ့်လည်း ဇာတ်လမ်းတိုင်းလိုလိုမှာတော့ လူတွေသိပ်သတိမထားမိတဲ့ အလွဲလေးတွေ ပါဝင်လေ့ရှှိကြပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Flash ဇာတ်လမ်းတွဲထဲက ပရိသတ်တွေ သတိမထားမိလိုက်တဲ့ အလွဲလေးတွေကို ဖော်ပြပေးချင်ပါတယ်။

Cisco က Barry ဆီကို ဖုန်းခေါ်တဲ့အခန်း
photo via screenrant

season 1 အပိုင်း (၃)မှာ Barry ဟာ Iris နဲ့ အပြင်သွားနေတုန်း Cisco က ဖုန်းလှမ်းခေါ်ခဲ့ပါတယ်။ ဖုန်းခေါ်ရတဲ့ အကြောင်းအရင်းကတော့ လူဆိုးတစ်ယောက်ဟာ ရဲတွေလက်ကနေ ကားနဲ့မောင်းပြေးနေတဲ့အကြောင်းကို လှမ်းပြောတာပဲ ဖြစ်ပါတယ်။ Cisco နဲ့ Barry ဖုန်းပြောနေတဲ့အခန်းမှာ Barry ရဲ့ဖုန်းမျက်နှာပြင်ကို မြင်ခဲ့ရပြီး ဖုန်းက တကယ်ခေါ်ထားတာ မဟုတ်ဘဲ home screen ကြီး ပေါ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

Time Wraith
photo via screenrant

season 2 အပိုင်း (၁၇) မှာတော့ Barry ဟာ Eobard Thawne ရဲ့ အကူအညီ လိုချင်တာကြောင့် အတိတ်ကို အချိန်ခရီးသွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ Time Wraith ဟာ သူ့ရဲ့နောက်ကို လိုက်လာပြီးတော့ CCPD ကို တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ရဲတွေဟာ Time Wraith ကို သေနတ်တွေနဲ့ ဝိုင်းပြီးပစ်ခဲ့ကြပါတယ်။ ဒီနေရာမှာ သူတို့ရဲ့ ကျည်ဆံတွေဟာ Time Wraith ကို ထိခိုက်မှုမဖြစ်စေဘဲ ဖောက်ထွက်သွားပေမယ့်လည်း အနောက်မှာရှိနေတဲ့ နံရံတွေနဲ့ ပြတင်းပေါက်တွေမှာတော့ ကျည်ဆံရာတွေ လုံးဝကို မရှိခဲ့ပါဘူး။

Captain Cold ရဲ့ဂျာကင်အင်္ကျီ
photo via screenrant

season 3 အပိုင်း (၂၂)မှာတော့ Barry ဟာ ARGUS ကို ဖောက်ဝင်ဖို့အတွက် Captain Cold ကို အကူအညီတောင်းခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက Captain Cold ဟာ Legend of Tomorrow အဖွဲ့သားတွေနဲ့ အလုပ်အတူတူ လုပ်နေပေမယ့်လည်း အကူအညီပေးဖို့အတွက် သဘောတူခဲ့ပါတယ်။ Barry က သူ့ကိုခေါ်လာတဲ့အချိန်မှာတော့ သူဟာ သားမွေးခေါင်းစွပ်ပါတဲ့ အပြာရောင်ဂျာကင်ကို ဝတ်ဆင်ထားပါတယ်။ ARGUS ဆီကို ဝင်ရောက်တဲ့အချိန်မှာလည်း အဲ့ဒီအင်္ကျီကိုပဲ ဝတ်ဆင်ထားပေမယ့် သူ့ရဲ့အဖွဲ့ဆီကို ပြန်သွားတဲ့အချိန်မှာတော့ တစ်ခြားဂျာကင်အင်္ကျီကို ဝတ်ဆင်ထားတာ တွေ့ခဲ့ရပါတယ်။

နေရာလွဲနေတဲ့ ဓားပြရဲ့သေနတ်
photo via screenrant

season 4 အပိုင်း (၆)မှာတော့ Barry ဟာ Ralph Dibny ရဲ့အစွမ်းကို ဘယ်လိုမျိူး အသုံးချရမလည်းဆိုတာ ပြသနေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ ဓားပြတစ်ယောက်ဟာ သူတို့နှစ်ယောက်အနားကို ရောက်လာပြီး ဓားပြတိုက်ဖို့အတွက် ကြိုးစားခဲ့ပါတယ်။ ဒါ့အပြင် ဓားပြဟာ Ralph ကို သေနတ်နဲ့ ပစ်လိုက်ပေမယ့်လည်း ကျည်ဆံဟာ Ralph ရဲ့ခန္ဓာကိုယ်ကနေ ပြန်ကန်ထွက်လာပြီး သူ့ကိုပဲ ပြန်ထိသွားပါတယ်။ အဲ့ဒီအချိန်မှာ ဓားပြဟာ လဲကျသွားပြီး သေနတ်ဟာလည်း သူ့ရဲ့ညာဘက်ခြမ်းမှာ ပြုတ်ကျသွားပါတယ်။ ဒါပေမယ့်လည်း နောက်တစ်ကဒ်မှာတော့ သူ့ရဲ့သေနတ်ဟာ စောစောကနေရာမှာ မရှိတော့ဘဲ သူ့ရဲ့ခြေထောက်ကြားထဲကို ရောက်နေတာ တွေ့ရပါတယ်။

နေရာပြောင်းထိုးပေးတဲ့ နေရောင်
photo via screenrant

season 5 အပိုင်း (၄)မှာတော့ သူ ဖြစ်စေချင်တဲ့အရာတွေကို ဖုန်းကနေတစ်ဆင့် သတင်းခေါင်းစဉ်အဖြစ် ရေးသားရုံနဲ့ အပြင်မှာတကယ်ဖြစ်လာတဲ့ အစွမ်းကို ရရှိထားတဲ့ meta-human တစ်ယောက် ပါဝင်ခဲ့ပါတယ်။ အဲ့ဒီအပိုင်းထဲက အခန်းတစ်ခန်းမှာတော့ Barry ဟာ နေပူထဲမှာ ဘေ့စ်ဘောကစားနေပြီး Iris ကတော့ ဘေးနားကနေ ရပ်ကြည့်နေပါတယ်။ ဒါပေမယ့် အဲ့ဒီ့အခန်းရဲ့ နောက်တစ်ကဒ်မှာတော့ သူတို့နှစ်ယောက်လုံးဟာ အရိပ်ထဲကို ရောက်နေတာ တွေ့ရပါတယ်။

ဒါကတော့ The Flash ဇာတ်လမ်းတွဲထဲက လူတွေ သိပ်သတိမထားမိလိုက်တဲ့ အလွဲလေးအချို့ကို ဖော်ပြပေးထားတာပါ။ စာဖတ်သူတို့ သတိထားမိတဲ့ အခြားအလွဲလေးတွေ ရှိရင်လည်း ပြန်လည်မျှဝေခဲ့ပါဦး။

Legos
(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)
(Zawgyi Version)

ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္တဲ့ ဇာတ္လမ္းတစ္ပုဒ္ကို ဖန္တီးဖို႔ဆိုတာ လြယ္ကူတဲ့ ကိစၥတစ္ခုေတာ့ မဟုတ္ပါဘူး။ ပရိသတ္ေတြရဲ႕ အားေပးမႈကို ရရွိဖို႔အတြက္ သ႐ုပ္ေဆာင္ေတြနဲ႔ ႐ုပ္ရွင္အဖြဲ႕သားေတြဟာ အစြမ္းကုန္ ႀကိဳးစားၾကရပါတယ္။ မ်ားေသာအားျဖင့္ အေကာင္းဆုံး ႀကိဳးစားၾကေပမယ့္လည္း ဇာတ္လမ္းတိုင္းလိုလိုမွာေတာ့ လူေတြသိပ္သတိမထားမိတဲ့ အလြဲေလးေတြ ပါဝင္ေလ့ရွွိၾကပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ Flash ဇာတ္လမ္းတြဲထဲက ပရိသတ္ေတြ သတိမထားမိလိုက္တဲ့ အလြဲေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Cisco က Barry ဆီကို ဖုန္းေခၚတဲ့အခန္း
photo via screenrant

season 1 အပိုင္း (၃)မွာ Barry ဟာ Iris နဲ႔ အျပင္သြားေနတုန္း Cisco က ဖုန္းလွမ္းေခၚခဲ့ပါတယ္။ ဖုန္းေခၚရတဲ့ အေၾကာင္းအရင္းကေတာ့ လူဆိုးတစ္ေယာက္ဟာ ရဲေတြလက္ကေန ကားနဲ႔ေမာင္းေျပးေနတဲ့အေၾကာင္းကို လွမ္းေျပာတာပဲ ျဖစ္ပါတယ္။ Cisco နဲ႔ Barry ဖုန္းေျပာေနတဲ့အခန္းမွာ Barry ရဲ႕ဖုန္းမ်က္ႏွာျပင္ကို ျမင္ခဲ့ရၿပီး ဖုန္းက တကယ္ေခၚထားတာ မဟုတ္ဘဲ home screen ႀကီး ေပၚေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

Time Wraith
photo via screenrant

season 2 အပိုင္း (၁၇) မွာေတာ့ Barry ဟာ Eobard Thawne ရဲ႕ အကူအညီ လိုခ်င္တာေၾကာင့္ အတိတ္ကို အခ်ိန္ခရီးသြားခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာ Time Wraith ဟာ သူ႔ရဲ႕ေနာက္ကို လိုက္လာၿပီးေတာ့ CCPD ကို တိုက္ခိုက္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ရဲေတြဟာ Time Wraith ကို ေသနတ္ေတြနဲ႔ ဝိုင္းၿပီးပစ္ခဲ့ၾကပါတယ္။ ဒီေနရာမွာ သူတို႔ရဲ႕ က်ည္ဆံေတြဟာ Time Wraith ကို ထိခိုက္မႈမျဖစ္ေစဘဲ ေဖာက္ထြက္သြားေပမယ့္လည္း အေနာက္မွာရွိေနတဲ့ နံရံေတြနဲ႔ ျပတင္းေပါက္ေတြမွာေတာ့ က်ည္ဆံရာေတြ လုံးဝကို မရွိခဲ့ပါဘူး။

Captain Cold ရဲ႕ဂ်ာကင္အက်ႌ
photo via screenrant

season 3 အပိုင္း (၂၂)မွာေတာ့ Barry ဟာ ARGUS ကို ေဖာက္ဝင္ဖို႔အတြက္ Captain Cold ကို အကူအညီေတာင္းခဲ့ပါတယ္။ အဲ့ဒီအခ်ိန္တုန္းက Captain Cold ဟာ Legend of Tomorrow အဖြဲ႕သားေတြနဲ႔ အလုပ္အတူတူ လုပ္ေနေပမယ့္လည္း အကူအညီေပးဖို႔အတြက္ သေဘာတူခဲ့ပါတယ္။ Barry က သူ႔ကိုေခၚလာတဲ့အခ်ိန္မွာေတာ့ သူဟာ သားေမြးေခါင္းစြပ္ပါတဲ့ အျပာေရာင္ဂ်ာကင္ကို ဝတ္ဆင္ထားပါတယ္။ ARGUS ဆီကို ဝင္ေရာက္တဲ့အခ်ိန္မွာလည္း အဲ့ဒီအက်ႌကိုပဲ ဝတ္ဆင္ထားေပမယ့္ သူ႔ရဲ႕အဖြဲ႕ဆီကို ျပန္သြားတဲ့အခ်ိန္မွာေတာ့ တစ္ျခားဂ်ာကင္အက်ႌကို ဝတ္ဆင္ထားတာ ေတြ႕ခဲ့ရပါတယ္။

ေနရာလြဲေနတဲ့ ဓားျပရဲ႕ေသနတ္
photo via screenrant

season 4 အပိုင္း (၆)မွာေတာ့ Barry ဟာ Ralph Dibny ရဲ႕အစြမ္းကို ဘယ္လိုမ်ိဴး အသုံးခ်ရမလည္းဆိုတာ ျပသေနခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာပဲ ဓားျပတစ္ေယာက္ဟာ သူတို႔ႏွစ္ေယာက္အနားကို ေရာက္လာၿပီး ဓားျပတိုက္ဖို႔အတြက္ ႀကိဳးစားခဲ့ပါတယ္။ ဒါ့အျပင္ ဓားျပဟာ Ralph ကို ေသနတ္နဲ႔ ပစ္လိုက္ေပမယ့္လည္း က်ည္ဆံဟာ Ralph ရဲ႕ခႏၶာကိုယ္ကေန ျပန္ကန္ထြက္လာၿပီး သူ႔ကိုပဲ ျပန္ထိသြားပါတယ္။ အဲ့ဒီအခ်ိန္မွာ ဓားျပဟာ လဲက်သြားၿပီး ေသနတ္ဟာလည္း သူ႔ရဲ႕ညာဘက္ျခမ္းမွာ ျပဳတ္က်သြားပါတယ္။ ဒါေပမယ့္လည္း ေနာက္တစ္ကဒ္မွာေတာ့ သူ႔ရဲ႕ေသနတ္ဟာ ေစာေစာကေနရာမွာ မရွိေတာ့ဘဲ သူ႔ရဲ႕ေျခေထာက္ၾကားထဲကို ေရာက္ေနတာ ေတြ႕ရပါတယ္။

ေနရာေျပာင္းထိုးေပးတဲ့ ေနေရာင္
photo via screenrant

season 5 အပိုင္း (၄)မွာေတာ့ သူ ျဖစ္ေစခ်င္တဲ့အရာေတြကို ဖုန္းကေနတစ္ဆင့္ သတင္းေခါင္းစဥ္အျဖစ္ ေရးသား႐ုံနဲ႔ အျပင္မွာတကယ္ျဖစ္လာတဲ့ အစြမ္းကို ရရွိထားတဲ့ meta-human တစ္ေယာက္ ပါဝင္ခဲ့ပါတယ္။ အဲ့ဒီအပိုင္းထဲက အခန္းတစ္ခန္းမွာေတာ့ Barry ဟာ ေနပူထဲမွာ ေဘ့စ္ေဘာကစားေနၿပီး Iris ကေတာ့ ေဘးနားကေန ရပ္ၾကည့္ေနပါတယ္။ ဒါေပမယ့္ အဲ့ဒီ့အခန္းရဲ႕ ေနာက္တစ္ကဒ္မွာေတာ့ သူတို႔ႏွစ္ေယာက္လုံးဟာ အရိပ္ထဲကို ေရာက္ေနတာ ေတြ႕ရပါတယ္။

ဒါကေတာ့ The Flash ဇာတ္လမ္းတြဲထဲက လူေတြ သိပ္သတိမထားမိလိုက္တဲ့ အလြဲေလးအခ်ိဳ႕ကို ေဖာ္ျပေပးထားတာပါ။ စာဖတ္သူတို႔ သတိထားမိတဲ့ အျခားအလြဲေလးေတြ ရွိရင္လည္း ျပန္လည္မွ်ေဝခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular