HomeEntertainmentFilmGame of Thrones ထဲမှာ Ned Stark သာ အသက်ရှင်ခဲ့ရင် ပြောင်းလဲသွားနိုင်တဲ့အချက်များ

Game of Thrones ထဲမှာ Ned Stark သာ အသက်ရှင်ခဲ့ရင် ပြောင်းလဲသွားနိုင်တဲ့အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Game of Thrones ဇာတ်လမ်းတွဲ ပရိသတ်တွေအားလုံးဟာ season 1 မှာ Ned Stark သေဆုံးသွားမှုနဲ့ ပတ်သက်ပြီး  အလွန်အံ့ဩခဲ့ကြရပါတယ်။ ဒါပေမယ့်လည်း Ned Stark သေဆုံးသွားတာကြောင့် ဒီနေ့မှာ ကျွန်တော်တို့သိထားတဲ့ Game of Thrones ဖြစ်လာတာပါ။ အကယ်၍သာ Ned Stark မသေခဲ့ဘူးဆိုရင် ဒီဇာတ်လမ်းဟာ အများကြီး ပြောင်းလဲမှုတွေ ဖြစ်သွားခဲ့မှာပါ။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Game of Thrones ထဲမှာ Ned Stark သာ အသက်ရှင်ခဲ့မယ်ဆိုရင် ပြောင်းလဲသွားနိုင်တဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) မြောက်ပိုင်းဟာ လွတ်လပ်တဲ့နိုင်ငံ ဖြစ်သွားမှာ မဟုတ်ပါဘူး။
photo via screenrant

Joffrey က Ned Stark ကို ကွပ်မျက်ပြီးတဲ့နောက်မှာ မြောက်ပိုင်းဟာ Robb ကို မြောက်ပိုင်းရဲ့ ဘုရင်အဖြစ် တင်မြေှာက်ခဲ့ပါတယ်။ မြောက်ပိုင်းသားတွေဟာ ထုံးစံအတိုင်း ခေါင်းမာကြပြီး Stannis နဲ့ Renly တို့နဲ့လည်း မပူးပေါင်းချင်ခဲ့ပါဘူး။ Ned သေဆုံးသွားရတဲ့ အကြောင်းရင်းဟာ (၇)ပြည်ထောင်နဲ့ ထိုက်တန်တဲ့ တကယ့်ဘုရင်အစစ်ဟာ Stannis ဖြစ်တယ်လို့ ကြေညာခဲ့လို့ပဲ ဖြစ်ပါတယ်။ Ned ဟာ ဘယ်တုန်းကမှ မြောက်ပိုင်းကို လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် ခွဲထွက်ဖို့ စိတ်ကူးမရှိခဲ့ပါဘူး။ အဲ့ဒါကြောင့်ပဲ သူသာ အသက်ရှင်နေမယ်ဆိုရင်တော့ Stannis နဲ့ ပူးပေါင်းသွားပါလိမ့်မယ်။

(2) Stannis ရဲ့ မဟာမိတ် ဖြစ်သွားပါလိမ့်မယ်။
photo via screenrant

Ned Stark ဟာ ဂုဏ်သိက္ခာရှိသူတစ်ယောက် ဖြစ်ပြီး စာအုပ်ကြီးအတိုင်းပဲ နေထိုင်လေ့ရှိပါတယ်။ အဲ့ဒီအချက်ကြောင့်လည်း ကွပ်မျက်ခံခဲ့ရတယ်ဆိုတာ လူတိုင်းသိပါတယ်။ အဲ့ဒါကြောင့်ပဲ Ned ဟာ သူသာ အသက်ရှင်နေမယ်ဆိုရင် တကယ့်ဘုရင်အစစ်ဖြစ်တဲ့ Stannis ကို ပံ့ပိုးပေးသွားပါလိမ့်မယ်။ အဲ့ဒီအချက်ကိုလည်း season 2 မှာတော့ Stannis ဟာ သိရှိသွားခဲ့ပါတယ်။ Ned သာ အသက်ရှိဦးမယ် ဆိုရင်တော့ သူဟာ သေချာပေါက် Stannis နဲ့ ပူးပေါင်းသွားပြီး Lannister တွေကို အတူတိုက်ခိုက်သွားပါလိမ့်မယ်။

(3) Blackwater Bay တိုက်ပွဲကို Lannister တွေ ရှုံးသွားပါလိမ့်မယ်။
photo via screenrant

Blackwater Bay တိုက်ပွဲကတော့ Lannister တွေနဲ့ Stannis ရဲ့ တပ်တွေ တိုက်ခိုက်ကြတဲ့ တိုက်ပွဲပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Tywin Lannister နဲ့ Tyrell စစ်တပ်တွေ ရောက်မလာခင်အထိ Stannis ဟာ အဲ့ဒီစစ်ပွဲကို နိုင်လုနီးပါး ဖြစ်နေပါတယ်။ အကယ်၍သာ Stannis ဘက်မှာ Ned နဲ့ မြောက်ပိုင်းစစ်တပ် ရှိနေမယ်ဆိုရင်တော့ အဲ့ဒီစစ်ကူတပ်တွေကို ပြန်တိုက်ဖို့အတွက် အင်အားအလုံအလောက် ရှိနေဦးမှာပါ။ ဒီအတိုင်း ဖြစ်လာခဲ့မယ်ဆိုရင်တော့ Lannister တွေ စစ်ရှုံးသွားပြီး Stannis ဟာ Lannister တွေကို ချက်ချင်း ကွပ်မျက်ပစ်ပါလိမ့်မယ်။ ဒါပေမယ့်လည်း Ned ကတော့ အပြစ်မဲ့ကလေးဖြစ်တဲ့ Tommen ကို သတ်ဖို့တော့ ထောက်ခံမှာ မဟုတ်ပါဘူး။

(4) Ned ဟာ နံရံကြီးဆီကို ရောက်သွားနိုင်ပါတယ်။
photo via screenrant

Ned အဖမ်းခံရပြီးနောက်မှာ Cersei ဟာ သူ့ကို သေမလား၊ နံရံကြီးဆီ သွားမလားဆိုပြီး ရွေးချယ်ခွင့် ပေးခဲ့ပါတယ်။ Ned ကလည်း သူ့ရဲ့သမီးတွေကို ကာကွယ်ပေးချင်တာကြောင့် Cersei ရဲ့ အပေးအယူကို သဘောတူခဲ့ပြီး သူ့ကိုယ်သူ သစ္စာဖောက်ပါဆိုပြီး လူပုံအလည်မှာ ဝန်ခံခဲ့ပါတယ်။ အကယ်၍ Joffrey သာ သူ့အမေရဲ့ သဘောထားကို လေးစားပြီး Ned ကို နံရံကြီးဆီ သွားခိုင်းလိုက်မယ်ဆိုရင် Ned ဟာ Jon နဲ့အတူ နံရံကြီးမှာ နေထိုင်ရမှာပါ။ ဒါပေမယ့်လည်း နံရံကြီးဆီကို မရောက်ခင် Ned ကို လွှတ်ပေးဖို့ ကြိုးစားကြမယ့် မြောက်ပိုင်းရဲ့ လူတွေအများကြီး ရှိတာကြောင့် ဒီအဖြစ်အပျက်ကတော့ သိပ်မသေချာပါဘူး။

(5) Lord Commander အသစ် ဖြစ်လာနိုင်ပါတယ်။
photo via screenrant

Ned သာ Night’s Watch ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာမယ်ဆိုရင်တော့ အဖြစ်အပျက်တွေဟာ လုံးဝပြောင်းလဲသွားနိုင်ပါတယ်။ Ned ဟာ စစ်ပွဲအတွေ့အကြုံတွေလည်း ရှိပြီး မြောက်ပိုင်းတစ်ခုလုံးက လေးစားချစ်ခင်ကြတဲ့ လူတစ်ယောက်လည်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ Jeor Mormont သေဆုံးသွားပြီးတဲ့နောက်မှာ Jon က Lord Commander ဖြစ်မလာဘဲ Ned က Lord Commander ဖြစ်လာပါလိမ့်မယ်။

(6) မြောက်ပိုင်းဟာ White Walker တွေနဲ့ စစ်ပွဲအတွက် ပိုပြီးတော့ ပြင်ဆင်နိုင်ပါလိမ့်မယ်။
photo via screenrant

Jon Snow ဟာ (၇)ပြည်ထောင်လုံးကို စာပို့ကျီးတွေ စေလွှတ်ခဲ့ပြီး Whit Walker တွေနဲ့ တိုက်ပွဲမှာ ပါဝင်ကူညီပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း လူတွေဟာ White Walker တွေကို ပုံပြင်တွေလို့ပဲ ယုံကြည်ကြတာကြောင့် ဘယ်သူကမှ Jon ကို မယုံကြည်ခဲ့ကြပါဘူး။ အကယ်၍ အဲ့ဒီကျီးတွေကို စေလွှတ်သူဟာ Ned ဖြစ်နေမယ်ဆိုရင်တော့ လူတွေဟာ ပိုပြီး ယုံကြည်နိုင်ချေ ရှိပြီး မြောက်ပိုင်းကိုလည်း အခုထက်မြန်မြန် စည်းလုံးသွားစေပါလိမ့်မယ်။ မြောက်ပိုင်းရဲ့ စစ်တပ်တစ်ခုတည်းနဲ့ White Walker တွေကို အနိုင်မယူနိုင်ပေမယ့်လည်း Ned ကြောင့် အခြားမဟာမိတ်တွေလည်း ရရှိနိုင်ပြီး ဒီစစ်ပွဲအတွက် ပိုပြီးပြင်ဆင်နိုင်ချေ ရှိပါလိမ့်မယ်။

(7) Jon ဟာ သူ ဘယ်သူလည်းဆိုတာ စောစောသိသွားနိုင်ပါတယ်။
photo via screenrant

Ned နဲ့ Jon တို့ Winterfell က ထွက်မသွားခင်မှာ Ned ဟာ Jon ကို နောက်တစ်ခေါက် တွေ့ကြရင် သူ့ရဲ့အမေအကြောင်း ပြောပြမယ်ဆိုပြီးတော့ ပြောသွားပါတယ်။ ဒါပေမယ့်လည်း သူတို့နှစ်ယောက် ပြန်လည်မဆုံစည်းခင်မှာတင် Ned ဟာ ခေါင်းပြတ်သွားခဲ့ပါတယ်။

အကယ်၍ Ned သာ အသက်ရှင်ခဲ့မယ်ဆိုရင်တော့ Jon ဟာ သူ့ကိုယ်သူ ဘယ်သူလည်းဆိုတာကို စောစောသိသွားနိုင်ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ နောက်ပိုင်းရောက်မှသာ Jon ဟာ မျိူးမစစ်သား မဟုတ်ဘဲ Targaryen မင်းသား ဖြစ်နေတာကို သိလိုက်ရပါတယ်။ Jon ကတော့ ရာထူးတွေအပေါ်မှာ မက်မောမှု သိပ်မရှိတာကြောင့် အဲ့ဒီအချက်ကို တစ်ခြားလူတွေ မသိအောင် လျှို့ဝှက်ထားနိုင်ပါတယ်။ ဒီလိုမျိူး လျှို့ဝှက်ထားပြီး Ned ကတော့ Stannis နဲ့ ပူးပေါင်းသွားမယ်လို့ ယူဆလို့ရပါတယ်။

(8) Daenerys နဲ့လည်း စစ်ဖြစ်နိုင်ပါသေးတယ်။
photo via screenrant

Daenerys ဟာ သူမ မိသားစုရဲ့သေဆုံးမှုမှာ ပါဝင်နေတဲ့ လူတွေအားလုံးကို မကျေနပ်ပါဘူး။ ဒါ့အပြင် Ned ကလည်း တော်လှန်မှုမှာ ပါဝင်ခဲ့တာကြောင့် Ned နဲ့ Daenerys တို့ဟာ မဟာမိတ် ဖြစ်နိုင်ချေ မရှိပါဘူး။ ဒါ့အပြင် Daenerys သာ Jon ရဲ့ အမှန်တရားကို သိသွားမယ်ဆိုရင်တော့ သူမနဲ့ မြောက်ပိုင်းတို့ရဲ့ စစ်ပွဲဟာ ရှောင်လွှဲလို့ မရတော့ပါဘူး။

ဒါ့အပြင် Ned သာ Stannis နဲ့ ပူးပေါင်းပြီး Lannister တွေကို တိုက်ခဲ့မယ်ဆိုရင်တော့ Tyrion ကလည်း သေဆုံးသွားမှာ ဖြစ်တာကြောင့် Daenerys ဘေးမှာ ဘယ်တုန်းကမှ အကြံပေးနိုင်ခဲ့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘုရင် Robert အသက်ရှင်နေတုန်းက Daenerys ကို လုပ်ကြံဖို့ အစီအစဉ်ကို Ned က ငြင်းဆိုခဲ့တဲ့အကြောင်း Varys က Daenerys ကို ပြောပြခဲ့မယ်ဆိုရင်တော့ သူတို့နှစ်ယောက်ကြားက စစ်ပွဲကို မဖြစ်လာအောင် တားရင်တားနိုင်ပါလိမ့်မယ်။

(9) Red Wedding လည်း ဖြစ်မလာနိုင်ပါဘူး။
photo via screenrant

Ned သာ အသက်ရှင်ခဲ့မယ်ဆိုရင်တော့ Robb နဲ့ Catelyn တို့လည်း အသက်ရှင်နေပါလိမ့်မယ်။ Ned ဟာ ဂုဏ်သိက္ခာရှိသူ ဖြစ်သလို ကတိကိုလည်း မဖောက်ဖျက်တတ်တာကြောင့် Robb ကို Walder Frey ရဲ့ သမီးနဲ့ လက်ထပ်ခိုင်းပါလိမ့်မယ်။ အဲ့ဒါကြောင့်ပဲ Red Wedding လည်း ဖြစ်မလာနိုင်တော့ပါဘူး။ Catelyn ကလည်း အသက်ရှင်နေတာကြောင့် သိပ်မကြာခင်မှာ သူမဟာ Jon ရဲ့ အမှန်တရားကို သိရှိသွားပြီး Ned ဟာ သူမအပေါ်မှာ ဘယ်တုန်းကမှ သစ္စာမဖောက်ခဲ့ဘူးဆိုတာကို သိသွားပါလိမ့်မယ်။

(10) Arya ကလည်း Night King ကို သတ်နိုင်တော့မှာ မဟုတ်ပါဘူး။
photo via screenrant

Ned သာ အသက်ရှင်ခဲ့မယ်ဆိုရင် Arya ဟာ ဘယ်တုန်းကမှ Braavos ကို သွားဖို့မလိုသလို No One လည်း ဖြစ်လာမှာ မဟုတ်ပါဘူး။ Arya သာ No One ဖြစ်မလာခဲ့ဘူးဆိုရင် သူမဟာ Night King ကိုလည်း သတ်နိုင်တော့မှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် နောက်ဆုံးမှာတော့ Stark အိမ်တော်ဟာ ပျက်စီးသွားပါလိမ့်မယ်။ Daenerys ရဲ့ နဂါးတွေနဲ့ စစ်ပွဲဖြစ်နိုင်သလို Night King ကို သတ်နိုင်မယ့်သူ မရှိတဲ့ စစ်ပွဲကိုလည်း Stark အိမ်တော်က ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် Stark အိမ်တော်ဟာ သေချာပေါက်နီးပါး ပျက်စီးသွားပါလိမ့်မယ် ။ အဲ့ဒါကြောင့်ပဲ Ned ရဲ့ ရှင်သန်မှုဟာ Stark အိမ်တော်ရဲ့ ပျက်စီးခြင်းကို မတားဆီးနိုင်ဘဲ အချိန်အနည်းငယ်ပဲ ဆွဲထားနိုင်မှာ ဖြစ်ပါတယ်။

ဒါကတော့ Game of Thrones universe ထဲက လူရိုးကြီး Ned Stark သာ အသက်ရှင်ခဲ့မယ်ဆိုရင် ပြောင်းလဲသွားနိုင်တဲ့ အချက်တွေကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင် ဆံရစ်ဝိုင်းပေ့ချ်ကို Like & See First လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Game of Thrones ဇာတ္လမ္းတြဲ ပရိသတ္ေတြအားလုံးဟာ season 1 မွာ Ned Stark ေသဆုံးသြားမႈနဲ႔ ပတ္သက္ၿပီး  အလြန္အံ့ဩခဲ့ၾကရပါတယ္။ ဒါေပမယ့္လည္း Ned Stark ေသဆုံးသြားတာေၾကာင့္ ဒီေန႔မွာ ကြၽန္ေတာ္တို႔သိထားတဲ့ Game of Thrones ျဖစ္လာတာပါ။ အကယ္၍သာ Ned Stark မေသခဲ့ဘူးဆိုရင္ ဒီဇာတ္လမ္းဟာ အမ်ားႀကီး ေျပာင္းလဲမႈေတြ ျဖစ္သြားခဲ့မွာပါ။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ Game of Thrones ထဲမွာ Ned Stark သာ အသက္ရွင္ခဲ့မယ္ဆိုရင္ ေျပာင္းလဲသြားႏိုင္တဲ့ အခ်က္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) ေျမာက္ပိုင္းဟာ လြတ္လပ္တဲ့ႏိုင္ငံ ျဖစ္သြားမွာ မဟုတ္ပါဘူး။
photo via screenrant

Joffrey က Ned Stark ကို ကြပ္မ်က္ၿပီးတဲ့ေနာက္မွာ ေျမာက္ပိုင္းဟာ Robb ကို ေျမာက္ပိုင္းရဲ႕ ဘုရင္အျဖစ္ တင္ေျမႇာက္ခဲ့ပါတယ္။ ေျမာက္ပိုင္းသားေတြဟာ ထုံးစံအတိုင္း ေခါင္းမာၾကၿပီး Stannis နဲ႔ Renly တို႔နဲ႔လည္း မပူးေပါင္းခ်င္ခဲ့ပါဘူး။ Ned ေသဆုံးသြားရတဲ့ အေၾကာင္းရင္းဟာ (၇)ျပည္ေထာင္နဲ႔ ထိုက္တန္တဲ့ တကယ့္ဘုရင္အစစ္ဟာ Stannis ျဖစ္တယ္လို႔ ေၾကညာခဲ့လို႔ပဲ ျဖစ္ပါတယ္။ Ned ဟာ ဘယ္တုန္းကမွ ေျမာက္ပိုင္းကို လြတ္လပ္တဲ့ ႏိုင္ငံတစ္ခုအျဖစ္ ခြဲထြက္ဖို႔ စိတ္ကူးမရွိခဲ့ပါဘူး။ အဲ့ဒါေၾကာင့္ပဲ သူသာ အသက္ရွင္ေနမယ္ဆိုရင္ေတာ့ Stannis နဲ႔ ပူးေပါင္းသြားပါလိမ့္မယ္။

(2) Stannis ရဲ႕ မဟာမိတ္ ျဖစ္သြားပါလိမ့္မယ္။
photo via screenrant

Ned Stark ဟာ ဂုဏ္သိကၡာရွိသူတစ္ေယာက္ ျဖစ္ၿပီး စာအုပ္ႀကီးအတိုင္းပဲ ေနထိုင္ေလ့ရွိပါတယ္။ အဲ့ဒီအခ်က္ေၾကာင့္လည္း ကြပ္မ်က္ခံခဲ့ရတယ္ဆိုတာ လူတိုင္းသိပါတယ္။ အဲ့ဒါေၾကာင့္ပဲ Ned ဟာ သူသာ အသက္ရွင္ေနမယ္ဆိုရင္ တကယ့္ဘုရင္အစစ္ျဖစ္တဲ့ Stannis ကို ပံ့ပိုးေပးသြားပါလိမ့္မယ္။ အဲ့ဒီအခ်က္ကိုလည္း season 2 မွာေတာ့ Stannis ဟာ သိရွိသြားခဲ့ပါတယ္။ Ned သာ အသက္ရွိဦးမယ္ ဆိုရင္ေတာ့ သူဟာ ေသခ်ာေပါက္ Stannis နဲ႔ ပူးေပါင္းသြားၿပီး Lannister ေတြကို အတူတိုက္ခိုက္သြားပါလိမ့္မယ္။

(3) Blackwater Bay တိုက္ပြဲကို Lannister ေတြ ရႈံးသြားပါလိမ့္မယ္။
photo via screenrant

Blackwater Bay တိုက္ပြဲကေတာ့ Lannister ေတြနဲ႔ Stannis ရဲ႕ တပ္ေတြ တိုက္ခိုက္ၾကတဲ့ တိုက္ပြဲပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Tywin Lannister နဲ႔ Tyrell စစ္တပ္ေတြ ေရာက္မလာခင္အထိ Stannis ဟာ အဲ့ဒီစစ္ပြဲကို ႏိုင္လုနီးပါး ျဖစ္ေနပါတယ္။ အကယ္၍သာ Stannis ဘက္မွာ Ned နဲ႔ ေျမာက္ပိုင္းစစ္တပ္ ရွိေနမယ္ဆိုရင္ေတာ့ အဲ့ဒီစစ္ကူတပ္ေတြကို ျပန္တိုက္ဖို႔အတြက္ အင္အားအလုံအေလာက္ ရွိေနဦးမွာပါ။ ဒီအတိုင္း ျဖစ္လာခဲ့မယ္ဆိုရင္ေတာ့ Lannister ေတြ စစ္ရႈံးသြားၿပီး Stannis ဟာ Lannister ေတြကို ခ်က္ခ်င္း ကြပ္မ်က္ပစ္ပါလိမ့္မယ္။ ဒါေပမယ့္လည္း Ned ကေတာ့ အျပစ္မဲ့ကေလးျဖစ္တဲ့ Tommen ကို သတ္ဖို႔ေတာ့ ေထာက္ခံမွာ မဟုတ္ပါဘူး။

(4) Ned ဟာ နံရံႀကီးဆီကို ေရာက္သြားႏိုင္ပါတယ္။
photo via screenrant

Ned အဖမ္းခံရၿပီးေနာက္မွာ Cersei ဟာ သူ႔ကို ေသမလား၊ နံရံႀကီးဆီ သြားမလားဆိုၿပီး ေ႐ြးခ်ယ္ခြင့္ ေပးခဲ့ပါတယ္။ Ned ကလည္း သူ႔ရဲ႕သမီးေတြကို ကာကြယ္ေပးခ်င္တာေၾကာင့္ Cersei ရဲ႕ အေပးအယူကို သေဘာတူခဲ့ၿပီး သူ႔ကိုယ္သူ သစၥာေဖာက္ပါဆိုၿပီး လူပုံအလည္မွာ ဝန္ခံခဲ့ပါတယ္။ အကယ္၍ Joffrey သာ သူ႔အေမရဲ႕ သေဘာထားကို ေလးစားၿပီး Ned ကို နံရံႀကီးဆီ သြားခိုင္းလိုက္မယ္ဆိုရင္ Ned ဟာ Jon နဲ႔အတူ နံရံႀကီးမွာ ေနထိုင္ရမွာပါ။ ဒါေပမယ့္လည္း နံရံႀကီးဆီကို မေရာက္ခင္ Ned ကို လႊတ္ေပးဖို႔ ႀကိဳးစားၾကမယ့္ ေျမာက္ပိုင္းရဲ႕ လူေတြအမ်ားႀကီး ရွိတာေၾကာင့္ ဒီအျဖစ္အပ်က္ကေတာ့ သိပ္မေသခ်ာပါဘူး။

(5) Lord Commander အသစ္ ျဖစ္လာႏိုင္ပါတယ္။
photo via screenrant

Ned သာ Night’s Watch ရဲ႕ အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္လာမယ္ဆိုရင္ေတာ့ အျဖစ္အပ်က္ေတြဟာ လုံးဝေျပာင္းလဲသြားႏိုင္ပါတယ္။ Ned ဟာ စစ္ပြဲအေတြ႕အႀကဳံေတြလည္း ရွိၿပီး ေျမာက္ပိုင္းတစ္ခုလုံးက ေလးစားခ်စ္ခင္ၾကတဲ့ လူတစ္ေယာက္လည္း ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Jeor Mormont ေသဆုံးသြားၿပီးတဲ့ေနာက္မွာ Jon က Lord Commander ျဖစ္မလာဘဲ Ned က Lord Commander ျဖစ္လာပါလိမ့္မယ္။

(6) ေျမာက္ပိုင္းဟာ White Walker ေတြနဲ႔ စစ္ပြဲအတြက္ ပိုၿပီးေတာ့ ျပင္ဆင္ႏိုင္ပါလိမ့္မယ္။
photo via screenrant

Jon Snow ဟာ (၇)ျပည္ေထာင္လုံးကို စာပို႔က်ီးေတြ ေစလႊတ္ခဲ့ၿပီး Whit Walker ေတြနဲ႔ တိုက္ပြဲမွာ ပါဝင္ကူညီေပးဖို႔ အကူအညီေတာင္းခဲ့ပါတယ္။ ဒါေပမယ့္လည္း လူေတြဟာ White Walker ေတြကို ပုံျပင္ေတြလို႔ပဲ ယုံၾကည္ၾကတာေၾကာင့္ ဘယ္သူကမွ Jon ကို မယုံၾကည္ခဲ့ၾကပါဘူး။ အကယ္၍ အဲ့ဒီက်ီးေတြကို ေစလႊတ္သူဟာ Ned ျဖစ္ေနမယ္ဆိုရင္ေတာ့ လူေတြဟာ ပိုၿပီး ယုံၾကည္ႏိုင္ေခ် ရွိၿပီး ေျမာက္ပိုင္းကိုလည္း အခုထက္ျမန္ျမန္ စည္းလုံးသြားေစပါလိမ့္မယ္။ ေျမာက္ပိုင္းရဲ႕ စစ္တပ္တစ္ခုတည္းနဲ႔ White Walker ေတြကို အႏိုင္မယူႏိုင္ေပမယ့္လည္း Ned ေၾကာင့္ အျခားမဟာမိတ္ေတြလည္း ရရွိႏိုင္ၿပီး ဒီစစ္ပြဲအတြက္ ပိုၿပီးျပင္ဆင္ႏိုင္ေခ် ရွိပါလိမ့္မယ္။

(7) Jon ဟာ သူ ဘယ္သူလည္းဆိုတာ ေစာေစာသိသြားႏိုင္ပါတယ္။
photo via screenrant

Ned နဲ႔ Jon တို႔ Winterfell က ထြက္မသြားခင္မွာ Ned ဟာ Jon ကို ေနာက္တစ္ေခါက္ ေတြ႕ၾကရင္ သူ႔ရဲ႕အေမအေၾကာင္း ေျပာျပမယ္ဆိုၿပီးေတာ့ ေျပာသြားပါတယ္။ ဒါေပမယ့္လည္း သူတို႔ႏွစ္ေယာက္ ျပန္လည္မဆုံစည္းခင္မွာတင္ Ned ဟာ ေခါင္းျပတ္သြားခဲ့ပါတယ္။

အကယ္၍ Ned သာ အသက္ရွင္ခဲ့မယ္ဆိုရင္ေတာ့ Jon ဟာ သူ႔ကိုယ္သူ ဘယ္သူလည္းဆိုတာကို ေစာေစာသိသြားႏိုင္ပါတယ္။ ဒီဇာတ္လမ္းတြဲရဲ႕ ေနာက္ပိုင္းေရာက္မွသာ Jon ဟာ မ်ိဴးမစစ္သား မဟုတ္ဘဲ Targaryen မင္းသား ျဖစ္ေနတာကို သိလိုက္ရပါတယ္။ Jon ကေတာ့ ရာထူးေတြအေပၚမွာ မက္ေမာမႈ သိပ္မရွိတာေၾကာင့္ အဲ့ဒီအခ်က္ကို တစ္ျခားလူေတြ မသိေအာင္ လွ်ိဳ႕ဝွက္ထားႏိုင္ပါတယ္။ ဒီလိုမ်ိဴး လွ်ိဳ႕ဝွက္ထားၿပီး Ned ကေတာ့ Stannis နဲ႔ ပူးေပါင္းသြားမယ္လို႔ ယူဆလို႔ရပါတယ္။

(8) Daenerys နဲ႔လည္း စစ္ျဖစ္ႏိုင္ပါေသးတယ္။
photo via screenrant

Daenerys ဟာ သူမ မိသားစုရဲ႕ေသဆုံးမႈမွာ ပါဝင္ေနတဲ့ လူေတြအားလုံးကို မေက်နပ္ပါဘူး။ ဒါ့အျပင္ Ned ကလည္း ေတာ္လွန္မႈမွာ ပါဝင္ခဲ့တာေၾကာင့္ Ned နဲ႔ Daenerys တို႔ဟာ မဟာမိတ္ ျဖစ္ႏိုင္ေခ် မရွိပါဘူး။ ဒါ့အျပင္ Daenerys သာ Jon ရဲ႕ အမွန္တရားကို သိသြားမယ္ဆိုရင္ေတာ့ သူမနဲ႔ ေျမာက္ပိုင္းတို႔ရဲ႕ စစ္ပြဲဟာ ေရွာင္လႊဲလို႔ မရေတာ့ပါဘူး။

ဒါ့အျပင္ Ned သာ Stannis နဲ႔ ပူးေပါင္းၿပီး Lannister ေတြကို တိုက္ခဲ့မယ္ဆိုရင္ေတာ့ Tyrion ကလည္း ေသဆုံးသြားမွာ ျဖစ္တာေၾကာင့္ Daenerys ေဘးမွာ ဘယ္တုန္းကမွ အႀကံေပးႏိုင္ခဲ့မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ဘုရင္ Robert အသက္ရွင္ေနတုန္းက Daenerys ကို လုပ္ႀကံဖို႔ အစီအစဥ္ကို Ned က ျငင္းဆိုခဲ့တဲ့အေၾကာင္း Varys က Daenerys ကို ေျပာျပခဲ့မယ္ဆိုရင္ေတာ့ သူတို႔ႏွစ္ေယာက္ၾကားက စစ္ပြဲကို မျဖစ္လာေအာင္ တားရင္တားႏိုင္ပါလိမ့္မယ္။

(9) Red Wedding လည္း ျဖစ္မလာႏိုင္ပါဘူး။
photo via screenrant

Ned သာ အသက္ရွင္ခဲ့မယ္ဆိုရင္ေတာ့ Robb နဲ႔ Catelyn တို႔လည္း အသက္ရွင္ေနပါလိမ့္မယ္။ Ned ဟာ ဂုဏ္သိကၡာရွိသူ ျဖစ္သလို ကတိကိုလည္း မေဖာက္ဖ်က္တတ္တာေၾကာင့္ Robb ကို Walder Frey ရဲ႕ သမီးနဲ႔ လက္ထပ္ခိုင္းပါလိမ့္မယ္။ အဲ့ဒါေၾကာင့္ပဲ Red Wedding လည္း ျဖစ္မလာႏိုင္ေတာ့ပါဘူး။ Catelyn ကလည္း အသက္ရွင္ေနတာေၾကာင့္ သိပ္မၾကာခင္မွာ သူမဟာ Jon ရဲ႕ အမွန္တရားကို သိရွိသြားၿပီး Ned ဟာ သူမအေပၚမွာ ဘယ္တုန္းကမွ သစၥာမေဖာက္ခဲ့ဘူးဆိုတာကို သိသြားပါလိမ့္မယ္။

(10) Arya ကလည္း Night King ကို သတ္ႏိုင္ေတာ့မွာ မဟုတ္ပါဘူး။
photo via screenrant

Ned သာ အသက္ရွင္ခဲ့မယ္ဆိုရင္ Arya ဟာ ဘယ္တုန္းကမွ Braavos ကို သြားဖို႔မလိုသလို No One လည္း ျဖစ္လာမွာ မဟုတ္ပါဘူး။ Arya သာ No One ျဖစ္မလာခဲ့ဘူးဆိုရင္ သူမဟာ Night King ကိုလည္း သတ္ႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ အဲ့ဒါေၾကာင့္ ေနာက္ဆုံးမွာေတာ့ Stark အိမ္ေတာ္ဟာ ပ်က္စီးသြားပါလိမ့္မယ္။ Daenerys ရဲ႕ နဂါးေတြနဲ႔ စစ္ပြဲျဖစ္ႏိုင္သလို Night King ကို သတ္ႏိုင္မယ့္သူ မရွိတဲ့ စစ္ပြဲကိုလည္း Stark အိမ္ေတာ္က ရင္ဆိုင္ရမွာ ျဖစ္တာေၾကာင့္ Stark အိမ္ေတာ္ဟာ ေသခ်ာေပါက္နီးပါး ပ်က္စီးသြားပါလိမ့္မယ္ ။ အဲ့ဒါေၾကာင့္ပဲ Ned ရဲ႕ ရွင္သန္မႈဟာ Stark အိမ္ေတာ္ရဲ႕ ပ်က္စီးျခင္းကို မတားဆီးႏိုင္ဘဲ အခ်ိန္အနည္းငယ္ပဲ ဆြဲထားႏိုင္မွာ ျဖစ္ပါတယ္။

ဒါကေတာ့ Game of Thrones universe ထဲက လူ႐ိုးႀကီး Ned Stark သာ အသက္ရွင္ခဲ့မယ္ဆိုရင္ ေျပာင္းလဲသြားႏိုင္တဲ့ အခ်က္ေတြကို ေဖာ္ျပေပးထားတာ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & See First လုပ္ထားေပးပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular