HomeCelebs Update NewsInternationalStranger Things ပြီးဆုံးသွားမှာ ကြောက်နေမိတယ်ဆိုတဲ့ Gaten Matarazzo

Stranger Things ပြီးဆုံးသွားမှာ ကြောက်နေမိတယ်ဆိုတဲ့ Gaten Matarazzo

Stranger Things သရုပ်ဆောင် Gaten Matarazzo ဟာ မကြာသေးခင်ကပဲ Jimmy Fallon ရဲ့ The Tonight Show ကို ဧည့်သည်အဖြစ် လာရောက်ခဲ့ပြီး အင်တာဗျူးလည်း ဖြေဆိုသွားပါတယ်။

Gaten ဟာ Stranger Things ရဲ့ season 1 မှာတည်းက အဓိကဇာတ်ကောင်တစ်ယောက်အဖြစ် ဆက်တိုက်ပါဝင်ခဲ့တာဖြစ်လို့ အခုလို ရှိုးပြီးဆုံးဖို့ နီးကပ်လာတဲ့အခါ စိတ်ထဲမှာ ကြောက်ရွံ့နေမိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ Stranger Things ဟာ နောက်ဆုံး ဇာတ်သိမ်းဖြစ်မယ့် season 5 ကို ယခုနှစ်အတွင်း ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

Photo: gatenm123/ Instagram

“လူတွေက ဒါနဲ့ပတ်သက်ပြီး ဘယ်လောက်တောင် စိတ်အားထက်သန်နေကြတယ်ဆိုတာ တွေ့ရတာ တကယ် စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကျွန်တော်တို့အားလုံးအတွက်တော့ ဒါ(Stranger Things)က အရမ်းအရေးပါပါတယ်။ ကျွန်တော့်ရဲ့ ဆယ်ကျော်သက်အရွယ်ကနေ အခုအသက်နှစ်ဆယ်ကို ရောက်လာတဲ့အထိ ဒီစီးရီးက ကျွန်တော်တို့နဲ့အတူတူ ကြီးပြင်း အရွယ်ရောက်လာတာလေဗျာ။ ပြောရရင် ကျန်ခဲ့တဲ့ ကျွန်တော့်ဘဝရဲ့ ဆယ်နှစ်စာအချိန်တွေကို သတ်မှတ်ပေးသွားတာပါပဲ …”လို့ Stranger Things ဇာတ်သိမ်းနဲ့ ပတ်သက်တဲ့ သူ့ရဲ့ခံစားချက်ကို Gaten က ပြောထားပါတယ်။

ဒါ့အပြင် ဒီရှိုးကို နှုတ်ဆက်ဖို့ စိတ်ထဲမှာ တစုံတခု ဝမ်းနည်းခံစားရတာမျိုးရော ရှိလားဆိုတဲ့ မေးခွန်းကိုလည်း Gaten က အခုလို ဖြေထားပါသေးတယ်။

Photo: gatenm123/ Instagram

“ခံစားရတာပေါ့ဗျ။ ဒီကာရိုက်တာတွေက ဘယ်လို develop ဖြစ်လာပြီး နောက်ဆုံးမှာ ဘယ်လိုပုံစံနဲ့ သူတို့ရဲ့ခရီးကို အဆုံးသတ်သွားကြမယ်ဆိုတာ သိရမှာက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတယ်လေ။ ပြီးတော့ စိတ်ထဲမှာ အရမ်းကြောက်နေမိတာလည်း ရှိတာပေါ့။ ဒီရှိုးမှာ ပါဝင်ခွင့်ရတာက တကယ် အံ့ဩစရာအတွေ့အကြုံ ဖြစ်သလို အချိန်ကာလတစ်ခုအထိ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး စိတ်ပူစရာ မလိုခဲ့ဘူးလေ။ ဒါပြီးရင်တော့ freelance ဘဝကို ပြန်ရောက်မှာပေါ့ …”

“ဒါပေမယ့် ဒီကာရိုက်တာတွေက လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ သူတို့ဖြတ်သန်းခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လိုကျော်ဖြတ်ပြီး ရှေ့ဆက်သွားကြမလည်းဆိုတာ ကျွန်တော်အရမ်းသိချင်ပါတယ် …”လို့လည်း ရှိုးရဲ့ဇာတ်သိမ်းနဲ့ ပတ်သက်တဲ့ သူ့ရဲ့ခံစားချက်ကို ပြောထားပါသေးတယ်။

Photo Credit: Netflix

Gaten Matarazzo ဟာ Stranger Things ဇာတ်လမ်းတွဲထဲမှာတော့ Dustin အဖြစ် ပါဝင်ထားပြီး သူ့ရဲ့ဇာတ်ကောင်ဟာ လူကြိုက်အများဆုံး ဇာတ်ကောင်တွေထဲမှာလည်း ပါဝင်ပါတယ်။ လာမယ့် final season မှာတော့ Dustin အပါအဝင် ဇာတ်ကောင်တွေအားလုံးကို နှုတ်ဆက်ရတော့မှာ ဖြစ်တာကြောင့် ပရိသတ်တွေအတွက်လည်း ဝမ်းနည်းစရာပဲ ဖြစ်ပါတယ်။

Vancouver

Source: variety

 

RELATED ARTICLES

Most Popular