HomeEntertainmentMusic2022 MTV VMAs ဆုပေးပွဲမှာ MC လုပ်ရမယ့် နာမည်ကျော်သုံးယောက်

2022 MTV VMAs ဆုပေးပွဲမှာ MC လုပ်ရမယ့် နာမည်ကျော်သုံးယောက်

၂၀၂၂ ခုနှစ်အတွက် မကြာခင် ပြုလုပ်ကျင်းပတော့မယ့် MTV VMAs တေးဂီတဆုပေးပွဲကြီးမှာတော့ ယခင်နှစ်များကနဲ့ မတူဘဲ MC သုံးယောက် ပါဝင်မယ်လို့ သိရပါတယ်။ ဒီအကြောင်းကိုတော့ MTV ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကြေညာခဲ့တာ ဖြစ်ပြီး ယခင်နှစ်တွေက show host တစ်ယောက်သာ ပါဝင်ခဲ့တာကနေ အခုဆိုရင်တော့ MC သုံးယောက်က အလှည့်ကျ တင်ဆက်ပြီး VMAs ညချမ်းရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အခိုက်အတန့်တွေကို ယူဆောင်လာတော့မယ်လို့ ဆိုပါတယ်။

MTV က MC လုပ်ဖို့ ကြေညာထားတဲ့ နာမည်ကျော်သုံးယောက်ကတော့ Nicki Minaj ၊ Jack Harlow နဲ့ LL Cool J တို့ပဲ ဖြစ်ပါတယ်။ LL Cool J ကတော့ အသက်(၅၄)နှစ် ရှိနေပြီ ဖြစ်ပြီး ၁၉၉၇ ခုနှစ်တုန်းက MTV က ချီးမြှင့်တဲ့ Video Vanguard Award ကို ရရှိခဲ့ဖူးပါတယ်။ ဒါ့အပြင် MTV မှာ နောက်ဆုံးအကြိမ် တင်ဆက်သူလုပ်ခဲ့တာကတော့ ၂၀၀၀ ခုနှစ်တုန်းက ဖြစ်ပါတယ်။

Photo: llcoolj/ Instagram

Nicki Minaj ကတော့ အသက်(၃၉)နှစ် ရှိနေပြီဖြစ်ပြီး VMAs ဆု(၅)ဆုပိုင်ရှင်လည်း ဖြစ်တဲ့အပြင် ယခုနှစ်မှာလည်း Video Vanguard Awards ကို အထူးအနေနဲ့ ချီးမြှင့်ခံရဦးမှာ ဖြစ်ပါတယ်။ Nicki ကတော့ ၂၀၁၈ ခုနှစ်တည်းက VMAs မှာ မပေါ်လာတော့တာကနေ ယခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် စင်မြင်ပေါ်မှာ MC အဖြစ်နဲ့ ပြန်လည် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Photo: nickiminaj/ Instagram

နောက်ဆုံးတစ်ယောက် ဖြစ်တဲ့ Jack Harlow ကတော့ အသက်(၂၄)နှစ် ရှိပြီဖြစ်ကာ ယခုနှစ်ရဲ့ VMAs ဆုပေးပွဲမှာတော့ စံကာတင်ဆုပေါင်း (၇)ဆုတောင် စာရင်းဝင်ထားပါတယ်။ ဒါ့အပြင် VMAs မှာ ယခုလို MC ပြုလုပ်ဖို့ဆိုတာကတော့ သူ့အတွက် ပထမဆုံးပွဲဦးထွက်လည်း ဖြစ်ပါတယ်။ Jack ဟာ solo performance အနေနဲ့လည်း ဖျော်ဖြေခွင့် ရရှိထားပါသေးတယ်။

Photo: jackharlow/ Instagram

MTV VMAs ဆုပေးပွဲကတော့ ပရိသတ်တွေရဲ့ မဲပေးမှုနဲ့ ရွေးချယ်ချီးမြှင့်တဲ့ ဆုပေးပွဲတစ်ခု ဖြစ်ပြီး ပရိသတ်တွေကတော့ ဩဂုတ်လ(၁၉)ရက်နေ့အထိ နောက်ဆုံးထားပြီး မိမိကြိုက်နှစ်သက်ရာ artist ကို category ပေါင်း (၂၂)ခုမှာ မဲပေးရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

ဆုပေးပွဲအခမ်းအနားကိုတော့ လာမယ့် ဩဂုတ်လ(၂၈)ရက် တနင်္ဂနွေနေ့မှာ နယူးဂျာစီပြည်နယ်က Prudential Center မှာ ပြုလုပ်ကျင်းပသွားမှာ ဖြစ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular