HomeEntertainmentFilmပရိသတ်အားပေးမှု အများဆုံးရရှိထားတဲ့ Superman မင်းသားများ 

ပရိသတ်အားပေးမှု အများဆုံးရရှိထားတဲ့ Superman မင်းသားများ 

စူပါဟီးရိုးဇာတ်ကောင်တွေထဲမှာ နာမည်အကြီးဆုံးဇာတ်ကောင်ကို ပြောပါဆိုရင် Superman လို့ပဲ ပြောရမယ်ထင်ပါတယ်။ ဘာလို့ဆို စူပါဟီးရိုးဇာတ်ကားတွေ ကြည့်လေ့ကြည့်ထ မရှိတဲ့သူတွေတောင် Superman ကိုတော့ သိကြလို့ပါပဲ။ နှစ်ကာလကြာရှည်စွာ အောင်မြင်လာတဲ့ဇာတ်ကောင်တစ်ခု ဖြစ်တာကြောင့် Superman နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသားတွေဟာလည်း အများအပြားပဲ ရှိပါတယ်။

Superman ဇာတ်ကားတွေဟာ ခန့်မှန်းချေ ၁၉၄၀ခုနှစ် ပတ်ဝန်းကျင်မှာတည်းက ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ့ကာလကနေ ယနေ့မျက်မှောက်ကာလအထိ နှစ်ပေါင်း(၇၀)လောက်အတွင်းမှာ live action အတွက် အနည်းဆုံး မင်းသား(၃၄)ယောက်လောက် သရုပ်ဆောင်ထားကြပါတယ်။ ဒီမင်းသားပေါင်းများစွာထဲကမှ ပရိသတ်အားပေးမှု အများဆုံးရရှိထားတဲ့ မင်းသား(၇)ယောက်ကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။

(7) Tyler Hoechlin
photo via warner bros

Tyler Hoechlin ဟာလည်း စူပါဟီးရိုးဇာတ်လမ်းတွေ ကြည့်လေ့ရှိတဲ့ ပရိသတ်တွေကြားမှာတော့ မစိမ်းတဲ့သူ တစ်ယောက်ပါ။ သူ Superman အဖြစ် သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွေကတော့ Supergirl စီးရီး၊ Arrow စီးရီး၊ The Flash စီးရီး၊ Batwoman စီးရီး၊ DC’s Legends of Tomorrow စီးရီးတို့ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၀ခုနှစ်မှာ အသစ်ထွက်ရှိလာမယ့် Superman and Lois စီးရီးမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

Tyler ဟာ ၁၉၈၇ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ မွေးဖွားသူဖြစ်လို့ အသက်(၃၂)နှစ်ရှိပါပြီ။ မွေးရပ်ဇာတိကတော့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဖြစ်ပါတယ်။ နာမည်ကျော် စီးရီးတစ်ခုဖြစ်တဲ့ Teen Wolf ထဲမှာလည်း မိန်းကာရိုက်တာတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါသေးတယ်။

(6) Dean Cain
photo via warner bros

မင်းသားကြီး Dean Cain ကတော့ ၁၉၉၃ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ၁၉၉၇ခုနှစ်မှာ ဇာတ်သိမ်းခဲ့တဲ့ Lois & Clark: The New Adventures of Superman ဆိုတဲ့ စီးရီးမှာ Superman အဖြစ် သရုပ်ဆောင်ထားပါတယ်။ ၁၉၆၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှာ မွေးဖွားသူဖြစ်လို့ အသက်(၅၄)နှစ် ရှိနေပြီ ဖြစ်ပါတယ်။ သူ့ရဲ့ မွေးရပ်ဇာတိကတော့ အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ် ဖြစ်ပါတယ်။

(5) George Reeves
photo via warner bros

မင်းသားကြီး George Reeves ကတော့ Superman and the Mole Men (1951)၊ Adventures of Superman ဆိုတဲ့စီးရီးနဲ့ Stamp Day for Superman ၊ Super Circus ၊ I Love Lucy ဇာတ်ကားတွေမှာ superman အဖြစ်နဲ့ သရုပ်ဆောင်ထားပါတယ်။

မင်းသားကြီးဟာ ၁၉၁၄ ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့မှာ မွေးဖွားခဲ့ပြီး ၁၉၅၉ ခုနှစ် ဇွန်လ(၁၆)ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက်(၄၅)နှစ်အရွယ်ပဲ ရှိပါသေးတယ်။ သေဆုံးသွားရတဲ့ အကြောင်းရင်းကတော့ သေနတ်ဒဏ်ရာနဲ့ ဖြစ်ပါတယ်။ အမှုကို စုံစမ်းစစ်ဆေးတဲ့ ရဲအရာရှိတွေကတော့ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာလို့ ထုတ်ပြန်ခဲ့ပေမယ့် အများစုကတော့ အသတ်ခံရတာဆိုပြီး ထင်ကြေးပေးခဲ့ကြလို့ အတော်လေး ပွဲဆူခဲ့ပါသေးတယ်။

(4) Brandon Routh
photo via warner bros

မင်းသားချော Brandon Routh ကတော့ ၂၀၀၆ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Superman Returns ဆိုတဲ့ကားမှာ သရုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ CW ရုပ်သံလိုင်းက ထုတ်လုပ်တဲ့ အကြီးဆုံး crossover ဖြစ်တဲ့ Crisis on Infinite Earths: Part Two မှာ Superman အဖြစ် ပြန်လည်ပါဝင်ခဲ့ပါတယ်။

Brandon ဟာ ၁၉၇၉ ခုနှစ် အောက်တိုဘာလ(၉)ရက်နေ့မှာ မွေးဖွားခဲ့တာကြောင့် အသက်(၄၀)ရှိပါပြီ။ သူ့ရဲ့ ဇာတိကတော့ အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ် ဖြစ်ပါတယ်။ လက်ရှိမှာတော့ DC ရဲ့ Legends of Tomorrow ဇာတ်လမ်းတွဲမှာ Atom ဆိုတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ထားပါတယ်။

(3) Tom Welling
photo via warner bros

Tom Welling ကတော့ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်ထိ ထွက်ရှိခဲ့တဲ့ Smallville ဆိုတဲ့ စီးရီးမှာ Superman အဖြစ် သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။ အဲ့ဒီ့နောက် Crisis on Infinite Earths: Part Two မှာလည်း Superman အဖြစ် ပြန်လည်ပါဝင်ထားပါသေးတယ်။

Tom ဟာ ၁၉၇၇ခုနှစ် ဧပြီလ(၂၆)ရက်နေ့မှာ မွေးဖွားခဲ့တာကြောင့် (၄၃)နှစ်ရှိပါပြီ။ ဇာတိကတော့ အမေရိကန်နိုင်ငံ နယူးယော့ခ်ပြည်နယ် ဖြစ်ပါတယ်။ Tom ဟာ နာမည်ကျော် Lucifer စီးရီးထဲမှာလည်း ကိန်းအဖြစ် သရုပ်ဆောင်ထားပါသေးတယ်။

(2) Henry Cavill
photo via warner bros

Henry Cavill ကတော့ မိန်းကလေးတွေ သည်းသည်းလှုပ် ကြိုက်ကြတဲ့ Superman မင်းသားတွေထဲမှာ ပါဝင်ပါတယ်။ သူဟာ ၂၀၁၃ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Man of Steel ၊ ၂၀၁၆ခုနှစ်မှာ ထွက်ခဲ့တဲ့ Batman v Superman: Dawn of Justice မှာ Ben Affleck နဲ့အတူ သရုပ်ဆောင်ခဲ့ပြီးတော့ ၂၀၁၇ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Justice League မှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

သူ့ရဲ့ မွေးရပ်မြေကတော့ အင်္ဂလန်နိုင်ငံက ချန်နယ်လ်အိုင်လန်မြို့ပါ။ ၁၉၈၃ခုနှစ် မေလ(၅)ရက်နေ့မှာ မွေးဖွားသူဖြစ်လို့ အသက်ကတော့ (၃၆)နှစ် ရှိပါပြီ။ အခုလက်ရှိမှာတော့ Netflix ရဲ့ Witcher စီးရီးမှာ Geralt of Rivia အဖြစ် သရုပ်ဆောင်ထားပါတယ်။

(1) Christopher Reeve
photo via warner bros

Christopher Reeve ကတော့ Superman မင်းသားတွေထဲမှာ တဟုန်ထိုး အောင်မြင်မှု ရရှိခဲ့သူဖြစ်ပြီး Superman ဇာတ်ကောင်အတွက် BAFTA ဆုကိုတောင် ဆွတ်ခူးခဲ့သူ ဖြစ်ပါတယ်။ သူ သရုပ်ဆောင်ခဲ့တဲ့ Superman ဇာတ်လမ်းတွေကတော့ Superman (1978) ၊ Superman II (1980) ၊ Superman III (1983) နဲ့ Superman IV: The Quest for Peace (1987) တို့ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ဇာတိဖြစ်ပြီး ၁၉၅၂ခုနှစ် စက်တင်ဘာ(၂၅)ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ သို့ပေမယ့် စိတ်မကောင်းစရာကောင်းစွာနဲ့ပဲ အသက်(၅၂)နှစ်အရွယ် ၂၀၀၄ခုနှစ် အောက်တိုဘာလ(၁၀)ရက်နေ့မှာ ရုတ်တရက် နှလုံးရပ်ပြီး ကွယ်လွန်သွားခဲ့ပါတယ်။

ဒါကတော့ Superman ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားပေါင်းများစွာထဲက ပရိသတ်အားပေးမှု အများဆုံး ရရှိခဲ့တဲ့ လူကြိုက်အများဆုံး မင်းသားတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ မင်းသားက ဘယ်သူလည်းဆိုတာလည်း ပြောပြခဲ့ပါဦး။

Lego Les
RELATED ARTICLES

Most Popular