HomeCelebs Update NewsInternationalဧပြီလ(၁၈)ရက်မှာ ကြည့်ရှုရတော့မယ့် Lady Gaga ရဲ့ အထူးTV ရှိုး One World: Together At Home

ဧပြီလ(၁၈)ရက်မှာ ကြည့်ရှုရတော့မယ့် Lady Gaga ရဲ့ အထူးTV ရှိုး One World: Together At Home

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော်အဆိုတော် Lady Gaga ဟာ လက်ရှိမှာ ကမ္ဘာအနှံ့အပြား ရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတိုင်း စိတ်နှလုံးမသာမယာနဲ့ အိမ်ထဲမှာပဲ ဖြတ်သန်းနေရတာကို စိတ်လက်ပေါ့ပါးစေဖို့အတွက် အထူးစပါယ်ရှယ် တီဗွီရှိုးတစ်ခုကို စီစဉ်လိုက်ပါတယ်။

One World: Together At Home လို့ အမည်ရတဲ့ တီဗွီရှိုးဟာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အရေးကြီးတဲ့သတင်းတွေကို ထုတ်ပြန်ပေးသွားမှာဖြစ်သလို ပြည်သူတွေအတွက် စိတ်နှလုံးရွှင်လန်း အပန်းပြေစေဖို့အတွက် ဖျော်ဖြေရေးအစီအစဉ်တွေလည်း ပါဝင်မှာပါ။ အဆိုပါရှိုးဟာ အိမ်ထဲမှာ လော့ခ်ဒေါင်းကြောင့် ပိတ်မိနေတဲ့ ပြည်သူတွေအတွက် စိတ်ဓာတ်အားတက်ဖွယ်ရာ ဖျော်ဖြေရေးသပ်သပ်မို့ မည်သည့်အလှူငွေကိုမှလည်း ကောက်ခံသွားမှာ မဟုတ်ဘူးလို့ Gaga က ဆိုထားပါတယ်။

Photo: billiejoearmstrong/ andreabocelli/ coldplay/ Instagram

ဧပြီလ(၁၈)ရက်နေ့မှာ ကမ္ဘာအနှံ့အပြား ထုတ်လွှင့်ပြသသွားမယ့် ဒီတီဗွီရှိုးမှာ Stephen Colbert ၊ Jimmy Fallon နဲ့ Jimmy Kimmel တို့လို နာမည်ကျော် ရှိုး host တွေက အစီအစဉ် တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ရှိုးမှာပါဝင်မယ့် ဧည့်သည်တော်တွေကလည်း ကဏ္ဍအသီးသီးက တကယ့်ထိတ်ထိတ်ကြဲ နာမည်ကျော်တွေ ဖြစ်ပါတယ်။

ရှိုးရဲ့ဧည့်သည်တော်တွေအနေနဲ့ကတော့ ကမ္ဘာကျော်နာမည်ကြီး ပုဂ္ဂိုလ်များဖြစ်တဲ့ Stevie Wonder ၊ Paul McCartney ၊ Billie Eilish တို့အပြင် Elton John ၊ David Beckham ၊ John Legend ၊ Eddie Vedder ၊ Kerry Washington ၊ Coldplay အဖွဲ့က Chris Martin ၊ Lizzo ၊ J Balvin ၊ Andrea Bocelli နဲ့ Maluma ၊ Idris Elba နဲ့ဇနီးသည် Sabrina Elba တို့လည်း ပါဝင်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် Green Day အဖွဲ့က Billie Joe Armstrong ၊ Kacey Musgraves ၊ Alanis Morissette ၊ Priyanka Chopra ၊ Shah Rukh Khan ၊ Keith Urban စတဲ့ နာမည်ကျော်များစွာ ပါဝင်သွားမှာ ဖြစ်ပါတယ်။

Photo: billieeilish/ priyankachopra/ Instagram

အဆိုပါတီဗွီရှိုးကိုတော့ YouTube ၊ Apple ၊ Facebook ၊ Instagram ၊ Twitter စတဲ့ ပလက်ဖောင်းများစွာကနေ ပြသသွားမယ်လို့ သိရပါတယ်။ ဒါကြောင့် မြန်မာပြည်သူတွေအနေနဲ့လည်း နာမည်ကျော်တွေရဲ့ ဖျော်ဖြေအားပေးမှုကို လက်မလွတ်သွားစေဖို့ ယခုတည်းက ကြိုတင်အသိပေးလိုက်ရပါတယ်။

LaNina
(Zawgyi Version)

နာမည္ေက်ာ္အဆိုေတာ္ Lady Gaga ဟာ လက္ရွိမွာ ကမာၻအႏွံ႔အျပား ရင္ဆိုင္ေနရတဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လူတိုင္း စိတ္ႏွလုံးမသာမယာနဲ႔ အိမ္ထဲမွာပဲ ျဖတ္သန္းေနရတာကို စိတ္လက္ေပါ့ပါးေစဖို႔အတြက္ အထူးစပါယ္ရွယ္ တီဗြီရႈိးတစ္ခုကို စီစဥ္လိုက္ပါတယ္။

One World: Together At Home လို႔ အမည္ရတဲ့ တီဗြီရႈိးဟာ ကို႐ိုနာဗိုင္းရပ္စ္တိုက္ဖ်က္ေရးအတြက္ အေရးႀကီးတဲ့သတင္းေတြကို ထုတ္ျပန္ေပးသြားမွာျဖစ္သလို ျပည္သူေတြအတြက္ စိတ္ႏွလုံး႐ႊင္လန္း အပန္းေျပေစဖို႔အတြက္ ေဖ်ာ္ေျဖေရးအစီအစဥ္ေတြလည္း ပါဝင္မွာပါ။ အဆိုပါရႈိးဟာ အိမ္ထဲမွာ ေလာ့ခ္ေဒါင္းေၾကာင့္ ပိတ္မိေနတဲ့ ျပည္သူေတြအတြက္ စိတ္ဓာတ္အားတက္ဖြယ္ရာ ေဖ်ာ္ေျဖေရးသပ္သပ္မို႔ မည္သည့္အလႉေငြကိုမွလည္း ေကာက္ခံသြားမွာ မဟုတ္ဘူးလို႔ Gaga က ဆိုထားပါတယ္။

Photo: billiejoearmstrong/ andreabocelli/ coldplay/ Instagram

ဧၿပီလ(၁၈)ရက္ေန႔မွာ ကမာၻအႏွံ႔အျပား ထုတ္လႊင့္ျပသသြားမယ့္ ဒီတီဗြီရႈိးမွာ Stephen Colbert ၊ Jimmy Fallon နဲ႔ Jimmy Kimmel တို႔လို နာမည္ေက်ာ္ ရႈိး host ေတြက အစီအစဥ္ တင္ဆက္သြားမွာ ျဖစ္ပါတယ္။ ရႈိးမွာပါဝင္မယ့္ ဧည့္သည္ေတာ္ေတြကလည္း က႑အသီးသီးက တကယ့္ထိတ္ထိတ္ႀကဲ နာမည္ေက်ာ္ေတြ ျဖစ္ပါတယ္။

ရႈိးရဲ႕ဧည့္သည္ေတာ္ေတြအေနနဲ႔ကေတာ့ ကမာၻေက်ာ္နာမည္ႀကီး ပုဂၢိဳလ္မ်ားျဖစ္တဲ့ Stevie Wonder ၊ Paul McCartney ၊ Billie Eilish တို႔အျပင္ Elton John ၊ David Beckham ၊ John Legend ၊ Eddie Vedder ၊ Kerry Washington ၊ Coldplay အဖြဲ႕က Chris Martin ၊ Lizzo ၊ J Balvin ၊ Andrea Bocelli နဲ႔ Maluma ၊ Idris Elba နဲ႔ဇနီးသည္ Sabrina Elba တို႔လည္း ပါဝင္သြားမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Green Day အဖြဲ႕က Billie Joe Armstrong ၊ Kacey Musgraves ၊ Alanis Morissette ၊ Priyanka Chopra ၊ Shah Rukh Khan ၊ Keith Urban စတဲ့ နာမည္ေက်ာ္မ်ားစြာ ပါဝင္သြားမွာ ျဖစ္ပါတယ္။

Photo: billieeilish/ priyankachopra/ Instagram

အဆိုပါတီဗြီရႈိးကိုေတာ့ YouTube ၊ Apple ၊ Facebook ၊ Instagram ၊ Twitter စတဲ့ ပလက္ေဖာင္းမ်ားစြာကေန ျပသသြားမယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ျမန္မာျပည္သူေတြအေနနဲ႔လည္း နာမည္ေက်ာ္ေတြရဲ႕ ေဖ်ာ္ေျဖအားေပးမႈကို လက္မလြတ္သြားေစဖို႔ ယခုတည္းက ႀကိဳတင္အသိေပးလိုက္ရပါတယ္။

LaNina

 

RELATED ARTICLES

Most Popular