HomeCelebs Update NewsInternationalချစ်သူကောင်မလေးနဲ့ တိတ်တဆိတ် လက်ထပ်ထားကြောင်း ပြောပြလာတဲ့ Freddie Highmore 

ချစ်သူကောင်မလေးနဲ့ တိတ်တဆိတ် လက်ထပ်ထားကြောင်း ပြောပြလာတဲ့ Freddie Highmore 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဗြိတိန်သရုပ်ဆောင် Freddie Highmore ဟာ ချစ်သူနဲ့ တိတ်တဆိတ် လက်ထပ်ထားပြီး ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားကြောင်း ဖွင့်ဟလာပါတယ်။

မြန်မာပရိသတ်တွေကြားမှာ Charlie and the Chocolate Factory ၊ The Good Doctor ဇာတ်ကားတွေနဲ့ ရင်းနှီးပြီးသား ဖြစ်တဲ့ သရုပ်ဆောင် Freddie Highmore ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ(၂၇)ရက်နေ့က Jimmie Kimmel Live ကို ဧည့်သည်အဖြစ် လာရောက်ခဲ့စဉ်က အခုလို ပြောကြားသွားတာ ဖြစ်ပါတယ်။

Photo: _freddiehighmore/ Instagram

Freddie ဟာ အဲဒီလို လာရောက်စဉ်မှာပဲ သူ့ရဲ့ ဘယ်ဘက် လက်သူကြွယ်မှာ ဝတ်ဆင်ထားတဲ့ လက်ထပ်လက်စွပ်ကို ပြသပြီး လက်ထပ်ပြီးကြောင်း အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ “ဟုတ်ပါတယ်။ ဒါက လက်ထပ်လက်စွပ်ပါ။ ကျွန်တော် လက်ထပ်လိုက်ပါပြီဗျ … ” လို့ အဆိုပါ အင်တာဗျူးမှာ ပြောသွားပါတယ်။

“ဒီလက်စွပ်ကို ဝတ်ထားပြီးတည်းက လူတွေက တောက်လျှောက် ကျွန်တော့်ကို ဒါပဲ မေးနေကြတာဗျ။ ရယ်တော့ရယ်ရတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ဒီကိစ္စရှင်းမှ ရတော့မယ်လို့ တွေးလိုက်မိတာပဲ … ” လို့ ဆိုပါတယ်။ Freddie ဟာ သူလက်ထပ်လိုက်တဲ့ ချစ်ဇနီးက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတဲ့ identity ကိုတော့ ထုတ်ဖော် ပြောကြားသွားခြင်း မရှိပါဘူး။ သို့သော်လည်း သူ့ရဲ့ ဇနီးသည်ဟာ နှစ်လိုဖွယ်ကောင်းသူတစ်ယောက် ဖြစ်ပြီး ပျော်ရွှင်နေကြတယ်လို့တော့ ပြောသွားပါတယ်။

Photo: _freddiehighmore/ Instagram

“ခင်ဗျားတို့ အမေရိကန်တွေ လုပ်နေကျလိုမျိုး ဆိုဖာပေါ်မှာ ခုန်ပေါက်ပြီး ပျော်ရွှင်စိတ်လှုပ်ရှားမှုကို ပြသတာမျိုးတော့ ကျွန်တော် လုပ်မှာ မဟုတ်ဘူးဗျ။ ဒါပေမယ့် ဗြိတိန်တွေရဲ့‌ ပျော်နည်းနဲ့တော့ ပျော်ပါတယ်ခင်ဗျာ။ ကျွန်တော်ဟာ သိပ်ကို နှစ်လိုဖွယ်ရာကောင်းတဲ့ အမျိုးသမီးတစ်ယောက်ကို လက်ထပ်ထားရတော့ တကယ်ကြီးကို အရမ်းပျော်ရွှင်နေပါတယ် … ” လို့ အမေရိကန်နဲ့ ဗြိတိန်တွေရဲ့ ကွဲပြားတဲ့ အပြုအမူတွေကို စနောက်ရင်း ပြောကြားသွားပါတယ်။

ဒါ့အပြင် Freddie ဟာ သူ့ရဲ့ ဇနီးသည်ကို “my wife” လို့ ခေါ်ဝေါ်သုံးနှုန်းဖို့ရာ စိတ်ထဲမှာ သိပ်ပြီး အဆင်မသင့်သေးဘူးလို့လည်း ဆိုပါတယ်။

Photo: _freddiehighmore/ Instagram

“အိမ်ထောင်သည်ဆိုတဲ့ ဝေါဟာရတွေ၊ စကားလုံး အသုံးအနှုန်းတွေနဲ့တော့ သိပ်ပြီးမရင်းနှီးသေးဘူးဗျ။ အဲဒီစကားတွေ ကြားရတာ အရမ်းအသက်ကြီးသွားသလိုပဲ။ ပြီးတော့ ကျွန်တော့်ကောင်မလေးကို “my wife” လို့ သုံးနှုန်းဖို့ရာကလည်း အရမ်းမောင်ပိုင်စီးသလိုကြီးပဲလို့ ခံစားရတယ်။ ကျွန်တော်တို့နှစ်ယောက်က အဲဒီစကားလုံး အသုံးအနှုန်းတွေကို အခုထိ မသုံးဖြစ်ကြသေးပါဘူး။ ဒါပေမယ့် သိတယ်မှတ်လား။ လက်က လက်စွပ်ကိုပဲ ပြလိုက်တယ်။ ပြီးတော့ ခင်ဗျားတို့ ကြိုက်သလိုသာ သုံးသပ်ကြပေတော့ပေါ့ … ” လို့ ဖွင့်ဟထားပါတယ်။

Freddie ဟာ ယခုလို အမည်မဖော်ပြထားတဲ့ အမျိုးသမီးနဲ့ လက်မထပ်ခင်တုန်းကတော့ နာမည်ကျော်တွေနဲ့ တွဲခဲ့ဖူးပါတယ်။ ၂၀၀၆ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ အိုင်းရစ်ရှ် သရုပ်ဆောင် Sarah Bolger နဲ့ တွဲခဲ့ပြီး ၂၀၀၉ ခုနှစ်မှာပဲ နာမည်ကျော် မင်းသမီးချော Dakota Fanning နဲ့လည်း တွဲခဲ့ပါသေးတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ အမေရိကန် အဆိုတော်၊ သရုပ်ဆောင် Abigail Breslin နဲ့ တွဲခဲ့ပါတယ်။

Glasgow

Source: hollywoodlife

(Zawgyi Version)

ၿဗိတိန္သ႐ုပ္ေဆာင္ Freddie Highmore ဟာ ခ်စ္သူနဲ႔ တိတ္တဆိတ္ လက္ထပ္ထားၿပီး ေပ်ာ္ရႊင္တဲ့ အိမ္ေထာင္ေရးကို ပိုင္ဆိုင္ထားေၾကာင္း ဖြင့္ဟလာပါတယ္။

ျမန္မာပရိသတ္ေတြၾကားမွာ Charlie and the Chocolate Factory ၊ The Good Doctor ဇာတ္ကားေတြနဲ႔ ရင္းႏွီးၿပီးသား ျဖစ္တဲ့ သ႐ုပ္ေဆာင္ Freddie Highmore ဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလ(၂၇)ရက္ေန႔က Jimmie Kimmel Live ကို ဧည့္သည္အျဖစ္ လာေရာက္ခဲ့စဥ္က အခုလို ေျပာၾကားသြားတာ ျဖစ္ပါတယ္။

Photo: _freddiehighmore/ Instagram

Freddie ဟာ အဲဒီလို လာေရာက္စဥ္မွာပဲ သူ႔ရဲ့ ဘယ္ဘက္ လက္သူႂကြယ္မွာ ဝတ္ဆင္ထားတဲ့ လက္ထပ္လက္စြပ္ကို ျပသၿပီး လက္ထပ္ၿပီးေၾကာင္း အတည္ျပဳလိုက္တာ ျဖစ္ပါတယ္။ “ဟုတ္ပါတယ္။ ဒါက လက္ထပ္လက္စြပ္ပါ။ ကၽြန္ေတာ္ လက္ထပ္လိုက္ပါၿပီဗ် … ” လို႔ အဆိုပါ အင္တာဗ်ဴးမွာ ေျပာသြားပါတယ္။

“ဒီလက္စြပ္ကို ဝတ္ထားၿပီးတည္းက လူေတြက ေတာက္ေလၽွာက္ ကၽြန္ေတာ့္ကို ဒါပဲ ေမးေနၾကတာဗ်။ ရယ္ေတာ့ရယ္ရတယ္။ အဲဒါနဲ႔ ကၽြန္ေတာ္လည္း ဒီကိစၥရွင္းမွ ရေတာ့မယ္လို႔ ေတြးလိုက္မိတာပဲ … ” လို႔ ဆိုပါတယ္။ Freddie ဟာ သူလက္ထပ္လိုက္တဲ့ ခ်စ္ဇနီးက ဘယ္သူဘယ္ဝါျဖစ္တယ္ဆိုတဲ့ identity ကိုေတာ့ ထုတ္ေဖာ္ ေျပာၾကားသြားျခင္း မရွိပါဘူး။ သို႔ေသာ္လည္း သူ႔ရဲ့ ဇနီးသည္ဟာ ႏွစ္လိုဖြယ္ေကာင္းသူတစ္ေယာက္ ျဖစ္ၿပီး ေပ်ာ္ရႊင္ေနၾကတယ္လို႔ေတာ့ ေျပာသြားပါတယ္။

Photo: _freddiehighmore/ Instagram

“ခင္ဗ်ားတို႔ အေမရိကန္ေတြ လုပ္ေနက်လိုမ်ိဳး ဆိုဖာေပၚမွာ ခုန္ေပါက္ၿပီး ေပ်ာ္ရႊင္စိတ္လွုပ္ရွားမွုကို ျပသတာမ်ိဳးေတာ့ ကၽြန္ေတာ္ လုပ္မွာ မဟုတ္ဘူးဗ်။ ဒါေပမယ့္ ၿဗိတိန္ေတြရဲ့‌ ေပ်ာ္နည္းနဲ႔ေတာ့ ေပ်ာ္ပါတယ္ခင္ဗ်ာ။ ကၽြန္ေတာ္ဟာ သိပ္ကို ႏွစ္လိုဖြယ္ရာေကာင္းတဲ့ အမ်ိဳးသမီးတစ္ေယာက္ကို လက္ထပ္ထားရေတာ့ တကယ္ႀကီးကို အရမ္းေပ်ာ္ရႊင္ေနပါတယ္ … ” လို႔ အေမရိကန္နဲ႔ ၿဗိတိန္ေတြရဲ့ ကြဲျပားတဲ့ အျပဳအမူေတြကို စေနာက္ရင္း ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ Freddie ဟာ သူ႔ရဲ့ ဇနီးသည္ကို “my wife” လို႔ ေခၚေဝၚသုံးႏွုန္းဖို႔ရာ စိတ္ထဲမွာ သိပ္ၿပီး အဆင္မသင့္ေသးဘူးလို႔လည္း ဆိုပါတယ္။

Photo: _freddiehighmore/ Instagram

“အိမ္ေထာင္သည္ဆိုတဲ့ ေဝါဟာရေတြ၊ စကားလုံး အသုံးအႏွုန္းေတြနဲ႔ေတာ့ သိပ္ၿပီးမရင္းႏွီးေသးဘူးဗ်။ အဲဒီစကားေတြ ၾကားရတာ အရမ္းအသက္ႀကီးသြားသလိုပဲ။ ၿပီးေတာ့ ကၽြန္ေတာ့္ေကာင္မေလးကို “my wife” လို႔ သုံးႏွုန္းဖို႔ရာကလည္း အရမ္းေမာင္ပိုင္စီးသလိုႀကီးပဲလို႔ ခံစားရတယ္။ ကၽြန္ေတာ္တို႔ႏွစ္ေယာက္က အဲဒီစကားလုံး အသုံးအႏွုန္းေတြကို အခုထိ မသုံးျဖစ္ၾကေသးပါဘူး။ ဒါေပမယ့္ သိတယ္မွတ္လား။ လက္က လက္စြပ္ကိုပဲ ျပလိုက္တယ္။ ၿပီးေတာ့ ခင္ဗ်ားတို႔ ႀကိဳက္သလိုသာ သုံးသပ္ၾကေပေတာ့ေပါ့ … ” လို႔ ဖြင့္ဟထားပါတယ္။

Freddie ဟာ ယခုလို အမည္မေဖာ္ျပထားတဲ့ အမ်ိဳးသမီးနဲ႔ လက္မထပ္ခင္တုန္းကေတာ့ နာမည္ေက်ာ္ေတြနဲ႔ တြဲခဲ့ဖူးပါတယ္။ ၂၀၀၆ ခုႏွစ္ကေန ၂၀၀၉ ခုႏွစ္အထိ အိုင္းရစ္ရွ္ သ႐ုပ္ေဆာင္ Sarah Bolger နဲ႔ တြဲခဲ့ၿပီး ၂၀၀၉ ခုႏွစ္မွာပဲ နာမည္ေက်ာ္ မင္းသမီးေခ်ာ Dakota Fanning နဲ႔လည္း တြဲခဲ့ပါေသးတယ္။ အဲဒီေနာက္ ၂၀၁၆ ခုႏွစ္ကေန ၂၀၁၇ ခုႏွစ္အထိ အေမရိကန္ အဆိုေတာ္၊ သ႐ုပ္ေဆာင္ Abigail Breslin နဲ႔ တြဲခဲ့ပါတယ္။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular