HomeEntertainmentFilmတစ်ခြားစတူဒီယိုတွေရဲ့ ရုပ်ရှင်တွေကို ထပ်မံဝယ်ယူချင်နေတဲ့ Netflix

တစ်ခြားစတူဒီယိုတွေရဲ့ ရုပ်ရှင်တွေကို ထပ်မံဝယ်ယူချင်နေတဲ့ Netflix

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၂၀၂၁ ခုနှစ်ထဲမှာတော့ Netflix ဟာ တစ်ခြားစတူဒီယိုတွေရဲ့ ရုပ်ရှင်တွေကို ထပ်မံဝယ်ယူချင်နေတယ်လို့ သိရပါတယ်။ အကြောင်းကတော့ အခုချိန်ထိ ကိုဗစ်ဟာ ရုပ်ရှင်လောကအပါအဝင် တစ်ကမ္ဘာလုံးကို အခက်အခဲတွေ ဖြစ်စေနေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရုပ်ရှင်တွေ အများစုဟာ ဒီနှစ်ထဲမှာတောင် ရုံတင်နိုင်ဖို့ မသေချာ မရေရာတွေ ဖြစ်နေခဲ့ပါတယ်။

ဒါကြောင့်ပဲ Netflix ဟာ ဒီနှစ်အတွင်းမှာ ထွက်လာမယ့် တစ်ခြားစတူဒီယိုတွေရဲ့ ရုပ်ရှင်တွေကို ဝယ်ယူချင်နေတာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်တုန်းကလည်း Netflix ဟာ original ရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့သလို တစ်ခြားစတူဒီယိုရဲ့ ရုပ်ရှင်တွေကိုလည်း ဝယ်ယူပြသခဲ့ပါတယ်။ ဒီနှစ်ထဲမှာလည်း Netflix ဟာ ဒီပုံစံအတိုင်းပဲ ပြုလုပ်သွားမယ် လို့ သိရပါတယ်။

ဒီနှစ်ထဲမှာတော့ Netflix ဟာ အပတ်စဉ် original ရုပ်ရှင်တစ်ကားစီ ထွက်ရှိသွားမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ တစ်ခြားစတူဒီယိုတွေရဲ့ ရုပ်ရှင်တွေကိုပါ ဝယ်ယူပြသဖို့ စီစဉ်နေပါတယ်။ Netflix ရဲ့ အကြီးအကဲဖြစ်သူကလည်း ” တစ်ခြားစတူဒီယိုတွေရဲ့ ရုပ်ရှင်တွေကို ဝယ်ယူဖို့ အခွင့်အရေး ပိုရလာမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီအခွင့်အရေးတွေ ရရှိလာတဲ့ အချိန်မှာတော့ The Woman in the Window ရုပ်ရှင်လိုမျိူး ဝယ်ယူသွားမှာပါ။ တစ်ချို့ရုပ်ရှင်တွေကိုလည်း လောလောဆယ်မှာ ဝယ်ယူပြီးသွားပါပြီ ” ဆိုပြီးတော့ ပြောခဲ့ပါတယ်။

လောလောဆယ်မှာ ကိုဗစ်ကြောင့် ရုပ်ရှင်ရုံတွေလည်း ပိတ်ထားရပြီး နာမည်ကြီး ရုပ်ရှင်ကားတွေကလည်း ထွက်ရှိလာဖို့ နောက်ကျနေခဲ့ပါတယ်။ ဒီလိုအချိန်မှာ Netflix က အဲ့ဒီရုပ်ရှင်တွေကို ဝယ်ယူပြီး ပြသနိုင်ခဲ့မယ်ဆိုရင်တော့ ဒါဟာ ပရိသတ်တွေအတွက် သတင်းကောင်း တစ်ခုပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာ တစ်ခုကတော့ Netflix ဟာ ကိုဗစ်ကာလအတွင်းမှာ ပိုပြီး အောင်မြင်လာတာပဲ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

၂၀၂၁ ခုႏွစ္ထဲမွာေတာ့ Netflix ဟာ တစ္ျခားစတူဒီယိုေတြရဲ႕ ႐ုပ္ရွင္ေတြကို ထပ္မံဝယ္ယူခ်င္ေနတယ္လို႔ သိရပါတယ္။ အေၾကာင္းကေတာ့ အခုခ်ိန္ထိ ကိုဗစ္ဟာ ႐ုပ္ရွင္ေလာကအပါအဝင္ တစ္ကမာၻလုံးကို အခက္အခဲေတြ ျဖစ္ေစေနလို႔ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ႐ုပ္ရွင္ေတြ အမ်ားစုမွာ ဒီႏွစ္ထဲမွာေတာင္ ႐ုံတင္ႏိုင္ဖို႔ မေသခ်ာ မေရရာေတြ ျဖစ္ေနခဲ့ပါတယ္။

ဒါေၾကာင့္ပဲ Netflix ဟာ ဒီႏွစ္အတြင္းမွာ ထြက္လာမယ့္ တစ္ျခားစတူဒီယိုေတြရဲ႕ ႐ုပ္ရွင္ေတြကို ဝယ္ယူခ်င္ေနတာ ျဖစ္ပါတယ္။ ၂၀၂၀ ခုႏွစ္တုန္းကလည္း Netflix ဟာ original ႐ုပ္ရွင္ေတြကို ထုတ္လုပ္ခဲ့သလို တစ္ျခားစတူဒီယိုရဲ႕ ႐ုပ္ရွင္ေတြကိုလည္း ဝယ္ယူျပသခဲ့ပါတယ္။ ဒီႏွစ္ထဲမွာလည္း Netflix ဟာ ဒီပုံစံအတိုင္းပဲ ျပဳလုပ္သြားမယ္ လို႔ သိရပါတယ္။

ဒီႏွစ္ထဲမွာေတာ့ Netflix ဟာ အပတ္စဥ္ original ႐ုပ္ရွင္တစ္ကားစီ ထြက္ရွိသြားမွာ ျဖစ္ပါတယ္။ ဒါတင္မကေသးဘဲ တစ္ျခားစတူဒီယိုေတြရဲ႕ ႐ုပ္ရွင္ေတြကိုပါ ဝယ္ယူျပသဖို႔ စီစဥ္ေနပါတယ္။ Netflix ရဲ႕ အႀကီးအကဲျဖစ္သူကလည္း ” တစ္ျခားစတူဒီယိုေတြရဲ႕ ႐ုပ္ရွင္ေတြကို ဝယ္ယူဖို႔ အခြင့္အေရး ပိုရလာမယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ဒီအခြင့္အေရးေတြ ရရွိလာတဲ့ အခ်ိန္မွာေတာ့ The Woman in the Window ႐ုပ္ရွင္လိုမ်ိဴး ဝယ္ယူသြားမွာပါ။ တစ္ခ်ိဳ႕႐ုပ္ရွင္ေတြကိုလည္း ေလာေလာဆယ္မွာ ဝယ္ယူၿပီးသြားပါၿပီ ” ဆိုၿပီးေတာ့ ေျပာခဲ့ပါတယ္။

ေလာေလာဆယ္မွာ ကိုဗစ္ေၾကာင့္ ႐ုပ္ရွင္႐ုံေတြလည္း ပိတ္ထားရၿပီး နာမည္ႀကီး ႐ုပ္ရွင္ကားေတြကလည္း ထြက္ရွိလာဖို႔ ေနာက္က်ေနခဲ့ပါတယ္။ ဒီလိုအခ်ိန္မွာ Netflix က အဲ့ဒီ႐ုပ္ရွင္ေတြကို ဝယ္ယူၿပီး ျပသႏိုင္ခဲ့မယ္ဆိုရင္ေတာ့ ဒါဟာ ပရိသတ္ေတြအတြက္ သတင္းေကာင္း တစ္ခုပဲ ျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ေသခ်ာတာ တစ္ခုကေတာ့ Netflix ဟာ ကိုဗစ္ကာလအတြင္းမွာ ပိုၿပီး ေအာင္ျမင္လာတာပဲ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular