HomeCelebs Update NewsInternational၂၀၂၃ ခုနှစ်မှာ Password Share ပြီး သုံးလို့ မရတော့ဘူး ဆိုတဲ့ Netflix

၂၀၂၃ ခုနှစ်မှာ Password Share ပြီး သုံးလို့ မရတော့ဘူး ဆိုတဲ့ Netflix

၂၀၂၃ ခုနှစ်မှာတော့ Netflix ဟာ Password Share ပြီး သုံးလို့ မရတော့ဘူးလို့ သိရပါတယ်။ Netflix ကတော့ Streaming Service တွေထဲက နာမည်အကြီးဆုံးလို့တောင် ပြောလို့ရပေမယ့်လည်း ၂၀၂၂ ခုနှစ်အစပိုင်းမှာပဲ Subscriber တွေ သန်းနဲ့ချီပြီး ဆုံးရှုံးနေတယ် ဆိုတဲ့ သတင်းထွက်လာခဲ့ပါတယ်။ အဲဒီအချိန်က စတင်ပြီး Netflix ဟာ Subscriber တွေ ပြန်လည်ရရှိအောင် နည်းလမ်းပေါင်းများစွာနဲ့ ကြိုးစားနေပါတယ်။

photo via screenrant

ဒါကြောင့်ပဲ Netflix ဟာ ကြည့်ရှုသူတွေအတွက် ပိုက်ဆံနည်းနည်းနဲ့ ကြော်ညာပါဝင်နေတဲ့ Subscription ကိုလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလက စမ်းသပ်ထားပါသေးတယ်။ ဒါပေမယ့်လည်း ကြည့်ရှုသူတွေကတော့ ဒီနည်းလမ်းကို မကြိုက်နှစ်သက်ကြဘူးလို့ ဆိုပါတယ်။ အကြောင်းကတော့ ဒီနည်းလမ်းနဲ့ ကြည့်ရှုရင် Netflix မှာ ရှိတဲ့ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေ အားလုံးကို ကြည့်ရှုလို့ မရတာကြောင့်လို့ သိရပါတယ်။

ယခုအချိန်မှာတော့ Netflix ဟာ ၂၀၂၃ ခုနှစ်မှာ Password Share ပြီး အသုံးပြုနိုင်တဲ့ Feature ကို ရပ်တန့်သွားမယ်လို့ Wall Street Journal က ဖော်ပြထားပါတယ်။ Netflix ဟာ ဒီဗားရှင်းကိုတော့ လက်တင်အမေရိကန်နိုင်ငံတွေမှာ စတင်စမ်းသပ်နေပြီလို့လည်း ဆိုပါတယ်။ ဒီဗားရှင်းထဲမှာတော့ Netflix Account ကို ပိုင်ဆိုင်ထားသူဟာ သူ့အိမ်အတွင်းမှာ ရှိတဲ့ Device နဲ့ပဲ Password Share လို့ ရပါတယ်လို့ သိရပါတယ်။ ဒီလိုမျိူး Password Share တဲ့ အချိန်မှာတော့ OTP Code လိုမျိူး ပေါ်လာပြီး အဲဒီ Code ဟာ (၁၅)မိနစ်အတွင်း ထည့်သွင်းရမှာ ဖြစ်ပါတယ်။

photo via screenrant

အကယ်၍ ဒီလိုမျိူး မလုပ်ချင်ဘူး ဆိုရင်တော့ ကြည့်ရှုသူတွေအတွက် နောက်ထပ်ရွေးချယ်စရာ တစ်ခုကတော့ Account ပိုင်ဆိုင်ထားသူက User နှစ်ယောက်ပဲ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သင်ကသာ သူများရဲ့ Netflix Account ကို အသုံးပြုနေမယ် ဆိုရင်တော့ ၂၀၂၃ ခုနှစ်အတွင်းမှာ ဆက်လက်အသုံးပြုနိုင်တော့မှာ မဟုတ်ဘဲ ကိုယ်တိုင်ဝယ်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular