HomeEntertainmentFilmသရုပ်ဆောင်ကိုယ်တိုင်တောင် ပြန်လည်ထိတ်လန့်ခဲ့ရတဲ့ Freddy Krueger ရဲ့လွှမ်းမိုးမှု

သရုပ်ဆောင်ကိုယ်တိုင်တောင် ပြန်လည်ထိတ်လန့်ခဲ့ရတဲ့ Freddy Krueger ရဲ့လွှမ်းမိုးမှု

မင်းသားကြီး Robert Englund ဟာ classic horror ဖြစ်တဲ့ Nightmare on Elm Street Franchise ထဲမှာ Freddy Krueger အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပြီး ယခုအချိန်မှာတော့ အသက်(၇၄)နှစ် ရှိနေပြီ ဖြစ်ပါတယ်။ Robert ဟာ Nightmare on Elm Street ရုပ်ရှင်(၇)ကားမှာ ပါဝင်ခဲ့ပြီး Crossover ရုပ်ရှင်ဖြစ်တဲ့ Freddy Vs. Jason ထဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ Freddy Krueger ကတော့ ယခုအချိန်ထိ Horror ပရိသတ်တွေအကြိုက် Classic ဇာတ်ကောင်တစ်ယောက်လည်း ဖြစ်နေပါတယ်။

photo via screeenrant

Freddy ဟာ လူ့ဘဝတုန်းက အနည်းဆုံး ကလေးအယောက် (၂၀)လောက်ကို သတ်သွားတဲ့ လူသတ်သမားဖြစ်ပြီး တရားစီရင်တဲ့ အချိန်မှာတော့ အကြောင်းအမျိူးမျိူးကြောင့် လွတ်မြောက်ခွင့် ရရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ မကျေအေးပေးနိုင်တဲ့ ကလေးမိဘတွေဟာ Freddy ကို အမဲလိုက်ပြီး မီးရှို့သတ်ပစ်ခဲ့ကြပါတယ်။ အကျိုးဆက်အနေနဲ့ Freddy ဟာ အိပ်မက်တွေကို ခြယ်လှယ်နိုင်တဲ့ Dream Demon ဖြစ်လာပြီး သူ့ရဲ့သားကောင်တွေကို အိပ်နေတဲ့ အချိန်မှာရော၊ နိုးနေတဲ့ အချိန်မှာပါ ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ပါတယ်။

ဒါတင်မက Freddy ဟာ ပရိသတ်ပေါင်းများစွာကို အိပ်မက်ဆိုးတွေ မက်စေခဲ့တဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။ အလားတူပဲ ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Robert Englund ကိုယ်တိုင်တောင်မှ ဒီဇာတ်ကောင်ကို ပြန်လည်ကြောက်ရွံ့ခဲ့တဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ Robert ဟာ အင်တာဗျူးတစ်ခုမှာ အောက်ပါအတိုင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

“Part One ရိုက်တုန်းက ကျွန်တော့်အတွက် ရိုက်ကွင်းသုံး ကားအိမ် မရှိသေးတော့ honeywagon ပေါ်က အခန်းတစ်ခုပဲ ရခဲ့ပါတယ်။ တစ်ရက်ကျတော့ ရိုက်ကွင်း ခဏနားရင်း မနက်လေးနာရီလောက်မှာ ကျွန်တော့်အခန်းထဲမှာ ခဏမှေးနေတာပေါ့။ အဲဒီအချိန်မှာ မိတ်ကပ်တွေလည်း လိမ်းပြီးသား ဖြစ်နေလို့ မိတ်ကပ်တွေ မပျက်သွားအောင် Towel တစ်ခုကိုပဲ ခေါင်းအုံးပြီး အိပ်နေတာပေါ့။ ရိုက်ကွင်းက ပြန်ခေါ်မှာ စောင့်နေရင်း အခန်းတံခါး ထုသံကြားလို့ ထထိုင်လိုက်တဲ့အချိန်မှာ မှန်ထဲက ဒီကြောက်စရာမျက်နှာကြီးက ကျွန်တော့်ကို ပြန်ကြည့်နေတယ်ဗျ။ ကျွန်တော်လည်း အရမ်းလန့်သွားပြီး ထခုန်လိုက်မိတာပဲ။ ပြီးမှ ကိုယ့်မျက်နှာကိုယ် ပြန်စမ်းကြည့်မှပဲ ကျွန်တော့်ရဲ့ပုံရိပ်က မှန်ထဲမှာ ပေါ်နေတာကို သိလိုက်ရတယ်ဗျာ …”

photo via screenrant

ယခုလို သရုပ်ဆောင်တွေကိုယ်တိုင်က သူတို့ရဲ့ဇာတ်ကောင်တွေကို ပြန်ပြီး ကြောက်လန့်ရတဲ့ အချိန်တွေဟာ Horror ရုပ်ရှင်တွေမှာ ဖြစ်လေ့ဖြစ်ထရှိပြီး Scream တို့လို Classic Horror ရုပ်ရှင်တွေမှာလည်း အလားတူဖြစ်ရပ်တွေ ဖြစ်ပျက်ခဲ့ပါသေးတယ်။ လက်ရှိမှာတော့ Robert ဟာ Freddy ဇာတ်ကောင်နေရာက အနားယူသွားပြီ ဖြစ်ပေမယ့်လည်း Stranger Things Season 4 ထဲမှာတော့ Victor Creel နေရာက ပါဝင်ထားပါသေးတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular