HomeEntertainmentFilmFlorence Pugh ကို အသွင်သစ်နဲ့ မြင်တွေ့ရမယ့် Netflix စိတ္တဇရုပ်ရှင်သစ် The Wonder 

Florence Pugh ကို အသွင်သစ်နဲ့ မြင်တွေ့ရမယ့် Netflix စိတ္တဇရုပ်ရှင်သစ် The Wonder 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Florence Pugh ဟာ Netflix က ပြသသွားမယ့် စိတ္တဇသည်းထိတ်ရင်ဖို ရုပ်ရှင်အသစ် The Wonder ထဲမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ Florence Pugh ဟာ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Lady Macbeth ရုပ်ရှင်နဲ့ ဟောလိဝုဒ်လောကမှာ နာမည်ရလာသူ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Midsommar နဲ့ မကြာသေးခင်က ထွက်ထားတဲ့ Black Widow ရုပ်ရှင်တို့မှာလည်း ပါဝင်ထားပါတယ်။

Photo: florencepugh/ Instagram

The Wonder ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ အိုင်းရစ်ရ်ှမြို့ငယ်လေး တစ်မြို့က ကောင်မလေးတစ်ယောက်ဟာ ဘာကိုမှ မစားသောက်ဘဲ လနဲ့ချီပြီး ကြာတာတောင် အကောင်းတိုင်း ဖြစ်နေတာကြောင့် သူမကို စောင့်ကြည့်ဖို့အတွက် အင်္ဂလိပ်သူနာပြုတစ်ယောက် ရောက်လာရာက စပါတယ်။ ဒီဇာတ်လမ်းကိုတော့ ၁၈၆၂ ခုနှစ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ Netflix ကတော့ ဒီဇာတ်လမ်းနဲ့ ပတ်သက်ပြီး ” သူမဟာ သူတော်ကောင်းတစ်ယောက်လား၊ ဒါမှမဟုတ် သူမလုပ်ရပ်တွေရဲ့ နောက်ကွယ်မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေလား … ” ဆိုပြီး ဖော်ပြထားပါတယ်။

မင်းသမီးလေး Florence Pugh ကတော့ ရွာလေးကို ရောက်လာတဲ့ အင်္ဂလိပ်သူနာပြု နေရာမှာ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ Netflix ကလည်း ဒီဇာတ်လမ်းထဲက သူမရဲ့ First Look ကို ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေပေးထားပါတယ်။ အဲ့ဒီဓာတ်ပုံထဲမှာတော့ Florence Pugh ကို ခေတ်ဟောင်းပုံစံနဲ့ မြင်တွေ့ခဲ့ရပြီး သူမဟာ သုဿာန်တစ်ခုရဲ့ ရှေ့မှာ မတ်တပ်ရပ်နေတာ တွေ့ရပါတယ်။ Florence Pugh ကလည်း ဒီဓာတ်ပုံကို သူမရဲ့ အင်စတာဂရမ်ပေါ်မှာ တင်ထားပါသေးတယ်။

photo via people

လောလောဆယ်မှာတော့ ဒီရုပ်ရှင်ဟာ ၂၀၂၂ ခုနှစ်အတွင်းမှာပဲ ထွက်ရှိလာမယ်လို့ သိထားရပြီး ထွက်လာမယ့် ရက်အတိအကျကိုတော့ မသိရသေးပါဘူး။ ဒီရုပ်ရှင်ဟာ စာရေးဆရာ Emma Donoghue ရေးသားထားတဲ့ The Wonder ဝတ္ထုစာအုပ်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ အသစ်ထွက်ရှိလာမယ့် Don’t Worry Darling ဆိုတဲ့ ရုပ်ရှင်ထဲမှာလည်း Florence Pugh ဟာ အဆိုတော် Harry Styles နဲ့ ပူးတွဲသရုပ်ဆောင်သွားဦးမှာ ဖြစ်ပါတယ်။

Legos

Source: People

(Zawgyi Version)

Florence Pugh ဟာ Netflix က ျပသသြားမယ့္ စိတၱဇသည္းထိတ္ရင္ဖို ႐ုပ္ရွင္အသစ္ The Wonder ထဲမွာ ပါဝင္လာမွာ ျဖစ္ပါတယ္။ Florence Pugh ဟာ ၂၀၁၆ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Lady Macbeth ႐ုပ္ရွင္နဲ႔ ေဟာလိဝုဒ္ေလာကမွာ နာမည္ရလာသူ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ၂၀၁၉ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Midsommar နဲ႔ မၾကာေသးခင္က ထြက္ထားတဲ့ Black Widow ႐ုပ္ရွင္တို႔မွာလည္း ပါဝင္ထားပါတယ္။

Photo: florencepugh/ Instagram

The Wonder ရဲ႕ ဇာတ္လမ္းအက်ဥ္းကေတာ့ အိုင္းရစ္ရ္ွၿမိဳ႕ငယ္ေလး တစ္ၿမိဳ႕က ေကာင္မေလးတစ္ေယာက္ဟာ ဘာကိုမွ မစားေသာက္ဘဲ လနဲ႔ခ်ီၿပီး ၾကာတာေတာင္ အေကာင္းတိုင္း ျဖစ္ေနတာေၾကာင့္ သူမကို ေစာင့္ၾကည့္ဖို႔အတြက္ အဂၤလိပ္သူနာျပဳတစ္ေယာက္ ေရာက္လာရာက စပါတယ္။ ဒီဇာတ္လမ္းကိုေတာ့ ၁၈၆၂ ခုႏွစ္မွာ ဇာတ္အိမ္တည္ထားပါတယ္။ Netflix ကေတာ့ ဒီဇာတ္လမ္းနဲ႔ ပတ္သက္ၿပီး ” သူမဟာ သူေတာ္ေကာင္းတစ္ေယာက္လား၊ ဒါမွမဟုတ္ သူမလုပ္ရပ္ေတြရဲ႕ ေနာက္ကြယ္မွာ မေကာင္းတဲ့ ရည္႐ြယ္ခ်က္ေတြ ရွိေနလား … ” ဆိုၿပီး ေဖာ္ျပထားပါတယ္။

မင္းသမီးေလး Florence Pugh ကေတာ့ ႐ြာေလးကို ေရာက္လာတဲ့ အဂၤလိပ္သူနာျပဳ ေနရာမွာ ပါဝင္သ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ Netflix ကလည္း ဒီဇာတ္လမ္းထဲက သူမရဲ႕ First Look ကို ဆိုရွယ္မီဒီယာေပၚမွာ မွ်ေဝေပးထားပါတယ္။ အဲ့ဒီဓာတ္ပုံထဲမွာေတာ့ Florence Pugh ကို ေခတ္ေဟာင္းပုံစံနဲ႔ ျမင္ေတြ႕ခဲ့ရၿပီး သူမဟာ သုႆာန္တစ္ခုရဲ႕ ေရွ႕မွာ မတ္တပ္ရပ္ေနတာ ေတြ႕ရပါတယ္။ Florence Pugh ကလည္း ဒီဓာတ္ပုံကို သူမရဲ႕ အင္စတာဂရမ္ေပၚမွာ တင္ထားပါေသးတယ္။

photo via people

ေလာေလာဆယ္မွာေတာ့ ဒီ႐ုပ္ရွင္ဟာ ၂၀၂၂ ခုႏွစ္အတြင္းမွာပဲ ထြက္ရွိလာမယ္လို႔ သိထားရၿပီး ထြက္လာမယ့္ ရက္အတိအက်ကိုေတာ့ မသိရေသးပါဘူး။ ဒီ႐ုပ္ရွင္ဟာ စာေရးဆရာ Emma Donoghue ေရးသားထားတဲ့ The Wonder ဝတၳဳစာအုပ္ကို ျပန္လည္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒါတင္မကေသးဘဲ အသစ္ထြက္ရွိလာမယ့္ Don’t Worry Darling ဆိုတဲ့ ႐ုပ္ရွင္ထဲမွာလည္း Florence Pugh ဟာ အဆိုေတာ္ Harry Styles နဲ႔ ပူးတြဲသ႐ုပ္ေဆာင္သြားဦးမွာ ျဖစ္ပါတယ္။

Legos

Source: People

RELATED ARTICLES

Most Popular