HomeCelebs Update NewsInternationalFifty Shades ကြောင့် ရရှိခဲ့တဲ့ ဝေဖန်မှုတွေဟာ ခံစားရခက်တယ်ဆိုတဲ့ Jamie Dornan

Fifty Shades ကြောင့် ရရှိခဲ့တဲ့ ဝေဖန်မှုတွေဟာ ခံစားရခက်တယ်ဆိုတဲ့ Jamie Dornan

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသား Jamie Dornan ဟာ Fifty Shades ဇာတ်ကားတွေကို လက်ခံခဲ့မိတဲ့အတွက် ခက်ခဲစွာ ရုန်းကန်ခဲ့ရတဲ့အကြောင်း ပြောလာပါတယ်။

Belfast ရုပ်ရှင်သစ်မှာ သရုပ်ဆောင်ထားတဲ့ Jamie Dornan ဟာ မကြာသေးခင်ကပဲ British GQ မဂ္ဂဇင်းနဲ့ live chat တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အင်တာဗျူးအတွင်းမှာတော့ Fifty Shades ဇာတ်ကားတွေကို ရိုက်ကူးခဲ့မိတာကြောင့် ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ ပျစ်ပျစ်နှစ်နှစ် ဝေဖန်မှုကို ရရှိခဲ့ပြီး စိတ်ထဲမှာ ခက်ခဲခဲ့ကြောင်း ရင်ဖွင့်ခဲ့ပါတယ်။

“Fifty Shades ဇာတ်ကားတွေက စာအုပ်တွေကို အခြေခံ ရိုက်ကူးထားတာလေ။ ပြီးတော့ ကျွန်တော်တို့က စာအုပ်နဲ့ အနီးစပ်ဆုံးဖြစ်အောင် လုပ်ခဲ့ကြတာပါ။ အဲဒီစာအုပ်တွေကို ပရိသတ်တွေက ကြိုက်ကြတယ်လေ။ fandom ပါ ရှိနေတာ။ တကယ့်ကို စွဲစွဲလန်းလန်း ကြိုက်ကြတာ။ ဒါပေမယ့် ဝေဖန်ရေးသမားတွေ၊ အကဲဖြတ်တွေအတွက်ကတော့ စိတ်ဝင်စားစရာကောင်းတာမျိုး မဟုတ်ဘူးပေါ့။ တကယ့် ဝေဖန်ရေးသမားတွေက အဲဒီစာအုပ်တွေကို မုန်းကြတယ်လေ …  ” လို့ Jamie က ဆိုပါတယ်။

Photo: _jamie_dornan_/ Instagram

“ဒါပေမယ့် ခင်ဗျားတို့ သိကြတဲ့အတိုင်းပဲ။ ပရိသတ်အကြိုက်ကို လိုက်ပြီး ရုပ်ရှင်ရိုက်တော့မယ်ဆိုရင် ပရိသတ်တွေကဘက်ကလည်း သေချာပေါက် ဒါကို အားပေးကြမယ်။ ပိုက်ဆံတွေလည်း အများကြီး ရမယ်ဗျာ။ ဒါပေမယ့် ဝေဖန်ရေးသမားတွေကကျတော့ သိတယ်မှတ်လား။ ပါးစပ်ကလေး တပြင်ပြင်နဲ့လေ။ အခုက အဲဒီအတိုင်း အတိအကျ ဖြစ်သွားတာ။ ပြီးတော့ ကျွန်တော်တို့လည်း အဲလိုပဲ ဖြစ်လာမယ်ဆိုတာ သိခဲ့ပါတယ်။ အဲဒီတော့ ဒီအတိုင်း ထိုင်ကြည့်နေရတာပေါ့ဗျာ။ တခါတလေကျတော့လည်း သောက်ရမ်း ခံစားရ ခက်ခဲတယ် … ” လို့ ရင်ဖွင့်ထားပါတယ်။

တကယ်တော့ Christian Grey ဇာတ်ရုပ်နေရာမှာ သရုပ်ဆောင် Charlie Hunnam က အရင်ဆုံး ရွေးချယ်ခံထားရတာ ဖြစ်ပါတယ်။

“လခွမ်းပဲ။ ဒါကြီးက တကယ်မိုက်တယ်ပေါ့။ ဒါပေမယ့် ဟိုလူ့အတွက်တော့ အိပ်မက်ဆိုးပဲ။ လူးလှိမ့်နေအောင် ဝေဖန်ခံရတော့မယ်လို့ ကျွန်တော် တွေးခဲ့မိတာ … ” လို့ အစပိုင်း Charlie Hunnam ကို ရွေးထားစဉ်က သူ့ခံစားချက်ကို Jamie က ပြောပါတယ်။

Photo via IMDb

ဒီလိုနဲ့ Charlie Hunnam က Christian Grey ဇာတ်ရုပ်က နုတ်ထွက်သွားချိန်မှာတော့ ဒီဇာတ်ရုပ်ဟာ နောက်ဆုံးမှာ Jamie Dornan ဆီကို ရောက်ရှိလာပါတော့တယ်။ ဒီဇာတ်ရုပ်ကို သူ လက်ခံလိုက်ချိန်မှာပဲ “အမုန်းတရားတွေ ရစ်ပတ်ထားတာကို ခံစားရတယ် … ” လို့ Jamie က ပြောပါတယ်။

ဝေဖန်ရေးသမားတွေရဲ့ မကောင်းတဲ့ တုံ့ပြန်မှုတွေ ရရှိခဲ့ပေမယ့် Jamie ကတော့ ဒီဇာတ်ရုပ်ကို လက်ခံခဲ့မိတဲ့အပေါ် နောင်တရခြင်း မရှိဘူးလို့ ဆိုပါတယ်။ အကြောင်းကတော့ ဒီဇာတ်ရုပ်ကြောင့် သူ့ရဲ့ သရုပ်ဆောင်ဘဝမှာ အခွင့်အလမ်းတွေ ပိုပြီး ဖြစ်ပေါ်စေခဲ့တာကြောင့်ပါပဲ။

Photo: _jamie_dornan_/ Instagram

“တစ်ခုရှိတာက Fifty Shades ရဲ့အလွန်မှာ ကျွန်တော် ရိုက်ခဲ့သမျှ ကားတွေအားလုံးက ဒီရုပ်ရှင်တွေကြောင့်သာ လုပ်နိုင်ခဲ့တာပါ။ Belfast တို့၊ Beyond Private တို့ စသဖြင့် ပြီးခဲ့တဲ့ လေးငါးနှစ်အတွင်းမှာ ကျွန်တော် ရိုက်ခဲ့သမျှ အင်ဒီးကားတွေက Fifty Shades ကို ရိုက်ခဲ့လို့သာ လုပ်နိုင်တာ။ အဲဒီက ရထားတဲ့ ပိုက်ဆံတွေကြောင့်သာ ကျွန်တော် ရိုက်ချင်တဲ့ကားတွေ ရိုက်လို့ရတာ … ”

“ပြောရရင် ဒေါ်လာ(၁)ဘီလျံကျော် ဝင်ငွေရခဲ့တဲ့ franchise မှာ ကျွန်တော် ပါခဲ့လို့သာ နာမည်တစ်လုံး ရခဲ့တာလေ။ ဒါတွေက ဒီလိုပဲသွားကြတာလေ။ ဒီကားတွေကနေ ကျွန်တော် အများကြီး ရခဲ့တာတွေ ရှိတယ်။ အဲဒီတော့ ပြောရမယ်ဆိုရင် ကျွန်တော် နောင်တမရပါဘူး … ” လို့ Jamie က ဆိုထားပါတယ်။

Glasgow

Source: people

(Zawgyi Version)

မင္းသား Jamie Dornan ဟာ Fifty Shades ဇာတ္ကားေတြကို လက္ခံခဲ့မိတဲ့အတြက္ ခက္ခဲစြာ ႐ုန္းကန္ခဲ့ရတဲ့အေၾကာင္း ေျပာလာပါတယ္။

Belfast ႐ုပ္ရွင္သစ္မွာ သ႐ုပ္ေဆာင္ထားတဲ့ Jamie Dornan ဟာ မၾကာေသးခင္ကပဲ British GQ မဂၢဇင္းနဲ႔ live chat တစ္ခု ျပဳလုပ္ခဲ့ပါတယ္။ အဆိုပါ အင္တာဗ်ဴးအတြင္းမွာေတာ့ Fifty Shades ဇာတ္ကားေတြကို ရိုက္ကူးခဲ့မိတာေၾကာင့္ ႐ုပ္ရွင္ေဝဖန္ေရးသမားေတြရဲ့ ပ်စ္ပ်စ္ႏွစ္ႏွစ္ ေဝဖန္မွုကို ရရွိခဲ့ၿပီး စိတ္ထဲမွာ ခက္ခဲခဲ့ေၾကာင္း ရင္ဖြင့္ခဲ့ပါတယ္။

“Fifty Shades ဇာတ္ကားေတြက စာအုပ္ေတြကို အေျခခံ ရိုက္ကူးထားတာေလ။ ၿပီးေတာ့ ကၽြန္ေတာ္တို႔က စာအုပ္နဲ႔ အနီးစပ္ဆုံးျဖစ္ေအာင္ လုပ္ခဲ့ၾကတာပါ။ အဲဒီစာအုပ္ေတြကို ပရိသတ္ေတြက ႀကိဳက္ၾကတယ္ေလ။ fandom ပါ ရွိေနတာ။ တကယ့္ကို စြဲစြဲလန္းလန္း ႀကိဳက္ၾကတာ။ ဒါေပမယ့္ ေဝဖန္ေရးသမားေတြ၊ အကဲျဖတ္ေတြအတြက္ကေတာ့ စိတ္ဝင္စားစရာေကာင္းတာမ်ိဳး မဟုတ္ဘူးေပါ့။ တကယ့္ ေဝဖန္ေရးသမားေတြက အဲဒီစာအုပ္ေတြကို မုန္းၾကတယ္ေလ …  ” လို႔ Jamie က ဆိုပါတယ္။

Photo: _jamie_dornan_/ Instagram

“ဒါေပမယ့္ ခင္ဗ်ားတို႔ သိၾကတဲ့အတိုင္းပဲ။ ပရိသတ္အႀကိဳက္ကို လိုက္ၿပီး ႐ုပ္ရွင္ရိုက္ေတာ့မယ္ဆိုရင္ ပရိသတ္ေတြကဘက္ကလည္း ေသခ်ာေပါက္ ဒါကို အားေပးၾကမယ္။ ပိုက္ဆံေတြလည္း အမ်ားႀကီး ရမယ္ဗ်ာ။ ဒါေပမယ့္ ေဝဖန္ေရးသမားေတြကက်ေတာ့ သိတယ္မွတ္လား။ ပါးစပ္ကေလး တျပင္ျပင္နဲ႔ေလ။ အခုက အဲဒီအတိုင္း အတိအက် ျဖစ္သြားတာ။ ၿပီးေတာ့ ကၽြန္ေတာ္တို႔လည္း အဲလိုပဲ ျဖစ္လာမယ္ဆိုတာ သိခဲ့ပါတယ္။ အဲဒီေတာ့ ဒီအတိုင္း ထိုင္ၾကည့္ေနရတာေပါ့ဗ်ာ။ တခါတေလက်ေတာ့လည္း ေသာက္ရမ္း ခံစားရ ခက္ခဲတယ္ … ” လို႔ ရင္ဖြင့္ထားပါတယ္။

တကယ္ေတာ့ Christian Grey ဇာတ္႐ုပ္ေနရာမွာ သ႐ုပ္ေဆာင္ Charlie Hunnam က အရင္ဆုံး ေရြးခ်ယ္ခံထားရတာ ျဖစ္ပါတယ္။

“လခြမ္းပဲ။ ဒါႀကီးက တကယ္မိုက္တယ္ေပါ့။ ဒါေပမယ့္ ဟိုလူ႔အတြက္ေတာ့ အိပ္မက္ဆိုးပဲ။ လူးလွိမ့္ေနေအာင္ ေဝဖန္ခံရေတာ့မယ္လို႔ ကၽြန္ေတာ္ ေတြးခဲ့မိတာ … ” လို႔ အစပိုင္း Charlie Hunnam ကို ေရြးထားစဥ္က သူ႔ခံစားခ်က္ကို Jamie က ေျပာပါတယ္။

Photo via IMDb

ဒီလိုနဲ႔ Charlie Hunnam က Christian Grey ဇာတ္႐ုပ္က ႏုတ္ထြက္သြားခ်ိန္မွာေတာ့ ဒီဇာတ္႐ုပ္ဟာ ေနာက္ဆုံးမွာ Jamie Dornan ဆီကို ေရာက္ရွိလာပါေတာ့တယ္။ ဒီဇာတ္႐ုပ္ကို သူ လက္ခံလိုက္ခ်ိန္မွာပဲ “အမုန္းတရားေတြ ရစ္ပတ္ထားတာကို ခံစားရတယ္ … ” လို႔ Jamie က ေျပာပါတယ္။

ေဝဖန္ေရးသမားေတြရဲ့ မေကာင္းတဲ့ တုံ႔ျပန္မွုေတြ ရရွိခဲ့ေပမယ့္ Jamie ကေတာ့ ဒီဇာတ္႐ုပ္ကို လက္ခံခဲ့မိတဲ့အေပၚ ေနာင္တရျခင္း မရွိဘူးလို႔ ဆိုပါတယ္။ အေၾကာင္းကေတာ့ ဒီဇာတ္႐ုပ္ေၾကာင့္ သူ႔ရဲ့ သ႐ုပ္ေဆာင္ဘဝမွာ အခြင့္အလမ္းေတြ ပိုၿပီး ျဖစ္ေပၚေစခဲ့တာေၾကာင့္ပါပဲ။

Photo: _jamie_dornan_/ Instagram

“တစ္ခုရွိတာက Fifty Shades ရဲ့အလြန္မွာ ကၽြန္ေတာ္ ရိုက္ခဲ့သမၽွ ကားေတြအားလုံးက ဒီ႐ုပ္ရွင္ေတြေၾကာင့္သာ လုပ္နိုင္ခဲ့တာပါ။ Belfast တို႔၊ Beyond Private တို႔ စသျဖင့္ ၿပီးခဲ့တဲ့ ေလးငါးႏွစ္အတြင္းမွာ ကၽြန္ေတာ္ ရိုက္ခဲ့သမၽွ အင္ဒီးကားေတြက Fifty Shades ကို ရိုက္ခဲ့လို႔သာ လုပ္နိုင္တာ။ အဲဒီက ရထားတဲ့ ပိုက္ဆံေတြေၾကာင့္သာ ကၽြန္ေတာ္ ရိုက္ခ်င္တဲ့ကားေတြ ရိုက္လို႔ရတာ … ”

“ေျပာရရင္ ေဒၚလာ(၁)ဘီလ်ံေက်ာ္ ဝင္ေငြရခဲ့တဲ့ franchise မွာ ကၽြန္ေတာ္ ပါခဲ့လို႔သာ နာမည္တစ္လုံး ရခဲ့တာေလ။ ဒါေတြက ဒီလိုပဲသြားၾကတာေလ။ ဒီကားေတြကေန ကၽြန္ေတာ္ အမ်ားႀကီး ရခဲ့တာေတြ ရွိတယ္။ အဲဒီေတာ့ ေျပာရမယ္ဆိုရင္ ကၽြန္ေတာ္ ေနာင္တမရပါဘူး … ” လို႔ Jamie က ဆိုထားပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular