HomeEntertainmentFilmAmong Us ဂိမ်းကို နှစ်သက်သူတွေ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းများ 

Among Us ဂိမ်းကို နှစ်သက်သူတွေ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Among Us ဂိမ်းဟာ အခုတလော တစ်ကမ္ဘာလုံးနီးပါးမှာ အောင်မြင်နေပြီး တော်တော်လေးလည်း လူကြိုက်များနေပါတယ်။ ဒီဂိမ်းရဲ့ အဓိက အချက်ကတော့ ကိုယ့်ရဲ့အဖွဲ့သားတွေထဲမှာ အယောင်ဆောင်ပြီး လူတွေသတ်နေတာ ဘယ်သူလည်းဆိုတာကို ရှာဖွေရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဂိမ်းကိုဆော့ရတာဟာ စိတ်လှုပ်ရှားဖို့ကောင်းသလို ပျော်ဖို့လည်းကောင်းပါတယ်။ ဒါ့အပြင် ရုပ်ရှင်တွေထဲမှာလည်း အလားတူ ဇာတ်လမ်းတွေ‌ ရှိတာကြောင့် သင်သာ Among Us ကို ဆော့ရတာ ကြိုက်တယ်ဆိုရင် ဒီဇာတ်လမ်းတွေကိုလည်း ကြိုက်မယ်လို့ ထင်ပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ Among Us ကို ဆော့ရတာ နှစ်သက်သူတွေ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားတွေကို ဖော်ပြပေးချင်ပါတယ်။

(7) Devil
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၀ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.2) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ လူငါးယောက်ဟာ ဓာတ်လှေကားထဲမှာ ပိတ်မိသွားရာကနေ စတင်ပါတယ်။ အစပိုင်းမှာတော့ သူတို့အကုန်လုံးဟာ ဓာတ်လှေကားထဲက လွတ်မြောက်ဖို့အတွက် အစွမ်းကုန် ကြိုးစားကြပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ သူတို့ငါးယောက်ထဲက တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားကာ သူတို့ထဲက တစ်ယောက်က devil ဖြစ်နေတာကို သိလိုက်ရပါတယ်။ သရုပ်ဆောင်တွေကတော့ Bojana Novakovic ၊ Logan Marshell နဲ့ Chris Messina တို့က အဓိက ပါဝင်ထားပါတယ်။

(6) Ad Astra
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၉ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီးတော့ IMDb (6.6) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အာကာသယာဉ်မှူးတစ်ယောက်ဟာ သူ့ရဲ့အဖွဲ့သားတွေနဲ့အတူ အာကာသထဲမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ နောက်ထပ် နှစ်သုံးဆယ် ကြာတဲ့အချိန်မှာတော့ သူ့ရဲ့သားဖြစ်သူကလည်း အာကာသထဲကို လျှို့ဝှက်မစ်ရှင်တစ်ခု လုပ်ဆောင်ဖို့အတွက် ထွက်သွားခဲ့ပါတယ်။ ဒီဇာတ်လမ်းကတော့ တဖြည်းဖြည်းနဲ့ ဇာတ်ရှိန်မြင့်သွားမှာ ဖြစ်ပြီး slow-burn ကြိုက်သူတွေအတွက် သင့်တော်ပါတယ်။ Brad Pitt ၊ Tommy Lee Jones နဲ့ Ruth Negga တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(5) Life
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၇ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (6.6) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အာကာသယာဉ်မှူးတွေဟာ မားစ်ဂြိုဟ်ပေါ်မှာ သက်ရှိတွေ ရှိကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အဲ့ဒီသက်ရှိတွေဟာ အသိဉာဏ်လည်း ရှိသလို အရမ်းလည်း အန္တရာယ်များတယ်ဆိုတာကို သိရှိသွားကြပြီး သူတို့ကိုယ်တိုင်ပါ အသက်အန္တရာယ် ကြုံတွေ့ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Ryan Reynolds ၊ Jake Gyllenhaal နဲ့ Rebecca Ferguson တို့က အဓိက ပါဝင်ထားပါတယ်။

(4) Sunshine
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၀၇ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.2) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အာကာသယာဉ်မှူးတစ်စုဟာ လူသားတွေ ဘေးကင်းစေဖို့ နေလုံးကြီးကို ကယ်တင်ဖို့အတွက် ခရီးထွက်လာခဲ့ကြပါတယ်။ အကြောင်းကတော့ နေလုံးကြီးဟာ လောင်ကျွမ်းရင်းနဲ့ နောက်ဆုံးမှာ ဘာမှမရှိတော့တဲ့အချိန်ဆိုရင် လူသားတွေလည်း အသက်ရှင်နိုင်မှာ မဟုတ်တာကြောင့်ပဲ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ မတော်တဆမှုတစ်ခု ဖြစ်သွားကာ သူတို့အဖွဲ့တစ်ခုလုံးဟာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Chris Evans ၊ Cillian Murphy နဲ့ Rose Byrne တို့ အဓိက ပါဝင်ထားပါတယ်။

(3) Identity
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၀၃ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (7.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ညတစ်ညမှာ မုန်တိုင်းတိုက်နေတာကြောင့် လူဆယ်ယောက်ဟာ လူသူမနီးတဲ့ ကျွန်းတစ်ခုမှာ တည်းခိုခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ တဖြည်းဖြည်းနဲ့ သူတို့ထဲက လူတွေဟာ တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်ကြပါတယ်။ အဲ့ဒါကြောင့်ပဲ အသက်ရှင်ကျန်ရှိနေသူတွေဟာ လူသတ်သမား ဘယ်သူလည်းဆိုတာကို ရှာဖွေရပါတော့တယ်။ John Cusack ၊ Amand Peet နဲ့ Rebecca De Mornay တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(2) The Lighthouse
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၉ခုနှစ်မှာ ထွက်ခဲ့တာ ဖြစ်ပြီး IMDb (7.5) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ လူသူမနီးတဲ့ ကျွန်းတစ်ခုမှာရှိတဲ့ မီးပြတိုက် စောင့်ရှောက်သူ နှစ်ယောက်အကြောင်းကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ လူသူမနီးတဲ့နေရာမှာ နေထိုင်နေရတာကြောင့် သူတို့နှစ်ယောက်လုံးဟာ တဖြည်းဖြည်းနဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ ဖြစ်လာပါတော့တယ်။ Robert Pattinson နဲ့ Willem Dafoe တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(1) Moon
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၀၉ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (7.9) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အာကာသယာဉ်မှူးဖြစ်သူ Sam ဟာ လအနီးမှာရှိတဲ့ စခန်းတစ်ခုထဲမှာ အလုပ်လုပ်ဖို့အတွက် သုံးနှစ်တာ စာချုပ်ချုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ရဲ့ စာချုပ်ပြည့်ကာနီးအချိန်ကို ရောက်လာတာကြောင့် အိမ်ပြန်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအချိန်မှာ မမျှော်လင့်ဘဲနဲ့ သေစေနိုင်လောက်တဲ့ မတော်တဆမှုတစ်ခုကို ကြုံတွေ့လိုက်ရပါတယ်။ Sam Rockwell ၊ Dominique McElligot နဲ့ Kevin Spacey တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Among Us ဂိမ္းဟာ အခုတေလာ တစ္ကမာၻလုံးနီးပါးမွာ ေအာင္ျမင္ေနၿပီး ေတာ္ေတာ္ေလးလည္း လူႀကိဳက္မ်ားေနပါတယ္။ ဒီဂိမ္းရဲ႕ အဓိက အခ်က္ကေတာ့ ကိုယ့္ရဲ႕အဖြဲ႕သားေတြထဲမွာ အေယာင္ေဆာင္ၿပီး လူေတြသတ္ေနတာ ဘယ္သူလည္းဆိုတာကို ရွာေဖြရတာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီဂိမ္းကိုေဆာ့ရတာဟာ စိတ္လႈပ္ရွားဖို႔ေကာင္းသလို ေပ်ာ္ဖို႔လည္းေကာင္းပါတယ္။ ဒါ့အျပင္ ႐ုပ္ရွင္ေတြထဲမွာလည္း အလားတူ ဇာတ္လမ္းေတြ‌ ရွိတာေၾကာင့္ သင္သာ Among Us ကို ေဆာ့ရတာ ႀကိဳက္တယ္ဆိုရင္ ဒီဇာတ္လမ္းေတြကိုလည္း ႀကိဳက္မယ္လို႔ ထင္ပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ Among Us ကို ေဆာ့ရတာ ႏွစ္သက္သူေတြ ၾကည့္ရႈသင့္တဲ့ ႐ုပ္ရွင္ကားေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) Devil
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၀ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (6.2) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ လူငါးေယာက္ဟာ ဓာတ္ေလွကားထဲမွာ ပိတ္မိသြားရာကေန စတင္ပါတယ္။ အစပိုင္းမွာေတာ့ သူတို႔အကုန္လုံးဟာ ဓာတ္ေလွကားထဲက လြတ္ေျမာက္ဖို႔အတြက္ အစြမ္းကုန္ ႀကိဳးစားၾကပါတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ သူတို႔ငါးေယာက္ထဲက တစ္ေယာက္ၿပီး တစ္ေယာက္ ေသဆုံးသြားကာ သူတို႔ထဲက တစ္ေယာက္က devil ျဖစ္ေနတာကို သိလိုက္ရပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Bojana Novakovic ၊ Logan Marshell နဲ႔ Chris Messina တို႔က အဓိက ပါဝင္ထားပါတယ္။

(6) Ad Astra
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၉ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (6.6) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ အာကာသယာဥ္မႉးတစ္ေယာက္ဟာ သူ႔ရဲ႕အဖြဲ႕သားေတြနဲ႔အတူ အာကာသထဲမွာ ေပ်ာက္ဆုံးသြားခဲ့ပါတယ္။ ေနာက္ထပ္ ႏွစ္သုံးဆယ္ ၾကာတဲ့အခ်ိန္မွာေတာ့ သူ႔ရဲ႕သားျဖစ္သူကလည္း အာကာသထဲကို လွ်ိဳ႕ဝွက္မစ္ရွင္တစ္ခု လုပ္ေဆာင္ဖို႔အတြက္ ထြက္သြားခဲ့ပါတယ္။ ဒီဇာတ္လမ္းကေတာ့ တျဖည္းျဖည္းနဲ႔ ဇာတ္ရွိန္ျမင့္သြားမွာ ျဖစ္ၿပီး slow-burn ႀကိဳက္သူေတြအတြက္ သင့္ေတာ္ပါတယ္။ Brad Pitt ၊ Tommy Lee Jones နဲ႔ Ruth Negga တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(5) Life
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၇ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီး IMDb (6.6) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ အာကာသယာဥ္မႉးေတြဟာ မားစ္ၿဂိဳဟ္ေပၚမွာ သက္ရွိေတြ ရွိေၾကာင္း သက္ေသျပႏိုင္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ အဲ့ဒီသက္ရွိေတြဟာ အသိဉာဏ္လည္း ရွိသလို အရမ္းလည္း အႏၲရာယ္မ်ားတယ္ဆိုတာကို သိရွိသြားၾကၿပီး သူတို႔ကိုယ္တိုင္ပါ အသက္အႏၲရာယ္ ႀကဳံေတြ႕ရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Ryan Reynolds ၊ Jake Gyllenhaal နဲ႔ Rebecca Ferguson တို႔က အဓိက ပါဝင္ထားပါတယ္။

(4) Sunshine
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၀၇ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (7.2) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ အာကာသယာဥ္မႉးတစ္စုဟာ လူသားေတြ ေဘးကင္းေစဖို႔ ေနလုံးႀကီးကို ကယ္တင္ဖို႔အတြက္ ခရီးထြက္လာခဲ့ၾကပါတယ္။ အေၾကာင္းကေတာ့ ေနလုံးႀကီးဟာ ေလာင္ကြၽမ္းရင္းနဲ႔ ေနာက္ဆုံးမွာ ဘာမွမရွိေတာ့တဲ့အခ်ိန္ဆိုရင္ လူသားေတြလည္း အသက္ရွင္ႏိုင္မွာ မဟုတ္တာေၾကာင့္ပဲ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ မေတာ္တဆမႈတစ္ခု ျဖစ္သြားကာ သူတို႔အဖြဲ႕တစ္ခုလုံးဟာ အသက္အႏၲရာယ္နဲ႔ ရင္ဆိုင္ရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Chris Evans ၊ Cillian Murphy နဲ႔ Rose Byrne တို႔ အဓိက ပါဝင္ထားပါတယ္။

(3) Identity
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၀၃ခုႏွစ္မွာ ထြက္ရွိထားၿပီးေတာ့ IMDb (7.3) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ညတစ္ညမွာ မုန္တိုင္းတိုက္ေနတာေၾကာင့္ လူဆယ္ေယာက္ဟာ လူသူမနီးတဲ့ ကြၽန္းတစ္ခုမွာ တည္းခိုခဲ့ၾကပါတယ္။ အဲ့ဒီေနာက္မွာေတာ့ တျဖည္းျဖည္းနဲ႔ သူတို႔ထဲက လူေတြဟာ တစ္ေယာက္ၿပီးတစ္ေယာက္ ေသဆုံးကုန္ၾကပါတယ္။ အဲ့ဒါေၾကာင့္ပဲ အသက္ရွင္က်န္ရွိေနသူေတြဟာ လူသတ္သမား ဘယ္သူလည္းဆိုတာကို ရွာေဖြရပါေတာ့တယ္။ John Cusack ၊ Amand Peet နဲ႔ Rebecca De Mornay တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(2) The Lighthouse
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၉ခုႏွစ္မွာ ထြက္ခဲ့တာ ျဖစ္ၿပီး IMDb (7.5) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ လူသူမနီးတဲ့ ကြၽန္းတစ္ခုမွာရွိတဲ့ မီးျပတိုက္ ေစာင့္ေရွာက္သူ ႏွစ္ေယာက္အေၾကာင္းကို ႐ိုက္ျပထားတာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ လူသူမနီးတဲ့ေနရာမွာ ေနထိုင္ေနရတာေၾကာင့္ သူတို႔ႏွစ္ေယာက္လုံးဟာ တျဖည္းျဖည္းနဲ႔ စိတ္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းမႈေတြ ျဖစ္လာပါေတာ့တယ္။ Robert Pattinson နဲ႔ Willem Dafoe တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(1) Moon
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၀၉ခုႏွစ္မွာ ထြက္ရွိထားၿပီးေတာ့ IMDb (7.9) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ အာကာသယာဥ္မႉးျဖစ္သူ Sam ဟာ လအနီးမွာရွိတဲ့ စခန္းတစ္ခုထဲမွာ အလုပ္လုပ္ဖို႔အတြက္ သုံးႏွစ္တာ စာခ်ဳပ္ခ်ဳပ္ခဲ့ပါတယ္။ ဒီလိုနဲ႔ သူ႔ရဲ႕ စာခ်ဳပ္ျပည့္ကာနီးအခ်ိန္ကို ေရာက္လာတာေၾကာင့္ အိမ္ျပန္ဖို႔ ျပင္ဆင္ေနပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီအခ်ိန္မွာ မေမွ်ာ္လင့္ဘဲနဲ႔ ေသေစႏိုင္ေလာက္တဲ့ မေတာ္တဆမႈတစ္ခုကို ႀကဳံေတြ႕လိုက္ရပါတယ္။ Sam Rockwell ၊ Dominique McElligot နဲ႔ Kevin Spacey တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular