HomeEntertainmentFilmNetflix ရဲ့ဒရာမာအသစ်မှာ အတူတွဲသရုပ်ဆောင်သွားမယ့် Gong Yoo နဲ့ Bae Doona

Netflix ရဲ့ဒရာမာအသစ်မှာ အတူတွဲသရုပ်ဆောင်သွားမယ့် Gong Yoo နဲ့ Bae Doona

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကေဒရာမာလောကရဲ့ နာမည်ကြီးသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Gong Yoo ၊ Bae Doona နဲ့ Lee Joon တို့ကို လာမယ့် Netflix ရဲ့ ဒရာမာအသစ်မှာ တွေ့မြင်ကြရဖို့ ရှိပါတယ်။

ဒရာမာအသစ်ရဲ့ အမည်ကတော့ The Sea of Silence ဖြစ်ပြီး သိပ္ပံစိတ်ကူးယဉ် သည်းထိတ်ရင်ဖိုအမျိုးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ စိတ်ညှိုးခြုံးဖွယ်ရာ သဲကန္တာရတွေနဲ့ ဝန်းရံထားတဲ့ အနာဂတ်ခေတ်ကမ္ဘာကြီးမှာ အခြေတည်ထားပြီး ကမ္ဘာပေါ်မှာ မိုးခေါင်၊ရေရှားမှုတွေနဲ့ အစာရေစာ ရှားပါးမှုတို့ ဖြစ်ပေါ်နေတဲ့ အခြေအနေကို စိတ်ကူးယဉ် ဇာတ်လမ်းဖွဲ့ထားတာ ဖြစ်ပါတယ်။

Photo: gongyoo7010/ Instagram

မင်းသား Gong Yoo ကတော့ ဩဇာတိက္ကမနဲ့ ပြည့်စုံပြီး သိပ္ပံနဲ့အာကာသဌာနရဲ့ ထူးချွန်တဲ့စစ်သား Yoon Jae ဆိုတဲ့ ဇာတ်ရုပ်ကနေ သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ Yoon Jae ရဲ့တာဝန်ကတော့ လကမ္ဘာပေါ်မှာ စွန့်ပစ်ထားတာ ကြာခဲ့ပြီဖြစ်တဲ့ သုတေသနတစ်ခုကို ပြန်လည်ရယူဖို့ သွားရောက်တဲ့ အသင်းတစ်ခုကို ဦးဆောင်ရမှာ ဖြစ်ပါတယ်။

Bae Doona ကတော့ လကမ္ဘာကို သုတေသနအဟောင်းတစ်ခု ပြန်လည်သွားယူမယ့်အဖွဲ့ကို ကူညီပေးရမယ့် လျှို့ဝှက်အေးဂျင့်နေရာကနေ သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

Photo: doonabae/ Instagram

Lee Joon ကတော့ ဉာဏ်ကောင်းပြီး အပြောချိုတဲ့အပြင် သနားကြင်နာတတ်တဲ့ Tae Seok အဖြစ် သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံထားရပါတယ်။ ဒီဇာတ်ရုပ်မှာ ပါဝင်ဖို့ လောလောဆယ်မှာ ဆွေးနွေးနေဆဲဖြစ်ပါတယ်။ Lee Joon အနေနဲ့ ဒီဇာတ်ရုပ်ကို လက်ခံလိုက်မယ်ဆိုရင်တော့ My Father is Strange ဒရာမာနောက်ပိုင်း ပထမဆုံးကြည့်ရှုရမယ့် ဇာတ်လမ်းတွဲ ဖြစ်လာမှာပါ။

Photo: leejoonah/ Instagram

ဒီဇာတ်လမ်းတွဲကို မင်းသား Jung Woo Sung က ပီဒီအနေနဲ့ တာဝန်ယူထားပြီး ဇာတ်ညွှန်းမှာတော့ ဆုရရှိထားတဲ့ ဇာတ်ညွှန်းရေးဆရာ Park Eun Kyo က တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းတိုတစ်ခုကို အခြေခံရိုက်ကူးမှာဖြစ်ပြီး ရိုက်ကူးရေးကိုတော့ လာမယ့်ဩဂုတ်လထဲမှာ စတင်မယ်လို့ သိရပါတယ်။

LaNina

Source: soompi

(Zawgyi Version)

ေကဒရာမာေလာကရဲ႕ နာမည္ႀကီးသ႐ုပ္ေဆာင္ေတြ ျဖစ္ၾကတဲ့ Gong Yoo ၊ Bae Doona နဲ႔ Lee Joon တို႔ကို လာမယ့္ Netflix ရဲ႕ ဒရာမာအသစ္မွာ ေတြ႕ျမင္ၾကရဖို႔ ရွိပါတယ္။

ဒရာမာအသစ္ရဲ႕ အမည္ကေတာ့ The Sea of Silence ျဖစ္ၿပီး သိပၸံစိတ္ကူးယဥ္ သည္းထိတ္ရင္ဖိုအမ်ိဳးအစား ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ စိတ္ညႇိဳးၿခဳံးဖြယ္ရာ သဲကႏၲာရေတြနဲ႔ ဝန္းရံထားတဲ့ အနာဂတ္ေခတ္ကမာၻႀကီးမွာ အေျခတည္ထားၿပီး ကမာၻေပၚမွာ မိုးေခါင္၊ေရရွားမႈေတြနဲ႔ အစာေရစာ ရွားပါးမႈတို႔ ျဖစ္ေပၚေနတဲ့ အေျခအေနကို စိတ္ကူးယဥ္ ဇာတ္လမ္းဖြဲ႕ထားတာ ျဖစ္ပါတယ္။

Photo: gongyoo7010/ Instagram

မင္းသား Gong Yoo ကေတာ့ ဩဇာတိကၠမနဲ႔ ျပည့္စုံၿပီး သိပၸံနဲ႔အာကာသဌာနရဲ႕ ထူးခြၽန္တဲ့စစ္သား Yoon Jae ဆိုတဲ့ ဇာတ္႐ုပ္ကေန သ႐ုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။ Yoon Jae ရဲ႕တာဝန္ကေတာ့ လကမာၻေပၚမွာ စြန႔္ပစ္ထားတာ ၾကာခဲ့ၿပီျဖစ္တဲ့ သုေတသနတစ္ခုကို ျပန္လည္ရယူဖို႔ သြားေရာက္တဲ့ အသင္းတစ္ခုကို ဦးေဆာင္ရမွာ ျဖစ္ပါတယ္။

Bae Doona ကေတာ့ လကမာၻကို သုေတသနအေဟာင္းတစ္ခု ျပန္လည္သြားယူမယ့္အဖြဲ႕ကို ကူညီေပးရမယ့္ လွ်ိဳ႕ဝွက္ေအးဂ်င့္ေနရာကေန သ႐ုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။

Photo: doonabae/ Instagram

Lee Joon ကေတာ့ ဉာဏ္ေကာင္းၿပီး အေျပာခ်ိဳတဲ့အျပင္ သနားၾကင္နာတတ္တဲ့ Tae Seok အျဖစ္ သ႐ုပ္ေဆာင္ဖို႔ ကမ္းလွမ္းခံထားရပါတယ္။ ဒီဇာတ္႐ုပ္မွာ ပါဝင္ဖို႔ ေလာေလာဆယ္မွာ ေဆြးေႏြးေနဆဲျဖစ္ပါတယ္။ Lee Joon အေနနဲ႔ ဒီဇာတ္႐ုပ္ကို လက္ခံလိုက္မယ္ဆိုရင္ေတာ့ My Father is Strange ဒရာမာေနာက္ပိုင္း ပထမဆုံးၾကည့္ရႈရမယ့္ ဇာတ္လမ္းတြဲ ျဖစ္လာမွာပါ။

Photo: leejoonah/ Instagram

ဒီဇာတ္လမ္းတြဲကို မင္းသား Jung Woo Sung က ပီဒီအေနနဲ႔ တာဝန္ယူထားၿပီး ဇာတ္ၫႊန္းမွာေတာ့ ဆုရရွိထားတဲ့ ဇာတ္ၫႊန္းေရးဆရာ Park Eun Kyo က တာဝန္ယူသြားမွာ ျဖစ္ပါတယ္။ ဇာတ္လမ္းတိုတစ္ခုကို အေျခခံ႐ိုက္ကူးမွာျဖစ္ၿပီး ႐ိုက္ကူးေရးကိုေတာ့ လာမယ့္ဩဂုတ္လထဲမွာ စတင္မယ္လို႔ သိရပါတယ္။

LaNina

Source: soompi

RELATED ARTICLES

Most Popular