HomeCelebs Update NewsJustice League ရိုက်ကွင်းပေါ်မှာ ဒါရိုက်တာ Joss Whedon နဲ့ ပြဿနာဖြစ်ခဲ့တဲ့ Gal Gadot

Justice League ရိုက်ကွင်းပေါ်မှာ ဒါရိုက်တာ Joss Whedon နဲ့ ပြဿနာဖြစ်ခဲ့တဲ့ Gal Gadot

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Justice League ရိုက်ကွင်းပေါ်မှာ ဒါရိုက်တာ Joss Whedon နဲ့ ပြဿနာလေးတွေ ရှိခဲ့ပါတယ် ဆိုပြီးတော့ Gal Gadot ကိုယ်တိုင်က ပြောခဲ့ပါတယ်။ အရင်က Marvel ရုပ်ရှင်တွေကို ရိုက်ကူးခဲ့သူ Joss ဟာ Justice League မှာတော့ Zack Snyder က ထွက်ခွာသွားတာကြောင့် အစားထိုးဝင်ရောက်ခဲ့ပါတယ်။ သိပ်မကြာခင်တုန်းကပဲ Cyborg နေရာမှာ သရုပ်ဆောင်ခဲ့သူ Ray Fisher ဟာ Joss ကို ရိုက်ကွင်းပေါ်မှာ လူမျိူးရေးခွဲခြားပြီး တန်းတူမဆက်ဆံခဲ့ပါဘူးလို့ စွပ်စွဲခဲ့ပါတယ်။

ဒါ့အပြင် Ray Fisher ဟာ ကောမစ်စာအုပ် ရေးသားသူဖြစ်တဲ့ Geoff Johns နဲ့ ထုတ်လုပ်သူ Jon Berg တို့က အဲ့ဒီအချိန်မှာ ရှိနေပေမယ့်လည်း ဘာမှမလုပ်ခဲ့ကြဘဲ Joss ကိုတောင် မြှောက်ပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ အဲ့ဒီအချက်တွေကို ဖြေရှင်းဖို့အတွက် Warner Bros ကလည်း စုံစမ်းရေးတွေကို လနဲ့ချီပြီး ပြုလုပ်ခဲ့ပါတယ်။ အခုချိန်မှာတော့ Gal Gadot ကလည်း ရိုက်ကွင်းပေါ်မှာ Joss နဲ့ ပြဿနာလေးတွေ ရှိခဲ့ပါတယ်လို့ ပြောခဲ့ပါတယ်။

photo via gal_gadot/instagram

Gal Gadot ဟာ The Los Angeles Times သတင်းဌာနနဲ့ အင်တာဗျူး လုပ်ခဲ့တဲ့အချိန်မှာတော့ သူမကိုယ်တိုင်ဟာ ရိုက်ကွင်းပေါ်မှာ Joss နဲ့ ပြဿနာ ဖြစ်ခဲ့ဖူးတယ်လို့ ပြောပြခဲ့ပါတယ်။ ဒါပေမယ့်လည်း Ray Fisher နဲ့ မတူတဲ့အချက်ကတော့ သူမဟာ ပြဿနာ ဖြစ်ဖြစ်ချင်းမှာ အထက်လူကြီးတွေကို သွားပြောခဲ့တာကြောင့် အဲ့ဒီပြဿနာဟာ ပြီးဆုံးသွားခဲ့ပါတယ်။ ဒါ့အပြင် သူတို့တွေဟာ Joss ကို အရေးယူခဲ့ပြီး အဲ့ဒီအချက်ကိုလည်း သူမဟာ ကျေနပ်ခဲ့ပါတယ်။ Ray Fisher နဲ့ Joss နဲ့ ပြဿနာဖြစ်ကြတဲ့ အချိန်မှာတော့ သူမဟာ ရိုက်ကွင်းပေါ်မှာ မရှိတာကြောင့် ဘာတွေဖြစ်သွားလည်း ဆိုတာကို သေချာတော့ မပြောနိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် Ray Fisher ဟာ အဲ့ဒီအဖြစ်အပျက်တွေကို အားလုံးသိအောင် ပြောပြခဲ့တဲ့အတွက် ဝမ်းသာပါတယ် ဆိုပြီးတော့ ပြောခဲ့ပါတယ်။

photo via gal_gadot/instagram

Gal Gadot ပြောခဲ့တဲ့ စကားအပြည့်အစုံကတော့ ” Ray ဟာ အခုလိုမျိူး အမှန်တရားကို ပြောခဲ့တာကြောင့် ကျွန်မ ဝမ်းသာပါတယ်။ Joss နဲ့ သူတို့တွေ ရိုက်ကူးနေတဲ့အချိန်မှာတော့ ကျွန်မ ရှိမနေခဲ့ပါဘူး။ ကျွန်မမှာလည်း Joss နဲ့ ပတ်သက်ပြီး ကိုယ်ပိုင်အတွေ့အကြုံတွေ ရှိပါတယ်။ အထူးသဖြင့် အကောင်းဆုံး မဟုတ်ခဲ့တဲ့ အတွေ့အကြုံတွေပေါ့။ ဒါပေမယ့်လည်း အဲ့လိုဖြစ်ဖြစ်ချင်းမှာပဲ အထက်လူကြီးတွေကို သွားပြောခဲ့တာကြောင့် သူတို့တွေက ဖြေရှင်းပေးလိုက်ပါတယ်။ ဒါ့အပြင် အခုလိုမျိူး Ray ဟာ အမှန်တရားတွေ အားလုံးကို ပြောပြခဲ့လို့ ဝမ်းသာပါတယ် ” ဆိုပြီးတော့ ပြောပြခဲ့ပါတယ်။

photo via gal_gadot/instagram

Gal Gadot ဟာ Justice League အဖွဲ့ဝင်ထဲက Joss Whedon နဲ့ ပတ်သက်တဲ့ အမှန်တရားတွေိကို ပြောပြခဲ့တဲ့ တတိယမြောက်သူပဲ ဖြစ်ပါတယ်။ ပထမဆုံးကတော့ Ray Fisher ဖြစ်ပြီး Joss ကို ရိုက်ကွင်းပေါ်မှာ ခွဲခြားဆက်ဆံမှုတွေနဲ့ လူမျိူးရေးခွဲခြားမှုတွေ ပြုလုပ်ပါတယ် ဆိုပြီးတော့ ပြောခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Aquaman နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Jason Momoa ကလည်း Ray ရဲ့ ဘက်က ပါဝင်ပြောခဲ့ပြီး သူကိုယ်တိုင်ကလည်း ခွဲခြားဆက်ဆံခံခဲ့ရပါတယ်လို့ ပြောခဲ့ပါတယ်။ အခုချိန်မှာတော့ Gal Gadot ကလည်း အမှန်တရားတွေကို ပြောဆိုလာပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှမပြောကြတာကတော့ Henry Cavill ၊ Ezra Miller နဲ့ Ben Affleck တို့ပဲ ကျန်ပါတော့တယ်။

Legos

Source : Screenrant

(Zawgyi Version)

Justice League ႐ိုက္ကြင္းေပၚမွာ ဒါ႐ိုက္တာ Joss Whedon နဲ႔ ျပႆနာေလးေတြ ရွိခဲ့ပါတယ္ ဆိုၿပီးေတာ့ Gal Gadot ကိုယ္တိုင္က ေျပာခဲ့ပါတယ္။ အရင္က Marvel ႐ုပ္ရွင္ေတြကို ႐ိုက္ကူးခဲ့သူ Joss ဟာ Justice League မွာေတာ့ Zack Snyder က ထြက္ခြာသြားတာေၾကာင့္ အစားထိုးဝင္ေရာက္ခဲ့ပါတယ္။ သိပ္မၾကာခင္တုန္းကပဲ Cyborg ေနရာမွာ သ႐ုပ္ေဆာင္ခဲ့သူ Ray Fisher ဟာ Joss ကို ႐ိုက္ကြင္းေပၚမွာ လူမ်ိဴးေရးခြဲျခားၿပီး တန္းတူမဆက္ဆံခဲ့ပါဘူးလို႔ စြပ္စြဲခဲ့ပါတယ္။

ဒါ့အျပင္ Ray Fisher ဟာ ေကာမစ္စာအုပ္ ေရးသားသူျဖစ္တဲ့ Geoff Johns နဲ႔ ထုတ္လုပ္သူ Jon Berg တို႔က အဲ့ဒီအခ်ိန္မွာ ရွိေနေပမယ့္လည္း ဘာမွမလုပ္ခဲ့ၾကဘဲ Joss ကိုေတာင္ ေျမႇာက္ေပးခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။ အဲ့ဒီအခ်က္ေတြကို ေျဖရွင္းဖို႔အတြက္ Warner Bros ကလည္း စုံစမ္းေရးေတြကို လနဲ႔ခ်ီၿပီး ျပဳလုပ္ခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ Gal Gadot ကလည္း ႐ိုက္ကြင္းေပၚမွာ Joss နဲ႔ ျပႆနာေလးေတြ ရွိခဲ့ပါတယ္လို႔ ေျပာခဲ့ပါတယ္။

photo via gal_gadot/instagram

Gal Gadot ဟာ The Los Angeles Times သတင္းဌာနနဲ႔ အင္တာဗ်ဴး လုပ္ခဲ့တဲ့အခ်ိန္မွာေတာ့ သူမကိုယ္တိုင္ဟာ ႐ိုက္ကြင္းေပၚမွာ Joss နဲ႔ ျပႆနာ ျဖစ္ခဲ့ဖူးတယ္လို႔ ေျပာျပခဲ့ပါတယ္။ ဒါေပမယ့္လည္း Ray Fisher နဲ႔ မတူတဲ့အခ်က္ကေတာ့ သူမဟာ ျပႆနာ ျဖစ္ျဖစ္ခ်င္းမွာ အထက္လူႀကီးေတြကို သြားေျပာခဲ့တာေၾကာင့္ အဲ့ဒီျပႆနာဟာ ၿပီးဆုံးသြားခဲ့ပါတယ္။ ဒါ့အျပင္ သူတို႔ေတြဟာ Joss ကို အေရးယူခဲ့ၿပီး အဲ့ဒီအခ်က္ကိုလည္း သူမဟာ ေက်နပ္ခဲ့ပါတယ္။ Ray Fisher နဲ႔ Joss နဲ႔ ျပႆနာျဖစ္ၾကတဲ့ အခ်ိန္မွာေတာ့ သူမဟာ ႐ိုက္ကြင္းေပၚမွာ မရွိတာေၾကာင့္ ဘာေတြျဖစ္သြားလည္း ဆိုတာကို ေသခ်ာေတာ့ မေျပာႏိုင္ပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ Ray Fisher ဟာ အဲ့ဒီအျဖစ္အပ်က္ေတြကို အားလုံးသိေအာင္ ေျပာျပခဲ့တဲ့အတြက္ ဝမ္းသာပါတယ္ ဆိုၿပီးေတာ့ ေျပာခဲ့ပါတယ္။

photo via gal_gadot/instagram

Gal Gadot ေျပာခဲ့တဲ့ စကားအျပည့္အစုံကေတာ့ ” Ray ဟာ အခုလိုမ်ိဴး အမွန္တရားကို ေျပာခဲ့တာေၾကာင့္ ကြၽန္မ ဝမ္းသာပါတယ္။ Joss နဲ႔ သူတို႔ေတြ ႐ိုက္ကူးေနတဲ့အခ်ိန္မွာေတာ့ ကြၽန္မ ရွိမေနခဲ့ပါဘူး။ ကြၽန္မမွာလည္း Joss နဲ႔ ပတ္သက္ၿပီး ကိုယ္ပိုင္အေတြ႕အႀကဳံေတြ ရွိပါတယ္။ အထူးသျဖင့္ အေကာင္းဆုံး မဟုတ္ခဲ့တဲ့ အေတြ႕အႀကဳံေတြေပါ့။ ဒါေပမယ့္လည္း အဲ့လိုျဖစ္ျဖစ္ခ်င္းမွာပဲ အထက္လူႀကီးေတြကို သြားေျပာခဲ့တာေၾကာင့္ သူတို႔ေတြက ေျဖရွင္းေပးလိုက္ပါတယ္။ ဒါ့အျပင္ အခုလိုမ်ိဴး Ray ဟာ အမွန္တရားေတြ အားလုံးကို ေျပာျပခဲ့လို႔ ဝမ္းသာပါတယ္ ” ဆိုၿပီးေတာ့ ေျပာျပခဲ့ပါတယ္။

photo via gal_gadot/instagram

Gal Gadot ဟာ Justice League အဖြဲ႕ဝင္ထဲက Joss Whedon နဲ႔ ပတ္သက္တဲ့ အမွန္တရားေတြိကို ေျပာျပခဲ့တဲ့ တတိယေျမာက္သူပဲ ျဖစ္ပါတယ္။ ပထမဆုံးကေတာ့ Ray Fisher ျဖစ္ၿပီး Joss ကို ႐ိုက္ကြင္းေပၚမွာ ခြဲျခားဆက္ဆံမႈေတြနဲ႔ လူမ်ိဴးေရးခြဲျခားမႈေတြ ျပဳလုပ္ပါတယ္ ဆိုၿပီးေတာ့ ေျပာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Aquaman ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ Jason Momoa ကလည္း Ray ရဲ႕ ဘက္က ပါဝင္ေျပာခဲ့ၿပီး သူကိုယ္တိုင္ကလည္း ခြဲျခားဆက္ဆံခံခဲ့ရပါတယ္လို႔ ေျပာခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ Gal Gadot ကလည္း အမွန္တရားေတြကို ေျပာဆိုလာၿပီးေတာ့ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ဘာမွမေျပာၾကတာကေတာ့ Henry Cavill ၊ Ezra Miller နဲ႔ Ben Affleck တို႔ပဲ က်န္ပါေတာ့တယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular