HomeEntertainmentFilmယခုနှစ်အတွင်း ကြည့်ရှုရမယ့် Netflix ရဲ့ original horror ရုပ်ရှင်များ
ယခုနှစ်အတွင်း ကြည့်ရှုရမယ့် Netflix ရဲ့ original horror ရုပ်ရှင်များ
အောက်တွင် ဇော်ဂျီဖြင့် ဖတ်ပါ။
နှစ်သစ်တစ်ခုကို ရောက်ပြီဆိုတာနဲ့ Netflix ဟာလည်း တစ်နှစ်တာအတွင်း ပြသသွားမယ့် original ရုပ်ရှင်တွေကို ကြေညာလေ့ ရှိပါတယ်။ ၂၀၂၁ခုနှစ်မှာတော့ ခန့်မှန်းချေ original ရုပ်ရှင်ကားပေါင်း (၇၀)လောက် ထွက်ရှိလာဖို့ ရှိပါတယ်။ အဲ့ဒီ original ရုပ်ရှင်ကား (၇၀)လောက်ဟာ ဇာတ်လမ်းအမျိူးအစား မျိူးစုံ ဖြစ်ပြီး ဘယ်လိုဇာတ်လမ်းကို ကြိုက်နှစ်သက်သူပဲဖြစ်ဖြစ် ကြည့်စရာ ရုပ်ရှင်တွေအများကြီး ဖြစ်နေမှာပါ။ ဒါကြောင့် ၂၀၂၁ ခုနှစ်ထဲမှာ Netflix က ပြသသွားမယ့် Horror ရုပ်ရှင်တွေကို ဖော်ပြပေးချင်ပါတယ်။
(1) There’s Someone Inside Your House
photo via screenrant
ဒီရုပ်ရှင်ကတော့ ပထမဆုံး ထွက်ရှိလာမယ့် Netflix ရဲ့ original horror ရုပ်ရှင် ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Sydney Park ဟာ Makani Young ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ Makani ကတော့ အထက်တန်းကျောင်း ပြီးအောင် ဆက်တက်နိုင်ဖို့ Hawaii မြို့ကနေ Nebraska မြို့ကို ပြောင်းလာသူ ဖြစ်ပါတယ်။
ဒီလိုနဲ့ အထက်တန်းကျောင်း ပြီးဆုံးဖို့ နီးကပ်လာတဲ့အချိန်မှာတော့ သူမနဲ့ သူမသူငယ်ချင်းတွေရဲ့ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်တွေကို ဖော်ထုတ်မယ်လို့ လူသတ်သမားတစ်ယောက်က ခြိမ်းခြောက်လာပါတော့တယ်။ ဒီရုပ်ရှင်ကားကတော့ ဖေဖော်ဝါရီလထဲမှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။
(2) Things Heard and Seen
photo via screenrant
ဒီရုပ်ရှင်ကတော့ ဧပြီလ (၃၀)ရက်နေ့မှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Amanda Seyfried ၊ James Norton ၊ Natalia Dyer ၊ Rhea Seehorn ၊ Alex Neustaedter နဲ့ F. Murray Abraham တို့က အဓိက ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ကတော့ Elizabeth Brundage ရဲ့ All Things Cease To Appear ဆိုတဲ့ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကောင်မလေးတစ်ယောက်ဟာ မြို့တစ်မြို့ကို ပြောင်းရွှေ့လာပါတယ်။ အဲ့ဒီ့မှာ သူတို့တွေရဲ့ အိမ်နီးနားချင်းတွေကလည်း ပုံမှန်မဟုတ်ဘဲ ထူးခြားတဲ့ ပုံစံတွေ ဖြစ်နေပါတယ်။
(3) Army of the Dead
photo via screenrant
ဒါရိုက်တာ Zack Snyder ရိုက်ကူးထားတဲ့ Army of the Dead ကတော့ နွေရာသီထဲမှာ ထွက်ရှိလာမယ်လို့ သိရပြီး ရက်အတိအကျကိုတော့ မသိရသေးပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ဇွန်ဘီဗိုင်းရပ်စ် ပျံ့နှံ့နေချိန်မှာ အသက်ရှင်သန်ဖို့ ကြိုးစားကြရတဲ့ ကြေးစားစစ်သားတစ်စုအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကလည်း လူအများ စောင့်မျှော်နေကြတဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။
(4) The Fear Street Trilogy
photo via screenrant
ဒီရုပ်ရှင်သုံးကားကတော့ ၂၀၂၁ နှစ်လယ်ပိုင်းလောက်မှာ စတင်ပြသသွားမယ်လို့ သိရပါတယ်။ R. L. Stine ရဲ့ The Fear Street ဆိုတဲ့ ဝတ္ထုကိုပဲ အခြေခံပြီး ပြန်လည်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Gillian Jacobs နဲ့ Sadie Sink တို့က အဓိက ပါဝင်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်သုံးကားရဲ့ ထူးခြားချက်ကတော့ ရုပ်ရှင်တစ်ကားနဲ့ တစ်ကားကြားမှာ ထွက်ရှိလာမယ့်အချိန် တစ်လပဲ ကွာခြားတာ ဖြစ်ပါတယ်။
(5) O2
photo via screenrant
ဒီရုပ်ရှင်ထဲမှာတော့ Melanie Laurent ၊ Mathieu Amalric ၊ Malik Zidi ၊ Marc Saez နဲ့ Eric Herson-Macarel တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမျိူးသမီးတစ်ယောက်ဟာ အအေးခန်းလို နေရာတစ်ခုထဲမှာ နိုးထလာပါတယ်။ ဒါ့အပြင် နိုးထလာတဲ့အချိန်မှာ သူမအတွက် အောက်ဆီဂျင်ကလည်း အလွန်နည်းပါးနေပါတယ်။ ဒါကြောင့်ပဲ အဲ့ဒီနေရာကနေ လွတ်မြောက်ဖို့ ကြိုးစားနေရင်း သူမရဲ့ မှတ်ဉာဏ်တွေကို တဖြည်းဖြည်း ပြန်လည်မှတ်မိလာပါတော့တယ်။ ထွက်ရှိလာမယ့် ရက်အတိအကျကိုတော့ မသိရသေးပါဘူး။
(6) My Wife and I Bought A Ranch
photo via screenrant
ဒီရုပ်ရှင်ရဲ့ ထွက်ရှိလာမယ့် ရက်ကိုလည်း အတိအကျ မသိရသေးပါဘူး။ ပါဝင်ထားတဲ့ ရုပ်ရှင်အဖွဲ့သားတွေကတော့ James Wan ၊ Harrison Query ၊ Michael Clear ၊ Shawn Levy နဲ့ Dan Cohen တို့က အဓိက ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Harry နဲ့ Sasha ဆိုတဲ့ လူငယ်အတွဲတစ်တွဲဟာ Idaho မြို့မှာ သူတို့ကြိုက်နှစ်သက်တဲ့ အိမ်တစ်လုံးကို ရှာတွေ့ခဲ့ပါတယ်။
ဒါပေမယ့်လည်း အဲ့ဒီအိမ်ကို ဝယ်ယူပြီးနောက်မှာတော့ မထင်ထားတဲ့ ဖြစ်ရပ်တွေ ဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ သူတို့ရဲ့အိမ်ထဲမှာ ဝိဉာဉ်တွေ ရှိနေပြီး အဲ့ဒီ ဝိဉာဉ်တွေကို စိတ်ကျေနပ်အောင် ပြုလုပ်ပေးရမယ့် လုပ်ဆောင်နည်းအဆင့်ဆင့်တွေကို သူတို့ရဲ့အိမ်နီးနားချင်းတွေက ပြောပြလာတာပဲ ဖြစ်ပါတယ်။
(7) Nightbooks
photo via screenrant
ဒီရုပ်ရှင်ထဲမှာတော့ Krysten Ritter က မကောင်းဆိုးဝါး စုန်းမတစ်ယောက်အနေနဲ့ ပါဝင်ထားပါတယ်။ သူမအပြင် Winslow Fegley ကလည်း Alex ဆိုတဲ့ horror ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့ ကောင်လေးအနေနဲ့ ပါဝင်ထားပါတယ်။ Lidya Jewett ကတော့ အဲ့ဒီစုန်းမရဲ့ တိုက်ခန်းထဲမှာ ပိတ်မိနေတဲ့ Yasmin နေရာက ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ဟာလည်း ဘယ်နေ့မှာ ထွက်ရှိလာမလည်းဆိုတာ အတိအကျ မသိရသေးပါဘူး။
(8) No One Gets Out Alive
photo via screenrant
ဒီရုပ်ရှင်ထဲမှာတော့ Christina Rodlo နဲ့ Marc Menchaca တို့က အဓိကဇာတ်ကောင်တွေအနေနဲ့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Stephanie ဆိုတဲ့ ကောင်မလေးဟာ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့လာပါတယ်။ သူမဟာ ပိုက်ဆံလည်း သိပ်မရှိတာကြောင့် အဆောင်တစ်ခုမှာ နေထိုင်ရပါတယ်။ ဒါပေမယ့်လည်း အချိန်တွေကုန်လာတာနဲ့အမျှ သူမအနားမှာ အန္တရာယ်ကြီးပြီး ကြောက်ဖို့ကောင်းတဲ့ အရာတစ်ခုက တဖြည်းဖြည်း ကြီးမားလာတာကို သတိထားမိလာပါတော့တယ်။ ဒီရုပ်ရှင် ထွက်ရှိမယ့် ရက်အတိအကျကိုလည်း မသိရသေးပါဘူး။
ဒါကတော့ ၂၀၂၁ခုနှစ်ထဲမှာ Netflix က ပြသသွားမယ့် original horror ရုပ်ရှင်တွေပဲ ဖြစ်ပါတယ်။ အခုလို ရုပ်ရှင်နဲ့ အခြားစိတ်ဝင်စားစရာ ဆောင်းပါးတွေကို အမြဲဖတ်ရှုနိုင်ဖို့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။
Legos
(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)
(Zawgyi Version)
photo via screenrant
(2) Things Heard and Seen
photo via screenrant
(3) Army of the Dead
photo via screenrant
photo via screenrant
(5) O2
photo via screenrant
photo via screenrant
(7) Nightbooks
photo via screenrant
(8) No One Gets Out Alive
photo via screenrant
Legos
RELATED ARTICLES
Most Popular