HomeEntertainmentFilmNetflix ရဲ့ Bang! ဆိုတဲ့ စပိုင်ကားထဲမှာ ပါဝင်သွားမယ့် Idris Elba

Netflix ရဲ့ Bang! ဆိုတဲ့ စပိုင်ကားထဲမှာ ပါဝင်သွားမယ့် Idris Elba

Netflix ကနေ အသစ်ထွက်ရှိလာမယ့် စပိုင် Thriller ရုပ်ရှင် ဖြစ်တဲ့ Bang! ထဲမှာတော့ Idris Elba က ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ကိုတော့ Deadpool 2 နဲ့ Bullet Train တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ David Leith က ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။ ဒီရုပ်ရှင်ကိုတော့ Matt Kindt နဲ့ Wilfredo Torres တို့ ဖန်တီးထားတဲ့ ကောမစ်စီးရီးတစ်ခုကို အခြေခံပြီး ဖန်တီးသွားမှာပဲ ဖြစ်ပါတယ်။

photo via screenrant

ဇာတ်လမ်းအကျဉ်းကတော့ အကြမ်းဖက် အဖွဲ့အစည်းတစ်ခုဟာ ဝတ္ထုတွေ ထုတ်လုပ်နေပြီး ဖတ်ရှုသူတွေကို Brainwash ပြုလုပ်ကာ ကမ္ဘာပျက်ကိန်းတစ်ခုကို စတင်ပါတော့တယ်။ ဒါကြောင့်ပဲ ကမ္ဘာ့အတော်ဆုံး စပိုင်တစ်ယောက်ဟာ အဲဒီဝတ္ထုတွေကို ရေးသားနေတဲ့ စာရေးဆရာကို ခြေရာခံလိုက်ရှာပြီး သတ်ပစ်ဖို့ တာဝန်ရှိလာပါတော့တယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ဟာလည်း ပရိသတ်တွေ အကြိုက်တွေ့စေမယ့် အက်ရှင်ကားတစ်ကား ဖြစ်လာမှာပါ။

မကြာသေးခင်ကပဲ Idris Elba ဟာ Netflix ရဲ့ Bang! ရုပ်ရှင်ထဲမှာ ပါဝင်သွားမယ်လို့ The Hollywood Reporter သတင်းဌာနက ဖော်ပြထားပါတယ်။ မူရင်းကောမစ်ဖန်တီးသူ ဖြစ်တဲ့ Matt Kindt ကလည်း ဇာတ်ညွှန်းဘက်မှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဒီရုပ်ရှင်အတွက် ရိုက်ကူးရေးတောင် မစတင်သေးတာကြောင့် ထွက်ရှိလာမယ့် ရက်ကိုလည်း မသိရသေးပါဘူး။

photo via screenrant

ဒါရိုက်တာ David Leith နဲ့ Idris Elba တို့ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Hobbs & Shaw ရုပ်ရှင်ထဲမှာ အတူတူပါဝင်ခဲ့ဖူးပါတယ်။ Idris Elba ကတော့ အဲဒီအချိန်ကတည်းက ယခုအထိ Suicide Squad တို့လို အက်ရှင်ရုပ်ရှင်တွေမှာ ဆက်တိုက် ပါဝင်ခဲ့ရပြီး ဒီရုပ်ရှင်ထဲမှာလည်း စပိုင်တစ်ယောက်အနေနဲ့ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ Netflix ကလည်း ယခုနောက်ပိုင်းမှာ အက်ရှင်ဇာတ်လမ်းတွေကို ဘတ်ဂျက်များများနဲ့ ဖန်တီးနေတာကြောင့် ဒီရုပ်ရှင်ဟာလည်း စောင့်ကြည့်ရမယ့် ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular