HomeCharacterMysterio ကြောင့် စိတ်ဒဏ်ရာ အကြီးအကျယ် ရသွားခဲ့တဲ့ Wolverine 

Mysterio ကြောင့် စိတ်ဒဏ်ရာ အကြီးအကျယ် ရသွားခဲ့တဲ့ Wolverine 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Mysterio ဟာ ပုံရိပ်ယောင်တွေ ဖန်တီးတဲ့နေရာမှာ Marvel universe ရဲ့ ဆရာတစ်ဆူလို့ သူ့ကိုယ်သူ သတ်မှတ်ထားသူတစ်ယောက် ဖြစ်ပါတယ်။ သူဟာ Spider-Man ရဲ့ အဓိကဗီလိန်တွေထဲမှာလည်း ပါဝင်ပြီးတော့ Live Action ထဲမှာလည်း Peter ကို အတော်လေး ဒုက္ခရောက်အောင် လုပ်သွားနိုင်တဲ့ ဗီလိန်တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့နာမည်အရင်းကတော့ Quentin Beck ဖြစ်ပြီးတော့ အခုလိုမျိူး ဗီလိန်တစ်ယောက် ဖြစ်မလာခင်မှာ သူဟာ ဟောလိဝုဒ်ရုပ်ရှင်တွေထဲမှာ စတန့်တွေနဲ့ အထူးပြုလုပ်ချက်တွေကို ပြုလုပ်သူတစ်ယောက် ဖြစ်ခဲ့ပါတယ်။

သူဟာ Live Action ထဲမှာတင်မကဘဲ ကောမစ်ထဲမှာလည်း Spider-Man ကို သူ့ကိုယ်သူ ရူးနေပြီလို့ ထင်သွားအောင်တောင် ပြုလုပ်ခဲ့ဖူးပါတယ်။ ဒါ့အပြင် သူရဲ့ ကျွမ်းကျင်မှုတစ်ခုဖြစ်တဲ့ ပုံရိပ်ယောင်တွေ အသုံးပြုပြီး ဒုက္ခပေးဖူးတာဟာလည်း Spider-Man တစ်ယောက်တည်း မဟုတ်ဘဲ တစ်ခြားဟီးရိုးများစွာကိုလည်း ဒုက္ခရောက်အောင် ပြုလုပ်ခဲ့ဖူးပါတယ်။ အဲ့ဒီထဲက သူ့ရဲ့ အကြီးမားဆုံးနဲ့ dark အဖြစ်ဆုံး လှည့်စားမှုကတော့ Wolverine အပေါ်ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

အဲ့ဒီအဖြစ်အပျက်ကတော့ ၂၀၀၈ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Old Man Logan ဆိုတဲ့ ကောမစ်စီးရီးထဲမှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အနာဂတ်ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားပြီး ဗီလိန်တွေအားလုံး စုပေါင်းပြီး ကမ္ဘာကြီးကို သိမ်းပိုက်ထားတဲ့ အနာဂတ်ကာလတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီဗီလိန်တွေအားလုံးရဲ့ ခေါင်းဆောင်ကတော့ Red Skull ဖြစ်ပြီးတော့ သူတို့တွေဟာ စူပါဟီးရိုး အများစုကိုလည်း ရှင်းပစ်ခဲ့ကြပါတယ်။ အဲ့ဒါကြောင့်ပဲ အသက်ရှင်ကျန်ရှိနေတဲ့ စူပါဟီးရိုးအနည်းငယ်ဟာ ထွက်ပြေးတိမ်းရှောင်ပြီး ပုန်းခိုနေထိုင်ကြရပါတယ်။

အဲ့ဒီအချိန်မှာ Hulk ရဲ့ စွမ်းအားတွေကို ရရှိထားတဲ့ လူတစ်စုဟာ Hulk Gang ဆိုတဲ့အဖွဲ့ ဖွဲ့ထားပြီးတော့ အိမ်ခြံမြေတွေကို ငှားစားနေခဲ့ပါတယ်။ Hulk Gang အဖွဲ့ဟာ အိမ်ငှားတွေက သူတို့ရဲ့ အိမ်ငှားခကို အချိန်မီ မပေးနိုင်ရင်တော့ အဲ့ဒီလူတွေကို သတ်ပစ်လေ့ ရှိပါတယ်။ အဲ့ဒီ့အချိန်မှာ Logan ကလည်း သူ့ရဲ့မိသားစုနဲ့အတူ အိမ်ငှားပြီး နေထိုင်နေခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Logan ဟာ အိမ်ငှားခပေးဖို့ ပိုက်ဆံလိုတာကြောင့် Hawkeye နဲ့အတူ အလုပ်တစ်ခု လုပ်ဖို့အတွက် သဘောတူခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီအချိန်တုန်းက Logan ဟာ အရင်လိုမျိူး ဟီးရိုးလည်း မလုပ်တော့ဘဲ ဘယ်တော့မှ မတိုက်ခိုက်တော့ဘူးလို့ စိတ်ဆုံးဖြတ်ထားတာလည်း ဖြစ်ပါတယ်။

photo via screenrant

အဲ့ဒီနောက်မှာတော့ Logan ဟာ Clint နဲ့အတူ ခရီးသွားနေရင်းနဲ့ ဘယ်လိုကြောင့် နောက်ထပ် မတိုက်ခိုက်တော့ဘူးလို့ စိတ်ဆုံးဖြတ်ထားရတဲ့ အကြောင်းရင်းကို ပြောပြခဲ့ပါတယ်။ အကြောင်းကတော့ တစ်ရက်မှာ X-Mansion ထဲကို စူပါဗီလိန် အယောက်လေးဆယ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ကံမကောင်းချင်တော့ အဲ့ဒီအချိန်မှာ ကျောင်းသားတွေကို ကာကွယ်ပေးဖို့အတွက် ဟီးရိုးဆိုလို့ Logan တစ်ယောက်ပဲ ရှိနေခဲ့ပါတယ်။

အဲ့ဒါကြောင့်ပဲ Logan ဟာ ကျောင်းသားတွေကို ကာကွယ်ပေးဖို့အတွက် ကျူးကျော်လာတဲ့ ဗီလိန်တွေအကုန်လုံးကို သတ်ပစ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ စိတ်ထိခိုက်စရာကောင်းတဲ့ အမှန်တရားကို သိရှိသွားခဲ့ပါတယ်။ အဲ့ဒါကတော့ X-Mansion ထဲကို ဘယ်ဗီလိန်ကမှ မကျူးကျော်ခဲ့ဘဲ Logan သတ်လိုက်တဲ့သူတွေ အကုန်လုံးက X-Men တွေ ဖြစ်နေတာပါပဲ။ အခုလိုမျိူး Logan ကို ပုံရိပ်ယောင်တွေ မြင်စေပြီး သူ့ရဲ့ ရဲဘော်ရဲဘက်တွေ အကုန်လုံးကို သတ်ပစ်စေခဲ့တာကတော့ Mysterio ရဲ့ လက်ချက်ပဲ ဖြစ်ပါတယ်။

photo via screenrant

ဒီဖြစ်ရပ်ဟာ Mysterio ရဲ့ အကြီးမားဆုံး လှည့်စားမှုတွေထဲမှာ ပါဝင်ပြီးတော့ X-Men တွေအကုန်လုံးရဲ့ ပုံစံတွေ၊ အနံ့တွေ၊ အသံတွေနဲ့ ခံစားမှုတွေအားလုံးကို လုံးဝပြောင်းလဲလိုက်တာကြောင့် Logan က မရိပ်မိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအဖြစ်အပျက်ဟာ Logan ကို အကြီးအကျယ် စိတ်ထိခိုက်သွားစေပြီးတော့ နောက်ထပ် ဘယ်တော့မှ မတိုက်ခိုက်ဖို့အတွက် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီကောမစ်ရဲ့ အဆုံးမှာတော့ Logan ဟာ သူ့ရဲ့မိသားစုတွေ အကုန်အသတ်ခံလိုက်ရတာကြောင့် သတ်သွားတဲ့သူတွေကို လက်စားချေဖို့နဲ့ ဗီလိန်တွေကို နှိမ်နင်းဖို့အတွက် ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့်ပဲ Mysterio ဟာ သူ့ရဲ့ပုံရိပ်ယောင်နဲ့ လှည့်စားမှုဟာ ပုံရိပ်ယောင်လို့တောင် မထင်ရလောက်အောင် အရမ်းကို ပီပြင်နေတယ်ဆိုတာ သိသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Red Skull ဟာ အဲ့ဒီကျွမ်းကျင်မှုတွေကို သူတို့အပေါ်မှာ အသုံးပြုမှာ စိုးရိမ်တာကြောင့် Mysterio ကို သတ်ပစ်ခဲ့ပါတယ်။ အဲ့ဒီကောမစ်ထဲမှာ Mysterio က သေဆုံးသွားပေမယ့်လည်း သူ့ရဲ့ကျွမ်းကျင်မှုတွေဟာ တစ်ခြားစူပါဗီလိန်တွေ အများကြီးတောင် ကြောက်ရွံ့ခဲ့ရပြီး Logan အပေါ်မှာ ပြုလုပ်ခဲ့တဲ့ လုပ်ရပ်ကလည်း သူ့ရဲ့ အကြီးမားဆုံး အောင်မြင်မှုတွေထဲကတစ်ခုလို့ ပြောလို့ရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Mysterio ဟာ ပုံရိပ္ေယာင္ေတြ ဖန္တီးတဲ့ေနရာမွာ Marvel universe ရဲ႕ ဆရာတစ္ဆူလို႔ သူ႔ကိုယ္သူ သတ္မွတ္ထားသူတစ္ေယာက္ ျဖစ္ပါတယ္။ သူဟာ Spider-Man ရဲ႕ အဓိကဗီလိန္ေတြထဲမွာလည္း ပါဝင္ၿပီးေတာ့ Live Action ထဲမွာလည္း Peter ကို အေတာ္ေလး ဒုကၡေရာက္ေအာင္ လုပ္သြားႏိုင္တဲ့ ဗီလိန္တစ္ေယာက္ ျဖစ္ပါတယ္။ သူ႔ရဲ႕နာမည္အရင္းကေတာ့ Quentin Beck ျဖစ္ၿပီးေတာ့ အခုလိုမ်ိဴး ဗီလိန္တစ္ေယာက္ ျဖစ္မလာခင္မွာ သူဟာ ေဟာလိဝုဒ္႐ုပ္ရွင္ေတြထဲမွာ စတန႔္ေတြနဲ႔ အထူးျပဳလုပ္ခ်က္ေတြကို ျပဳလုပ္သူတစ္ေယာက္ ျဖစ္ခဲ့ပါတယ္။

သူဟာ Live Action ထဲမွာတင္မကဘဲ ေကာမစ္ထဲမွာလည္း Spider-Man ကို သူ႔ကိုယ္သူ ႐ူးေနၿပီလို႔ ထင္သြားေအာင္ေတာင္ ျပဳလုပ္ခဲ့ဖူးပါတယ္။ ဒါ့အျပင္ သူရဲ႕ ကြၽမ္းက်င္မႈတစ္ခုျဖစ္တဲ့ ပုံရိပ္ေယာင္ေတြ အသုံးျပဳၿပီး ဒုကၡေပးဖူးတာဟာလည္း Spider-Man တစ္ေယာက္တည္း မဟုတ္ဘဲ တစ္ျခားဟီး႐ိုးမ်ားစြာကိုလည္း ဒုကၡေရာက္ေအာင္ ျပဳလုပ္ခဲ့ဖူးပါတယ္။ အဲ့ဒီထဲက သူ႔ရဲ႕ အႀကီးမားဆုံးနဲ႔ dark အျဖစ္ဆုံး လွည့္စားမႈကေတာ့ Wolverine အေပၚကို အသုံးျပဳခဲ့တာ ျဖစ္ပါတယ္။

photo via screenrant

အဲ့ဒီအျဖစ္အပ်က္ကေတာ့ ၂၀၀၈ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Old Man Logan ဆိုတဲ့ ေကာမစ္စီးရီးထဲမွာ ျဖစ္ပ်က္ခဲ့တာ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ အနာဂတ္ကာလတစ္ခုမွာ ဇာတ္အိမ္တည္ထားၿပီး ဗီလိန္ေတြအားလုံး စုေပါင္းၿပီး ကမာၻႀကီးကို သိမ္းပိုက္ထားတဲ့ အနာဂတ္ကာလတစ္ခု ျဖစ္ပါတယ္။ ဒါ့အျပင္ အဲ့ဒီဗီလိန္ေတြအားလုံးရဲ႕ ေခါင္းေဆာင္ကေတာ့ Red Skull ျဖစ္ၿပီးေတာ့ သူတို႔ေတြဟာ စူပါဟီး႐ိုး အမ်ားစုကိုလည္း ရွင္းပစ္ခဲ့ၾကပါတယ္။ အဲ့ဒါေၾကာင့္ပဲ အသက္ရွင္က်န္ရွိေနတဲ့ စူပါဟီး႐ိုးအနည္းငယ္ဟာ ထြက္ေျပးတိမ္းေရွာင္ၿပီး ပုန္းခိုေနထိုင္ၾကရပါတယ္။

အဲ့ဒီအခ်ိန္မွာ Hulk ရဲ႕ စြမ္းအားေတြကို ရရွိထားတဲ့ လူတစ္စုဟာ Hulk Gang ဆိုတဲ့အဖြဲ႕ ဖြဲ႕ထားၿပီးေတာ့ အိမ္ၿခံေျမေတြကို ငွားစားေနခဲ့ပါတယ္။ Hulk Gang အဖြဲ႕ဟာ အိမ္ငွားေတြက သူတို႔ရဲ႕ အိမ္ငွားခကို အခ်ိန္မီ မေပးႏိုင္ရင္ေတာ့ အဲ့ဒီလူေတြကို သတ္ပစ္ေလ့ ရွိပါတယ္။ အဲ့ဒီ့အခ်ိန္မွာ Logan ကလည္း သူ႔ရဲ႕မိသားစုနဲ႔အတူ အိမ္ငွားၿပီး ေနထိုင္ေနခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Logan ဟာ အိမ္ငွားခေပးဖို႔ ပိုက္ဆံလိုတာေၾကာင့္ Hawkeye နဲ႔အတူ အလုပ္တစ္ခု လုပ္ဖို႔အတြက္ သေဘာတူခဲ့ပါတယ္။ ဒါ့အျပင္ အဲ့ဒီအခ်ိန္တုန္းက Logan ဟာ အရင္လိုမ်ိဴး ဟီး႐ိုးလည္း မလုပ္ေတာ့ဘဲ ဘယ္ေတာ့မွ မတိုက္ခိုက္ေတာ့ဘူးလို႔ စိတ္ဆုံးျဖတ္ထားတာလည္း ျဖစ္ပါတယ္။

photo via screenrant

အဲ့ဒီေနာက္မွာေတာ့ Logan ဟာ Clint နဲ႔အတူ ခရီးသြားေနရင္းနဲ႔ ဘယ္လိုေၾကာင့္ ေနာက္ထပ္ မတိုက္ခိုက္ေတာ့ဘူးလို႔ စိတ္ဆုံးျဖတ္ထားရတဲ့ အေၾကာင္းရင္းကို ေျပာျပခဲ့ပါတယ္။ အေၾကာင္းကေတာ့ တစ္ရက္မွာ X-Mansion ထဲကို စူပါဗီလိန္ အေယာက္ေလးဆယ္က ဝင္ေရာက္တိုက္ခိုက္ခဲ့ပါတယ္။ ကံမေကာင္းခ်င္ေတာ့ အဲ့ဒီအခ်ိန္မွာ ေက်ာင္းသားေတြကို ကာကြယ္ေပးဖို႔အတြက္ ဟီး႐ိုးဆိုလို႔ Logan တစ္ေယာက္ပဲ ရွိေနခဲ့ပါတယ္။

အဲ့ဒါေၾကာင့္ပဲ Logan ဟာ ေက်ာင္းသားေတြကို ကာကြယ္ေပးဖို႔အတြက္ က်ဴးေက်ာ္လာတဲ့ ဗီလိန္ေတြအကုန္လုံးကို သတ္ပစ္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ စိတ္ထိခိုက္စရာေကာင္းတဲ့ အမွန္တရားကို သိရွိသြားခဲ့ပါတယ္။ အဲ့ဒါကေတာ့ X-Mansion ထဲကို ဘယ္ဗီလိန္ကမွ မက်ဴးေက်ာ္ခဲ့ဘဲ Logan သတ္လိုက္တဲ့သူေတြ အကုန္လုံးက X-Men ေတြ ျဖစ္ေနတာပါပဲ။ အခုလိုမ်ိဴး Logan ကို ပုံရိပ္ေယာင္ေတြ ျမင္ေစၿပီး သူ႔ရဲ႕ ရဲေဘာ္ရဲဘက္ေတြ အကုန္လုံးကို သတ္ပစ္ေစခဲ့တာကေတာ့ Mysterio ရဲ႕ လက္ခ်က္ပဲ ျဖစ္ပါတယ္။

photo via screenrant

ဒီျဖစ္ရပ္ဟာ Mysterio ရဲ႕ အႀကီးမားဆုံး လွည့္စားမႈေတြထဲမွာ ပါဝင္ၿပီးေတာ့ X-Men ေတြအကုန္လုံးရဲ႕ ပုံစံေတြ၊ အနံ႔ေတြ၊ အသံေတြနဲ႔ ခံစားမႈေတြအားလုံးကို လုံးဝေျပာင္းလဲလိုက္တာေၾကာင့္ Logan က မရိပ္မိခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီအျဖစ္အပ်က္ဟာ Logan ကို အႀကီးအက်ယ္ စိတ္ထိခိုက္သြားေစၿပီးေတာ့ ေနာက္ထပ္ ဘယ္ေတာ့မွ မတိုက္ခိုက္ဖို႔အတြက္ ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီေကာမစ္ရဲ႕ အဆုံးမွာေတာ့ Logan ဟာ သူ႔ရဲ႕မိသားစုေတြ အကုန္အသတ္ခံလိုက္ရတာေၾကာင့္ သတ္သြားတဲ့သူေတြကို လက္စားေခ်ဖို႔နဲ႔ ဗီလိန္ေတြကို ႏွိမ္နင္းဖို႔အတြက္ ျပန္လည္တိုက္ခိုက္ခဲ့ပါတယ္။

ဒီျဖစ္ရပ္ေၾကာင့္ပဲ Mysterio ဟာ သူ႔ရဲ႕ပုံရိပ္ေယာင္နဲ႔ လွည့္စားမႈဟာ ပုံရိပ္ေယာင္လို႔ေတာင္ မထင္ရေလာက္ေအာင္ အရမ္းကို ပီျပင္ေနတယ္ဆိုတာ သိသြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Red Skull ဟာ အဲ့ဒီကြၽမ္းက်င္မႈေတြကို သူတို႔အေပၚမွာ အသုံးျပဳမွာ စိုးရိမ္တာေၾကာင့္ Mysterio ကို သတ္ပစ္ခဲ့ပါတယ္။ အဲ့ဒီေကာမစ္ထဲမွာ Mysterio က ေသဆုံးသြားေပမယ့္လည္း သူ႔ရဲ႕ကြၽမ္းက်င္မႈေတြဟာ တစ္ျခားစူပါဗီလိန္ေတြ အမ်ားႀကီးေတာင္ ေၾကာက္႐ြံ႕ခဲ့ရၿပီး Logan အေပၚမွာ ျပဳလုပ္ခဲ့တဲ့ လုပ္ရပ္ကလည္း သူ႔ရဲ႕ အႀကီးမားဆုံး ေအာင္ျမင္မႈေတြထဲကတစ္ခုလို႔ ေျပာလို႔ရပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular