HomeEntertainmentFilmလူအများစု မကြည့်ဖူးလောက်သေးတဲ့ GoT သရုပ်ဆောင်တွေရဲ့ ရုပ်ရှင်ဇာတ်ကားများ

လူအများစု မကြည့်ဖူးလောက်သေးတဲ့ GoT သရုပ်ဆောင်တွေရဲ့ ရုပ်ရှင်ဇာတ်ကားများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

GoT လို့ အတိုကောက်ခေါ်ကြတဲ့ Game of Thrones ဇာတ်လမ်းတွဲဟာ ဇာတ်လမ်း၊ဇာတ်အိမ် ကောင်းမွန်တာကြောင့်တင် မဟုတ်ဘဲ ပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့ အံ့မခန်း သရုပ်ဆောင်စွမ်းရည်တွေကြောင့်လည်း လူကြိုက်များတာ ဖြစ်ပါတယ်။ ပရိသတ်အများစုဟာ GoT ထဲက သရုပ်ဆောင်တွေကို သူတို့ရဲ့ဇာတ်ရုပ်တွေနဲ့ တွဲပြီး မျက်စိထဲမှာ စွဲနေကြတာကြောင့် သူတို့များ အခြားရုပ်ရှင်တွေထဲမှာ သရုပ်ဆောင်ရင် ကြည့်ဖို့တောင် အဆင်ပြေပါ့မလားလို့ ထင်ကောင်းထင်မိကြပါလိမ့်မယ်။ သို့ပေမယ့်လည်း သရုပ်ဆောင်ထူးချွန်သူများပီပီ ကျရာဇာတ်ရုပ်ကို ပိပိရိရိ၊ သေသေသပ်သပ် သရုပ်ဆောင်နိုင်မယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဒါကြောင့်လည်း GoT သရုပ်ဆောင်တွေရဲ့ လူသိပ်မသိသေးတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေကို စာဖတ်သူတို့အတွက် မျှဝေပေးလိုက်ပါတယ်။

Testament of Youth (Kit Harington)
Photo via screenrant

Jon Snow လို့ လူသိများကြတဲ့ မင်းသား Kit Harington ဟာ မင်းသမီး Alicia Vikander နဲ့ တွဲဖက်ပြီး ပထမကမ္ဘာစစ်ကို နောက်ခံတည်ထားတဲ့ ဒရာမာရုပ်ရှင်တစ်ကား ရိုက်ကူးခဲ့ပါတယ်။ အဆိုပါရုပ်ရှင်ဇာတ်ကားဟာ ပထမကမ္ဘာစစ်အတွင်းက သူနာပြုတစ်ဖြစ်လည်း၊ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ စာရေးဆရာမ Vera Brittain ရဲ့ စာအုပ်ကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။

မင်းသမီး Alicia ကတော့ စစ်ပွဲထဲမှာ ဒဏ်ရာရသူတွေကို ပြုစုကုသပေးဖို့အတွက် သူမရဲ့ပညာသင်ကြားရာ တက္ကသိုလ်ကနေ ထွက်ခွာလာခဲ့တဲ့ သူနာပြု Vera Birttain နေရာမှာ သရုပ်ဆောင်ထားပါတယ်။ Kit Harington ကတော့ သူနာပြုမလေး Vera ရဲ့ချစ်သူ၊ ငယ်ရွယ်တဲ့ စစ်သားလေး Roland Leighton နေရာမှာ သရုပ်ဆောင်ထားပါတယ်။ ငယ်ရွယ်တဲ့ချစ်သူနှစ်ဦးဟာ ကျရာနေရာမှာ တာဝန်ထမ်းရင်း စစ်ပွဲရဲ့ဖိစီးနှိပ်စက်မှုတွေကို ရင်ဆိုင်ရတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားဟာ ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုကို ရရှိထားပြီး စိတ်ထိခိုက်ဖို့ကောင်းတဲ့ စစ်နောက်ခံဒရာမာဇာတ်လမ်းအဖြစ် ဖော်ပြခံခဲ့ရပါတယ်။ ၂၀၁၄ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb (7.3) ရရှိထားပါတယ်။

The Station Agent (Peter Dinklage)
Photo via screenrant

GoT ထဲမှာ Tyrion Lannister အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား Peter Dinklage ငယ်ရွယ်စဉ်အချိန်က ရိုက်ကူးထားတဲ့ အင်ဒီးဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ အထီးကျန်ဆန်မှုနဲ့ သီးခြားခွဲထွက်နေထိုင်ရမှုတွေကို အသားပေးရိုက်ကူးထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ Peter Dinklage ဟာ သူ့ရဲ့သာမန်ထက် ပုနေတဲ့ အရပ်ကြောင့် လူ့အသိုင်းအဝိုင်းကနေ ဖယ်ကျဉ်ခံထားရတဲ့ တစ်ကိုယ်တည်းသမား Finn ဆိုတဲ့ ဇာတ်ရုပ်ကနေ သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ရုပ်ဟာ GoT ထဲက Tyrion Lannister ရဲ့ဇာတ်ရုပ်နဲ့တော့ တော်တော်လေး ကွဲပြားတယ်လို့လည်း ပြောလို့ရပါတယ်။

ဇာတ်လမ်းကတော့ Finn ဟာ ရထားတွေကို နှစ်သက်သူဖြစ်ပြီး သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း Henry သေဆုံးသွားတဲ့အခါ မသုံးတော့တဲ့ ရထားဘူတာရုံအိုကြီးတစ်ခုကို အမွေရလိုက်ပါတယ်။ အဲ့ဒီ့နေရာမှာ တစ်ကိုယ်တည်း နေထိုင်ရတာကို ပျော်မွေ့နေရင်း Finn တစ်ယောက်ဟာ ဒေသခံတွေရဲ့ ဘဝတွေထဲမှာ မသိမသာနဲ့ ပါဝင်လာရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Peter Dinklage အပြင် Michelle Williams နဲ့ Patricia Clarkson တို့ကလည်း ပါဝင်ထားပါတယ်။ ၂၀၀၃ခုနှစ်က ထွက်ရှိထားပြီး IMDb (7.6) ရရှိထားပါတယ်။

Aberdeen (Lena Headey)
Photo via screenrant

Cersei Lannister ဇာတ်ရုပ်နဲ့ ဗီလိန်အဖြစ် ပီပြင်စွာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Lena Headey ဟာ Aberdeen ဆိုတဲ့ ဒီဒရာမာရုပ်ရှင်ထဲမှာတော့ Kaisa ဆိုတဲ့ ရှေ့နေအမျိုးသမီးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ Kaisa ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဝေးကွာနေတဲ့ ဖခင်ဖြစ်သူနဲ့ ပြန်လည်ဆုံစည်းပြီး သေလုမျောပါး ဖြစ်နေတဲ့ မိခင်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကြိုးစားတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ ဒီလိုနဲ့ သားအဖနှစ်ယောက်ဟာ မိခင်ရဲ့ဆန္ဒတွေကို ဖြစ်မြောက်စေဖို့ ခက်ခက်ခဲခဲ ကြိုးစားရတာကို ရိုက်ပြထားတာ ဖြစ်ပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ Lena Headey ၊ Stellan Skarsgard ၊ Charlotte Rampling တို့က အဓိကပါဝင်ထားပါတယ်။ ၂၀၀၀ခုနှစ်က ထွက်ရှိထားတာဖြစ်ပြီး IMDb (7.1) ရရှိထားပါတယ်။

Headhunters (Nikolaj Coster-Waldau)
Photo via screenrant

Jaime Lannister အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Nikolaj Coster-Waldau ဟာ ဒီရုပ်ရှင်ဇာတ်ကားမှာတော့ စီးပွားရေးကုမ္ပဏီတစ်ခုက အရာရှိတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ Clas Greve ဆိုတဲ့ ကုမ္ပဏီအရာရှိတစ်ယောက်ဟာ နာမည်ကျော် ဂန္ထဝင်ပန်းချီကားတစ်ချပ်ကို ပိုင်ဆိုင်ထားပါတယ်။ Roger Brown ဆိုတဲ့ လူတစ်ယောက်ကလည်း အဲ့ဒီ့ပန်းချီကားကို အပူတပြင်း လိုချင်နေပါတယ်။

Roger Brown ဟာ အလုပ်သမားရှာဖွေပေးသူတစ်ယောက်ဖြစ်ပြီး လျှို့ဝှက်အနေနဲ့ အနုပညာလက်ရာပစ္စည်းတွေကို ခိုးယူနေသူလည်း ဖြစ်ပါတယ်။ သူဟာ နာမည်ကျော် အနုပညာလက်ရာပစ္စည်းတွေကို ခိုးဝှက်ပြီးတဲ့အခါ အတုတွေနဲ့ ပြန်လဲပြီး ထားခဲ့တတ်တဲ့အကျင့်လည်း ရှိပါတယ်။ ဒီလိုလူနဲ့ Clas Greve နဲ့ ထိပ်တိုက်တွေ့ကြတဲ့အခါမှာတော့ ပွဲကကြည့်ကောင်းပါတော့တယ်။ နော်ဝေရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ၂၀၁၁ခုနှစ်က ထွက်ရှိထားပါတယ်။ IMDb ကတော့ (7.5) ရရှိထားပါတယ်။

Dom Hemingway (Emilia Clarke)
Photo via screenrant

နဂါးတို့ရဲ့မေမေ Daenerys Targaryen အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီး Emilia Clarke ဟာ GoT ရိုက်ကူးရေးတွေက အားလပ်တဲ့အခါ အခြားနာမည်ကြီးရုပ်ရှင်တွေကိုလည်း ရိုက်ကူးထားပါသေးတယ်။ သူမ မှတ်မှတ်ရရ ပါဝင်ထားတဲ့ ရုပ်ရှင်တွေကတော့ ၂၀၁၅ခုနှစ်က ထွက်ရှိခဲ့တဲ့ Terminator Genisys နဲ့ ၂၀၁၈ခုနှစ်က ထွက်ရှိခဲ့တဲ့ Solo: A Star Wars Story တို့ ဖြစ်ပါတယ်။

သို့ပေမယ့် လူတွေ သိပ်မသိကြတဲ့ သူမရဲ့ရုပ်ရှင်တစ်ကားကတော့ ၂၀၁၃ခုနှစ်က ထွက်ရှိခဲ့တဲ့ Dom Hemingway ဆိုတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ နာမည်ကျော်မင်းသား Jude Law က Dom Hemingway ဆိုတဲ့ဇာတ်ရုပ်ကနေ သရုပ်ဆောင်ထားပါတယ်။ Dom Hemingway ဟာ (၁၂)နှစ်ကြာ အကျဉ်းကျခံနေရာက လွတ်မြောက်လာသူဖြစ်ပြီး သူ့ရဲ့ကွဲကွာနေတဲ့ သမီးဖြစ်သူ Evelyn နေရာမှာ Emilia Clarke က သရုပ်ဆောင်ထားပါတယ်။ IMDb (6.2) ရရှိထားတာကြောင့် မကြည့်ရသေးရင် ကြည့်ရှုသင့်တဲ့ဇာတ်ကားလို့ ပြောပါရစေ။

The Falling (Maisie Williams)
Photo via screenrant

ကလဲ့စားချေချင်စိတ် ပြင်းပြတဲ့ သတ္တိခဲမလေး Arya Stark အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးလေး Maisie Williams ဟာ ၂၀၁၄ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Falling ဆိုတဲ့ရုပ်ရှင်ကိုလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။ ဒီဇာတ်ကားမှာတော့ Maisie ဟာ မင်းသမီး Florence Pugh နဲ့ တွဲဖက်ပြီး အဆောင်နေကျောင်းသူလေးတွေအဖြစ် သရုပ်ဆောင်ထားတာပါ။

ဇာတ်လမ်းကတော့ ၁၉၆၉ခုနှစ်မှာ အခြေတည်ထားပါတယ်။ Lydia Lamont နဲ့ Eileen Lamb တို့ဟာ အဆောင်နေကျောင်းသူတွေဖြစ်ပြီး အချစ်ဆုံးသူငယ်ချင်းတွေလည်း ဖြစ်ကြပါတယ်။ Eileen ဟာ မြီးကောင်ပေါက်ပီပီ အချစ်ကိစ္စတွေကို စူးစမ်းတတ်လာခဲ့ပြီး အဲ့ဒီ့နောက်မှာတော့ မူးလဲတာမျိုး ခဏခဏဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ခြားသူတွေမှာလည်း ကူးစက်သလိုမျိုးပဲ မူးလဲ၊ မေ့လဲတာတွေ ဖြစ်လာတဲ့အခါမှာတော့ အသိရခက်တဲ့အရာတစ်ခုနဲ့ ရင်ဆိုင်ရပါတော့တယ်။

၂၀၁၄ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb (5.4) ရရှိထားပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Florence Pugh ၊ Maisie Williams အပြင် Peaky Blinders ထဲမှာ John Shelby အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား Joe Cole ကပါ ပါဝင်သရုပ်ဆောင်ထားပါတယ်။

In Fabric (Gwendoline Christie )
Photo via screenrant

အမျိုးသမီးသူရဲကောင်း Brienne of Tarth နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသမီး Gwendoline Christie ဟာ ဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ဘက်ကို မကူးခင်မှာ ဗြိတိန်ပြဇာတ်လောကမှာ ကျင်လည်ခဲ့သူ ဖြစ်ပါတယ်။ သူမ သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ဇာတ်ကားကတော့ ၂၀၁၈ခုနှစ်က ထွက်ရှိထားခဲ့တာဖြစ်ပြီး ၁၉၇၀ခုနှစ်ဝန်းကျင်က horror ဇာတ်ကားတွေရဲ့ စတိုင်လ်မျိုး ရိုက်ကူးထားတာပါ။

ဇာတ်လမ်းကတော့ မကောင်းဆိုးဝါးပူးကပ်နေတဲ့ အနီရောင်ဝတ်စုံတစ်စုံအကြောင်း ဖြစ်ပါတယ်။ ဒီလိုနဲ့ ကံဆိုးတဲ့အမျိုးသမီးတစ်ယောက်ဟာ အဆိုပါအနီရောင်ဝတ်စုံကို ဝယ်ယူသွားခဲ့ရာက ဇာတ်လမ်းတွေ စပါတော့တယ်။ သရုပ်ဆောင်တွေအနေနဲ့ Gwendoline Christie ၊ Marianne Jean-Baptiste နဲ့ Fatma Mohamed တို့က ပါဝင်ထားပါတယ်။ IMDb ကတော့ (6.3) ရရှိထားပါတယ်။

Force Majeure (Kristofer Hivju)
Photo via screenrant

နော်ဝေသရုပ်ဆောင် Kristofer Hivju ကတော့ GoT ထဲမှာ Tormund Giantsbane အဖြစ် သရုပ်ဆောင်ထားပါတယ်။ GoT အပြင် သူ့ရဲ့အကောင်းဆုံးဇာတ်ရုပ်တစ်ခုကို ပြောပါဆိုရင်တော့ Force Majeure ထဲက Mats ဆိုတဲ့ ကာရိုက်တာကို ပြောရမှာပါ။ ဒီဇာတ်ကားဟာ ၂၀၁၄ခုနှစ်က ထွက်ရှိထားပြီး IMDb (7.3) ရရှိထားပါတယ်။

ဇာတ်လမ်းကတော့ Mats ဆိုတဲ့လူတစ်ယောက်ဟာ သူ့ရဲ့ချစ်သူမိန်းကလေးနဲ့အတူ Tomas နဲ့ Ebba တို့သူငယ်ချင်းစုံတွဲဆီကို အလည်လာရောက်ကြပါတယ်။ သူတို့စုံတွဲဟာ ပြင်သစ်နိုင်ငံက အဲလ်ပ်တောင်တန်းတွေနားမှာ နေထိုင်ကြတာဖြစ်ပြီး Mats တို့အတွဲဟာ နှင်းလျှောစီးဖို့အတွက် အလည်လာကြတာပါ။ တစ်ခုသော မနက်ခင်းတစ်ခုမှာတော့ Tomas ၊ Ebba တို့စုံတွဲဟာ သူတို့ရဲ့ကလေးတွေနဲ့ မနက်စာစားနေတုန်း နှင်းတောင်ကြီး ပြိုကျလာပါတော့တယ်။ အန္တရာယ်ကို တုန်လှုပ်သွားတဲ့ Tomas ဟာ မိန်းမနဲ့ ကလေးတွေကို ပစ်ထားခဲ့ပြီး ထွက်သွားတဲ့အခါမှာတော့ … ။

Calvary (Aidan Gillen)
Photo via screenrant

Littlefinger (ခေါ်) Petyr Baelish အဖြစ် ပီပြင်သပ်ရပ်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့ Aidan Gillen ဟာ Calvary ဆိုတဲ့ ဒီဇာတ်ကားထဲမှာတော့ ဘာသာရေးကို အယုံအကြည်မရှိတဲ့ ဆရာဝန်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ ၂၀၁၄ခုနှစ်က ထွက်ရှိထားတာဖြစ်ပြီး black comedy အမျိုးအစား ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ရိုးသားပြီး စိတ်ကောင်းရှိတဲ့ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးဟာ အပြစ်လာဝန်ခံသူတစ်ယောက်ဆီကနေ မထင်မှတ်ဘဲ အသက်အန္တရာယ်အထိပါ ခြိမ်းခြောက်ခံလာရပါတယ်။ ဒီနောက်ကွယ်မှာတော့ လူမဆန်တဲ့ လုပ်ရပ်တွေ ပါဝင်နေပြီး ဘုန်းတော်ကြီးအနေနဲ့ ဘယ်လိုဖြေရှင်းသွားမလည်းဆိုတာ ကြည့်ရှုရမှာပါ။ IMDb ကတော့ (7.4) ရရှိထားပါတယ်။

ဒါကတော့ Game of Thrones ဇာတ်လမ်းတွဲထဲမှာ လူကြိုက်များတဲ့ သရုပ်ဆောင်တွေရဲ့ လူသိနည်းသေးတဲ့ ရုပ်ရှင်ကားကောင်းတွေ ဖြစ်ပါတယ်။ စာဖတ်သူတို့ ကြည့်ပြီးတဲ့ အခြားကားကောင်းတွေ ရှိရင်လည်း ပြန်လည်မျှဝေပေးခဲ့ပါဦး။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

GoT လို႔ အတိုေကာက္ေခၚၾကတဲ့ Game of Thrones ဇာတ္လမ္းတြဲဟာ ဇာတ္လမ္း၊ဇာတ္အိမ္ ေကာင္းမြန္တာေၾကာင့္တင္ မဟုတ္ဘဲ ပါဝင္တဲ့ သ႐ုပ္ေဆာင္ေတြရဲ႕ အံ့မခန္း သ႐ုပ္ေဆာင္စြမ္းရည္ေတြေၾကာင့္လည္း လူႀကိဳက္မ်ားတာ ျဖစ္ပါတယ္။ ပရိသတ္အမ်ားစုဟာ GoT ထဲက သ႐ုပ္ေဆာင္ေတြကို သူတို႔ရဲ႕ဇာတ္႐ုပ္ေတြနဲ႔ တြဲၿပီး မ်က္စိထဲမွာ စြဲေနၾကတာေၾကာင့္ သူတို႔မ်ား အျခား႐ုပ္ရွင္ေတြထဲမွာ သ႐ုပ္ေဆာင္ရင္ ၾကည့္ဖို႔ေတာင္ အဆင္ေျပပါ့မလားလို႔ ထင္ေကာင္းထင္မိၾကပါလိမ့္မယ္။ သို႔ေပမယ့္လည္း သ႐ုပ္ေဆာင္ထူးခြၽန္သူမ်ားပီပီ က်ရာဇာတ္႐ုပ္ကို ပိပိရိရိ၊ ေသေသသပ္သပ္ သ႐ုပ္ေဆာင္ႏိုင္မယ္ဆိုတာ သံသယျဖစ္စရာ မရွိပါဘူး။ ဒါေၾကာင့္လည္း GoT သ႐ုပ္ေဆာင္ေတြရဲ႕ လူသိပ္မသိေသးတဲ့ ႐ုပ္ရွင္ဇာတ္ကားေကာင္းေတြကို စာဖတ္သူတို႔အတြက္ မွ်ေဝေပးလိုက္ပါတယ္။

Testament of Youth (Kit Harington)
Photo via screenrant

Jon Snow လို႔ လူသိမ်ားၾကတဲ့ မင္းသား Kit Harington ဟာ မင္းသမီး Alicia Vikander နဲ႔ တြဲဖက္ၿပီး ပထမကမာၻစစ္ကို ေနာက္ခံတည္ထားတဲ့ ဒရာမာ႐ုပ္ရွင္တစ္ကား ႐ိုက္ကူးခဲ့ပါတယ္။ အဆိုပါ႐ုပ္ရွင္ဇာတ္ကားဟာ ပထမကမာၻစစ္အတြင္းက သူနာျပဳတစ္ျဖစ္လည္း၊ အမ်ိဳးသမီးအခြင့္အေရး တက္ႂကြလႈပ္ရွားသူ စာေရးဆရာမ Vera Brittain ရဲ႕ စာအုပ္ကို အေျခခံ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။

မင္းသမီး Alicia ကေတာ့ စစ္ပြဲထဲမွာ ဒဏ္ရာရသူေတြကို ျပဳစုကုသေပးဖို႔အတြက္ သူမရဲ႕ပညာသင္ၾကားရာ တကၠသိုလ္ကေန ထြက္ခြာလာခဲ့တဲ့ သူနာျပဳ Vera Birttain ေနရာမွာ သ႐ုပ္ေဆာင္ထားပါတယ္။ Kit Harington ကေတာ့ သူနာျပဳမေလး Vera ရဲ႕ခ်စ္သူ၊ ငယ္႐ြယ္တဲ့ စစ္သားေလး Roland Leighton ေနရာမွာ သ႐ုပ္ေဆာင္ထားပါတယ္။ ငယ္႐ြယ္တဲ့ခ်စ္သူႏွစ္ဦးဟာ က်ရာေနရာမွာ တာဝန္ထမ္းရင္း စစ္ပြဲရဲ႕ဖိစီးႏွိပ္စက္မႈေတြကို ရင္ဆိုင္ရတဲ့ဇာတ္လမ္း ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ဇာတ္ကားဟာ ေဝဖန္ေရးဆရာေတြရဲ႕ ခ်ီးက်ဴးမႈကို ရရွိထားၿပီး စိတ္ထိခိုက္ဖို႔ေကာင္းတဲ့ စစ္ေနာက္ခံဒရာမာဇာတ္လမ္းအျဖစ္ ေဖာ္ျပခံခဲ့ရပါတယ္။ ၂၀၁၄ခုႏွစ္က ထြက္ရွိခဲ့ၿပီး IMDb (7.3) ရရွိထားပါတယ္။

The Station Agent (Peter Dinklage)
Photo via screenrant

GoT ထဲမွာ Tyrion Lannister အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ မင္းသား Peter Dinklage ငယ္႐ြယ္စဥ္အခ်ိန္က ႐ိုက္ကူးထားတဲ့ အင္ဒီးဇာတ္ကားတစ္ကား ျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ အထီးက်န္ဆန္မႈနဲ႔ သီးျခားခြဲထြက္ေနထိုင္ရမႈေတြကို အသားေပး႐ိုက္ကူးထားတဲ့ ဇာတ္ကားလည္း ျဖစ္ပါတယ္။ ဇာတ္လမ္းထဲမွာ Peter Dinklage ဟာ သူ႔ရဲ႕သာမန္ထက္ ပုေနတဲ့ အရပ္ေၾကာင့္ လူ႔အသိုင္းအဝိုင္းကေန ဖယ္က်ဥ္ခံထားရတဲ့ တစ္ကိုယ္တည္းသမား Finn ဆိုတဲ့ ဇာတ္႐ုပ္ကေန သ႐ုပ္ေဆာင္ထားပါတယ္။ ဒီဇာတ္႐ုပ္ဟာ GoT ထဲက Tyrion Lannister ရဲ႕ဇာတ္႐ုပ္နဲ႔ေတာ့ ေတာ္ေတာ္ေလး ကြဲျပားတယ္လို႔လည္း ေျပာလို႔ရပါတယ္။

ဇာတ္လမ္းကေတာ့ Finn ဟာ ရထားေတြကို ႏွစ္သက္သူျဖစ္ၿပီး သူ႔ရဲ႕အခ်စ္ဆုံးသူငယ္ခ်င္း Henry ေသဆုံးသြားတဲ့အခါ မသုံးေတာ့တဲ့ ရထားဘူတာ႐ုံအိုႀကီးတစ္ခုကို အေမြရလိုက္ပါတယ္။ အဲ့ဒီ့ေနရာမွာ တစ္ကိုယ္တည္း ေနထိုင္ရတာကို ေပ်ာ္ေမြ႕ေနရင္း Finn တစ္ေယာက္ဟာ ေဒသခံေတြရဲ႕ ဘဝေတြထဲမွာ မသိမသာနဲ႔ ပါဝင္လာရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Peter Dinklage အျပင္ Michelle Williams နဲ႔ Patricia Clarkson တို႔ကလည္း ပါဝင္ထားပါတယ္။ ၂၀၀၃ခုႏွစ္က ထြက္ရွိထားၿပီး IMDb (7.6) ရရွိထားပါတယ္။

Aberdeen (Lena Headey)
Photo via screenrant

Cersei Lannister ဇာတ္႐ုပ္နဲ႔ ဗီလိန္အျဖစ္ ပီျပင္စြာ သ႐ုပ္ေဆာင္ခဲ့တဲ့ မင္းသမီး Lena Headey ဟာ Aberdeen ဆိုတဲ့ ဒီဒရာမာ႐ုပ္ရွင္ထဲမွာေတာ့ Kaisa ဆိုတဲ့ ေရွ႕ေနအမ်ိဳးသမီးတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ ဇာတ္လမ္းကေတာ့ Kaisa ဆိုတဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ ေဝးကြာေနတဲ့ ဖခင္ျဖစ္သူနဲ႔ ျပန္လည္ဆုံစည္းၿပီး ေသလုေမ်ာပါး ျဖစ္ေနတဲ့ မိခင္ရဲ႕ဆႏၵကို ျဖည့္ဆည္းေပးဖို႔ ႀကိဳးစားတဲ့ဇာတ္လမ္း ျဖစ္ပါတယ္။ ဒီလိုနဲ႔ သားအဖႏွစ္ေယာက္ဟာ မိခင္ရဲ႕ဆႏၵေတြကို ျဖစ္ေျမာက္ေစဖို႔ ခက္ခက္ခဲခဲ ႀကိဳးစားရတာကို ႐ိုက္ျပထားတာ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ေတြအေနနဲ႔ Lena Headey ၊ Stellan Skarsgard ၊ Charlotte Rampling တို႔က အဓိကပါဝင္ထားပါတယ္။ ၂၀၀၀ခုႏွစ္က ထြက္ရွိထားတာျဖစ္ၿပီး IMDb (7.1) ရရွိထားပါတယ္။

Headhunters (Nikolaj Coster-Waldau)
Photo via screenrant

Jaime Lannister အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ မင္းသား Nikolaj Coster-Waldau ဟာ ဒီ႐ုပ္ရွင္ဇာတ္ကားမွာေတာ့ စီးပြားေရးကုမၸဏီတစ္ခုက အရာရွိတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ ဇာတ္လမ္းကေတာ့ Clas Greve ဆိုတဲ့ ကုမၸဏီအရာရွိတစ္ေယာက္ဟာ နာမည္ေက်ာ္ ဂႏၴဝင္ပန္းခ်ီကားတစ္ခ်ပ္ကို ပိုင္ဆိုင္ထားပါတယ္။

Roger Brown ဆိုတဲ့ လူတစ္ေယာက္ကလည္း အဲ့ဒီ့ပန္းခ်ီကားကို အပူတျပင္း လိုခ်င္ေနပါတယ္။Roger Brown ဟာ အလုပ္သမားရွာေဖြေပးသူတစ္ေယာက္ျဖစ္ၿပီး လွ်ိဳ႕ဝွက္အေနနဲ႔ အႏုပညာလက္ရာပစၥည္းေတြကို ခိုးယူေနသူလည္း ျဖစ္ပါတယ္။ သူဟာ နာမည္ေက်ာ္ အႏုပညာလက္ရာပစၥည္းေတြကို ခိုးဝွက္ၿပီးတဲ့အခါ အတုေတြနဲ႔ ျပန္လဲၿပီး ထားခဲ့တတ္တဲ့အက်င့္လည္း ရွိပါတယ္။ ဒီလိုလူနဲ႔ Clas Greve နဲ႔ ထိပ္တိုက္ေတြ႕ၾကတဲ့အခါမွာေတာ့ ပြဲကၾကည့္ေကာင္းပါေတာ့တယ္။ ေနာ္ေဝ႐ုပ္ရွင္ဇာတ္ကားျဖစ္ၿပီး ၂၀၁၁ခုႏွစ္က ထြက္ရွိထားပါတယ္။ IMDb ကေတာ့ (7.5) ရရွိထားပါတယ္။

Dom Hemingway (Emilia Clarke)
Photo via screenrant

နဂါးတို႔ရဲ႕ေမေမ Daenerys Targaryen အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ မင္းသမီး Emilia Clarke ဟာ GoT ႐ိုက္ကူးေရးေတြက အားလပ္တဲ့အခါ အျခားနာမည္ႀကီး႐ုပ္ရွင္ေတြကိုလည္း ႐ိုက္ကူးထားပါေသးတယ္။ သူမ မွတ္မွတ္ရရ ပါဝင္ထားတဲ့ ႐ုပ္ရွင္ေတြကေတာ့ ၂၀၁၅ခုႏွစ္က ထြက္ရွိခဲ့တဲ့ Terminator Genisys နဲ႔ ၂၀၁၈ခုႏွစ္က ထြက္ရွိခဲ့တဲ့ Solo: A Star Wars Story တို႔ ျဖစ္ပါတယ္။

သို႔ေပမယ့္ လူေတြ သိပ္မသိၾကတဲ့ သူမရဲ႕႐ုပ္ရွင္တစ္ကားကေတာ့ ၂၀၁၃ခုႏွစ္က ထြက္ရွိခဲ့တဲ့ Dom Hemingway ဆိုတဲ့ ဇာတ္ကား ျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာ နာမည္ေက်ာ္မင္းသား Jude Law က Dom Hemingway ဆိုတဲ့ဇာတ္႐ုပ္ကေန သ႐ုပ္ေဆာင္ထားပါတယ္။ Dom Hemingway ဟာ (၁၂)ႏွစ္ၾကာ အက်ဥ္းက်ခံေနရာက လြတ္ေျမာက္လာသူျဖစ္ၿပီး သူ႔ရဲ႕ကြဲကြာေနတဲ့ သမီးျဖစ္သူ Evelyn ေနရာမွာ Emilia Clarke က သ႐ုပ္ေဆာင္ထားပါတယ္။ IMDb (6.2) ရရွိထားတာေၾကာင့္ မၾကည့္ရေသးရင္ ၾကည့္ရႈသင့္တဲ့ဇာတ္ကားလို႔ ေျပာပါရေစ။

The Falling (Maisie Williams)
Photo via screenrant

ကလဲ့စားေခ်ခ်င္စိတ္ ျပင္းျပတဲ့ သတၱိခဲမေလး Arya Stark အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ မင္းသမီးေလး Maisie Williams ဟာ ၂၀၁၄ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ The Falling ဆိုတဲ့႐ုပ္ရွင္ကိုလည္း ႐ိုက္ကူးခဲ့ဖူးပါေသးတယ္။ ဒီဇာတ္ကားမွာေတာ့ Maisie ဟာ မင္းသမီး Florence Pugh နဲ႔ တြဲဖက္ၿပီး အေဆာင္ေနေက်ာင္းသူေလးေတြအျဖစ္ သ႐ုပ္ေဆာင္ထားတာပါ။

ဇာတ္လမ္းကေတာ့ ၁၉၆၉ခုႏွစ္မွာ အေျခတည္ထားပါတယ္။ Lydia Lamont နဲ႔ Eileen Lamb တို႔ဟာ အေဆာင္ေနေက်ာင္းသူေတြျဖစ္ၿပီး အခ်စ္ဆုံးသူငယ္ခ်င္းေတြလည္း ျဖစ္ၾကပါတယ္။ Eileen ဟာ ၿမီးေကာင္ေပါက္ပီပီ အခ်စ္ကိစၥေတြကို စူးစမ္းတတ္လာခဲ့ၿပီး အဲ့ဒီ့ေနာက္မွာေတာ့ မူးလဲတာမ်ိဳး ခဏခဏျဖစ္လာခဲ့ပါတယ္။ ဒီလိုနဲ႔ တစ္ျခားသူေတြမွာလည္း ကူးစက္သလိုမ်ိဳးပဲ မူးလဲ၊ ေမ့လဲတာေတြ ျဖစ္လာတဲ့အခါမွာေတာ့ အသိရခက္တဲ့အရာတစ္ခုနဲ႔ ရင္ဆိုင္ရပါေတာ့တယ္။

၂၀၁၄ခုႏွစ္က ထြက္ရွိခဲ့ၿပီး IMDb (5.4) ရရွိထားပါတယ္။ သ႐ုပ္ေဆာင္ေတြအေနနဲ႔ Florence Pugh ၊ Maisie Williams အျပင္ Peaky Blinders ထဲမွာ John Shelby အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ မင္းသား Joe Cole ကပါ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

In Fabric (Gwendoline Christie )
Photo via screenrant

အမ်ိဳးသမီးသူရဲေကာင္း Brienne of Tarth ေနရာမွာ သ႐ုပ္ေဆာင္ထားတဲ့ မင္းသမီး Gwendoline Christie ဟာ ဇာတ္လမ္းတြဲေတြနဲ႔ ႐ုပ္ရွင္ဘက္ကို မကူးခင္မွာ ၿဗိတိန္ျပဇာတ္ေလာကမွာ က်င္လည္ခဲ့သူ ျဖစ္ပါတယ္။ သူမ သ႐ုပ္ေဆာင္ထားတဲ့ ဒီ႐ုပ္ရွင္ဇာတ္ကားကေတာ့ ၂၀၁၈ခုႏွစ္က ထြက္ရွိထားခဲ့တာျဖစ္ၿပီး ၁၉၇၀ခုႏွစ္ဝန္းက်င္က horror ဇာတ္ကားေတြရဲ႕ စတိုင္လ္မ်ိဳး ႐ိုက္ကူးထားတာပါ။

ဇာတ္လမ္းကေတာ့ မေကာင္းဆိုးဝါးပူးကပ္ေနတဲ့ အနီေရာင္ဝတ္စုံတစ္စုံအေၾကာင္း ျဖစ္ပါတယ္။ ဒီလိုနဲ႔ ကံဆိုးတဲ့အမ်ိဳးသမီးတစ္ေယာက္ဟာ အဆိုပါအနီေရာင္ဝတ္စုံကို ဝယ္ယူသြားခဲ့ရာက ဇာတ္လမ္းေတြ စပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြအေနနဲ႔ Gwendoline Christie ၊ Marianne Jean-Baptiste နဲ႔ Fatma Mohamed တို႔က ပါဝင္ထားပါတယ္။ IMDb ကေတာ့ (6.3) ရရွိထားပါတယ္။

Force Majeure (Kristofer Hivju)
Photo via screenrant

ေနာ္ေဝသ႐ုပ္ေဆာင္ Kristofer Hivju ကေတာ့ GoT ထဲမွာ Tormund Giantsbane အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ GoT အျပင္ သူ႔ရဲ႕အေကာင္းဆုံးဇာတ္႐ုပ္တစ္ခုကို ေျပာပါဆိုရင္ေတာ့ Force Majeure ထဲက Mats ဆိုတဲ့ ကာ႐ိုက္တာကို ေျပာရမွာပါ။ ဒီဇာတ္ကားဟာ ၂၀၁၄ခုႏွစ္က ထြက္ရွိထားၿပီး IMDb (7.3) ရရွိထားပါတယ္။

ဇာတ္လမ္းကေတာ့ Mats ဆိုတဲ့လူတစ္ေယာက္ဟာ သူ႔ရဲ႕ခ်စ္သူမိန္းကေလးနဲ႔အတူ Tomas နဲ႔ Ebba တို႔သူငယ္ခ်င္းစုံတြဲဆီကို အလည္လာေရာက္ၾကပါတယ္။ သူတို႔စုံတြဲဟာ ျပင္သစ္ႏိုင္ငံက အဲလ္ပ္ေတာင္တန္းေတြနားမွာ ေနထိုင္ၾကတာျဖစ္ၿပီး Mats တို႔အတြဲဟာ ႏွင္းေလွ်ာစီးဖို႔အတြက္ အလည္လာၾကတာပါ။ တစ္ခုေသာ မနက္ခင္းတစ္ခုမွာေတာ့ Tomas ၊ Ebba တို႔စုံတြဲဟာ သူတို႔ရဲ႕ကေလးေတြနဲ႔ မနက္စာစားေနတုန္း ႏွင္းေတာင္ႀကီး ၿပိဳက်လာပါေတာ့တယ္။ အႏၲရာယ္ကို တုန္လႈပ္သြားတဲ့ Tomas ဟာ မိန္းမနဲ႔ ကေလးေတြကို ပစ္ထားခဲ့ၿပီး ထြက္သြားတဲ့အခါမွာေတာ့ … ။

Calvary (Aidan Gillen)
Photo via screenrant

Littlefinger (ေခၚ) Petyr Baelish အျဖစ္ ပီျပင္သပ္ရပ္စြာ သ႐ုပ္ေဆာင္ႏိုင္ခဲ့တဲ့ Aidan Gillen ဟာ Calvary ဆိုတဲ့ ဒီဇာတ္ကားထဲမွာေတာ့ ဘာသာေရးကို အယုံအၾကည္မရွိတဲ့ ဆရာဝန္တစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ ဒီဇာတ္ကားဟာ ၂၀၁၄ခုႏွစ္က ထြက္ရွိထားတာျဖစ္ၿပီး black comedy အမ်ိဳးအစား ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ ႐ိုးသားၿပီး စိတ္ေကာင္းရွိတဲ့ ခရစ္ယာန္ဘုန္းေတာ္ႀကီးတစ္ပါးဟာ အျပစ္လာဝန္ခံသူတစ္ေယာက္ဆီကေန မထင္မွတ္ဘဲ အသက္အႏၲရာယ္အထိပါ ၿခိမ္းေျခာက္ခံလာရပါတယ္။ ဒီေနာက္ကြယ္မွာေတာ့ လူမဆန္တဲ့ လုပ္ရပ္ေတြ ပါဝင္ေနၿပီး ဘုန္းေတာ္ႀကီးအေနနဲ႔ ဘယ္လိုေျဖရွင္းသြားမလည္းဆိုတာ ၾကည့္ရႈရမွာပါ။ IMDb ကေတာ့ (7.4) ရရွိထားပါတယ္။

ဒါကေတာ့ Game of Thrones ဇာတ္လမ္းတြဲထဲမွာ လူႀကိဳက္မ်ားတဲ့ သ႐ုပ္ေဆာင္ေတြရဲ႕ လူသိနည္းေသးတဲ့ ႐ုပ္ရွင္ကားေကာင္းေတြ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ၾကည့္ၿပီးတဲ့ အျခားကားေကာင္းေတြ ရွိရင္လည္း ျပန္လည္မွ်ေဝေပးခဲ့ပါဦး။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular