HomeEntertainmentFilmအနာဂတ်ကာလမှာ ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းတွဲကောင်း(၇)ခု

အနာဂတ်ကာလမှာ ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းတွဲကောင်း(၇)ခု

ရုပ်ရှင်ဇာတ်လမ်းတွေကို ဖန်တီးတဲ့အခါမှာတော့ ရုပ်ရှင်အများစုဟာ လက်ရှိကာလမှာပဲ ဇာတ်အိမ်တည်ဆောက်လေ့ရှိပါတယ်။ အလားတူပဲ အရင်ခေတ်က သမိုင်းကြောင်းတွေကို ပြန်လည်ရိုက်ကူးကြတဲ့ ရုပ်ရှင်တွေကတော့ အတိတ်မှာ ဇာတ်အိမ်တည်ထားပြီး အနာဂတ်မှာ ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်တွေမှာတော့ အံ့ဩဖို့ကောင်းတဲ့ နည်းပညာတွေကို မြင်တွေ့ရလေ့ ရှိပါတယ်။ ဒီတစ်ခါမှာတော့ စိတ်ကူးယဉ်သိပ္ပံ ဇာတ်လမ်းအမျိူးအစားတွေကို ကြိုက်နှစ်သက်သူတွေအတွက် အနာဂတ်မှာ ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းတွဲကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(7) Star Trek: Picard

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Star Trek: The Next Generation နဲ့ Star Trek: Nemesis တို့ရဲ့အဆက်ပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Jean-Luc Picard ရဲ့ စွန့်စားခန်းတွေကို ထပ်မံမြင်တွေ့ရဦးမှာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Patrick Stewart ၊ Alison Pill နဲ့ Isa Briones တို့ ပါဝင်ထားပြီး Primetime Emmy ဆု(၁)ဆု ရရှိထားပါတယ်။

(6) Altered Carbon

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.9) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူတွေရဲ့ အသိစိတ်ကို Digital စနစ်နဲ့ သိမ်းထားလို့ရပြီး အကျဉ်းသားတစ်ယောက်ဟာ ဒီနည်းပညာကြောင့်ပဲ ခန္ဓာကိုယ်အသစ်နဲ့ ပြန်လည်ရှင်သန်လာပါတယ်။ အဲဒီနောက်မှာတော့ သူဟာ လွတ်လပ်မှုကို ရဖို့အတွက် အလွန်ရှုပ်ထွေးခက်ခဲတဲ့ လူသတ်မှုတစ်ခုကို ဖြေရှင်းရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Joel Kinnaman ၊ Anthony Mackie နဲ့ Martha Higareda တို့ ပါဝင်ထားပြီး Primetime Emmy (၂)ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(5) Upload

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.9) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ လူတွေဟာ သေဆုံးသွားပြီးတဲ့နောက်မှာ သူတို့ရဲ့ တမလွန်ဘဝကို ကိုယ်တိုင်ရွေးချယ်နိုင်တဲ့ ကမ္ဘာတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ အကြောင်းကတော့ သေဆုံးသူရဲ့ အသိစိတ်ကို Virtual World တစ်ခုထဲကို Upload လုပ်လိုက်တာကြောင့်ပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Robbie Amell ၊ Allegra Edwards နဲ့ Andy Allo တို့ ပါဝင်ထားပါတယ်။

(4) Futurama

photo via screenrant

ဒီ Animation ကတော့ ၁၉၉၉ ခုနှစ်ကတည်းက ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (8.5) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Philip J. Fry ဆိုတဲ့ ပီဇာပို့တဲ့ ကောင်လေးတစ်ယောက်ဟာ မတော်တဆ ဖြစ်ရပ်တစ်ခုကြောင့် ၁၉၉၉ ခုနှစ်မှာ အေးခဲသွားပါတယ်။ ဒီလိုနဲ့ သူပြန်လည်သတိရလာတဲ့ အချိန်မှာတော့ ၂၉၉၉ ခုနှစ်ကို ရောက်ရှိနေကြောင်း သိလိုက်ရပါတော့တယ်။ အသံသရုပ်ဆောင်တွေကတော့ John DiMaggio ၊ Billy West နဲ့ Katey Sagal တို့ ပါဝင်ထားပြီး Primetime Emmy ဆု(၆)ဆု ရရှိထားပါတယ်။

(3) The Expanse

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.5) ရရှိထားပါတယ်။ ဇာတ်လမ်းကိုတော့ (၂၄)ရာစုမှာ ဇာတ်အိမ်တည်ထားပြီး အဲဒီအချိန်မှာတော့ လူသားတွေဟာ Solar System ကြီးကို နယ်ချဲ့နေပါတယ်။ မားစ်ဂြိုဟ်နဲ့ ကမ္ဘာဂြိုဟ်တို့ဟာ ဆက်ဆံရေးတွေ တင်းမာနေပြီး စစ်ဖြစ်လုဆဲဆဲ ဖြစ်နေပါတယ်။ အဲဒီအချိန်မှာပဲ စုံထောက်တစ်ယောက်ဟာ အမျိူးသမီးငယ်တစ်ယောက် ပျောက်ဆုံးမှုကို စုံစမ်းနေရင်း အံ့ဩစရာဖြစ်ရပ်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Dominique Tipper ၊ Wes Chatham နဲ့ Steven Strait တို့ ပါဝင်ထားပါတယ်။

(2) Westworld

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.6) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်အနောက်ပိုင်းက ကောင်းဘွိုင်တွေ နေထိုင်တဲ့ ဒေသပုံစံ ပြန်လည်ဖန်တီးထားတဲ့ Theme Park တစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒါပေမယ့်လည်း ဒီ Theme Park ထဲမှာ ရှိနေတဲ့ စက်ရုပ်တွေဟာ စက်ချို့ယွင်းမှုတွေ ဖြစ်လာတဲ့အခါမှာတော့ ဆိုးရွားတဲ့ အဖြစ်အပျက်တွေ ဖြစ်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Evan Rachel Wood ၊ Jeffrey Wright နဲ့ James Marsden တို့ ပါဝင်ထားပြီး Primetime Emmy ဆု(၇)ဆု ရရှိထားပါတယ်။

(1) Star Trek: The Next Generation

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၁၉၈၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (8.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ကပ္ပတိန် Jean-Luc Picard ဟာ Starfleet Officer အသစ်တွေကို ဦးဆောင်ပြီး အာကာသထဲမှာ ဘယ်သူမှ မရောက်သေးတဲ့ နေရာတွေကို သွားရောက်ပြီး Life Form တွေ ရှာဖွေဖို့အတွက် ထွက်လာခဲ့ပါတယ်။ သရုပ်ဆောင်တွေကတော့ Patrick Stewart ၊ Jonathan Frakes နဲ့ Michael Dorn တို့ ပါဝင်ထားပြီး Primetime Emmy ဆု(၁၈)ဆု ရရှိထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular