HomeEntertainmentFilmFlorence Pugh ပရိသတ်တိုင်း ကြည့်ရှုထားသင့်တဲ့ ရုပ်ရှင်ကားကောင်းများ

Florence Pugh ပရိသတ်တိုင်း ကြည့်ရှုထားသင့်တဲ့ ရုပ်ရှင်ကားကောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Florence Pugh ဟာ ၁၉၉၆ ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး အခုချိန်မှာတော့ အသက် (၂၅)နှစ် ရှိနေပြီ ဖြစ်ပါတယ်။ Florence ဟာ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Falling ဆိုတဲ့ ဇာတ်ကားနဲ့ ဟောလိဝုဒ်လောကထဲကို စတင်ဝင်ရောက်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Lady Macbeth ရုပ်ရှင်မှာ ပါဝင်ပြီးတဲ့နောက်မှာတော့ ရုပ်ရှင်လောကထဲမှာ စတင်နာမည်ကြီးလာပါတယ်။ အခုချိန်မှာတော့ MCU ရဲ့ Black Widow ရုပ်ရှင်ထဲမှာလည်း ပါဝင်ခဲ့တာကြောင့် ပိုပြီးတော့ အောင်မြင်လာပြီ ဖြစ်ပါတယ်။ Florence ရဲ့ အကောင်းဆုံး ရုပ်ရှင်တွေကိုတော့ အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

(7) The Falling
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (5.4) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ၁၉၆၉ ခုနှစ် အင်္ဂလန်နိုင်ငံမှာ စည်းကမ်းတင်းကျပ်တဲ့ မိန်းကလေးကျောင်းက Abbie နဲ့ Lydia ဆိုတဲ့ မိန်းကလေး နှစ်ယောက်အကြောင်းကို မြင်တွေ့ရမှာပါ။ တစ်ရက်မှာတော့ အဲ့ဒီကျောင်းမှာ မကောင်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပြီး အဲဒီနောက်မှာတော့ တဖြည်းဖြည်းနဲ့ လူတိုင်းဟာ အသက်အန္တရာယ် ရှိလာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Florence Pugh ၊ Maisie Williams နဲ့ Joe Cole တို့ အဓိက ပါဝင်ထားပါတယ်။

(6) Lady Macbeth
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.8) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ (၁၉)ရာစုနှစ် အင်္ဂလန်နိုင်ငံမှာ အခြေခံထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မိန်းမငယ်လေးတစ်ယောက်ဟာ အုပ်ထိန်းသူတွေရဲ့ စီစဉ်မှုတွေကြောင့် လူချမ်းသာတစ်ယောက်ကို လက်ထပ်ခဲ့ရပါတယ်။ လက်ထပ်ပြီးတဲ့ နောက်မှာတော့ သူမရဲ့ ခင်ပွန်းဖြစ်သူဟာ အလုပ်ကိစ္စတွေနဲ့ အမြဲအလုပ်ရှုပ်နေပြီး သူမကတော့ တဖြည်းဖြည်းနဲ့ အထီးကျန်လာကာ မဖြစ်သင့်တာတွေ ဖြစ်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Florence Pugh ၊ Cosmo Jarvis နဲ့ Paul Hilton တို့က အဓိကပါဝင်ထားပါတယ်။

(5) Outlaw King
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.9) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ဖြစ်ရပ်မှန်သမိုင်းကြောင်းကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ နာမည်ကျော် စစ်သည်တော်တစ်ယောက် ဖြစ်တဲ့ Robert the Bruce ဟာ စကော့တလန်နိုင်ငံရဲ့ ဘုရင် ဖြစ်သွားပါတယ်။ အဲ့ဒီနောက်မှာတော့ ဗြိတိသျှတွေက ကျူးကျော်လာပြီး Robert the Bruce ကို နယ်နှင်ဒဏ်ပေးလိုက်ပါတယ်။ ဒါကြောင့်ပဲ Robert ဟာ တခြားပြည်ပြေးတွေရဲ့ အကူအညီနဲ့ သူ့ရဲ့ ထီးနန်းကို ပြန်လည်ရယူနိုင်ဖို့ ကြိုးစားရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Chris Pine ၊ Florence Pugh နဲ့ Aaron Taylor-Johnson တို့က အဓိက ပါဝင်ထားပါတယ်။

(4) Black Widow
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.0) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Civil War နဲ့ Infinity War ကြားထဲက အချိန်မှာ ဖြစ်ပျက်ခဲ့တဲ့ Natasha နဲ့ Red Room တို့ကြားက ဖြစ်ရပ်တွေကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ Florence ကတော့ Yelena Belova ဆိုတဲ့ ဇာတ်ကောင်နေရာမှာ ပါဝင်ထားပြီး အသစ်ထွက်ရှိလာမယ့် Hawkeye ဇာတ်လမ်းတွဲထဲမှာလည်း Yelena အနေနဲ့ ပါဝင်လာဦးမှာပါ။ သရုပ်ဆောင်တွေကတော့ Scarlett Johansson ၊ Florence Pugh ၊ Rachel Weisz နဲ့ David Harbour တို့က အဓိက ပါဝင်ထားပါတယ်။

(3) Fighting With My Family
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.1) ရရှိထားတဲ့ ဟာသဒရာမာ ရုပ်ရှင်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နပမ်းသမားဟောင်း တစ်ယောက်ဟာ သူ့မိသားစုလေးနဲ့အတူ အေးအေးချမ်းချမ်း နေထိုင်နေပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ကလေးတွေကတော့ သူတို့အဖေလိုမျိူး နပမ်းသမားတစ်ယောက် ဖြစ်လာဖို့ ကြိုးစားကြတဲ့အချိန်မှာ ဘယ်လိုအလွဲတွေ ဖြစ်လာမလည်းဆိုတာကို မြင်တွေ့ရမှာပါ။ သရုပ်ဆောင်တွေကတော့ Dwayne Johnson ၊ Lena Headey နဲ့ Florence Pugh တို့က အဓိက ပါဝင်ထားပါတယ်။

(2) Midsommer
photo via screenrant

ဒီရုပ်ရှင်ကလည်း ၂၀၁၉ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.1) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အတွဲတစ်တွဲဟာ ဆွီဒင်နိုင်ငံက သူတို့သူငယ်ချင်းရဲ့ မွေးရပ်မြေဖြစ်တဲ့ ကျေးလက်ဒေသတစ်ခုကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ အဲ့ဒီဒေသရဲ့ နွေရာသီမှာ ကျင်းပလေ့ရှိတဲ့ နာမည်ကြီးပွဲတော်တစ်ခု ရှိတာကြောင့်လည်း အခုလို သွားရောက် လည်ပတ်ဖို့ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။ အဲ့ဒီလို ပျော်စရာကောင်းတဲ့ ပွဲတော်ကြီးဟာ နောက်ပိုင်းမှာတော့ ထူးထူးဆန်းဆန်းနဲ့ ကြောက်စရာဖြစ်ရပ်တွေ ဖြစ်လာတဲ့အခါမှာတော့……။ အဓိက သရုပ်ဆောင်တွေအနေနဲ့ Florence Pugh ၊ Will Poulter ၊ Jack Reynor နဲ့ Isabelle Grill တို့က အဓိက ပါဝင်ထားပါတယ်။

(1) Little Women
photo via screenrant

ဒီရုပ်ရှင်ကလည်း ၂၀၁၉ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.8) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ညီအစ်မလေးယောက်ဟာ အပျိူလေးတွေ ဖြစ်လာတဲ့အချိန်မှာတော့ ဘဝအနိမ့်အမြင့်တွေကို ဖြတ်ကျော်ပြီး သူတို့ရဲ့ အနာဂတ်နဲ့ သက်ဆိုင်တဲ့ အရေးကြီး ဆုံးဖြတ်ချက်တွေကို ဆုံးဖြတ်ရတဲ့အကြောင်း ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Saoirse Ronan ၊ Timothee Chalamet ၊ Emma Watson နဲ့ Florence Pugh တို့က အဓိက ပါဝင်ထားကာ အော်စကာဆုတစ်ဆုလည်း ရရှိထားပါသေးတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Florence Pugh ဟာ ၁၉၉၆ ခုႏွစ္ ဇန္နဝါရီလ (၃)ရက္ေန႔မွာ ေမြးဖြားခဲ့တာ ျဖစ္ၿပီး အခုခ်ိန္မွာေတာ့ အသက္ (၂၅)ႏွစ္ ရွိေနၿပီ ျဖစ္ပါတယ္။ Florence ဟာ ၂၀၁၄ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ The Falling ဆိုတဲ့ ဇာတ္ကားနဲ႔ ေဟာလိဝုဒ္ေလာကထဲကို စတင္ဝင္ေရာက္လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ၂၀၁၆ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Lady Macbeth ႐ုပ္ရွင္မွာ ပါဝင္ၿပီးတဲ့ေနာက္မွာေတာ့ ႐ုပ္ရွင္ေလာကထဲမွာ စတင္နာမည္ႀကီးလာပါတယ္။ အခုခ်ိန္မွာေတာ့ MCU ရဲ႕ Black Widow ႐ုပ္ရွင္ထဲမွာလည္း ပါဝင္ခဲ့တာေၾကာင့္ ပိုၿပီးေတာ့ ေအာင္ျမင္လာၿပီ ျဖစ္ပါတယ္။ Florence ရဲ႕ အေကာင္းဆုံး ႐ုပ္ရွင္ေတြကိုေတာ့ ေအာက္မွာ ဆက္လက္ၾကည့္ရႈႏိုင္ပါတယ္။

(7) The Falling
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၄ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (5.4) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ၁၉၆၉ ခုႏွစ္ အဂၤလန္ႏိုင္ငံမွာ စည္းကမ္းတင္းက်ပ္တဲ့ မိန္းကေလးေက်ာင္းက Abbie နဲ႔ Lydia ဆိုတဲ့ မိန္းကေလး ႏွစ္ေယာက္အေၾကာင္းကို ျမင္ေတြ႕ရမွာပါ။ တစ္ရက္မွာေတာ့ အဲ့ဒီေက်ာင္းမွာ မေကာင္းတဲ့ အျဖစ္အပ်က္တစ္ခု ျဖစ္ခဲ့ၿပီး အဲဒီေနာက္မွာေတာ့ တျဖည္းျဖည္းနဲ႔ လူတိုင္းဟာ အသက္အႏၲရာယ္ ရွိလာပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Florence Pugh ၊ Maisie Williams နဲ႔ Joe Cole တို႔ အဓိက ပါဝင္ထားပါတယ္။

(6) Lady Macbeth
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၆ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (6.8) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ (၁၉)ရာစုႏွစ္ အဂၤလန္ႏိုင္ငံမွာ အေျခခံထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ မိန္းမငယ္ေလးတစ္ေယာက္ဟာ အုပ္ထိန္းသူေတြရဲ႕ စီစဥ္မႈေတြေၾကာင့္ လူခ်မ္းသာတစ္ေယာက္ကို လက္ထပ္ခဲ့ရပါတယ္။ လက္ထပ္ၿပီးတဲ့ ေနာက္မွာေတာ့ သူမရဲ႕ ခင္ပြန္းျဖစ္သူဟာ အလုပ္ကိစၥေတြနဲ႔ အၿမဲအလုပ္ရႈပ္ေနၿပီး သူမကေတာ့ တျဖည္းျဖည္းနဲ႔ အထီးက်န္လာကာ မျဖစ္သင့္တာေတြ ျဖစ္လာပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Florence Pugh ၊ Cosmo Jarvis နဲ႔ Paul Hilton တို႔က အဓိကပါဝင္ထားပါတယ္။

(5) Outlaw King
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (6.9) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ျဖစ္ရပ္မွန္သမိုင္းေၾကာင္းကို အေျခခံ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ နာမည္ေက်ာ္ စစ္သည္ေတာ္တစ္ေယာက္ ျဖစ္တဲ့ Robert the Bruce ဟာ စေကာ့တလန္ႏိုင္ငံရဲ႕ ဘုရင္ ျဖစ္သြားပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ၿဗိတိသွ်ေတြက က်ဴးေက်ာ္လာၿပီး Robert the Bruce ကို နယ္ႏွင္ဒဏ္ေပးလိုက္ပါတယ္။ ဒါေၾကာင့္ပဲ Robert ဟာ တျခားျပည္ေျပးေတြရဲ႕ အကူအညီနဲ႔ သူ႔ရဲ႕ ထီးနန္းကို ျပန္လည္ရယူႏိုင္ဖို႔ ႀကိဳးစားရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Chris Pine ၊ Florence Pugh နဲ႔ Aaron Taylor-Johnson တို႔က အဓိက ပါဝင္ထားပါတယ္။

(4) Black Widow
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၂၁ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.0) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Civil War နဲ႔ Infinity War ၾကားထဲက အခ်ိန္မွာ ျဖစ္ပ်က္ခဲ့တဲ့ Natasha နဲ႔ Red Room တို႔ၾကားက ျဖစ္ရပ္ေတြကို ႐ိုက္ျပထားတာ ျဖစ္ပါတယ္။ Florence ကေတာ့ Yelena Belova ဆိုတဲ့ ဇာတ္ေကာင္ေနရာမွာ ပါဝင္ထားၿပီး အသစ္ထြက္ရွိလာမယ့္ Hawkeye ဇာတ္လမ္းတြဲထဲမွာလည္း Yelena အေနနဲ႔ ပါဝင္လာဦးမွာပါ။ သ႐ုပ္ေဆာင္ေတြကေတာ့ Scarlett Johansson ၊ Florence Pugh ၊ Rachel Weisz နဲ႔ David Harbour တို႔က အဓိက ပါဝင္ထားပါတယ္။

(3) Fighting With My Family
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၉ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.1) ရရွိထားတဲ့ ဟာသဒရာမာ ႐ုပ္ရွင္ကား ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ နပမ္းသမားေဟာင္း တစ္ေယာက္ဟာ သူ႔မိသားစုေလးနဲ႔အတူ ေအးေအးခ်မ္းခ်မ္း ေနထိုင္ေနပါတယ္။ ဒါေပမယ့္လည္း သူ႔ရဲ႕ ကေလးေတြကေတာ့ သူတို႔အေဖလိုမ်ိဴး နပမ္းသမားတစ္ေယာက္ ျဖစ္လာဖို႔ ႀကိဳးစားၾကတဲ့အခ်ိန္မွာ ဘယ္လိုအလြဲေတြ ျဖစ္လာမလည္းဆိုတာကို ျမင္ေတြ႕ရမွာပါ။ သ႐ုပ္ေဆာင္ေတြကေတာ့ Dwayne Johnson ၊ Lena Headey နဲ႔ Florence Pugh တို႔က အဓိက ပါဝင္ထားပါတယ္။

(2) Midsommer
photo via screenrant

ဒီ႐ုပ္ရွင္ကလည္း ၂၀၁၉ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.1) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ အတြဲတစ္တြဲဟာ ဆြီဒင္ႏိုင္ငံက သူတို႔သူငယ္ခ်င္းရဲ႕ ေမြးရပ္ေျမျဖစ္တဲ့ ေက်းလက္ေဒသတစ္ခုကို သြားေရာက္လည္ပတ္ခဲ့ပါတယ္။ အဲ့ဒီေဒသရဲ႕ ေႏြရာသီမွာ က်င္းပေလ့ရွိတဲ့ နာမည္ႀကီးပြဲေတာ္တစ္ခု ရွိတာေၾကာင့္လည္း အခုလို သြားေရာက္ လည္ပတ္ဖို႔ ဆုံးျဖတ္လိုက္ၾကတာ ျဖစ္ပါတယ္။ အဲ့ဒီလို ေပ်ာ္စရာေကာင္းတဲ့ ပြဲေတာ္ႀကီးဟာ ေနာက္ပိုင္းမွာေတာ့ ထူးထူးဆန္းဆန္းနဲ႔ ေၾကာက္စရာျဖစ္ရပ္ေတြ ျဖစ္လာတဲ့အခါမွာေတာ့……။ အဓိက သ႐ုပ္ေဆာင္ေတြအေနနဲ႔ Florence Pugh ၊ Will Poulter ၊ Jack Reynor နဲ႔ Isabelle Grill တို႔က အဓိက ပါဝင္ထားပါတယ္။

(1) Little Women
photo via screenrant

ဒီ႐ုပ္ရွင္ကလည္း ၂၀၁၉ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.8) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ညီအစ္မေလးေယာက္ဟာ အပ်ိဴေလးေတြ ျဖစ္လာတဲ့အခ်ိန္မွာေတာ့ ဘဝအနိမ့္အျမင့္ေတြကို ျဖတ္ေက်ာ္ၿပီး သူတို႔ရဲ႕ အနာဂတ္နဲ႔ သက္ဆိုင္တဲ့ အေရးႀကီး ဆုံးျဖတ္ခ်က္ေတြကို ဆုံးျဖတ္ရတဲ့အေၾကာင္း ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Saoirse Ronan ၊ Timothee Chalamet ၊ Emma Watson နဲ႔ Florence Pugh တို႔က အဓိက ပါဝင္ထားကာ ေအာ္စကာဆုတစ္ဆုလည္း ရရွိထားပါေသးတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular