HomeCelebs Update NewsInternationalမင်္ဂလာသက်တမ်း တစ်နှစ်ပြည့်သွားကြပြီဖြစ်တဲ့ Nick နဲ့ Priyanka တို့မောင်နှံ

မင်္ဂလာသက်တမ်း တစ်နှစ်ပြည့်သွားကြပြီဖြစ်တဲ့ Nick နဲ့ Priyanka တို့မောင်နှံ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဟောလိဝုဒ်ရဲ့ ရိုမန့်တစ်အဆန်ဆုံး ဇနီးမောင်နှံတွေထဲက တစ်တွဲဖြစ်တဲ့ Nick Jonas နဲ့ Priyanka Chopra တို့ဟာ ယနေ့မှာ အိမ်ထောင်သက်တမ်း တစ်နှစ်တိတိ ပြည့်သွားပြီ ဖြစ်ပါတယ်။ နှစ်ယောက်သား ချစ်လို့မဝနိုင်သေးတဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ မင်္ဂလာနှစ်ပတ်လည်နေ့ကိုလည်း ကြည်နူးစရာ စကားလက်ဆောင်လေးတွေနဲ့ Instagram မှာ ပို့စ်တင်ထားကြပါတယ်။

Nick နဲ့ Priyanka တို့ဟာ အသက်အရွယ်အားဖြင့် ကွာခြားကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် ဖူးစာအစစ်အမှန်အဖြစ် ရှာတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ အခုအချိန်မှာ Nick က အသက်(၂၆)နှစ် ရှိပြီဖြစ်ပြီး မမ Priyanka ကတော့ အသက်(၃၇)နှစ် ရှိပါပြီ။

Photo: priyankachopra/ Instagram

Priyanka ရဲ့ မင်္ဂလာနှစ်ပတ်လည်စကားလေးကတော့ “ကျွန်မရဲ့ ကတိစကားလေးက အရင်တုန်းကနေ ဒီနေ့အထိ … ပြီးတော့ ထာဝရအထိပါ။ ပျော်ရွှင်မှု၊ တင့်တယ်ထည်ဝါမှု၊ စိတ်လှုပ်ရှားမှု၊ အာသီသပြင်းပြမှုတွေအားလုံးကို တစ်ချိန်တည်းမှာ တစ်ပြိုင်တည်း ခံစားရရှိအောင် မောင်က ကျွန်မဆီ ယူဆောင်လာပေးခဲ့ပါတယ်။ ကျွန်မကို ရှာတွေ့ခဲ့တဲ့အတွက် မောင့်ကို ကျေးဇူးတင်ပါတယ်။ ပျော်ရွှင်စရာ မင်္ဂလာနှစ်ပတ်လည်နေ့လေးပါ ယောက်ျားရေ … ကျွန်မတို့နှစ်ယောက်ကို ဆုတောင်းပေးခဲ့ကြသူတွေအားလုံးကို ကျေးဇူးအထူးတင်ရပါတယ်။ အားလုံးရဲ့မေတ္တာတွေကို ကျွန်မတို့ခံစားရပါတယ်” လို့ ရေးထားတာ ဖြစ်ပါတယ်။

Photo: nickjonas/ Instagram

မောင်လေး Nick ကတော့ နာမည်ကြီးဒီဇိုင်နာ Ralph Lauren ရဲ့ စိတ်ကြိုက်အထူးဒီဇိုင်းဖြစ်တဲ့ မင်္ဂလာဝတ်စုံကို ဆင်မြန်းရင်း ချစ်သက်သေတည်ခဲ့ကြတုန်းက ပုံလေးကို ပြန်တင်ထားပြီး အထိမ်းအမှတ်စကားလေး ဆိုထားပါတယ်။ “ပြီးခဲ့တဲ့နှစ် ဒီလိုနေ့မှာ မောင်တို့တွေ ထာဝရလို့ ကတိပြုခဲ့ကြတယ်။ ထာဝရဆိုတာက သိပ်ပြီးမရှည်ကြာဘူးလို့တောင် ထင်မိတယ်ကွာ။ နှလုံးသားတစ်ခုလုံးနဲ့ ပုံအောပြီး ချစ်ပါတယ်” လို့ IG မှာ ပို့စ်တင်ထားပါတယ်။

ချစ်စရာကောင်းတဲ့ ဒီဇနီးမောင်နှံမှာ လောလောဆယ် သားသမီးထွန်းကားခြင်းတော့ မရှိသေးတဲ့အတွက် မကြာသေးခင် ရက်ပိုင်းကပဲ Priyanka က ခင်ပွန်းသည်အတွက် ဂျာမန်မျိုး ခွေးလေးတစ်ကောင်ကို surprise အနေနဲ့ လက်ဆောင်ပေးခဲ့ပါသေးတယ်။

Photo: priyankachopra/ Instagram

ဘာသာအယူဝါဒ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ အသက်အရွယ် စသဖြင့် မတူညီတာတွေ အများကြီးကြားထဲက အချစ်တစ်ခုတည်းနဲ့ အရာအားလုံးကို ဖြတ်ကျော်ပြီး ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးကို တည်ထောင်ထားနိုင်တဲ့ Nick နဲ့ Priyanka တို့ သက်ဆုံးတိုင်အထိ ရွှေလက်တွဲသွားနိုင်ကြပါစေလို့လည်း ဆုတောင်းပေးလိုက်ရပါတယ်။

LaNina

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

ေဟာလိဝုဒ္ရဲ႕ ႐ိုမန႔္တစ္အဆန္ဆုံး ဇနီးေမာင္ႏွံေတြထဲက တစ္တြဲျဖစ္တဲ့ Nick Jonas နဲ႔ Priyanka Chopra တို႔ဟာ ယေန႔မွာ အိမ္ေထာင္သက္တမ္း တစ္ႏွစ္တိတိ ျပည့္သြားၿပီ ျဖစ္ပါတယ္။ ႏွစ္ေယာက္သား ခ်စ္လို႔မဝႏိုင္ေသးတဲ့ ဇနီးေမာင္ႏွံႏွစ္ေယာက္ဟာ မဂၤလာႏွစ္ပတ္လည္ေန႔ကိုလည္း ၾကည္ႏူးစရာ စကားလက္ေဆာင္ေလးေတြနဲ႔ Instagram မွာ ပို႔စ္တင္ထားၾကပါတယ္။

Nick နဲ႔ Priyanka တို႔ဟာ အသက္အ႐ြယ္အားျဖင့္ ကြာျခားၾကေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ ဖူးစာအစစ္အမွန္အျဖစ္ ရွာေတြ႕ခဲ့ၾကတာ ျဖစ္ပါတယ္။ အခုအခ်ိန္မွာ Nick က အသက္(၂၆)ႏွစ္ ရွိၿပီျဖစ္ၿပီး မမ Priyanka ကေတာ့ အသက္(၃၇)ႏွစ္ ရွိပါၿပီ။

Photo: priyankachopra/ Instagram

Priyanka ရဲ႕ မဂၤလာႏွစ္ပတ္လည္စကားေလးကေတာ့ “ကြၽန္မရဲ႕ ကတိစကားေလးက အရင္တုန္းကေန ဒီေန႔အထိ … ၿပီးေတာ့ ထာဝရအထိပါ။ ေပ်ာ္႐ႊင္မႈ၊ တင့္တယ္ထည္ဝါမႈ၊ စိတ္လႈပ္ရွားမႈ၊ အာသီသျပင္းျပမႈေတြအားလုံးကို တစ္ခ်ိန္တည္းမွာ တစ္ၿပိဳင္တည္း ခံစားရရွိေအာင္ ေမာင္က ကြၽန္မဆီ ယူေဆာင္လာေပးခဲ့ပါတယ္။ ကြၽန္မကို ရွာေတြ႕ခဲ့တဲ့အတြက္ ေမာင့္ကို ေက်းဇူးတင္ပါတယ္။ ေပ်ာ္႐ႊင္စရာ မဂၤလာႏွစ္ပတ္လည္ေန႔ေလးပါ ေယာက္်ားေရ … ကြၽန္မတို႔ႏွစ္ေယာက္ကို ဆုေတာင္းေပးခဲ့ၾကသူေတြအားလုံးကို ေက်းဇူးအထူးတင္ရပါတယ္။ အားလုံးရဲ႕ေမတၱာေတြကို ကြၽန္မတို႔ခံစားရပါတယ္” လို႔ ေရးထားတာ ျဖစ္ပါတယ္။

Photo: nickjonas/ Instagram

‌ေမာင္ေလး Nick ကေတာ့ နာမည္ႀကီးဒီဇိုင္နာ Ralph Lauren ရဲ႕ စိတ္ႀကိဳက္အထူးဒီဇိုင္းျဖစ္တဲ့ မဂၤလာဝတ္စုံကို ဆင္ျမန္းရင္း ခ်စ္သက္ေသတည္ခဲ့ၾကတုန္းက ပုံေလးကို ျပန္တင္ထားၿပီး အထိမ္းအမွတ္စကားေလး ဆိုထားပါတယ္။ “ၿပီးခဲ့တဲ့ႏွစ္ ဒီလိုေန႔မွာ ေမာင္တို႔ေတြ ထာဝရလို႔ ကတိျပဳခဲ့ၾကတယ္။ ထာဝရဆိုတာက သိပ္ၿပီးမရွည္ၾကာဘူးလို႔ေတာင္ ထင္မိတယ္ကြာ။ ႏွလုံးသားတစ္ခုလုံးနဲ႔ ပုံေအာၿပီး ခ်စ္ပါတယ္” လို႔ IG မွာ ပို႔စ္တင္ထားပါတယ္။

ခ်စ္စရာေကာင္းတဲ့ ဒီဇနီးေမာင္ႏွံမွာ ေလာေလာဆယ္ သားသမီးထြန္းကားျခင္းေတာ့ မရွိေသးတဲ့အတြက္ မၾကာေသးခင္ ရက္ပိုင္းကပဲ Priyanka က ခင္ပြန္းသည္အတြက္ ဂ်ာမန္မ်ိဳး ေခြးေလးတစ္ေကာင္ကို surprise အေနနဲ႔ လက္ေဆာင္ေပးခဲ့ပါေသးတယ္။

Photo: priyankachopra/ Instagram

ဘာသာအယူဝါဒ၊ ယဥ္ေက်းမႈ ဓေလ့ထုံးစံ၊ အသက္အ႐ြယ္ စသျဖင့္ မတူညီတာေတြ အမ်ားႀကီးၾကားထဲက အခ်စ္တစ္ခုတည္းနဲ႔ အရာအားလုံးကို ျဖတ္ေက်ာ္ၿပီး ေပ်ာ္႐ႊင္ၾကည္ႏူးဖြယ္ေကာင္းတဲ့ အိမ္ေထာင္ေရးကို တည္ေထာင္ထားႏိုင္တဲ့ Nick နဲ႔ Priyanka တို႔ သက္ဆုံးတိုင္အထိ ေ႐ႊလက္တြဲသြားႏိုင္ၾကပါေစလို႔လည္း ဆုေတာင္းေပးလိုက္ရပါတယ္။

LaNina

(ဆံရစ္ဝိုင္းမီဒီယာမွ တင္ဆက္ေသာ ကိုယ္တိုင္ေရး (သို႔မဟုတ္) ဘာသာျပန္သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔၏အက်ိဳးစီးပြားအတြက္ အျခားေသာ မီဒီယာစာမ်က္ႏွာမ်ားေပၚတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းမ်ား မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular