HomeCelebs Update NewsInternationalအော်စကာပွဲကဖြစ်ရပ်ကြောင့် Will Smith နဲ့ တွဲလုပ်မယ့် ရုပ်ရှင်ကို ရပ်နားထားတဲ့ Netflix

အော်စကာပွဲကဖြစ်ရပ်ကြောင့် Will Smith နဲ့ တွဲလုပ်မယ့် ရုပ်ရှင်ကို ရပ်နားထားတဲ့ Netflix

(၉၄)ကြိမ်မြောက် အော်စကာဆုပေးပွဲမှာတော့ မင်းသား Will Smith ဟာ အစီအစဉ် တင်ဆက်သူ Chris Rock ကို စင်ပေါ်တက် ပါးရိုက်ခဲ့တဲ့ အုတ်အော်သောင်းတင်း ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ရဲ့ နောက်ဆက်တွဲအနေနဲ့ Netflix ဟာ Will Smith ရဲ့ ရုပ်ရှင်အသစ် ဖြစ်တဲ့ Fast & Loose ကို ရပ်နားထားတယ်လို့ သိရပါတယ်။

Chris Rock ဟာ Best Documentary Feature ဆုကို မကြေညာခင် Will ရဲ့ ဇနီးဖြစ်သူ Jada Pinkett Smith ကို G.I. Jane 2 ရုပ်ရှင်မှာ ကြည့်ရဖို့ မစောင့်နိုင်တော့ဘူးလို့ စနောက်ခဲ့ပါတယ်။ အကြောင်းကတော့ Jada ဟာ ပွဲကို ကတုံးဆံပင်နဲ့ တက်ရောက်လာတာ ဖြစ်ပြီး G.I. Jane ရုပ်ရှင်ထဲက အဓိက အမျိူးသမီးဇာတ်ကောင်ကလည်း ကတုံးနဲ့ ဖြစ်တာကြောင့်ပါပဲ။

Photo: willsmith/ Instagram

တကယ်တော့ Jada ဟာ ဖက်ရှင်အလှအပအတွက် ကတုံးတုံးထားတာ မဟုတ်ဘဲ Alopecia လို့ ခေါ်တဲ့ ဆံပင်တွေ အလွန်အကျွံ ကျွတ်တဲ့ ရောဂါတစ်မျိုးကို ခံစားနေရတာကြောင့် ယခုလို ကတုံးတုံးထားရတာ ဖြစ်ပါတယ်။ ကနဦးတုန်းကတော့ Chris Rock ရဲ့ ဟာသဟာ Will အပါအဝင် ပရိသတ်တွေအားလုံးကို ရယ်မောစေခဲ့ပေမယ့်လည်း မျက်စိတမှိတ်အတွင်းမှာပဲ Will ဟာ စင်ပေါ်တက်လာပြီး Chris ကို ပါးရိုက်ခဲ့ပါတယ်။ ဒါ့အပြင် “ငါ့မိန်းမနာမည်ကို မင်း‌‌ေ-ာက်ပါးစပ်က မထွက်စေနဲ့ …” ဆိုပြီးလည်း စင်အောက်ကနေ ဆဲဆို ကြိမ်းမောင်းခဲ့ပါသေးတယ်။

လောလောဆယ်မှာတော့ The Hollywood Reporter သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး Will ရဲ့ ရုပ်ရှင်အသစ်ဖြစ်တဲ့ Fast & Loose ရဲ့ ရိုက်ကူးရေးတွေကို Netflix ဘက်က ရပ်နားထားတယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ တိုက်ခိုက်မှုတစ်ခုကြောင့် မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားတဲ့ ဒုစရိုက်ခေါင်းဆောင်က သူ့ရဲ့ဘဝကို ပြန်လည်အဖြေရှာတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။

photo via screenrant

အော်စကာဆုပေးပွဲက ဒီအဖြစ်အပျက် ပြီးသွားကတည်းက Will ဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေးဘဝမှာ အခက်အခဲတွေနဲ့ ကြုံတွေ့လာရပါတယ်။ သူ့ရဲ့ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပရိသတ်တွေကတောင်မှ သူ့ရဲ့ ယခုလိုလုပ်ရပ်ကို ရှုံ့ချတာမျိူးတွေ ရှိလာပါတယ်။ ဒါ့အပြင် Will ပါဝင်မယ့် Bad Boys 4 ရုပ်ရှင်ဟာလည်း ရပ်နားသွားပြီလို့ သိရပါသေးတယ်။ Will ဟာ အဆိုပါရုပ်ရှင်အတွက် ဇာတ်ညွှန်းကိုတော့ အော်စကာပွဲမတိုင်မီ ရက်အနည်းငယ်ကပဲ ရရှိခဲ့တာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular