HomeCelebs Update NewsInternationalကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ ဒေါ်လာ(၃၅)သန်း မတည်လိုက်တဲ့ Lady Gaga

ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ ဒေါ်လာ(၃၅)သန်း မတည်လိုက်တဲ့ Lady Gaga

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော်အဆိုတော် Lady Gaga ဟာ တက်ကြွလှုပ်ရှားရေးအဖွဲ့အစည်း Global Citizen နဲ့ ပူးပေါင်းပြီး ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့အတွက် အမေရိကန်ဒေါ်လာ(၃၅)သန်း မတည်လိုက်ပါတယ်။ ဒါ့အပြင် ယခုလို စိတ်နှလုံး ညှိုးခြုံးဖွယ်ရာကာလမှာ လူထုကို စိတ်အားတက်ကြွစေဖို့အတွက် နာမည်ကျော်စတားတွေ အမြောက်အများ ပါဝင်မယ့် အထူး TV အစီအစဉ်တစ်ခုကိုလည်း စတင်ထုတ်လွှင့်သွားဦးမယ်လို့ သိရပါတယ်။

ယခုရရှိတဲ့ ငွေကြေးပမာဏဟာ ခုနှစ်ရက်အတွင်း စုဆောင်းရရှိသွားတာဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဖြစ်တဲ့ WHO ကို ထောက်ပံ့လှူဒါန်းသွားမှာ ဖြစ်တယ်လို့ Gaga က တနင်္လာနေ့က ထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းချက်မှာ ပြောကြားထားပါတယ်။ ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်ကို စိတ်ဓာတ်တက်တက်ကြွကြွနဲ့ ဝိုင်းဝန်းတိုက်ဖျက်ကြဖို့ ရည်ရွယ်ထားတဲ့ One World: Together At Home TV ရုပ်သံအစီအစဉ်ကိုလည်း ဧပြီလ(၁၈)ရက်နေ့မှ စတင်ပြီး ကမ္ဘာအနှံ့ ထုတ်လွှင့်သွားဦးမယ်လို့ ဆိုပါတယ်။

Photo: ladygaga/ Instagram

ဒီလိုအချိန်မှာ ရှေ့တန်းကနေ ကြိုးစားပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ အိမ်ကမိသားစုတွေနဲ့ အခြားလူနာတွေကို ရောဂါပိုးကူးစက်မှာစိုးလို့ ကားထဲမှာပဲ အိပ်စက်နေကြတဲ့သူနာပြုတွေ အားလုံးကို တကယ်ကျေးဇူးအထူးတင်ပါတယ်။ ပြီးတော့ ဒီလိုမြင်ကွင်းကို မြင်ရတာဟာလည်း တကယ်စိတ်နှလုံးနာကျင်ခံစားရပါတယ်။ ကိုယ့်ကိုယ်ကို အန္တရာယ်တောထဲကို ပစ်ချပြီး အများဘေးကင်းဖို့ ကိုယ်ကျိုးစွန့်နေသူတွေအားလုံးကို ကျွန်မတို့ တကယ်ချီးကျူးဂုဏ်ပြုပါတယ်…

အခုကျွန်မတို့အားလုံးဆီမှာ ဖြစ်ပျက်နေတဲ့ အရေးကြီးတဲ့အရာ သုံးခုရှိပါတယ်။ ပထမတစ်ခုက ကမ္ဘာပေါ်မှာ ကြင်နာမှုအပြည့်ရှိတဲ့ လူမှုအသိုင်းအဝိုင်းကြီးကို တစ်စုတစည်းတည်း မြင်တွေ့နေရတာကို ကျွန်မတို့ဂုဏ်ပြုပါတယ်။ ဒုတိယတစ်ခုကတော့ အခုလိုမမျှော်လင့်ထားတဲ့ အဖြစ်အပျက်ကြီးမှာ မြန်မြန်ဆန်ဆန် ပြောင်းလဲသွားတဲ့ ယဉ်ကျေးမှုတစ်ခုအကြောင်းကို ကျွန်မတို့ သမိုင်းတွင်စေချင်ပါတယ်။ တတိယနဲ့ နောက်ဆုံးတစ်ခုကတော့ လူသားတွေရဲ့ ခိုင်မြဲတည်ကြည်တဲ့ စိတ်ဓာတ်တွေကို အားပေးချီးမွမ်းဖို့ပါပဲ … လို့ Gaga က ကြေငြာချက်မှာ ပြောထားပါတယ်။

ယခုမတည်လှူဒါန်းထားတဲ့ ငွေကြေးတွေဟာ ကျန်းမာရေးဝန်ထမ်းတွေအတွက် လိုအပ်နေတဲ့ ကာကွယ်ရေးပစ္စည်းတွေ ဝယ်ယူဖို့၊ ဓာတ်ခွဲခန်းသုံး လိုအပ်ပစ္စည်းတွေကို ထောက်ပံ့ပေးဖို့နဲ့ ဗိုင်းရပ်စ်ပိုးကို ကုသနိုင်မယ့် ကာကွယ်ဆေး ဖော်ထုတ်ရာမှာ ကူညီဖို့အတွက် သုံးစွဲသွားမယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး သူမ ဦးစီးပြီး ထုတ်လွှင့်သွားမယ့် တီဗွီရှိုးဟာ အလှူခံမယ့်ရှိုးမဟုတ်ဘဲ လူတွေကို စိတ်သက်သာရာရစေဖို့အတွက်သာ ရည်ရွယ်တယ်လို့လည်း ရှင်းပြသွားပါသေးတယ်။

Photo: davidbeckham/ coldplay/ Instagram

One World: Together At Home လို့ အမည်ရတဲ့ အဆိုပါတီဗွီရှိုးကိုတော့ နာမည်ကျော် ရှိုး host တွေဖြစ်တဲ့ Stephen Colbert ၊ Jimmy Fallon နဲ့ Jimmy Kimmel တို့က host လုပ်သွားမယ်လို့ သိရပါတယ်။ ရှိုးရဲ့ဧည့်သည်တော်တွေအနေနဲ့ကတော့ ကမ္ဘာကျော်နာမည်ကြီး ပုဂ္ဂိုလ်များဖြစ်တဲ့ Stevie Wonder ၊ Paul McCartney ၊ Billie Eilish တို့အပြင် Elton John ၊ David Beckham ၊ John Legend ၊ Eddie Vedder ၊ Kerry Washington ၊ Coldplay အဖွဲ့က Chris Martin ၊ Lizzo ၊ J Balvin ၊ Andrea Bocelli နဲ့ Maluma ၊ Idris Elba နဲ့ဇနီးသည် Sabrina Elba တို့လည်း ပါဝင်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် Green Day အဖွဲ့က Billie Joe Armstrong ၊ Kacey Musgraves ၊ Alanis Morissette ၊ Priyanka Chopra ၊ Shah Rukh Khan ၊ Keith Urban စတဲ့ နာမည်ကျော်များစွာ ပါဝင်သွားမှာပါ။

အဆိုပါတီဗွီရှိုးကိုတော့ YouTube ၊ Apple ၊ Facebook ၊ Instagram ၊ Twitter စတဲ့ ပလက်ဖောင်းများစွာကနေ ပြသသွားမယ်လို့ သိရပါတယ်။

LaNina
(Zawgyi Version)

နာမည္ေက်ာ္အဆိုေတာ္ Lady Gaga ဟာ တက္ႂကြလႈပ္ရွားေရးအဖြဲ႕အစည္း Global Citizen နဲ႔ ပူးေပါင္းၿပီး ကို႐ိုနာဗိုင္းရပ္စ္ကို တိုက္ဖ်က္ဖို႔အတြက္ အေမရိကန္ေဒၚလာ(၃၅)သန္း မတည္လိုက္ပါတယ္။ ဒါ့အျပင္ ယခုလို စိတ္ႏွလုံး ညႇိဳးၿခဳံးဖြယ္ရာကာလမွာ လူထုကို စိတ္အားတက္ႂကြေစဖို႔အတြက္ နာမည္ေက်ာ္စတားေတြ အေျမာက္အမ်ား ပါဝင္မယ့္ အထူး TV အစီအစဥ္တစ္ခုကိုလည္း စတင္ထုတ္လႊင့္သြားဦးမယ္လို႔ သိရပါတယ္။

ယခုရရွိတဲ့ ေငြေၾကးပမာဏဟာ ခုႏွစ္ရက္အတြင္း စုေဆာင္းရရွိသြားတာျဖစ္ၿပီး ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးျဖစ္တဲ့ WHO ကို ေထာက္ပံ့လႉဒါန္းသြားမွာ ျဖစ္တယ္လို႔ Gaga က တနလၤာေန႔က ထုတ္ျပန္တဲ့ သတင္းစာရွင္းလင္းခ်က္မွာ ေျပာၾကားထားပါတယ္။ ဒါ့အျပင္ ကို႐ိုနာဗိုင္းရပ္စ္ကို စိတ္ဓာတ္တက္တက္ႂကြႂကြနဲ႔ ဝိုင္းဝန္းတိုက္ဖ်က္ၾကဖို႔ ရည္႐ြယ္ထားတဲ့ One World: Together At Home TV ႐ုပ္သံအစီအစဥ္ကိုလည္း ဧၿပီလ(၁၈)ရက္ေန႔မွ စတင္ၿပီး ကမာၻအႏွံ႔ ထုတ္လႊင့္သြားဦးမယ္လို႔ ဆိုပါတယ္။

Photo: ladygaga/ Instagram

” ဒီလိုအခ်ိန္မွာ ေရွ႕တန္းကေန ႀကိဳးစားေပးေနတဲ့ က်န္းမာေရးဝန္ထမ္းေတြ၊ အိမ္ကမိသားစုေတြနဲ႔ အျခားလူနာေတြကို ေရာဂါပိုးကူးစက္မွာစိုးလို႔ ကားထဲမွာပဲ အိပ္စက္ေနၾကတဲ့သူနာျပဳေတြ အားလုံးကို တကယ္ေက်းဇူးအထူးတင္ပါတယ္။ ၿပီးေတာ့ ဒီလိုျမင္ကြင္းကို ျမင္ရတာဟာလည္း တကယ္စိတ္ႏွလုံးနာက်င္ခံစားရပါတယ္။ ကိုယ့္ကိုယ္ကို အႏၲရာယ္ေတာထဲကို ပစ္ခ်ၿပီး အမ်ားေဘးကင္းဖို႔ ကိုယ္က်ိဳးစြန႔္ေနသူေတြအားလုံးကို ကြၽန္မတို႔ တကယ္ခ်ီးက်ဴးဂုဏ္ျပဳပါတယ္… ”

” အခုကြၽန္မတို႔အားလုံးဆီမွာ ျဖစ္ပ်က္ေနတဲ့ အေရးႀကီးတဲ့အရာ သုံးခုရွိပါတယ္။ ပထမတစ္ခုက ကမာၻေပၚမွာ ၾကင္နာမႈအျပည့္ရွိတဲ့ လူမႈအသိုင္းအဝိုင္းႀကီးကို တစ္စုတစည္းတည္း ျမင္ေတြ႕ေနရတာကို ကြၽန္မတို႔ဂုဏ္ျပဳပါတယ္။ ဒုတိယတစ္ခုကေတာ့ အခုလိုမေမွ်ာ္လင့္ထားတဲ့ အျဖစ္အပ်က္ႀကီးမွာ ျမန္ျမန္ဆန္ဆန္ ေျပာင္းလဲသြားတဲ့ ယဥ္ေက်းမႈတစ္ခုအေၾကာင္းကို ကြၽန္မတို႔ သမိုင္းတြင္ေစခ်င္ပါတယ္။ တတိယနဲ႔ ေနာက္ဆုံးတစ္ခုကေတာ့ လူသားေတြရဲ႕ ခိုင္ၿမဲတည္ၾကည္တဲ့ စိတ္ဓာတ္ေတြကို အားေပးခ်ီးမြမ္းဖို႔ပါပဲ … ” လို႔ Gaga က ေၾကျငာခ်က္မွာ ေျပာထားပါတယ္။

ယခုမတည္လႉဒါန္းထားတဲ့ ေငြေၾကးေတြဟာ က်န္းမာေရးဝန္ထမ္းေတြအတြက္ လိုအပ္ေနတဲ့ ကာကြယ္ေရးပစၥည္းေတြ ဝယ္ယူဖို႔၊ ဓာတ္ခြဲခန္းသုံး လိုအပ္ပစၥည္းေတြကို ေထာက္ပံ့ေပးဖို႔နဲ႔ ဗိုင္းရပ္စ္ပိုးကို ကုသႏိုင္မယ့္ ကာကြယ္ေဆး ေဖာ္ထုတ္ရာမွာ ကူညီဖို႔အတြက္ သုံးစြဲသြားမယ္လို႔ ဆိုပါတယ္။ ဆက္လက္ၿပီး သူမ ဦးစီးၿပီး ထုတ္လႊင့္သြားမယ့္ တီဗြီရႈိးဟာ အလႉခံမယ့္ရႈိးမဟုတ္ဘဲ လူေတြကို စိတ္သက္သာရာရေစဖို႔အတြက္သာ ရည္႐ြယ္တယ္လို႔လည္း ရွင္းျပသြားပါေသးတယ္။

Photo: davidbeckham/ coldplay/ Instagram

One World: Together At Home လို႔ အမည္ရတဲ့ အဆိုပါတီဗြီရႈိးကိုေတာ့ နာမည္ေက်ာ္ ရႈိး host ေတြျဖစ္တဲ့ Stephen Colbert ၊ Jimmy Fallon နဲ႔ Jimmy Kimmel တို႔က host လုပ္သြားမယ္လို႔ သိရပါတယ္။ ရႈိးရဲ႕ဧည့္သည္ေတာ္ေတြအေနနဲ႔ကေတာ့ ကမာၻေက်ာ္နာမည္ႀကီး ပုဂၢိဳလ္မ်ားျဖစ္တဲ့ Stevie Wonder ၊ Paul McCartney ၊ Billie Eilish တို႔အျပင္ Elton John ၊ David Beckham ၊ John Legend ၊ Eddie Vedder ၊ Kerry Washington ၊ Coldplay အဖြဲ႕က Chris Martin ၊ Lizzo ၊ J Balvin ၊ Andrea Bocelli နဲ႔ Maluma ၊ Idris Elba နဲ႔ဇနီးသည္ Sabrina Elba တို႔လည္း ပါဝင္သြားမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Green Day အဖြဲ႕က Billie Joe Armstrong ၊ Kacey Musgraves ၊ Alanis Morissette ၊ Priyanka Chopra ၊ Shah Rukh Khan ၊ Keith Urban စတဲ့ နာမည္ေက်ာ္မ်ားစြာ ပါဝင္သြားမွာပါ။

အဆိုပါတီဗြီရႈိးကိုေတာ့ YouTube ၊ Apple ၊ Facebook ၊ Instagram ၊ Twitter စတဲ့ ပလက္ေဖာင္းမ်ားစြာကေန ျပသသြားမယ္လို႔ သိရပါတယ္။

LaNina

 

RELATED ARTICLES

Most Popular