HomeCelebs Update NewsInternationalpop star ဘဝနဲ့ public ရဲ့ မျက်စိအောက်မှာ နေထိုင်ရတာ အဆင်မပြေဘူးဆိုတဲ့ Lorde 

pop star ဘဝနဲ့ public ရဲ့ မျက်စိအောက်မှာ နေထိုင်ရတာ အဆင်မပြေဘူးဆိုတဲ့ Lorde 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အဆိုတော်မလေး Lorde ကတော့ သူမရဲ့အလုပ်ကို ချစ်မြတ်နိုးပေမယ့် သူမဟာ ဒီအလုပ်အတွက် သင့်တော်တဲ့ လူတစ်ယောက်တော့ မဟုတ်ဘူးလို့ ဆိုလာပါတယ်။

နာမည်ကျော် Vogue မဂ္ဂဇင်းရဲ့ အောက်တိုဘာလထုတ် စာစောင်မှာတော့ Lorde ဟာ မျက်နှာဖုံးရှင်အဖြစ် ဖော်ပြခံထားရပြီး cover story အနေနဲ့ သူမရဲ့ အင်တာဗျူးအသစ်လည်း ထွက်ရှိလာပါတယ်။ အဆိုပါ အင်တာဗျူးထဲမှာတော့ နယူးဇီလန်အဆိုတော်မလေး Lorde ဟာ ပေါ့ပ်စတားတစ်ယောက်ရဲ့ ဘဝနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အခက်အခဲတွေကို ဖွင့်ဟထားပါတယ်။

“ကျွန်မဟာ ကျွန်မလုပ်နေတဲ့အလုပ်မှာ ကောင်းကောင်းကြီး ကျွမ်းကျင်သူပါ။ ဒါပေမယ့် ဒီအလုပ်အတွက် ကျွန်မဟာ သင့်တော်တဲ့ လူတစ်ယောက်လို့တော့ မထင်ပါဘူး။ ကျွန်မက သိပ်ကိုထိရှလွယ်တဲ့သူပါ။ ကျွန်မဟာ ပေါ့ပ်စတားတစ်ယောက်ရဲ့ ဘဝနဲ့ ကိုက်ညီတဲ့သူ မဟုတ်ပါဘူး … ” လို့ အသက်(၂၄)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Lorde က ဆိုပါတယ်။

Photo Credit: Vogue

“public အရှေ့မှာ နေထိုင်ရတဲ့ဘဝကြီးက ကျွန်မအတွက်တော့ ပြင်းထန်ခက်ခဲလွန်းပါတယ်။ ပြီးတော့ ဒါက ကျွန်မ မကျွမ်းကျင်တဲ့အရာတစ်ခုလည်း ဖြစ်ပါတယ်။ ပင်ကိုဩဇာလွှမ်းမိုးခြင်းဆိုတာ ကျွန်မမှာ မရှိတဲ့အရာတစ်ခုပါ …  ” လို့ ဆိုထားပြီး နှစ်တွေ ကြာလာတာနဲ့အမျှ သူမအတွက် အဆင်ပြေမယ့် မျှခြေတစ်ခုကို ရှာဖွေနိုင်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။

“ဘာပဲပြောပြော အဲဒီကိုလာပြီး လုပ်စရာရှိတာတွေ လုပ်ရမယ်ဆိုလည်း အိုကေ … လုပ်ပေးတယ်။ ဓာတ်ပုံရိုက်ပေးတယ်။ ကော်ဇောနီပေါ် သွားပေးတယ်။ ဂျာနယ်လစ်တွေနဲ့ စကားပြောပေးတယ်။ သီချင်းအသစ်တွေလည်း ထုတ်ပေးတယ်။ ပြီးတော့ ကျွန်မအတွက် လုံးဝမောပန်းသွားပြီဆိုတဲ့ တစ်ချိန်ကို ရောက်သွားပြီး သူတို့တွေရဲ့ ဆာလောင်မှုကိုလည်း ဖြေသိမ့်ပေးပြီးပြီဆိုရင်တော့ ကျွန်မ အိမ်ကိုပြန်သွားမှာပဲ။ အဲဒီနောက် ရှင်တို့အနေနဲ့ နောက်ထပ် နှစ်နှစ်ဖြစ်စေ၊ သုံးလေးနှစ်ဖြစ်စေ ကျွန်မကို တွေ့ရတော့မှာ မဟုတ်ဘူး … ” လို့ ဆိုပါတယ်။

Photo Credit: Vogue

“အဲဒီအချိန်မှာ ကျွန်မ တခြားအရာတွေကို လုပ်နေမှာ။ ဘာတွေလည်းဆိုတော့ မွေးနေ့ပါတီတိုင်း၊ ဒင်နာပါတီတိုင်းမှာ ရှိနေမယ်။ ထမင်းအနပ်စီတိုင်း ကိုယ်တိုင်ချက်စားမယ်။ နေ့တိုင်း လမ်းထွက်လျှောက်မယ်။ အေးအေးဆေးဆေး ရေချိုးမယ်။ အဲဒါတွေအားလုံး လုပ်လို့ဝသွားပြီဆိုရင်တော့ … အိုကေ … နည်းနည်းတော့ လုံလောက်သွားပြီ။ အဲဒီအချိန်မှာ ကျွန်မ ပရိသတ်ဆီ ပြန်လာတာပဲ … ” လို့ သူမရဲ့ ပေါ့ပ်စတားဘဝနဲ့ ကိုယ်ပိုင်ဘဝကြားက မျှခြေလေးကို ပြောပြထားပါတယ်။

ဒါ့အပြင် မိမိကိုယ်ကို ချစ်ခင်တန်ဖိုးထားမှုနဲ့ ပတ်သက်ပြီးတော့လည်း ဖွင့်ဟထားပြီး Royals ကို ထွက်ရှိခဲ့တဲ့ အသက်(၁၆)နှစ်အရွယ်နဲ့ ယခုနောက်ဆုံး ထွက်ရှိထားတဲ့ အယ်လ်ဘမ်သစ် Solar Power အထိ သူမရဲ့ ရင့်ကျက်တည်ငြိမ်လာမှုတွေကိုလည်း ပြောပြထားပါသေးတယ်။

Photo Credit: Vogue

“လူငယ်တစ်ယောက်အနေနဲ့ အရမ်းနာမည်ကြီးလာတဲ့အခါ ခံစားချက်တွေကလည်း လိုတာထက်ပိုပြီး ပြင်းထန်၊ ကြီးထွားသွားတတ်တယ်။ အဲဒီအချိန်တုန်းကဆိုရင် လူတွေက ကျွန်မရဲ့ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး တွစ်တာမှာ အသည်းအသန် ဆွေးနွေးနေခဲ့ကြတာ။ အဲဒါတွေနဲ့ ပတ်သက်ပြီး အလိုအလျောက် တုံ့ပြန်ရမှာကတော့ မသိချင်ယောင်ဆောင်လိုက်ဖို့ပဲ … ”

“အခုဆိုရင်တော့ ကျွန်မရဲ့ တန်ဖိုးနဲ့ စွမ်းအားတွေကို ကျွန်မကိုယ်တိုင် ခံစားမိလာပြီ။ ပြီးတော့ ကျွန်မ ခန္ဓာကိုယ်ကလည်း မိုက်ပြီးသားလို့ ကိုယ့်ဘာသာ ခံယူထားတယ်။ အခုအချိန်မှာ ကျွန်မရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး တစ်ခုခု လာပြောပြီးတော့ ကျွန်မ စိတ်မကောင်းဖြစ်အောင် လုပ်လို့မရတော့ဘူးလေ။ ဒါက အသက်(၁၆)နှစ်အရွယ်နဲ့ (၂၄)နှစ်အရွယ်ရဲ့ ကွာခြားချက်ပေါ့ … ” လို့ ဆိုထားပါတယ်။

Glasgow

Source: people

(Zawgyi Version)

အဆိုေတာ္မေလး Lorde ကေတာ့ သူမရဲ႕အလုပ္ကို ခ်စ္ျမတ္ႏိုးေပမယ့္ သူမဟာ ဒီအလုပ္အတြက္ သင့္ေတာ္တဲ့ လူတစ္ေယာက္ေတာ့ မဟုတ္ဘူးလို႔ ဆိုလာပါတယ္။

နာမည္ေက်ာ္ Vogue မဂၢဇင္းရဲ႕ ေအာက္တိုဘာလထုတ္ စာေစာင္မွာေတာ့ Lorde ဟာ မ်က္ႏွာဖုံးရွင္အျဖစ္ ေဖာ္ျပခံထားရၿပီး cover story အေနနဲ႔ သူမရဲ႕ အင္တာဗ်ဴးအသစ္လည္း ထြက္ရွိလာပါတယ္။ အဆိုပါ အင္တာဗ်ဴးထဲမွာေတာ့ နယူးဇီလန္အဆိုေတာ္မေလး Lorde ဟာ ေပါ့ပ္စတားတစ္ေယာက္ရဲ႕ ဘဝနဲ႔ ပတ္သက္တဲ့ ပုဂၢိဳလ္ေရးဆိုင္ရာ အခက္အခဲေတြကို ဖြင့္ဟထားပါတယ္။

“ကြၽန္မဟာ ကြၽန္မလုပ္ေနတဲ့အလုပ္မွာ ေကာင္းေကာင္းႀကီး ကြၽမ္းက်င္သူပါ။ ဒါေပမယ့္ ဒီအလုပ္အတြက္ ကြၽန္မဟာ သင့္ေတာ္တဲ့ လူတစ္ေယာက္လို႔ေတာ့ မထင္ပါဘူး။ ကြၽန္မက သိပ္ကိုထိရွလြယ္တဲ့သူပါ။ ကြၽန္မဟာ ေပါ့ပ္စတားတစ္ေယာက္ရဲ႕ ဘဝနဲ႔ ကိုက္ညီတဲ့သူ မဟုတ္ပါဘူး … ” လို႔ အသက္(၂၄)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ Lorde က ဆိုပါတယ္။

Photo Credit: Vogue

“public အေရွ႕မွာ ေနထိုင္ရတဲ့ဘဝႀကီးက ကြၽန္မအတြက္ေတာ့ ျပင္းထန္ခက္ခဲလြန္းပါတယ္။ ၿပီးေတာ့ ဒါက ကြၽန္မ မကြၽမ္းက်င္တဲ့အရာတစ္ခုလည္း ျဖစ္ပါတယ္။ ပင္ကိုဩဇာလႊမ္းမိုးျခင္းဆိုတာ ကြၽန္မမွာ မရွိတဲ့အရာတစ္ခုပါ …  ” လို႔ ဆိုထားၿပီး ႏွစ္ေတြ ၾကာလာတာနဲ႔အမွ် သူမအတြက္ အဆင္ေျပမယ့္ မွ်ေျခတစ္ခုကို ရွာေဖြႏိုင္ခဲ့တယ္လို႔လည္း ဆိုထားပါတယ္။

“ဘာပဲေျပာေျပာ အဲဒီကိုလာၿပီး လုပ္စရာရွိတာေတြ လုပ္ရမယ္ဆိုလည္း အိုေက … လုပ္ေပးတယ္။ ဓာတ္ပုံ႐ိုက္ေပးတယ္။ ေကာ္ေဇာနီေပၚ သြားေပးတယ္။ ဂ်ာနယ္လစ္ေတြနဲ႔ စကားေျပာေပးတယ္။ သီခ်င္းအသစ္ေတြလည္း ထုတ္ေပးတယ္။ ၿပီးေတာ့ ကြၽန္မအတြက္ လုံးဝေမာပန္းသြားၿပီဆိုတဲ့ တစ္ခ်ိန္ကို ေရာက္သြားၿပီး သူတို႔ေတြရဲ႕ ဆာေလာင္မႈကိုလည္း ေျဖသိမ့္ေပးၿပီးၿပီဆိုရင္ေတာ့ ကြၽန္မ အိမ္ကိုျပန္သြားမွာပဲ။ အဲဒီေနာက္ ရွင္တို႔အေနနဲ႔ ေနာက္ထပ္ ႏွစ္ႏွစ္ျဖစ္ေစ၊ သုံးေလးႏွစ္ျဖစ္ေစ ကြၽန္မကို ေတြ႕ရေတာ့မွာ မဟုတ္ဘူး … ” လို႔ ဆိုပါတယ္။

Photo Credit: Vogue

“အဲဒီအခ်ိန္မွာ ကြၽန္မ တျခားအရာေတြကို လုပ္ေနမွာ။ ဘာေတြလည္းဆိုေတာ့ ေမြးေန႔ပါတီတိုင္း၊ ဒင္နာပါတီတိုင္းမွာ ရွိေနမယ္။ ထမင္းအနပ္စီတိုင္း ကိုယ္တိုင္ခ်က္စားမယ္။ ေန႔တိုင္း လမ္းထြက္ေလွ်ာက္မယ္။ ေအးေအးေဆးေဆး ေရခ်ိဳးမယ္။ အဲဒါေတြအားလုံး လုပ္လို႔ဝသြားၿပီဆိုရင္ေတာ့ … အိုေက … နည္းနည္းေတာ့ လုံေလာက္သြားၿပီ။ အဲဒီအခ်ိန္မွာ ကြၽန္မ ပရိသတ္ဆီ ျပန္လာတာပဲ … ” လို႔ သူမရဲ႕ ေပါ့ပ္စတားဘဝနဲ႔ ကိုယ္ပိုင္ဘဝၾကားက မွ်ေျခေလးကို ေျပာျပထားပါတယ္။

ဒါ့အျပင္ မိမိကိုယ္ကို ခ်စ္ခင္တန္ဖိုးထားမႈနဲ႔ ပတ္သက္ၿပီးေတာ့လည္း ဖြင့္ဟထားၿပီး Royals ကို ထြက္ရွိခဲ့တဲ့ အသက္(၁၆)ႏွစ္အ႐ြယ္နဲ႔ ယခုေနာက္ဆုံး ထြက္ရွိထားတဲ့ အယ္လ္ဘမ္သစ္ Solar Power အထိ သူမရဲ႕ ရင့္က်က္တည္ၿငိမ္လာမႈေတြကိုလည္း ေျပာျပထားပါေသးတယ္။

Photo Credit: Vogue

“လူငယ္တစ္ေယာက္အေနနဲ႔ အရမ္းနာမည္ႀကီးလာတဲ့အခါ ခံစားခ်က္ေတြကလည္း လိုတာထက္ပိုၿပီး ျပင္းထန္၊ ႀကီးထြားသြားတတ္တယ္။ အဲဒီအခ်ိန္တုန္းကဆိုရင္ လူေတြက ကြၽန္မရဲ႕ခႏၶာကိုယ္နဲ႔ ပတ္သက္ၿပီး တြစ္တာမွာ အသည္းအသန္ ေဆြးေႏြးေနခဲ့ၾကတာ။ အဲဒါေတြနဲ႔ ပတ္သက္ၿပီး အလိုအေလ်ာက္ တုံ႔ျပန္ရမွာကေတာ့ မသိခ်င္ေယာင္ေဆာင္လိုက္ဖို႔ပဲ … ”

“အခုဆိုရင္ေတာ့ ကြၽန္မရဲ႕ တန္ဖိုးနဲ႔ စြမ္းအားေတြကို ကြၽန္မကိုယ္တိုင္ ခံစားမိလာၿပီ။ ၿပီးေတာ့ ကြၽန္မ ခႏၶာကိုယ္ကလည္း မိုက္ၿပီးသားလို႔ ကိုယ့္ဘာသာ ခံယူထားတယ္။ အခုအခ်ိန္မွာ ကြၽန္မရဲ႕ ခႏၶာကိုယ္နဲ႔ ပတ္သက္ၿပီး တစ္ခုခု လာေျပာၿပီးေတာ့ ကြၽန္မ စိတ္မေကာင္းျဖစ္ေအာင္ လုပ္လို႔မရေတာ့ဘူးေလ။ ဒါက အသက္(၁၆)ႏွစ္အ႐ြယ္နဲ႔ (၂၄)ႏွစ္အ႐ြယ္ရဲ႕ ကြာျခားခ်က္ေပါ့ … ” လို႔ ဆိုထားပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular