HomeCelebs Update NewsInternationalGame of Thrones ဇာတ်လမ်းတွဲအပြီးမှာ ပိုမိုအောင်မြင်လာကြတဲ့ သရုပ်ဆောင်များ

Game of Thrones ဇာတ်လမ်းတွဲအပြီးမှာ ပိုမိုအောင်မြင်လာကြတဲ့ သရုပ်ဆောင်များ

Game of Thrones ဇာတ်လမ်းတွဲကတော့ ၂၀၁၁ ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ဇာတ်သိမ်းသွားခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ကမ္ဘာကျော်ခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပြီး အကောင်းဆုံး ဇာတ်လမ်းတွဲတွေထဲက တစ်ခုလို့တောင် သတ်မှတ်ထားကြပါတယ်။ ဒီလိုမျိူး အောင်မြင်မှုတွေများစွာ ရရှိထားတဲ့ ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ သရုပ်ဆောင်တွေကလည်း ပိုမိုနာမည်ကြီးလာကြပါတယ်။

Robert Aramayo

photo via screenrant

သရုပ်ဆောင်တွေဟာ Fantasy ဇာတ်လမ်းတစ်ခုကနေ တစ်ခု ပြောင်းလဲသရုပ်ဆောင်ကြလေ့ ရှိပါတယ်။ ဥပမာ ပြောရရင် Sean Bean ဟာ The Lord of the Rings ထဲမှာ Boromir အဖြစ် ပါဝင်ခဲ့ပြီး Game of Thrones ထဲမှာလည်း Ned Stark အနေနဲ့ ပါဝင်ခဲ့ပါတယ်။ Robert Aramayo ကတော့ Game of Thrones ထဲမှာ Ned Stark ငယ်ဘဝအနေနဲ့ ခဏတာ သရုပ်ဆောင်ခဲ့ပြီး ယခုအချိန်မှာတော့ The Lord of the Rings: The Rings of Power ထဲမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ Elrond အနေနဲ့ ထပ်မံပါဝင်ထားပါတယ်။

Nathalie Emmanuel

photo via screenrant

Missandei အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး GOT ပြီးဆုံးသွားတဲ့ အချိန်မှာတော့ နာမည်ကြီးရုပ်ရှင်တွေမှာ ဆက်လက်ပါဝင်လာခဲ့ပါတယ်။ သူမဟာ GOT မှာ သရုပ်ဆောင်နေရင်း Fast and Furious Franchise ထဲမှာ ပါဝင်ခဲ့သလို GOT ပြီးဆုံးသွားတဲ့ အချိန်မှာတော့ Army of Thieves နဲ့ The Invitation တို့မှာ အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ဖန်တီးနေဆဲ ဖြစ်တဲ့ Megalopolis ဆိုတဲ့ ရုပ်ရှင်မှာလည်း ပါဝင်သွားဦးမယ်လို့ သိရပါတယ်။

Joseph Quinn

photo via screenrant

Joseph Quinn ကတော့ Stranger Things Season 4 ထဲမှာ Eddie အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး Season 4 ရဲ့ လူကြိုက်အများဆုံး ဇာတ်ကောင်တွေထဲမှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေ အများစုဟာ Joseph Quinn ဟာ Game of Thrones ဇာတ်လမ်းတွဲထဲမှာ ပါဝင်ခဲ့ဖူးတာကို မသိကြပါဘူး။ အကြောင်းကတော့ သူဟာ GOT ထဲမှာ အရံလောက်သာ ပါဝင်ခဲ့ပြီး Winterfell ရဲ့ အစောင့်အနေနဲ့ ခဏတာ ပါဝင်ခဲ့တာကြောင့် ဖြစ်ပါတယ်။

Hannah Waddingham

photo via screenrant

Hannah Waddingham ကတော့ GOT ထဲမှာ Septa Unella အနေနဲ့ ပါဝင်ခဲ့ပါတယ်။ သူမဟာ Season 5 ထဲမှာ Cersei ကို Walk of Shame ပြုလုပ်စေခဲ့သူလည်း ဖြစ်ပါတယ်။ သူမကတော့ GOT ထဲမှာ ပါဝင်အပြီးမှာတော့ နာမည်ကြီး ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Ted Lasso ထဲမှာ Rebecca အနေနဲ့ ထပ်မံပါဝင်ခဲ့ပြီး ဒီဇာတ်လမ်းတွဲနဲ့ပဲ Primetime Emmy ဆုကိုတောင် ရရှိခဲ့ပါတယ်။

Jessica Henwick

photo via screenrant

Jessica Henwick ကတော့ GOT ထဲမှာ Nymeria Sand အနေနဲ့ ပါဝင်ခဲ့ပြီးနောက်မှာတော့ တဖြည်းဖြည်း နာမည်ကြီးလာခဲ့ပါတယ်။ သူမဟာ GOT ထဲမှာ ပါဝင်ခဲ့ဖူးတဲ့ Finn Jones နဲ့အတူ Iron Fist နဲ့ The Defenders ဇာတ်လမ်းတွဲတို့မှာ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် The Matrix Resurrections နဲ့ The Gray Man တို့မှာ ပါဝင်ခဲ့သလို Knives Out 2 ထဲမှာလည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

Gwendoline Christie

photo via screenrant

Gwendoline Christie ရဲ့ Brienne ဇာတ်ကောင်ကတော့ GOT ထဲက အမှတ်ရစရာဇာတ်ကောင် တစ်ယောက် ဖြစ်ပါတယ်။ သူမဟာလည်း GOT အပြီးမှာ အတော်လေး အောင်မြင်လာခဲ့ပြီး Star Wars Prequel တွေထဲမှာ Captain Phasma အဖြစ် ပါဝင်ခဲ့ပါတယ်။ မကြာသေးခင်က ထွက်ရှိခဲ့တဲ့ The Sandman ဇာတ်လမ်းတွဲနဲ့ Wednesday ဇာတ်လမ်းတွဲတို့မှာလည်း ထပ်မံပါဝင်ခဲ့ပါသေးတယ်။

Emilia Clarke

photo via screenrant

Daenerys အဖြစ် လူသိများကြတဲ့ Emilia Clarke ကတော့ ဒီဇာတ်လမ်းတွဲထဲက အအောင်မြင်ဆုံး သရုပ်ဆောင်တစ်ယောက်လို့တောင် ပြောလို့ရပါတယ်။ Emilia Clarke ကလည်း Gwendoline Christie လိုပဲ Star Wars ထဲမှာ ပါဝင်ခဲ့သလို အသစ်ထွက်လာမယ့် MCU ရဲ့ Secret Invasion ထဲမှာလည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

Richard Madden နဲ့ Kit Harrington

photo via screenrant

Richard နဲ့ Kit တို့ နှစ်ယောက်ဟာ GOT ထဲမှာ ညီအစ်ကိုတွေအဖြစ် သရုပ်ဆောင်ထားပြီး သူတို့နှစ်ယောက်လုံးဟာ GOT ရဲ့ အဓိကဇာတ်ကောင်တွေ ဖြစ်ကြပါတယ်။ Richard ကတော့ GOT အပြီးမှာ Bodyguard ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ပြီး Rocketman ရုပ်ရှင်ထဲမှာလည်း အဓိကနေရာက ပါဝင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ MCU ရဲ့ Eternals ရုပ်ရှင်ထဲမှာတော့ သူတို့နှစ်ယောက်လုံး ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Pedro Pascal

photo via screenrant

Pedro Pascal ကတော့ GOT ရဲ့ Season တစ်ခုတည်းမှာသာ ပါဝင်ခဲ့ပေမယ့်လည်း ပရိသတ်တွေကြားမှာတော့ သူ့ရဲ့ဇာတ်ကောင်ဟာ အမှတ်တရ ကျန်ရစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ Narcos ဇာတ်လမ်းတွဲနဲ့ The Mandalorian ဇာတ်လမ်းတွဲတို့မှာ ပါဝင်ခဲ့ပြီး အသစ်ထွက်လာမယ့် HBO ရဲ့ The Last of Us ထဲမှာလည်း ပါဝင်ထားပါသေးတယ်။ ဒါ့အပြင် Pedro Pascal ဟာ Wonder Woman 1984 ထဲမှာ အဓိကဗီလိန်အနေနဲ့ ပါဝင်ခဲ့ပါသေးတယ်။

Jason Momoa

photo via screenrant

Jason Momoa ကတော့ Khal Drogo အနေနဲ့ Season 1 ထဲမှာသာ ပါဝင်ခဲ့ပြီး သူ့ရဲ့ဇာတ်ကောင်ဟာ ပရိသတ်တွေကြားမှာ အလွန်ရေပန်းစားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ DCU ရဲ့ Aquaman ဖြစ်လာခဲ့ပါတယ်။ ယခုအချိန်မှာတော့ Jason Momoa ဟာ Dune ရုပ်ရှင်ထဲမှာ ပါဝင်ထားသလို See ဇာတ်လမ်းတွဲထဲမှာလည်း ပါဝင်ခဲ့ပါသေးတယ်။ ဒါ့အပြင် အသစ်ထွက်လာမယ့် Fast X ထဲမှာလည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular