HomeCelebs Update NewsInternationalဖက်ရှင်ရှိုးတစ်ခုကဝတ်စုံကို ဝေဖန်နေကြတဲ့အပေါ် တုံ့ပြန်လာတဲ့ Florence Pugh

ဖက်ရှင်ရှိုးတစ်ခုကဝတ်စုံကို ဝေဖန်နေကြတဲ့အပေါ် တုံ့ပြန်လာတဲ့ Florence Pugh

မင်းသမီးလေး Florence Pugh ကတော့ မကြာသေးခင် ရက်ပိုင်းကပဲ ရောမမြို့မှာ ပြုလုပ်ကျင်းပခဲ့တဲ့ Valentino Fashion Show ကို တက်ရောက်ခဲ့ပါတယ်။ အဆိုပါရှိုးမှာတော့ သူမဟာ ပန်းရောင်ဇာပါး dress တစ်ခုကို ဝတ်ဆင်ခဲ့ပြီး အတွင်းခံမပါဘဲ အပေါ်ပိုင်းကို ထုတ်ချင်းဖောက် မြင်နေရပါတယ်။

သူမရဲ့ ဒီလိုဝတ်ဆင်မှုကို တချို့က ဝေဖန်ခဲ့ကြတာကြောင့် Florence ဟာ “ရင်သားတွေကို ဘာလို့ ကြောက်နေကြတာလဲ…” လို့ ပြန်လည် တုံ့ပြန်ပြောကြားလိုက်ပါတယ်။ Florence ဟာ ပြီးခဲ့တဲ့ သောကြာနေ့ ညနေခင်းအချိန်မှာပဲ Valentino ရဲ့ Fall/Winter 2022 Haute Couture runway show ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ ဒီဝတ်စုံနဲ့ ပတ်သက်ပြီး တချို့ကတော့ အွန်လိုင်းပေါ်မှာ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခဲ့ကြတာကြောင့် Florence က အခုလို ပြောကြားလာတာ ဖြစ်ပါတယ်။

Photo: florencepugh/ Instagram

“ကျွန်မဝတ်တဲ့ အဝတ်အစားကို ဝေဖန်နေစရာကို မလိုတာပါ။ ကောင်းတာဖြစ်ဖြစ်၊ ဆိုးတာဖြစ်ဖြစ် ကိုယ်ဘာလုပ်နေတယ်ဆိုတာ ကိုယ့်ဘာသာ သိပါတယ်။ ဒီဝတ်စုံကို ဝတ်ဖို့ သိပ်ကိုစိတ်လှုပ်ရှားခဲ့ရတာပါ။ ကျွန်မအတွက်တော့ တစ်စက်ကလေးမှတောင် စိုးရိမ်စိတ် မရှိခဲ့ပါဘူး။ မဝတ်ခင်ကလည်း မစိုးရိမ်သလို ဝတ်နေတဲ့အချိန်ရော၊ ဝတ်ပြီးသွားတဲ့ အချိန်မှာပါ လုံးဝစိုးရိမ်စိတ် မရှိခဲ့တာပါ … ”

“ယောက်ျားတွေက မိန်းမတွေရဲ့ ခန္ဓာကိုယ်အပေါ် ဘယ်လောက်တောင် ဖျက်လိုဖျက်ဆီးလုပ်ဖို့၊ ပြောဖို့ လွယ်ကူတယ်ဆိုတာတော့ စိတ်ဝင်တစားနဲ့ စောင့်ကြည့်ခွင့် ရခဲ့ပါတယ်။ မိန်းမတစ်ယောက်အနေနဲ့ သူ့ခန္ဓာကိုယ်က ဘာတွေမှားယွင်းနေတယ်၊ ဘာတွေဖြစ်နေတယ်ဆိုတာကို လူစိမ်းတစ်အုပ်က ဝေဖန်လေကန်ကြတာဟာ ဒါက ပထမဆုံးမဟုတ်သလို နောက်ဆုံးလည်း မဟုတ်သေးပါဘူး။ စိတ်ပူစရာကောင်းတာကတော့ ရှင်တို့တွေ ဘယ်လောက်ထိ ရိုင်းစိုင်း အောက်တန်းကျကြတယ် ဆိုတာပါပဲ …”

 

View this post on Instagram

 

A post shared by Florence Pugh (@florencepugh)

“ဖြစ်ချင်တော့ ကျွန်မဟာ ကျွန်မရယ်လို့ ဖြစ်တည်စေတဲ့ အရာအားလုံးကို လက်ခံနိုင်ပါတယ်။ အသက်(၁၄)နှစ် အရွယ်လောက်တုန်းက ကျွန်မ ကိုယ်တိုင်တောင် မကြည့်ရဲခဲ့တဲ့ အပြစ်အနာအဆာတွေကို အခုတော့ ပျော်ပျော်ကြီး လက်ခံတတ်နေပါပြီ။ ရှင်တို့တွေက ကျွန်မရင်သားက ဘယ်လောက်ပြားတယ်၊ ဘယ်လောက် သေးတယ်ဆိုတာကို ကျွန်မကိုယ်တိုင် သိရအောင် ဒေါသတကြီးနဲ့ကို ပြောနေကြတာပဲ …”

“ကျွန်မဒီခန္ဓာကိုယ်နဲ့ နေထိုင်လာခဲ့တာ အချိန်တွေ အကြာကြီး ရှိပါပြီ။ အဲဒီတော့ ကျွန်မရဲ့ ရင်သားဆိုဒ်ကို ကျွန်မ သေသေချာချာကို သိပါတယ်။ အဲဒါကြောင့်လည်း ကြောက်ရွံ့မနေပါဘူး။ ပိုပြီးစိတ်ပူစရာကောင်းတာက ရှင်တို့ကရော ဘာလို့ ရင်သားတွေကို ဒီလောက် ကြောက်နေကြရတာလဲ …”

“ရင့်ကျက်ကြစမ်းပါ။ လူတွေကို လေးစားသမှုထားပေးပါ။ ခန္ဓာကိုယ်တွေကိုလည်း လေးစားမှုပေးပါ။ အမျိုးသမီးတွေအားလုံးကိုလည်း လေးစားမှုပေးပါ။ လူသားတွေကိုလည်း လေးစားပေးပါ။ ရှင်တို့ဘဝတွေအားလုံး အခုထက်ပိုပြီး လွယ်ကူလာပါလိမ့်မယ် … ” လို့ Florence Pugh က သူမကို ရိုင်းပျစွာ ထရိုးလ်ကြသူတွေကို အင်စတာဂရမ်မှာ ပြန်ပြောထားပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular