HomeEntertainmentFilmအီဂျစ်ဘုရင်မ ကလီယိုပက်ထရာအဖြစ် သရုပ်ဆောင်သွားဦးမယ့် Gal Gadot

အီဂျစ်ဘုရင်မ ကလီယိုပက်ထရာအဖြစ် သရုပ်ဆောင်သွားဦးမယ့် Gal Gadot

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မြန်မာပရိသတ်တွေကြားမှာ ပြုံးအလှပိုင်ရှင်အဖြစ် ပုရိသတွေ အသည်းစွဲကြတဲ့ မင်းသမီးချော Gal Gadot ကို ရာဇဝင်ထဲက ဘုရင်မတစ်ပါးအဖြစ် မြင်တွေ့ကြရတော့မှာ ဖြစ်ပါတယ်။

အီဂျစ်ဘုရင်မ Cleopatra ဟာ Ptolemaic နန်းဆက်မှာ နောက်ဆုံးအုပ်ချုပ်သူ ဖြစ်ပါတယ်။ သူမဟာ ရောမဧကရာဇ် Julius Caesar နဲ့ ချစ်ကြိုက်ခဲ့ပြီး နောက်ပိုင်းမှာ Caesar ရဲ့ ဗိုလ်ချုပ် Mark Antony နဲ့ လက်ထပ်ခဲ့ပါတယ်။ ရာဇဝင်ထဲက ဘုရင်မ Cleopatra အကြောင်းကိုတော့ ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ ပုံစံအမျိုးမျိုးနဲ့ တွေ့ဖူးကြမှာပါ။

ရုပ်ရှင်ထဲမှာဆိုရင်တော့ ခေတ်ဟောင်းမင်းသမီးများဖြစ်ကြတဲ့ Claudette Colbert နဲ့ Elizabeth Taylor တို့ရဲ့ တင်ဆက်မှုတွေဟာ လူသိများပြီး နာမည်ကြီးခဲ့ပါတယ်။ ဒါ့အပြင် ၂၀၀၅ခုနှစ်တုန်းက HBO ရုပ်သံစီးရီးဖြစ်တဲ့ Rome မှာလည်း မင်းသမီး Lyndsey Marshal က Cleopatra အဖြစ် သရုပ်ဆောင်ထားပါသေးတယ်။ ယခု နောက်ထပ် ထွက်ရှိလာတော့မယ့် Cleopatra ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်သွားမယ့် မင်းသမီးချောလေးကိုတော့ ပရိသတ်များစိတ်ဝင်စားကြမယ်ထင်ပါတယ်။

photo: gal_gadot/instagram

မင်းသမီး Gal Gadot နဲ့ ဒါရိုက်တာ Patty Jenkins တို့ဟာ နောက်ထပ် ပူးပေါင်းဆောင်ရွက်မှုတစ်ခုအနေနဲ့ အီဂျစ်ဘုရင်မ Cleopatra ရဲ့ သမိုင်းကြောင်းရုပ်ရှင်ကားတစ်ခုကို ဖန်တီးထုတ်လုပ်ဖို့ရှိတယ်လို့ Variety မဂ္ဂဇင်းရဲ့ သတင်းများအရ သိရပါတယ်။ Gal Gadot နဲ့ Jenkins တို့ဟာ ၂၀၁၇ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ စူပါဟီးရိုးရုပ်ရှင် Wonder Woman နဲ့ နောက်လာမယ့် ဒုတိယကား Wonder Woman 1984 ရုပ်ရှင်ကားတို့မှာ အတူလက်တွဲခဲ့ကြဖူးသူတွေ ဖြစ်ပါတယ်။

ဒီဇာတ်ကားကိုတော့ Paramount studio က ရိုက်ကူးထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ Paramount ဟာ ဒီဇာတ်ကားကို ရိုက်ကူးဖို့ Apple ၊ Universal ၊ Warner Bros နဲ့ Netflix တို့ကို ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး နောက်ဆုံးမှ အနိုင်ရကာ ရိုက်ကူးထုတ်လုပ်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ညွှန်းပိုင်းကိုတော့ Alita: Battle Angle နဲ့  Shutter Island တို့နဲ့ နာမည်ကြီးတဲ့ ဇာတ်ညွှန်းရေးဆရာ Laeta Kalogridis က တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

photo: gal_gadot/instagram

ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ မင်းသမီး Gal Gadot ဟာ သူမရဲ့ Instagram မှာ အခုလို ပြောဆိုရေးသားထားပါတယ်။ “ရှင်တို့ ကြားသိကြတဲ့အတိုင်းပဲ ကျွန်မနဲ့ Patty Jenkins ၊ Leata Kalogridis တို့အတူ ပူးပေါင်းပြီးတော့ အီဂျစ်ဘုရင်မ Cleopatra ရဲ့ သမိုင်းကြောင်းကို အရင်က မမြင်ဖူးတဲ့ပုံစံမျိုးနဲ့ ပိတ်ကားပေါ်မှာ တင်ဆက်သွားမှာ ဖြစ်ပါတယ်။ Cleopatra ရဲ့အကြောင်းကို အမျိုးသမီးတွေရဲ့အမြင်နဲ့ ပထမဆုံးတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ပြီးတော့ ဒီအကြောင်းကို နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ကြေညာလိုက်ရတဲ့အတွက်လည်း တကယ်ကို စိတ်လှုပ်ရှားပါတယ် …” လို့ Gal က ဆိုထားပါတယ်။

ဒါ့အပြင် မင်းသမီး Gal Gadot ဟာ မကြာခင် ထွက်ရှိလာမယ့် လျှိူ့ဝှက်ဆန်းကြယ် မှုခင်းရုပ်ရှင်တစ်ခုဖြစ်တဲ့ Death on the Nile မှာလည်း အခြားသရုပ်ဆောင်များစွာနဲ့အတူ ပါဝင်ထားပါသေးတယ်။

C 21

Source: indian express

(Zawgyi version)

ျမန္မာပရိသတ္ေတြၾကားမွာ ၿပဳံးအလွပိုင္ရွင္အျဖစ္ ပုရိသေတြ အသည္းစြဲၾကတဲ့ မင္းသမီးေခ်ာ Gal Gadot ကို ရာဇဝင္ထဲက ဘုရင္မတစ္ပါးအျဖစ္ ျမင္ေတြ႕ၾကရေတာ့မွာ ျဖစ္ပါတယ္။

အီဂ်စ္ဘုရင္မ Cleopatra ဟာ Ptolemaic နန္းဆက္မွာ ေနာက္ဆုံးအုပ္ခ်ဳပ္သူ ျဖစ္ပါတယ္။ သူမဟာ ေရာမဧကရာဇ္ Julius Caesar နဲ႔ ခ်စ္ႀကိဳက္ခဲ့ၿပီး ေနာက္ပိုင္းမွာ Caesar ရဲ႕ ဗိုလ္ခ်ဳပ္ Mark Antony နဲ႔ လက္ထပ္ခဲ့ပါတယ္။ ရာဇဝင္ထဲက ဘုရင္မ Cleopatra အေၾကာင္းကိုေတာ့ ႐ုပ္ရွင္ဇာတ္လမ္းေတြထဲမွာ ပုံစံအမ်ိဳးမ်ိဳးနဲ႔ ေတြ႕ဖူးၾကမွာပါ။

႐ုပ္ရွင္ထဲမွာဆိုရင္ေတာ့ ေခတ္ေဟာင္းမင္းသမီးမ်ားျဖစ္ၾကတဲ့ Claudette Colbert နဲ႔ Elizabeth Taylor တို႔ရဲ႕ တင္ဆက္မႈေတြဟာ လူသိမ်ားၿပီး နာမည္ႀကီးခဲ့ပါတယ္။ ဒါ့အျပင္ ၂၀၀၅ခုႏွစ္တုန္းက HBO ႐ုပ္သံစီးရီးျဖစ္တဲ့ Rome မွာလည္း မင္းသမီး Lyndsey Marshal က Cleopatra အျဖစ္ သ႐ုပ္ေဆာင္ထားပါေသးတယ္။ ယခု ေနာက္ထပ္ ထြက္ရွိလာေတာ့မယ့္ Cleopatra ႐ုပ္ရွင္ဇာတ္ကားမွာ သ႐ုပ္ေဆာင္သြားမယ့္ မင္းသမီးေခ်ာေလးကိုေတာ့ ပရိသတ္မ်ားစိတ္ဝင္စားၾကမယ္ထင္ပါတယ္။

photo: gal_gadot/instagram

မင္းသမီး Gal Gadot နဲ႔ ဒါ႐ိုက္တာ Patty Jenkins တို႔ဟာ ေနာက္ထပ္ ပူးေပါင္းေဆာင္႐ြက္မႈတစ္ခုအေနနဲ႔ အီဂ်စ္ဘုရင္မ Cleopatra ရဲ႕ သမိုင္းေၾကာင္း႐ုပ္ရွင္ကားတစ္ခုကို ဖန္တီးထုတ္လုပ္ဖို႔ရွိတယ္လို႔ Variety မဂၢဇင္းရဲ႕ သတင္းမ်ားအရ သိရပါတယ္။ Gal Gadot နဲ႔ Jenkins တို႔ဟာ ၂၀၁၇ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ စူပါဟီး႐ိုး႐ုပ္ရွင္ Wonder Woman နဲ႔ ေနာက္လာမယ့္ ဒုတိယကား Wonder Woman 1984 ႐ုပ္ရွင္ကားတို႔မွာ အတူလက္တြဲခဲ့ၾကဖူးသူေတြ ျဖစ္ပါတယ္။

ဒီဇာတ္ကားကိုေတာ့ Paramount studio က ႐ိုက္ကူးထုတ္လုပ္သြားမွာ ျဖစ္ပါတယ္။ Paramount ဟာ ဒီဇာတ္ကားကို ႐ိုက္ကူးဖို႔ Apple ၊ Universal ၊ Warner Bros နဲ႔ Netflix တို႔ကို ယွဥ္ၿပိဳင္ခဲ့ရတာျဖစ္ၿပီး ေနာက္ဆုံးမွ အႏိုင္ရကာ ႐ိုက္ကူးထုတ္လုပ္ခြင့္ ရရွိခဲ့တာ ျဖစ္ပါတယ္။ ဇာတ္ၫႊန္းပိုင္းကိုေတာ့ Alita: Battle Angle နဲ႔  Shutter Island တို႔နဲ႔ နာမည္ႀကီးတဲ့ ဇာတ္ၫႊန္းေရးဆရာ Laeta Kalogridis က တာဝန္ယူသြားမွာ ျဖစ္ပါတယ္။

photo: gal_gadot/instagram

ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီးေတာ့ မင္းသမီး Gal Gadot ဟာ သူမရဲ႕ Instagram မွာ အခုလို ေျပာဆိုေရးသားထားပါတယ္။ “ရွင္တို႔ ၾကားသိၾကတဲ့အတိုင္းပဲ ကြၽန္မနဲ႔ Patty Jenkins ၊ Leata Kalogridis တို႔အတူ ပူးေပါင္းၿပီးေတာ့ အီဂ်စ္ဘုရင္မ Cleopatra ရဲ႕ သမိုင္းေၾကာင္းကို အရင္က မျမင္ဖူးတဲ့ပုံစံမ်ိဳးနဲ႔ ပိတ္ကားေပၚမွာ တင္ဆက္သြားမွာ ျဖစ္ပါတယ္။ Cleopatra ရဲ႕အေၾကာင္းကို အမ်ိဳးသမီးေတြရဲ႕အျမင္နဲ႔ ပထမဆုံးတင္ဆက္သြားမွာ ျဖစ္ပါတယ္။ ၿပီးေတာ့ ဒီအေၾကာင္းကို ႏိုင္ငံတကာ အမ်ိဳးသမီးမ်ားေန႔မွာ ေၾကညာလိုက္ရတဲ့အတြက္လည္း တကယ္ကို စိတ္လႈပ္ရွားပါတယ္ …” လို႔ Gal က ဆိုထားပါတယ္။

ဒါ့အျပင္ မင္းသမီး Gal Gadot ဟာ မၾကာခင္ ထြက္ရွိလာမယ့္ လွ်ိဴ႕ဝွက္ဆန္းၾကယ္ မႈခင္း႐ုပ္ရွင္တစ္ခုျဖစ္တဲ့ Death on the Nile မွာလည္း အျခားသ႐ုပ္ေဆာင္မ်ားစြာနဲ႔အတူ ပါဝင္ထားပါေသးတယ္။

C 21

Source: indian express

RELATED ARTICLES

Most Popular