HomeCelebs Update NewsInternationalဒေါ်လာ(၃၅)သန်းတန်ကြော်ငြာတစ်ခုကို ငြင်းပယ်ခဲ့တဲ့ George Clooney 

ဒေါ်လာ(၃၅)သန်းတန်ကြော်ငြာတစ်ခုကို ငြင်းပယ်ခဲ့တဲ့ George Clooney 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော်မင်းသားကြီး George Clooney ကတော့ သူ့ကို ကမ်းလှမ်းလာတဲ့အလုပ်တွေကို ဘယ်လိုရွေးချယ်လေ့ရှိတဲ့အကြောင်းနဲ့ တစ်ရက်တည်း ရိုက်ပေးပြီး ဒေါ်လာ(၃၅)သန်း ရရှိမယ့် ကြော်ငြာတစ်ခုကိုလည်း အကြောင်းတစ်ခုကြောင့် ငြင်းပယ်ခဲ့တယ်လို့ ပြောပြလာပါတယ်။

အသက်(၆၀)နှစ်အရွယ် ရှိပြီဖြစ်တဲ့ George ဟာ မကြာသေးခင်ကပဲ သူ့ရဲ့ ရုပ်ရှင်အသစ် The Tender Bar အတွက် The Guardian သတင်းစာနဲ့ အင်တာဗျူး ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အင်တာဗျူးမှာတော့ ယခုရောက်ရှိနေတဲ့ အသက်အရွယ်၊ အနေအထားနဲ့ ငွေကြေးဥစ္စာ လုံလုံလောက်လောက် ရှိပြီလို့ ထင်ပါသလားဆိုတဲ့ မေးခွန်းတစ်ခုကို The Guardian က မေးမြန်းခဲ့ပါတယ်။

ဒီမေးခွန်းနဲ့ ပတ်သက်ပြီး George ကတော့ “လုံလောက်ပြီလို့ ထင်တာပေါ့ဗျ။ ဟိုတလောလေးက လေကြောင်းလိုင်းကြော်ငြာတစ်ခုအတွက် တစ်ရက်တည်း ရိုက်ပေးရမယ်။ ဒေါ်လာ(၃၅)သန်း ရမယ်လို့ ကျုပ်ကို ကမ်းလှမ်းလာသေးတယ်။ ဒါပေမယ့် Amal နဲ့ တိုင်ပင်ကြည့်ပြီးတော့ မတန်ဘူးထင်လို့ မလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်လေ … ” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

Photo: george_clooney_page/ Instagram

“အဲဒီလေကြောင်းလိုင်းက နိုင်ငံတစ်ခုနဲ့ ပတ်သက်နေတယ်ဗျ။ ကျုပ်တို့တိုင်းပြည်နဲ့ မဟာမိတ်ဆိုပေမယ့် အဲဒီအချိန်တုန်းကတော့ မေးခွန်းထုတ်စရာတချို့ ဖြစ်နေတဲ့အချိန်ပေါ့။ အဲဒါနဲ့ ကျုပ်လည်း အိပ်ရေးပျက်ရမယ်ဆိုရင် မတန်ဘူးလို့ တွေးပြီး မလုပ်တော့တာပဲ … ” လို့ George က ဆိုပါတယ်။

George ဟာ သူ့ရဲ့ အသက်(၄၃)နှစ်အရွယ် ဇနီးဖြစ်သူ Amal နဲ့ (၄)နှစ်အရွယ် အမွှာကလေးနှစ်ယောက်ကို ထွန်းကားထားပါတယ်။ ဒါကြောင့်ပဲ ပြီးခဲ့တဲ့ နှစ်အနည်းငယ်ပိုင်းက စတင်လို့ သရုပ်ဆောင်ပိုင်းမှာ အလုပ်တွေ လျှော့လာတာ ဖြစ်ပါတယ်။

“အဲဒီကြော်ငြာကလည်း ခြုံငုံကြည့်လိုက်ရင် သိပ်ကောင်းတဲ့ အနေအထားတော့ မဟုတ်ပါဘူး။ ကြည့်လေ … ကျုပ်က အဲ့ထဲမှာ သရုပ်ဆောင်စရာမှ မလိုတာ။ ဒီနှစ်နွေရာသီမှာ ကျုပ်အသက်(၆၀)ပြည့်သွားတော့ မိန်းမနဲ့ ပြောထားတာ ရှိတယ်။ ကျုပ်ပြောထားတာက ကျုပ်အနေနဲ့ တော်တော်လေး လုပ်နိုင်ကိုင်နိုင်သေးတယ် … ”

Photo: george_clooney_page/ Instagram

“ပြီးတော့ ကျုပ်တို့နှစ်ယောက်စလုံးကလည်း ကိုယ်လုပ်နေတာတွေကို ကိုယ်ကြိုက်ကြတယ်။ ဒါပေမယ့် ကျုပ်တို့ ကိုယ့်ကိုယ်ကို မိုက်မဲရာမကျအောင်တော့ သတိထားမှ ဖြစ်မယ်။ အဲဒါမှ ကျုပ်တို့ ကိုယ့်ဘဝကိုယ်လည်း ပျော်ပျော်နေထိုင်နိုင်မယ်လေ … ” လို့ George က ကြော်ငြာကို ငြင်းရတဲ့အကြောင်းနဲ့ သူတို့ရဲ့ အလုပ်နဲ့ ကိုယ်ပိုင်ဘဝကို မျှတအောင် နေထိုင်နိုင်ဖို့ ကြိုးစားနေကြောင်း ပြောထားပါတယ်။

ဒါ့အပြင် ယခုလအစောပိုင်းက WTF with Marc Maron podcast မှာ အင်တာဗျူးလုပ်ခဲ့တုန်းကလည်း အသက်ကြီးပြီဖြစ်တဲ့ ဖခင်တစ်ယောက်အနေနဲ့ ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်တယ်ဆိုတာနဲ့ အလုပ်နဲ့ ဘဝကြားမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ ကြိုးစားနေကြောင်း ပြောသွားပါသေးတယ်။

“ကျုပ်တို့ နှစ်ယောက်လုံးက အလုပ်အရမ်းလုပ်ကြတယ်။ ကျုပ်မိန်းမဆိုရင်လည်း အလုပ်တော်တော်လေး များတယ်။ အဲဒီမှာ ကျုပ်ပြောထားတာက ကျုပ်တို့အနေနဲ့ အလုပ်မလုပ်ဘူး မဟုတ်ဘူး။ လုပ်ရမယ်။ အလုပ်မရှိရင် လူက သေသွားတာနဲ့ အတူတူပဲ။ ဒါပေမယ့် တချိန်လုံး ကွန်ပျူတာရှေ့မှာ ထိုင်နေရတာမျိုး၊ တစ်နေရာပြီး တစ်နေရာ သွားနေရတာမျိုးတွေ အမြဲတမ်း ဖြစ်မနေဖို့ကိုတော့ သတိထားရမှာပေါ့ဗျာ … ”

Photo: george_clooney_page/ Instagram

“(၆၀)ဆိုတာ တကယ်တော့ ဂဏန်းတစ်ခုပါပဲ။ ရုပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တာတွေ ကျုပ်အကုန် လုပ်ခဲ့ပြီးပြီဗျာ။ ခန္ဓာကိုယ်ဆိုရင်လည်း တောင့်တော့င်တင်းတင်း ဖြစ်အောင် ထိန်းထားနိုင်တုန်းပဲ။ ကိုယ့်ကိုယ်ကိုလည်း ကျန်းမာတယ်လို့ ခံစားရတုန်းပဲ … ”

“အသက်(၆၀)မှာ နတ်ဆိုးကို နည်းနည်း ထိန်းထားနိုင်သေးပေမယ့် (၈၀)ဆိုရင်တော့ မရတော့ဘူးလေ။ အဲ့ဒီအချိန်ကလည်း အခုကနေ နောက်အနှစ်(၂၀)ဆိုရင် ဖြစ်လာမှာ။ နှစ်ပေါင်း(၂၀)ဆိုတာ မျက်စိတမှိတ်လေးအတွင်းမှာ ကုန်သွားတာပဲဗျ။ ပြီးတော့ ခင်ဗျား အသက်ကြီးလာရင် အချိန်ကုန်တာက ပိုမြန်လာတယ် … ” လို့ George က ဆိုထားပါတယ်။

Glasgow

Source: people

(Zawgyi Version)

နာမည္ေက်ာ္မင္းသားႀကီး George Clooney ကေတာ့ သူ႔ကို ကမ္းလွမ္းလာတဲ့အလုပ္ေတြကို ဘယ္လိုေရြးခ်ယ္ေလ့ရွိတဲ့အေၾကာင္းနဲ႔ တစ္ရက္တည္း ရိုက္ေပးၿပီး ေဒၚလာ(၃၅)သန္း ရရွိမယ့္ ေၾကာ္ျငာတစ္ခုကိုလည္း အေၾကာင္းတစ္ခုေၾကာင့္ ျငင္းပယ္ခဲ့တယ္လို႔ ေျပာျပလာပါတယ္။

အသက္(၆၀)ႏွစ္အရြယ္ ရွိၿပီျဖစ္တဲ့ George ဟာ မၾကာေသးခင္ကပဲ သူ႔ရဲ့ ႐ုပ္ရွင္အသစ္ The Tender Bar အတြက္ The Guardian သတင္းစာနဲ႔ အင္တာဗ်ဴး ျပဳလုပ္ခဲ့ပါတယ္။ အဆိုပါ အင္တာဗ်ဴးမွာေတာ့ ယခုေရာက္ရွိေနတဲ့ အသက္အရြယ္၊ အေနအထားနဲ႔ ေငြေၾကးဥစၥာ လုံလုံေလာက္ေလာက္ ရွိၿပီလို႔ ထင္ပါသလားဆိုတဲ့ ေမးခြန္းတစ္ခုကို The Guardian က ေမးျမန္းခဲ့ပါတယ္။

ဒီေမးခြန္းနဲ႔ ပတ္သက္ၿပီး George ကေတာ့ “လုံေလာက္ၿပီလို႔ ထင္တာေပါ့ဗ်။ ဟိုတေလာေလးက ေလေၾကာင္းလိုင္းေၾကာ္ျငာတစ္ခုအတြက္ တစ္ရက္တည္း ရိုက္ေပးရမယ္။ ေဒၚလာ(၃၅)သန္း ရမယ္လို႔ က်ဳပ္ကို ကမ္းလွမ္းလာေသးတယ္။ ဒါေပမယ့္ Amal နဲ႔ တိုင္ပင္ၾကည့္ၿပီးေတာ့ မတန္ဘူးထင္လို႔ မလုပ္ဖို႔ ဆုံးျဖတ္လိုက္တယ္ေလ … ” လို႔ ျပန္လည္ ေျဖၾကားခဲ့ပါတယ္။

Photo: george_clooney_page/ Instagram

“အဲဒီေလေၾကာင္းလိုင္းက နိုင္ငံတစ္ခုနဲ႔ ပတ္သက္ေနတယ္ဗ်။ က်ဳပ္တို႔တိုင္းျပည္နဲ႔ မဟာမိတ္ဆိုေပမယ့္ အဲဒီအခ်ိန္တုန္းကေတာ့ ေမးခြန္းထုတ္စရာတခ်ိဳ႕ ျဖစ္ေနတဲ့အခ်ိန္ေပါ့။ အဲဒါနဲ႔ က်ဳပ္လည္း အိပ္ေရးပ်က္ရမယ္ဆိုရင္ မတန္ဘူးလို႔ ေတြးၿပီး မလုပ္ေတာ့တာပဲ … ” လို႔ George က ဆိုပါတယ္။

George ဟာ သူ႔ရဲ့ အသက္(၄၃)ႏွစ္အရြယ္ ဇနီးျဖစ္သူ Amal နဲ႔ (၄)ႏွစ္အရြယ္ အမႊာကေလးႏွစ္ေယာက္ကို ထြန္းကားထားပါတယ္။ ဒါေၾကာင့္ပဲ ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္ပိုင္းက စတင္လို႔ သ႐ုပ္ေဆာင္ပိုင္းမွာ အလုပ္ေတြ ေလၽွာ့လာတာ ျဖစ္ပါတယ္။

“အဲဒီေၾကာ္ျငာကလည္း ျခဳံငုံၾကည့္လိုက္ရင္ သိပ္ေကာင္းတဲ့ အေနအထားေတာ့ မဟုတ္ပါဘူး။ ၾကည့္ေလ … က်ဳပ္က အဲ့ထဲမွာ သ႐ုပ္ေဆာင္စရာမွ မလိုတာ။ ဒီႏွစ္ေႏြရာသီမွာ က်ဳပ္အသက္(၆၀)ျပည့္သြားေတာ့ မိန္းမနဲ႔ ေျပာထားတာ ရွိတယ္။ က်ဳပ္ေျပာထားတာက က်ဳပ္အေနနဲ႔ ေတာ္ေတာ္ေလး လုပ္နိုင္ကိုင္နိုင္ေသးတယ္ … ”

Photo: george_clooney_page/ Instagram

“ၿပီးေတာ့ က်ဳပ္တို႔ႏွစ္ေယာက္စလုံးကလည္း ကိုယ္လုပ္ေနတာေတြကို ကိုယ္ႀကိဳက္ၾကတယ္။ ဒါေပမယ့္ က်ဳပ္တို႔ ကိုယ့္ကိုယ္ကို မိုက္မဲရာမက်ေအာင္ေတာ့ သတိထားမွ ျဖစ္မယ္။ အဲဒါမွ က်ဳပ္တို႔ ကိုယ့္ဘဝကိုယ္လည္း ေပ်ာ္ေပ်ာ္ေနထိုင္နိုင္မယ္ေလ … ” လို႔ George က ေၾကာ္ျငာကို ျငင္းရတဲ့အေၾကာင္းနဲ႔ သူတို႔ရဲ့ အလုပ္နဲ႔ ကိုယ္ပိုင္ဘဝကို မၽွတေအာင္ ေနထိုင္နိုင္ဖို႔ ႀကိဳးစားေနေၾကာင္း ေျပာထားပါတယ္။

ဒါ့အျပင္ ယခုလအေစာပိုင္းက WTF with Marc Maron podcast မွာ အင္တာဗ်ဴးလုပ္ခဲ့တုန္းကလည္း အသက္ႀကီးၿပီျဖစ္တဲ့ ဖခင္တစ္ေယာက္အေနနဲ႔ ကေလးေတြကို ဘယ္လိုျပဳစုပ်ိဳးေထာင္တယ္ဆိုတာနဲ႔ အလုပ္နဲ႔ ဘဝၾကားမွာ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ခ်နိုင္ဖို႔ ႀကိဳးစားေနေၾကာင္း ေျပာသြားပါေသးတယ္။

“က်ဳပ္တို႔ ႏွစ္ေယာက္လုံးက အလုပ္အရမ္းလုပ္ၾကတယ္။ က်ဳပ္မိန္းမဆိုရင္လည္း အလုပ္ေတာ္ေတာ္ေလး မ်ားတယ္။ အဲဒီမွာ က်ဳပ္ေျပာထားတာက က်ဳပ္တို႔အေနနဲ႔ အလုပ္မလုပ္ဘူး မဟုတ္ဘူး။ လုပ္ရမယ္။ အလုပ္မရွိရင္ လူက ေသသြားတာနဲ႔ အတူတူပဲ။ ဒါေပမယ့္ တခ်ိန္လုံး ကြန္ပ်ဴတာေရွ႕မွာ ထိုင္ေနရတာမ်ိဳး၊ တစ္ေနရာၿပီး တစ္ေနရာ သြားေနရတာမ်ိဳးေတြ အျမဲတမ္း ျဖစ္မေနဖို႔ကိုေတာ့ သတိထားရမွာေပါ့ဗ်ာ … ”

Photo: george_clooney_page/ Instagram

“(၆၀)ဆိုတာ တကယ္ေတာ့ ဂဏန္းတစ္ခုပါပဲ။ ႐ုပ္ပိုင္းဆိုင္ရာနဲ႔ ပတ္သက္တာေတြ က်ဳပ္အကုန္ လုပ္ခဲ့ၿပီးၿပီဗ်ာ။ ခႏၶာကိုယ္ဆိုရင္လည္း ေတာင့္ေတာ့င္တင္းတင္း ျဖစ္ေအာင္ ထိန္းထားနိုင္တုန္းပဲ။ ကိုယ့္ကိုယ္ကိုလည္း က်န္းမာတယ္လို႔ ခံစားရတုန္းပဲ … ”

“အသက္(၆၀)မွာ နတ္ဆိုးကို နည္းနည္း ထိန္းထားနိုင္ေသးေပမယ့္ (၈၀)ဆိုရင္ေတာ့ မရေတာ့ဘူးေလ။ အဲ့ဒီအခ်ိန္ကလည္း အခုကေန ေနာက္အႏွစ္(၂၀)ဆိုရင္ ျဖစ္လာမွာ။ ႏွစ္ေပါင္း(၂၀)ဆိုတာ မ်က္စိတမွိတ္ေလးအတြင္းမွာ ကုန္သြားတာပဲဗ်။ ၿပီးေတာ့ ခင္ဗ်ား အသက္ႀကီးလာရင္ အခ်ိန္ကုန္တာက ပိုျမန္လာတယ္ … ” လို႔ George က ဆိုထားပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular