HomeCelebs Update NewsInternationalBatman & Robin ဇာတ်ကားမှာ တလွဲတွေလုပ်ခဲ့ကြောင်း ပြောပြလာတဲ့ George Clooney 

Batman & Robin ဇာတ်ကားမှာ တလွဲတွေလုပ်ခဲ့ကြောင်း ပြောပြလာတဲ့ George Clooney 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော်မင်းသားကြီး George Clooney ကတော့ သူဟာ စူပါဟီးရိုးဇာတ်ရုပ်တွေနဲ့ ဘယ်လိုမှ အဆင်မပြေကြောင်း ထုတ်ဖော်ပြောလာပါတယ်။

George ဟာ သူ့ရဲ့ အသစ်ထွက်ရှိလာမယ့် ရုပ်ရှင် The Tender Bar အတွက် ကျင်းပတဲ့ အထူးပွဲရဲ့  အမေးအဖြေကဏ္ဍမှာ အခုလိုပြောကြားသွားတာ ဖြစ်ပါတယ်။ အဆိုပါ အမေးအဖြေကဏ္ဍအတွင်းမှာတော့ ၁၉၉၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Batman & Robin ဇာတ်ကားထဲက သူ့ရဲ့ Batman အဖြစ် သရုပ်ဆောင်ခဲ့မှု အတွေ့အကြုံတွေကို ပြောပြသွားပါတယ်။

စီးပွားရေးအရ အဓိကထားတဲ့ blockbuster ရုပ်ရှင်တွေနဲ့ ကာရိုက်တာအပေါ်မှာ အခြေခံတဲ့ ရုပ်ရှင်တွေမှာ သရုပ်ဆောင်ရတဲ့ ကွဲပြားမှုကို မေးမြန်းတဲ့အခါ George က အခုလို ပြောပါတယ်။ “ကျုပ်ကတော့ စူပါဟီးရိုးရုပ်ရှင်မှာ တစ်ခါပဲ သရုပ်ဆောင်ဖူးပါတယ်။ ပြီးတော့ သောက်တလွဲတွေ လုပ်ပစ်လိုက်လို့ ကျုပ်ကို ရိုက်ကွင်းနားတောင် အလာမခံကြတော့ဘူးဗျ … ” လို့ ဆိုပါတယ်။

Photo via IMDb

“bat nipple ကြီးတွေနဲ့ ဝတ်စုံကြီး ကျုပ်က မဝတ်ချင်ဘူးဗျ …” လို့လည်း ဆိုပါတယ်။ ဒါ့အပြင် မနှစ်က ပြုလုပ်ခဲ့တဲ့ Howard Stern နဲ့ အင်တာဗျူးမှာလည်း Batman ဇာတ်ရုပ်မှာ စတင်သရုပ်ဆောင်တော့မယ့် မင်းသား Ben Affleck ကို suit မှာ နို့သီးတွေ မထည့်ခိုင်းဖို့ အကြံပေးခဲ့သေးတယ်လို့ ပြောပြခဲ့ပါသေးတယ်။

“ကျုပ် ပိုင်နိုင်တဲ့ ဇာတ်ကားမျိုးတွေကတော့ ကျုပ်တို့ကြီးပြင်းလာတဲ့ ၆၀၊ ၇၀ ခုနှစ်ပတ်ဝန်းကျင်လောက်က ရုပ်ရှင်အမျိုးအစားတွေပဲဗျ။ အဲဒီအချိန်လောက်က ရုပ်ရှင်တွေက ဇာတ်လမ်းကိုပဲ အဓိကထားတာလေ။ အမေရိကန်ရုပ်ရှင်လောကရဲ့ အကောင်းဆုံးအချိန်ပေါ့ … “လို့ George က ဆိုထားပါတယ်။

Photo via IMDb

ဒါဟာ မင်းသားကြီးအနေနဲ့ သူ့ရဲ့သရုပ်ဆောင်မှုကို ကိုယ်တိုင်ဝေဖန်ထိုးနှက်လိုက်တဲ့ ပထမဆုံးအကြိမ်တော့ မဟုတ်သေးပါဘူး။ ယခုလအစောပိုင်းတုန်းကလည်း သူ့ရဲ့ ဇနီးသည် Amal Clooney နဲ့ သူ့ရဲ့ ကလေးနှစ်ယောက်လုံးကို Batman & Robin ဇာတ်ကားကို ကြည့်ရှုမခွင့် မပေးဘူးလို့ ပြောထားပါသေးတယ်။

“ကျုပ်နဲ့ အဆင်မပြေတဲ့ တချို့ရုပ်ရှင်တွေ ရှိတယ်။ ကျုပ် မိန်းမကိုတော့ ကျုပ်အပေါ် လေးစားသမှု ရှိစေချင်တယ်လေ။ ခင်ဗျားရဲ့ လေးနှစ်အရွယ် ကလေးက အဲဒါတွေကို ကြည့်ပြီး … ဒါကြီးက ဆိုးဝါးလိုက်တာလို့ အပြောခံရရင် စိတ်ထဲမှာ နာကျင်ရတယ်လေဗျာ … ” လို့ သူက ရင်ဖွင့်ထားပါတယ်။

Batman & Robin ဇာတ်ကားထဲက သူ့ရဲ့ အမှားအယွင်းတွေဟာ နောက်ပိုင်း သူ့ရဲ့ career ကိုပါ ဆုံးဖြတ်ချက်ကောင်းတွေ ချမှတ်နိုင်ဖို့ ကူညီပေးခဲ့တယ်လို့ ၂၀၁၉ ခုနှစ်တုန်းကလည်း ပြောခဲ့ပါသေးတယ်။

Photo: george_clooney_page/ Instagram

“အဲဒီကားမှာတုန်းက ကျုပ် လုံးဝမကောင်းပါဘူး။ အဲဒီကားကလည်း ရုပ်ရှင်ကားကောင်းတစ်ခု မဟုတ်ပါဘူး။ အဲဒီကျရှုံးမှုကနေ ကျုပ် သင်ယူခဲ့ရတာကတော့ ကျုပ်ရဲ့ အလုပ်လုပ်ပုံကို ပြန်လည်သင်ယူစရာတွေ ရှိနေတယ်ဆိုတာပါပဲ။ အခုဆိုရင်တော့ ကျုပ်က ဇာတ်ရုပ်တစ်ခုရရင် ပြီးရောဆိုတဲ့ သရုပ်ဆောင်တစ်ယောက် မဟုတ်တော့ဘူး။ အဲဒီရုပ်ရှင်အတွက်ပါ တာဝန်ယူထားရတဲ့ လူတစ်ယောက် ဖြစ်နေပါပြီ … ” လို့ ပြောခဲ့တာပါ။

Batman & Robin အပြီး သူ သရုပ်ဆောင်ခဲ့တဲ့ နောက်ထပ် ဇာတ်ကားသုံးကားကတော့ Three Kings ၊ Out of Sight နဲ့ O Brother, Where Art Thou? တို့ပဲ ဖြစ်ပြီး သူ့အနေနဲ့ ပိုကောင်းတဲ့ ပရောဂျက်တွေကို ရွေးချယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မကြာခင်မှာ ထွက်ရှိလာမယ့် သူ့ရဲ့ ရုပ်ရှင်ကားသစ်ကတော့ The Tender Bar ဖြစ်ပြီး လာမယ့် ဒီဇင်ဘာလ(၂၂)ရက်နေ့မှာ ယူအက်စ်မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။ Amazon Prime မှာတော့ ဇန်နဝါရီလ(၇)ရက်နေ့မှာမှ streaming ပြသသွားမှာ ဖြစ်ပါတယ်။

Linda December

Source: people

(Zawgyi Version)

နာမည္ေက်ာ္မင္းသားႀကီး George Clooney ကေတာ့ သူဟာ စူပါဟီးရိုးဇာတ္႐ုပ္ေတြနဲ႔ ဘယ္လိုမွ အဆင္မေျပေၾကာင္း ထုတ္ေဖာ္ေျပာလာပါတယ္။

George ဟာ သူ႔ရဲ့ အသစ္ထြက္ရွိလာမယ့္ ႐ုပ္ရွင္ The Tender Bar အတြက္ က်င္းပတဲ့ အထူးပြဲရဲ့  အေမးအေျဖက႑မွာ အခုလိုေျပာၾကားသြားတာ ျဖစ္ပါတယ္။ အဆိုပါ အေမးအေျဖက႑အတြင္းမွာေတာ့ ၁၉၉၇ ခုႏွစ္က ထြက္ရွိခဲ့တဲ့ Batman & Robin ဇာတ္ကားထဲက သူ႔ရဲ့ Batman အျဖစ္ သ႐ုပ္ေဆာင္ခဲ့မွု အေတြ႕အၾကဳံေတြကို ေျပာျပသြားပါတယ္။

စီးပြားေရးအရ အဓိကထားတဲ့ blockbuster ႐ုပ္ရွင္ေတြနဲ႔ ကာရိုက္တာအေပၚမွာ အေျခခံတဲ့ ႐ုပ္ရွင္ေတြမွာ သ႐ုပ္ေဆာင္ရတဲ့ ကြဲျပားမွုကို ေမးျမန္းတဲ့အခါ George က အခုလို ေျပာပါတယ္။ “က်ဳပ္ကေတာ့ စူပါဟီးရိုး႐ုပ္ရွင္မွာ တစ္ခါပဲ သ႐ုပ္ေဆာင္ဖူးပါတယ္။ ၿပီးေတာ့ ေသာက္တလြဲေတြ လုပ္ပစ္လိုက္လို႔ က်ဳပ္ကို ရိုက္ကြင္းနားေတာင္ အလာမခံၾကေတာ့ဘူးဗ် … ” လို႔ ဆိုပါတယ္။

Photo via IMDb

“bat nipple ႀကီးေတြနဲ႔ ဝတ္စုံႀကီး က်ဳပ္က မဝတ္ခ်င္ဘူးဗ် …” လို႔လည္း ဆိုပါတယ္။ ဒါ့အျပင္ မႏွစ္က ျပဳလုပ္ခဲ့တဲ့ Howard Stern နဲ႔ အင္တာဗ်ဴးမွာလည္း Batman ဇာတ္႐ုပ္မွာ စတင္သ႐ုပ္ေဆာင္ေတာ့မယ့္ မင္းသား Ben Affleck ကို suit မွာ နို႔သီးေတြ မထည့္ခိုင္းဖို႔ အႀကံေပးခဲ့ေသးတယ္လို႔ ေျပာျပခဲ့ပါေသးတယ္။

“က်ဳပ္ ပိုင္နိုင္တဲ့ ဇာတ္ကားမ်ိဳးေတြကေတာ့ က်ဳပ္တို႔ႀကီးျပင္းလာတဲ့ ၆၀၊ ၇၀ ခုႏွစ္ပတ္ဝန္းက်င္ေလာက္က ႐ုပ္ရွင္အမ်ိဳးအစားေတြပဲဗ်။ အဲဒီအခ်ိန္ေလာက္က ႐ုပ္ရွင္ေတြက ဇာတ္လမ္းကိုပဲ အဓိကထားတာေလ။ အေမရိကန္႐ုပ္ရွင္ေလာကရဲ့ အေကာင္းဆုံးအခ်ိန္ေပါ့ … “လို႔ George က ဆိုထားပါတယ္။

Photo via IMDb

ဒါဟာ မင္းသားႀကီးအေနနဲ႔ သူ႔ရဲ့သ႐ုပ္ေဆာင္မွုကို ကိုယ္တိုင္ေဝဖန္ထိုးႏွက္လိုက္တဲ့ ပထမဆုံးအႀကိမ္ေတာ့ မဟုတ္ေသးပါဘူး။ ယခုလအေစာပိုင္းတုန္းကလည္း သူ႔ရဲ့ ဇနီးသည္ Amal Clooney နဲ႔ သူ႔ရဲ့ ကေလးႏွစ္ေယာက္လုံးကို Batman & Robin ဇာတ္ကားကို ၾကည့္ရွုမခြင့္ မေပးဘူးလို႔ ေျပာထားပါေသးတယ္။

“က်ဳပ္နဲ႔ အဆင္မေျပတဲ့ တခ်ိဳ႕႐ုပ္ရွင္ေတြ ရွိတယ္။ က်ဳပ္ မိန္းမကိုေတာ့ က်ဳပ္အေပၚ ေလးစားသမွု ရွိေစခ်င္တယ္ေလ။ ခင္ဗ်ားရဲ့ ေလးႏွစ္အရြယ္ ကေလးက အဲဒါေတြကို ၾကည့္ၿပီး … ဒါႀကီးက ဆိုးဝါးလိုက္တာလို႔ အေျပာခံရရင္ စိတ္ထဲမွာ နာက်င္ရတယ္ေလဗ်ာ … ” လို႔ သူက ရင္ဖြင့္ထားပါတယ္။

Photo: george_clooney_page/ Instagram

Batman & Robin ဇာတ္ကားထဲက သူ႔ရဲ့ အမွားအယြင္းေတြဟာ ေနာက္ပိုင္း သူ႔ရဲ့ career ကိုပါ ဆုံးျဖတ္ခ်က္ေကာင္းေတြ ခ်မွတ္နိုင္ဖို႔ ကူညီေပးခဲ့တယ္လို႔ ၂၀၁၉ ခုႏွစ္တုန္းကလည္း ေျပာခဲ့ပါေသးတယ္။ “အဲဒီကားမွာတုန္းက က်ဳပ္ လုံးဝမေကာင္းပါဘူး။ အဲဒီကားကလည္း ႐ုပ္ရွင္ကားေကာင္းတစ္ခု မဟုတ္ပါဘူး။ အဲဒီက်ရွုံးမွုကေန က်ဳပ္ သင္ယူခဲ့ရတာကေတာ့ က်ဳပ္ရဲ့ အလုပ္လုပ္ပုံကို ျပန္လည္သင္ယူစရာေတြ ရွိေနတယ္ဆိုတာပါပဲ။ အခုဆိုရင္ေတာ့ က်ဳပ္က ဇာတ္႐ုပ္တစ္ခုရရင္ ၿပီးေရာဆိုတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ မဟုတ္ေတာ့ဘူး။ အဲဒီ႐ုပ္ရွင္အတြက္ပါ တာဝန္ယူထားရတဲ့ လူတစ္ေယာက္ ျဖစ္ေနပါၿပီ … ” လို႔ ေျပာခဲ့တာပါ။

Batman & Robin အၿပီး သူ သ႐ုပ္ေဆာင္ခဲ့တဲ့ ေနာက္ထပ္ ဇာတ္ကားသုံးကားကေတာ့ Three Kings ၊ Out of Sight နဲ႔ O Brother, Where Art Thou? တို႔ပဲ ျဖစ္ၿပီး သူ႔အေနနဲ႔ ပိုေကာင္းတဲ့ ပေရာဂ်က္ေတြကို ေရြးခ်ယ္နိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

မၾကာခင္မွာ ထြက္ရွိလာမယ့္ သူ႔ရဲ့ ႐ုပ္ရွင္ကားသစ္ကေတာ့ The Tender Bar ျဖစ္ၿပီး လာမယ့္ ဒီဇင္ဘာလ(၂၂)ရက္ေန႔မွာ ယူအက္စ္မွာ ႐ုံတင္ျပသမွာ ျဖစ္ပါတယ္။ Amazon Prime မွာေတာ့ ဇန္နဝါရီလ(၇)ရက္ေန႔မွာမွ streaming ျပသသြားမွာ ျဖစ္ပါတယ္။

Linda December

Source: people

RELATED ARTICLES

Most Popular