HomeCelebs Update NewsInternationalGame of Thrones ကို MCU လို universe မျိုး ဖြစ်ချင်တယ်ဆိုတဲ့ George R. R....

Game of Thrones ကို MCU လို universe မျိုး ဖြစ်ချင်တယ်ဆိုတဲ့ George R. R. Martin

Game of Thrones ရဲ့ prequel ဇာတ်လမ်းတွဲ House of the Dragon ကတော့ premiere စတင်ပြသနေပြီ ဖြစ်ပြီး ဒီဇာတ်လမ်းတွေရဲ့ နောက်ကွယ်က ဖန်တီးသူ စာရေးဆရာကြီး George R. R. Martin ကတော့ Game of Thrones ကိုလည်း MCU တို့၊ Star Wars တို့လို universe တစ်ခု တည်ဆောက်ချင်တယ်လို့ ပြောလာပါတယ်။

ဆရာကြီး George R. R. Martin ကတော့ Game of Thrones ကိုလည်း တဖြည်းဖြည်းနဲ့ ကြီးမားကျယ်ပြန့်တဲ့ universe တစ်ခုအဖြစ် ချဲ့ထွင်လိုပြီး Marvel ရဲ့စတိုင်လ်မျိုးနဲ့ သွားချင်တယ်လို့ ပြောလာပါတယ်။ ဆရာကြီးကတော့ ၁၉၉၁ ခုနှစ်မှာ စတင်ပြီး A Song of Ice And Fire ဝတ္ထုတွေကို စတင်ရေးသား ထုတ်ဝေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မူလဇာတ်လမ်းကနေ ထပ်မံခွဲထွက်လာတဲ့ ဝတ္ထုဇာတ်လမ်းတွေကို ဆက်လက် ရေးသားလာခဲ့ပြီး နောက်ထပ် ဝတ္ထုနှစ်အုပ် ထပ်မံထွက်ရှိလာဖို့လည်း ရှိနေပါသေးတယ်။

Photo Credit: HBO

ဆရာကြီးရဲ့ ဝတ္ထုတွေကိုတော့ ၂၀၁၁ ခုနှစ်မှာ HBO ရုပ်သံလိုင်းကနေ Game of Thrones ဇာတ်လမ်းတွဲအဖြစ် စတင်ရိုက်ကူး ထုတ်လွှင့်ခဲ့ပြီး ဟုန်းဟုန်းတောက် အောင်မြင်ခဲ့ပါတယ်။ Game of Thrones ဇာတ်လမ်းတွဲကတော့ ၂၀၁၉ ခုနှစ်မှာ ဇာတ်သိမ်းခဲ့ပြီး အဲဒီဇာတ်လမ်းရဲ့ prequel ဇာတ်လမ်းတွဲဖြစ်တဲ့ House of the Dragon ကတော့ ဩဂုတ်လ(၂၁)ရက်နေ့မှာ စတင်ပြသနေပြီ ဖြစ်ပါတယ်။

House of the Dragon ကတော့ Game of Thrones ထဲက အဖြစ်အပျက်တွေမတိုင်ခင် နှစ်ပေါင်း(၂၀၀)ကာလမှာ ဇာတ်အိမ်တည်ထားပါတယ်။ အဲဒီအချိန်ကာလမှာတော့ Westeros ရဲ့ Iron Throne ကို အရိုက်အရာ ဆက်ခံဖို့ အချင်းများကြရာက ပြည်တွင်းစစ်ဖြစ်ပွားပြီး Targaryen မင်းဆက် ပျက်သုဉ်းတဲ့ဆီကို ရောက်ရှိခဲ့ရတဲ့အကြောင်း ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကိုတေ့ Dance of the Dragons လို့ ခေါ်ပါတယ်။

Photo Credit: HBO

House of the Dragon ရဲ့ premiere ပြသတဲ့ပွဲမှာတော့ ဆရာကြီး George R. R. Martin လည်း တက်ရောက်ခဲ့ပါတယ်။ အဆိုပါပွဲမှာတော့ Wall Street Journal နဲ့လည်း အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ပြီး Game of Thrones franchise ကိုတော့ ဒီဇာတ်လမ်းတွဲနဲ့တင် အဆုံးမသတ်စေချင်ဘဲ ကျယ်ပြန့်တဲ့ universe တစ်ခု ဖြစ်လာစေချင်တယ်လို့ ပြောသွားပါတယ်။ ဒါ့အပြင် စီစဉ်သမျှ ရှိုးတိုင်းကို အောင်မြင်စွာ ထုတ်လွှင့်နိုင်ဖို့ မမျှော်လင့်ပေမယ့် ထုတ်လွှင့်ဖြစ်တဲ့ ရှိုးတိုင်းကိုတော့ အောင်မြင်စေချင်တယ်လို့လည်း ပြောသွားပါတယ်။

“ရှိုးဘယ်လောက်များများ ထုတ်လွှင့်ဖြစ်မှာလဲ။ ဒါကိုတော့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် အဖြေကတော့ ရှိုးတွေအများကြီး ထုတ်လွှင့်ဖြစ်ဦးမယ်ဆိုတာပါပဲ။ ပြီးတော့ အားလုံး အစီအစဉ်ကျသွားတဲ့ အချိန်ကျရင် Marvel တို့၊ Star Wars တို့နဲ့ ဆင်တူတဲ့ပုံစံမျိုး သွားနိုင်မှာပါ …” လို့ ဆရာကြီးက ပြောပါတယ်။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular