HomeEntertainmentFilmF.R.I.E.N.D.S. Reunion က သိလိုက်ရတဲ့ ရိုက်ကွင်းနောက်ကွယ်က စိတ်ဝင်စားစရာများ 

F.R.I.E.N.D.S. Reunion က သိလိုက်ရတဲ့ ရိုက်ကွင်းနောက်ကွယ်က စိတ်ဝင်စားစရာများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

F.R.I.E.N.D.S. ဇာတ်လမ်းတွဲဟာ Sitcom လောကမှာ အအောင်မြင်ဆုံး ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ NBC ရုပ်သံလိုင်းမှ ၁၉၉၄ခုနှစ်မှာ စတင်ထုတ်လွှင့်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ ဇာတ်သိမ်းခဲ့ပါတယ်။ ဇာတ်သိမ်းပြီး (၁၇)နှစ်အကြာမှာတော့ Warner Bros ဟာ Reunion အတွက် ပြင်ဆင်ခဲ့ပြီး မကြာသေးခင်ကပဲ HBO Max ကနေ ထုတ်လွှင့်လိုက်ပါတယ်။

Reunion ထဲမှာတော့ အဓိကသရုပ်ဆောင် ခြောက်ယောက်ဖြစ်တဲ့ Jennifer Aniston ၊ David Schwimmer ၊ Matthew Perry ၊ Lisa Kudrow ၊ Courtney Cox နဲ့ Matt LeBlanc တို့ ပြန်လည်တွေ့ဆုံကြတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဧည့်သည်သရုပ်ဆောင်တွေအနေနဲ့ David Beckham ၊ Justin Bieber ၊ Cara Delevingne ၊ Lady Gaga ၊ BTS ၊ Kit Harington နဲ့ Reese Witherspoon တို့အပါအဝင် တခြားနာမည်ကြီး ဆယ်လီတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် Reunion ထဲမှာ သိလိုက်ရတဲ့ သရုပ်ဆောင်တွေရဲ့အကြောင်းနဲ့ ရိုက်ကွင်းနောက်ကွယ်က စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Joey ရဲ့ အမွှာအတုအနေနဲ့ ပါဝင်ခဲ့သူဟာ Joey နေရာက သရုပ်ဆောင်လုနီးပါး ဖြစ်ခဲ့ပါတယ်။
photo via screenrant

F.R.I.E.N.D.S ပရိသတ်တွေမှန်သမျှ Joey Tribbiani နေရာမှာ Matt LeBlanc ကလွဲရင် တခြားသူကို မြင်ယောင်လို့ မရတော့ပါဘူး။ သို့သော်လည်း Joey နေရာမှာ သရုပ်ဆောင်ဖို့အတွက် လူရွေးချယ်ခဲ့ရာမှာတော့ Matt LeBlanc နဲ့ Louis Mandylor တို့ နှစ်ယောက်ကြားမှာ ရွေးချယ်ရ ခက်ခဲ့တယ်လို့ သိရပါတယ်။

စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ Louis ဟာလည်း ဒီဇာတ်လမ်းထဲမှာ ပါဝင်ခဲ့ပါသေးတယ်။ Season 6 ထဲက “The One With Unagi” ဆိုတဲ့ အပိုင်းထဲမှာတော့ Joey ဟာ ပိုက်ဆံမရှိတာကြောင့် အမွှာတွေကို လေ့လာမယ့် ဆေးပညာ စမ်းသပ်မှုထဲမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Joey မှာ အမွှာမရှိတာကြောင့် သူနဲ့တစ်ရုပ်တည်းလို့ ထင်ရတဲ့ လူတစ်ယောက်ကို ငှားလာခဲ့ပါတယ်။ အဲ့ဒီလူနေရာမှာတော့ Louis က ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

(2) David Schwimmer ဟာ မျောက်ကလေး Marcel ကို မုန်းခဲ့ပါတယ်။
photo via screenrant

Season 1 ရဲ့ အစပိုင်းမှာတော့ Ross ဟာ သူ့အမျိူးသမီးဖြစ်သူ Carol နဲ့ ကွာရှင်းပြီးနောက်မှာ အလွန်အထီးကျန်နေပါတယ်။ ဒါကြောင့်ပဲ သူဟာ Marcel လို့ခေါ်တဲ့ မျောက်လေးတစ်ကောင်ကို မွေးထားခဲ့ပါတယ်။ အဲဒီနောက် တောတွင်းတိရစ္ဆာန် ဥပဒေတွေကြောင့် Ross ဟာ Marcel ကို တိရစ္ဆာန်ရုံကို ပို့လိုက်ရတဲ့အချိန်မှာလည်း အလွန်ဝမ်းနည်းနေတာကို တွေ့ခဲ့ရပါတယ်။

ဒါပေမယ့်လည်း တကယ့်လက်တွေ့ဘဝမှာတော့ David ဟာ Marcel နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ မျောက်မလေး Katie ကို မုန်းတီးခဲ့တာပါ။ အကြောင်းကတော့ Katie ဟာ David ရဲ့ ပုခုံးပေါ်မှာ ထိုင်နေရင်း ပိုးကောင်တွေကို လျှောက်စားကာ ညစ်ပတ်နေတဲ့ လက်နဲ့ သူ့ရဲ့ဆံပင်ကို ကိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Katie ဟာ တစ်နေရာရာမှာ မှားယွင်းသွားတာနဲ့ ရိုက်ကွင်းတစ်ခုလုံးက တလွဲတွေ ဖြစ်ကုန်ပြီး အစက ပြန်လည်ရိုက်ကူးရတယ်လို့လည်း ဆိုပါတယ်။

(3) Monica နဲ့ Chandler တို့ကို One-Night Stand အဖြစ်ပဲ ပုံဖော်ဖို့ စီစဉ်ခဲ့ပါတယ်။
photo via screenrant

Season 4 ရဲ့ နောက်ဆုံးမှာတော့ Monica နဲ့ Chandler တို့ရဲ့ ပြောင်းလဲသွားတဲ့ ဆက်ဆံရေးကို မြင်လိုက်ကြရပါတယ်။ သူတို့နှစ်ဦးဟာ လန်ဒန်မြို့မှာ ကျင်းပမယ့် Ross ရဲ့ မင်္ဂလာဆောင်ကို မသွားခင် အချိန်တုန်းကတော့ သူငယ်ချင်းအဆင့်ပဲ ရှိပါသေးတယ်။ ဒါပေမယ့်လည်း လန်ဒန်ကို ရောက်သွားတဲ့ အချိန်မှာတော့ အကြောင်းအမျိူးမျိူးကြောင့် နှစ်ယောက်သား အတူတူ အိပ်ဖြစ်သွားကြပါတယ်။ လန်ဒန်ကနေ နယူးယော့ခ်မြို့ကို ပြန်ရောက်လာတဲ့အချိန်မှာလည်း သူတို့နှစ်ယောက်ဟာ အရင်တိုင်း သူငယ်ချင်းလိုပဲ နေထိုင်ဖို့ ကြိုးစားခဲ့ကြပေမယ့်လည်း တစ်ယောက်ပေါ် တစ်ယောက်ထားတဲ့ ခံစားချက်တွေကိုတော့ ကြာကြာ မဖုံးကွယ်ထားနိုင်ခဲ့ပါဘူး။

အဲ့ဒီနောက်မှာတော့ သူတို့ဟာ ဒိတ်လုပ်ဖြစ်သွားပြီး ချစ်သူတွေတင်မက မင်္ဂလာပါ ဆောင်ခဲ့ကြပါတယ်။ မူလဇာတ်ညွှန်းအရ ဆိုရင်တော့ ဒီအချက်တွေ ဖြစ်လာဖို့ မပါဝင်ခဲ့ပါဘူး။ မူလက သူတို့နှစ်ယောက်ဟာ တစ်ညတာပဲ အတူပျော်ပါးခဲ့ကြပြီး နောက်ပိုင်းမှာ သူငယ်ချင်းအဖြစ်ပဲ ပြန်လည်နေထိုင်သွားတယ်လို့ ရေးသားထားခဲ့တာပါ။ ဒါပေမယ့်လည်း သူတို့နှစ်ယောက် အတူတူ အိပ်ဖြစ်သွားတာကို ပြသတဲ့အချိန်မှာ တိုက်ရိုက်ကြည့်ရှုနေကြတဲ့ ပရိသတ်တွေဟာ အလွန်အားပေးခဲ့တာကြောင့် Season 5 ရဲ့ ဇာတ်ညွှန်းကို ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။

(4) Janice ရဲ့ ရယ်သံ ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်း
photo via screenrant

Chandler ရဲ့ တွဲလိုက်ပြတ်လိုက် ဖြစ်ခဲ့တဲ့ ရည်းစားဟောင်း Janice ကတော့ ပရိသတ်တွေ အကြိုက်နှစ်သက်ဆုံး ဧည့်သည်သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Janice ဟာ Season တိုင်းလိုလိုမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ Janice လို့ ပြောလိုက်ရင်တော့ ပရိသတ်တွေဟာ သူမရဲ့ထူးခြားတဲ့အသံ၊ Oh My God ဆိုတဲ့ အာမေဋိတ်စကားနဲ့ သူမရဲ့ ရယ်သံတို့ကို ကြားယောင်မိကြမှာပါ။ Reunion ထဲမှာတော့ Janice နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Maggie Wheeler ဟာ အဲ့ဒီရယ်သံ ဖြစ်ပေါ်လာပုံကို ပြောပြခဲ့ပါတယ်။

“Matthew Perry ဟာ အရမ်းရယ်ရတဲ့ လူတစ်ယောက်ပါ။ ကျွန်မ သူ့ကို မျက်နှာချင်းဆိုင်ပြီး ကြည့်လိုက်တာနဲ့ စိတ်ထဲမှာ ငါတော့ တလွဲလုပ်မိတော့မှာပဲလို့ အမြဲတွေးမိပါတယ်။ ကျွန်မ သူနဲ့ ရိုက်ရတဲ့ ဇာတ်ဝင်ခန်းတိုင်းမှာ ရုပ်တည်နဲ့ မနေနိုင်လို့ ဒီဇာတ်ကောင်က ရယ်ဖို့လိုလိမ့်မယ်လို့ တွေးမိခဲ့ပါတယ်။ ပြီးတော့ ကျွန်မ သူ့ကို ကြည့်လိုက်မိတာနဲ့ အဲ့ဒီရယ်သံက သူ့အလိုလို ဖြစ်လာတာပါ … ” လို့ Maggie က ပြောပြခဲ့ပါတယ်။

(5) Matt LeBlanc ဟာ ရိုက်ကွင်းပေါ်မှာ ပုခုံးအဆစ် လွဲသွားခဲ့ပါသေးတယ်။
photo via screenrant

Season 3 အပိုင်းသုံးထဲမှာတော့ Joey နဲ့ Chandler တို့နှစ်ယောက်ဟာ ခုံတစ်လုံးကို လုနေတာ တွေ့ခဲ့ရပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းထဲမှာတော့ သူတို့နှစ်ယောက်လုံးဟာ ခုံကိုလုဖို့အတွက် တချိန်တည်းမှာ ဒိုင်ဗင်ထိုးတဲ့အခန်း ပါဝင်ခဲ့ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းကို ရိုက်ကူးတဲ့ အချိန်မှာတော့ Matt ဟာ ဆိုးဆိုးရွားရွား ပြုတ်ကျကာ ပုခုံးဆစ် လွဲသွားပါတယ်။ ဒါကြောင့်ပဲ နောက်ထပ် အပိုင်းတွေမှာတော့ Joey ရဲ့လက်မှာ ပတ်တီးစည်းထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ Joey က အိပ်ယာပေါ်က ပြုတ်ကျတာကြောင့် ပတ်တီးစည်းထားရတယ်လို့ ပြသသွားပါတယ်။

(6) David နဲ့ Jennifer တို့ နှစ်ယောက်လုံးဟာ အချင်းချင်း crush ခဲ့ကြပါတယ်။
photo via screenrant

Ross နဲ့ Rachel တို့ ဒီဇာတ်လမ်းထဲမှာ ချစ်ကြိုက်ခဲ့ကြသလိုပဲ David နဲ့ Jennifer တို့ဟာလည်း တစ်ယောက်ကို တစ်ယောက် crush ခဲ့ကြပါသေးတယ်။ သူတို့နှစ်ယောက်ဟာ အနည်းငယ် အီစီကလီ လုပ်ခဲ့ကြပေမယ့်လည်း ဘယ်တုန်းကမှတော့ မတွဲဖြစ်ခဲ့ကြပါဘူး။ အကြောင်းကတော့ သူတို့နှစ်ယောက်ဟာ တချိန်တည်းမှာ single ဖြစ်နေတာမျိူး မရှိဘဲ တစ်ယောက်မဟုတ် တစ်ယောက်က အတွဲရှိနေကြလို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီအချက်တွေကြောင့်ပဲ သူတို့ဟာ သူငယ်ချင်းဆိုတဲ့ စည်းကို မကျော်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အပြန်အလှန် ခံစားချက်တွေကိုတော့ Ross နဲ့ Rachel တို့ရဲ့ ခံစားချက်တွေအဖြစ် ပြောင်းလဲပစ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

(7) Ross နဲ့ Rachel တို့ကို ပြန်တွဲပေးဖို့ အစီအစဉ် မရှိခဲ့ပါဘူး။
photo via screenrant

ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းမှာတော့ Chandler နဲ့ Monica တို့က အိမ်ပြောင်းသွားပြီး Rachel ကလည်း အလုပ်သစ်တစ်ခုအတွက် ပါရီမြို့ကို ထွက်သွားရပါတယ်။ အဲ့ဒီအချိန်မှာတော့ Ross ဟာ သူ့ရဲ့ခံစားချက် အစစ်အမှန်တွေကို ပြောပြကာ Rachel ကို နယူးယော့ခ်မှာပဲနေဖို့ ဖြောင်းဖြချင်တာကြောင့် လေယာဉ်ကွင်းကို လိုက်သွားခဲ့ပါတယ်။ Rachel ကလည်း နောက်ဆုံးအချိန်မှ သူမရဲ့ ခံစားချက် အစစ်အမှန်တွေကို သတိပြုမိသွားပြီး လေယာဉ်ပေါ်က ဆင်းနေခဲ့ကာ သူတို့နှစ်ယောက် ပြန်တွဲဖြစ်သွားကြပါတယ်။

ဒါပေမယ့်လည်း မူလက ဇာတ်ညွှန်းထဲမှာ ဒီအချက်တွေ မပါဝင်ခဲ့ပါဘူး။ ဒါ့အပြင် ဇာတ်ညွှန်းရေးသူတွေနဲ့ ထုတ်လုပ်သူတွေဟာလည်း သူတို့နှစ်ယောက်ကို ပြန်တွဲပေးရမလားဆိုတာ မသေချာ၊ မရေရာ ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးကျမှသာ ဇာတ်ညွှန်းရေးသူတွေဟာ မူလဇာတ်ညွှန်းအတိုင်း ဇာတ်မသိမ်းနိုင်ဘူးလို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဇာတ်ညွှန်းရေးသူတွေကတော့ “ပရိသတ်တွေက သူတို့နှစ်ယောက်ကို ပြန်တွဲဖို့အတွက် ဆယ်နှစ်လောက် စောင့်ခဲ့ကြတာပါ။ အဲ့ဒါကြောင့် ပရိသတ်တွေ လိုချင်တာကို ငါတို့ပေးရမယ် … ” ဆိုပြီး သူတို့နှစ်ယောက်ကို ပြန်တွဲပေးခဲ့တာ ဖြစ်ပါတယ်။

ဒါကတော့ မကြာသေးခင်ကပဲ HBO Max က ထုတ်လွှင့်ပြသလိုက်တဲ့ F.R.I.E.N.D.S Reunion ထဲက သိလိုက်ရတဲ့ စိတ်ဝင်စားစရာအချက်တွေ ဖြစ်ပါတယ်။ F.R.I.E.N.D.S ဇာတ်လမ်းတွဲဟာ ထုတ်လွှင့်ပြသပြီးခဲ့တာ (၁၇)နှစ်ကြာခဲ့ပြီ ဖြစ်ပေမယ့် လက်ရှိအချိန်ထိ ပရိသတ်အသစ်တွေ ရရှိနေဆဲ ဖြစ်ပြီး ပရိသတ်အဟောင်းတွေအနေနဲ့လည်း ဒီရှိုးအပေါ်မှာ ကြီးမားတဲ့ သံယောဇဉ် ငြိတွယ်နေအောင် ပြုစားထားနိုင်တဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ စာဖတ်သူတွေအနေနဲ့လည်း ဒီဇာတ်လမ်းတွဲနဲ့ ပတ်သက်တဲ့ ခံစားချက်တွေ၊ အမှတ်တရတွေ ရှိရင် မျှဝေပေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

F.R.I.E.N.D.S. ဇာတ္လမ္းတြဲဟာ Sitcom ေလာကမွာ အေအာင္ျမင္ဆုံး ဇာတ္လမ္းတြဲတစ္ခု ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲကိုေတာ့ NBC ႐ုပ္သံလိုင္းမွ ၁၉၉၄ခုႏွစ္မွာ စတင္ထုတ္လႊင့္ခဲ့ၿပီး ၂၀၀၄ ခုႏွစ္မွာ ဇာတ္သိမ္းခဲ့ပါတယ္။ ဇာတ္သိမ္းၿပီး (၁၇)ႏွစ္အၾကာမွာေတာ့ Warner Bros ဟာ Reunion အတြက္ ျပင္ဆင္ခဲ့ၿပီး မၾကာေသးခင္ကပဲ HBO Max ကေန ထုတ္လႊင့္လိုက္ပါတယ္။

Reunion ထဲမွာေတာ့ အဓိကသ႐ုပ္ေဆာင္ ေျခာက္ေယာက္ျဖစ္တဲ့ Jennifer Aniston ၊ David Schwimmer ၊ Matthew Perry ၊ Lisa Kudrow ၊ Courtney Cox နဲ႔ Matt LeBlanc တို႔ ျပန္လည္ေတြ႕ဆုံၾကတာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ဧည့္သည္သ႐ုပ္ေဆာင္ေတြအေနနဲ႔ David Beckham ၊ Justin Bieber ၊ Cara Delevingne ၊ Lady Gaga ၊ BTS ၊ Kit Harington နဲ႔ Reese Witherspoon တို႔အပါအဝင္ တျခားနာမည္ႀကီး ဆယ္လီေတြလည္း ပါဝင္ခဲ့ပါတယ္။ ဒါေၾကာင့္ Reunion ထဲမွာ သိလိုက္ရတဲ့ သ႐ုပ္ေဆာင္ေတြရဲ႕အေၾကာင္းနဲ႔ ႐ိုက္ကြင္းေနာက္ကြယ္က စိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Joey ရဲ႕ အမႊာအတုအေနနဲ႔ ပါဝင္ခဲ့သူဟာ Joey ေနရာက သ႐ုပ္ေဆာင္လုနီးပါး ျဖစ္ခဲ့ပါတယ္။
photo via screenrant

F.R.I.E.N.D.S ပရိသတ္ေတြမွန္သမွ် Joey Tribbiani ေနရာမွာ Matt LeBlanc ကလြဲရင္ တျခားသူကို ျမင္ေယာင္လို႔ မရေတာ့ပါဘူး။ သို႔ေသာ္လည္း Joey ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ လူေ႐ြးခ်ယ္ခဲ့ရာမွာေတာ့ Matt LeBlanc နဲ႔ Louis Mandylor တို႔ ႏွစ္ေယာက္ၾကားမွာ ေ႐ြးခ်ယ္ရ ခက္ခဲ့တယ္လို႔ သိရပါတယ္။

စိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္ကေတာ့ Louis ဟာလည္း ဒီဇာတ္လမ္းထဲမွာ ပါဝင္ခဲ့ပါေသးတယ္။ Season 6 ထဲက “The One With Unagi” ဆိုတဲ့ အပိုင္းထဲမွာေတာ့ Joey ဟာ ပိုက္ဆံမရွိတာေၾကာင့္ အမႊာေတြကို ေလ့လာမယ့္ ေဆးပညာ စမ္းသပ္မႈထဲမွာ ပါဝင္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း Joey မွာ အမႊာမရွိတာေၾကာင့္ သူနဲ႔တစ္႐ုပ္တည္းလို႔ ထင္ရတဲ့ လူတစ္ေယာက္ကို ငွားလာခဲ့ပါတယ္။ အဲ့ဒီလူေနရာမွာေတာ့ Louis က ပါဝင္ခဲ့တာ ျဖစ္ပါတယ္။

(2) David Schwimmer ဟာ ေမ်ာက္ကေလး Marcel ကို မုန္းခဲ့ပါတယ္။
photo via screenrant

Season 1 ရဲ႕ အစပိုင္းမွာေတာ့ Ross ဟာ သူ႔အမ်ိဴးသမီးျဖစ္သူ Carol နဲ႔ ကြာရွင္းၿပီးေနာက္မွာ အလြန္အထီးက်န္ေနပါတယ္။ ဒါေၾကာင့္ပဲ သူဟာ Marcel လို႔ေခၚတဲ့ ေမ်ာက္ေလးတစ္ေကာင္ကို ေမြးထားခဲ့ပါတယ္။ အဲဒီေနာက္ ေတာတြင္းတိရစာၦန္ ဥပေဒေတြေၾကာင့္ Ross ဟာ Marcel ကို တိရစာၦန္႐ုံကို ပို႔လိုက္ရတဲ့အခ်ိန္မွာလည္း အလြန္ဝမ္းနည္းေနတာကို ေတြ႕ခဲ့ရပါတယ္။

ဒါေပမယ့္လည္း တကယ့္လက္ေတြ႕ဘဝမွာေတာ့ David ဟာ Marcel ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ ေမ်ာက္မေလး Katie ကို မုန္းတီးခဲ့တာပါ။ အေၾကာင္းကေတာ့ Katie ဟာ David ရဲ႕ ပုခုံးေပၚမွာ ထိုင္ေနရင္း ပိုးေကာင္ေတြကို ေလွ်ာက္စားကာ ညစ္ပတ္ေနတဲ့ လက္နဲ႔ သူ႔ရဲ႕ဆံပင္ကို ကိုင္လို႔ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Katie ဟာ တစ္ေနရာရာမွာ မွားယြင္းသြားတာနဲ႔ ႐ိုက္ကြင္းတစ္ခုလုံးက တလြဲေတြ ျဖစ္ကုန္ၿပီး အစက ျပန္လည္႐ိုက္ကူးရတယ္လို႔လည္း ဆိုပါတယ္။

(3) Monica နဲ႔ Chandler တို႔ကို One-Night Stand အျဖစ္ပဲ ပုံေဖာ္ဖို႔ စီစဥ္ခဲ့ပါတယ္။
photo via screenrant

Season 4 ရဲ႕ ေနာက္ဆုံးမွာေတာ့ Monica နဲ႔ Chandler တို႔ရဲ႕ ေျပာင္းလဲသြားတဲ့ ဆက္ဆံေရးကို ျမင္လိုက္ၾကရပါတယ္။ သူတို႔ႏွစ္ဦးဟာ လန္ဒန္ၿမိဳ႕မွာ က်င္းပမယ့္ Ross ရဲ႕ မဂၤလာေဆာင္ကို မသြားခင္ အခ်ိန္တုန္းကေတာ့ သူငယ္ခ်င္းအဆင့္ပဲ ရွိပါေသးတယ္။ ဒါေပမယ့္လည္း လန္ဒန္ကို ေရာက္သြားတဲ့ အခ်ိန္မွာေတာ့ အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ ႏွစ္ေယာက္သား အတူတူ အိပ္ျဖစ္သြားၾကပါတယ္။ လန္ဒန္ကေန နယူးေယာ့ခ္ၿမိဳ႕ကို ျပန္ေရာက္လာတဲ့အခ်ိန္မွာလည္း သူတို႔ႏွစ္ေယာက္ဟာ အရင္တိုင္း သူငယ္ခ်င္းလိုပဲ ေနထိုင္ဖို႔ ႀကိဳးစားခဲ့ၾကေပမယ့္လည္း တစ္ေယာက္ေပၚ တစ္ေယာက္ထားတဲ့ ခံစားခ်က္ေတြကိုေတာ့ ၾကာၾကာ မဖုံးကြယ္ထားႏိုင္ခဲ့ပါဘူး။

အဲ့ဒီေနာက္မွာေတာ့ သူတို႔ဟာ ဒိတ္လုပ္ျဖစ္သြားၿပီး ခ်စ္သူေတြတင္မက မဂၤလာပါ ေဆာင္ခဲ့ၾကပါတယ္။ မူလဇာတ္ၫႊန္းအရ ဆိုရင္ေတာ့ ဒီအခ်က္ေတြ ျဖစ္လာဖို႔ မပါဝင္ခဲ့ပါဘူး။ မူလက သူတို႔ႏွစ္ေယာက္ဟာ တစ္ညတာပဲ အတူေပ်ာ္ပါးခဲ့ၾကၿပီး ေနာက္ပိုင္းမွာ သူငယ္ခ်င္းအျဖစ္ပဲ ျပန္လည္ေနထိုင္သြားတယ္လို႔ ေရးသားထားခဲ့တာပါ။ ဒါေပမယ့္လည္း သူတို႔ႏွစ္ေယာက္ အတူတူ အိပ္ျဖစ္သြားတာကို ျပသတဲ့အခ်ိန္မွာ တိုက္႐ိုက္ၾကည့္ရႈေနၾကတဲ့ ပရိသတ္ေတြဟာ အလြန္အားေပးခဲ့တာေၾကာင့္ Season 5 ရဲ႕ ဇာတ္ၫႊန္းကို ေျပာင္းလဲလိုက္တာ ျဖစ္ပါတယ္။

(4) Janice ရဲ႕ ရယ္သံ ျဖစ္ေပၚလာရတဲ့ အေၾကာင္းရင္း
photo via screenrant

Chandler ရဲ႕ တြဲလိုက္ျပတ္လိုက္ ျဖစ္ခဲ့တဲ့ ရည္းစားေဟာင္း Janice ကေတာ့ ပရိသတ္ေတြ အႀကိဳက္ႏွစ္သက္ဆုံး ဧည့္သည္သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Janice ဟာ Season တိုင္းလိုလိုမွာ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ Janice လို႔ ေျပာလိုက္ရင္ေတာ့ ပရိသတ္ေတြဟာ သူမရဲ႕ထူးျခားတဲ့အသံ၊ Oh My God ဆိုတဲ့ အာေမဋိတ္စကားနဲ႔ သူမရဲ႕ ရယ္သံတို႔ကို ၾကားေယာင္မိၾကမွာပါ။ Reunion ထဲမွာေတာ့ Janice ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ Maggie Wheeler ဟာ အဲ့ဒီရယ္သံ ျဖစ္ေပၚလာပုံကို ေျပာျပခဲ့ပါတယ္။

“Matthew Perry ဟာ အရမ္းရယ္ရတဲ့ လူတစ္ေယာက္ပါ။ ကြၽန္မ သူ႔ကို မ်က္ႏွာခ်င္းဆိုင္ၿပီး ၾကည့္လိုက္တာနဲ႔ စိတ္ထဲမွာ ငါေတာ့ တလြဲလုပ္မိေတာ့မွာပဲလို႔ အၿမဲေတြးမိပါတယ္။ ကြၽန္မ သူနဲ႔ ႐ိုက္ရတဲ့ ဇာတ္ဝင္ခန္းတိုင္းမွာ ႐ုပ္တည္နဲ႔ မေနႏိုင္လို႔ ဒီဇာတ္ေကာင္က ရယ္ဖို႔လိုလိမ့္မယ္လို႔ ေတြးမိခဲ့ပါတယ္။ ၿပီးေတာ့ ကြၽန္မ သူ႔ကို ၾကည့္လိုက္မိတာနဲ႔ အဲ့ဒီရယ္သံက သူ႔အလိုလို ျဖစ္လာတာပါ … ” လို႔ Maggie က ေျပာျပခဲ့ပါတယ္။

(5) Matt LeBlanc ဟာ ႐ိုက္ကြင္းေပၚမွာ ပုခုံးအဆစ္ လြဲသြားခဲ့ပါေသးတယ္။
photo via screenrant

Season 3 အပိုင္းသုံးထဲမွာေတာ့ Joey နဲ႔ Chandler တို႔ႏွစ္ေယာက္ဟာ ခုံတစ္လုံးကို လုေနတာ ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ သူတို႔ႏွစ္ေယာက္လုံးဟာ ခုံကိုလုဖို႔အတြက္ တခ်ိန္တည္းမွာ ဒိုင္ဗင္ထိုးတဲ့အခန္း ပါဝင္ခဲ့ပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းကို ႐ိုက္ကူးတဲ့ အခ်ိန္မွာေတာ့ Matt ဟာ ဆိုးဆိုး႐ြား႐ြား ျပဳတ္က်ကာ ပုခုံးဆစ္ လြဲသြားပါတယ္။ ဒါေၾကာင့္ပဲ ေနာက္ထပ္ အပိုင္းေတြမွာေတာ့ Joey ရဲ႕လက္မွာ ပတ္တီးစည္းထားတာပဲ ျဖစ္ပါတယ္။ ဇာတ္လမ္းထဲမွာေတာ့ Joey က အိပ္ယာေပၚက ျပဳတ္က်တာေၾကာင့္ ပတ္တီးစည္းထားရတယ္လို႔ ျပသသြားပါတယ္။

(6) David နဲ႔ Jennifer တို႔ ႏွစ္ေယာက္လုံးဟာ အခ်င္းခ်င္း crush ခဲ့ၾကပါတယ္။
photo via screenrant

Ross နဲ႔ Rachel တို႔ ဒီဇာတ္လမ္းထဲမွာ ခ်စ္ႀကိဳက္ခဲ့ၾကသလိုပဲ David နဲ႔ Jennifer တို႔ဟာလည္း တစ္ေယာက္ကို တစ္ေယာက္ crush ခဲ့ၾကပါေသးတယ္။ သူတို႔ႏွစ္ေယာက္ဟာ အနည္းငယ္ အီစီကလီ လုပ္ခဲ့ၾကေပမယ့္လည္း ဘယ္တုန္းကမွေတာ့ မတြဲျဖစ္ခဲ့ၾကပါဘူး။ အေၾကာင္းကေတာ့ သူတို႔ႏွစ္ေယာက္ဟာ တခ်ိန္တည္းမွာ single ျဖစ္ေနတာမ်ိဴး မရွိဘဲ တစ္ေယာက္မဟုတ္ တစ္ေယာက္က အတြဲရွိေနၾကလို႔ပဲ ျဖစ္ပါတယ္။ အဲ့ဒီအခ်က္ေတြေၾကာင့္ပဲ သူတို႔ဟာ သူငယ္ခ်င္းဆိုတဲ့ စည္းကို မေက်ာ္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ အျပန္အလွန္ ခံစားခ်က္ေတြကိုေတာ့ Ross နဲ႔ Rachel တို႔ရဲ႕ ခံစားခ်က္ေတြအျဖစ္ ေျပာင္းလဲပစ္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

(7) Ross နဲ႔ Rachel တို႔ကို ျပန္တြဲေပးဖို႔ အစီအစဥ္ မရွိခဲ့ပါဘူး။
photo via screenrant

ဒီဇာတ္လမ္းတြဲရဲ႕ ဇာတ္သိမ္းမွာေတာ့ Chandler နဲ႔ Monica တို႔က အိမ္ေျပာင္းသြားၿပီး Rachel ကလည္း အလုပ္သစ္တစ္ခုအတြက္ ပါရီၿမိဳ႕ကို ထြက္သြားရပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Ross ဟာ သူ႔ရဲ႕ခံစားခ်က္ အစစ္အမွန္ေတြကို ေျပာျပကာ Rachel ကို နယူးေယာ့ခ္မွာပဲေနဖို႔ ေျဖာင္းျဖခ်င္တာေၾကာင့္ ေလယာဥ္ကြင္းကို လိုက္သြားခဲ့ပါတယ္။ Rachel ကလည္း ေနာက္ဆုံးအခ်ိန္မွ သူမရဲ႕ ခံစားခ်က္ အစစ္အမွန္ေတြကို သတိျပဳမိသြားၿပီး ေလယာဥ္ေပၚက ဆင္းေနခဲ့ကာ သူတို႔ႏွစ္ေယာက္ ျပန္တြဲျဖစ္သြားၾကပါတယ္။

ဒါေပမယ့္လည္း မူလက ဇာတ္ၫႊန္းထဲမွာ ဒီအခ်က္ေတြ မပါဝင္ခဲ့ပါဘူး။ ဒါ့အျပင္ ဇာတ္ၫႊန္းေရးသူေတြနဲ႔ ထုတ္လုပ္သူေတြဟာလည္း သူတို႔ႏွစ္ေယာက္ကို ျပန္တြဲေပးရမလားဆိုတာ မေသခ်ာ၊ မေရရာ ျဖစ္ခဲ့ပါတယ္။ ေနာက္ဆုံးက်မွသာ ဇာတ္ၫႊန္းေရးသူေတြဟာ မူလဇာတ္ၫႊန္းအတိုင္း ဇာတ္မသိမ္းႏိုင္ဘူးလို႔ ဆုံးျဖတ္ခဲ့ၾကတာ ျဖစ္ပါတယ္။ ဇာတ္ၫႊန္းေရးသူေတြကေတာ့ “ပရိသတ္ေတြက သူတို႔ႏွစ္ေယာက္ကို ျပန္တြဲဖို႔အတြက္ ဆယ္ႏွစ္ေလာက္ ေစာင့္ခဲ့ၾကတာပါ။ အဲ့ဒါေၾကာင့္ ပရိသတ္ေတြ လိုခ်င္တာကို ငါတို႔ေပးရမယ္ … ” ဆိုၿပီး သူတို႔ႏွစ္ေယာက္ကို ျပန္တြဲေပးခဲ့တာ ျဖစ္ပါတယ္။

ဒါကေတာ့ မၾကာေသးခင္ကပဲ HBO Max က ထုတ္လႊင့္ျပသလိုက္တဲ့ F.R.I.E.N.D.S Reunion ထဲက သိလိုက္ရတဲ့ စိတ္ဝင္စားစရာအခ်က္ေတြ ျဖစ္ပါတယ္။ F.R.I.E.N.D.S ဇာတ္လမ္းတြဲဟာ ထုတ္လႊင့္ျပသၿပီးခဲ့တာ (၁၇)ႏွစ္ၾကာခဲ့ၿပီ ျဖစ္ေပမယ့္ လက္ရွိအခ်ိန္ထိ ပရိသတ္အသစ္ေတြ ရရွိေနဆဲ ျဖစ္ၿပီး ပရိသတ္အေဟာင္းေတြအေနနဲ႔လည္း ဒီရႈိးအေပၚမွာ ႀကီးမားတဲ့ သံေယာဇဥ္ ၿငိတြယ္ေနေအာင္ ျပဳစားထားႏိုင္တဲ့ ဇာတ္လမ္းတြဲတစ္ခု ျဖစ္ပါတယ္။ စာဖတ္သူေတြအေနနဲ႔လည္း ဒီဇာတ္လမ္းတြဲနဲ႔ ပတ္သက္တဲ့ ခံစားခ်က္ေတြ၊ အမွတ္တရေတြ ရွိရင္ မွ်ေဝေပးခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular