HomeEntertainmentFilm၂၀၂၂ ခုနှစ်အထိ Pirate အလုပ်ခံရဆုံး ဇာတ်လမ်းတွဲ ဖြစ်နေတဲ့ Game of Thrones

၂၀၂၂ ခုနှစ်အထိ Pirate အလုပ်ခံရဆုံး ဇာတ်လမ်းတွဲ ဖြစ်နေတဲ့ Game of Thrones

Game of Thrones ဇာတ်လမ်းတွဲဟာ ၂၀၁၁ ခုနှစ်ကတည်းက စတင်ထွက်ရှိခဲ့တာ ဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ ဇာတ်သိမ်းသွားခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ IMDb (9.2) ရရှိထားပြီး အကောင်းဆုံး ဇာတ်လမ်းတွဲတွေထဲက တစ်ခုဆိုလည်း မမှားပါဘူး။ ဒီဇာတ်လမ်းတွဲကိုတော့ စာရေးဆရာ George R.R. Martin ရဲ့ ဝတ္ထုတွေကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ HBO ဟာ ဒီဇာတ်လမ်းတွဲရဲ့ Prequel ဖြစ်တဲ့ House of Dragon ဇာတ်လမ်းတွဲကလည်း ထွက်လာတော့မှာ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ House of Dragon ကို စောင့်မျှော်နေရင်း GOT ကို ပြန်လည်ကြည့်ရှုနေကြတာကြောင့် ဇာတ်သိမ်းသွားပြီး သုံးနှစ်အကြာမှာတော့ GOT ဇာတ်လမ်းတွဲဟာ Pirate အလုပ်ခံရဆုံး ဇာတ်လမ်းတွဲအဖြစ် ပြန်လည်ရပ်တည်လာခဲ့ပါတယ်။

photo via screenrant

Game of Thrones ဇာတ်လမ်းတွဲဟာ ထွက်ရှိလာပြီး မကြာခင်မှာပဲ Fan Base အကြီးကြီး ဖြစ်လာပြီး နောက်ဆုံး Season တွေမှာတော့ ကမ္ဘာပေါ်က အအောင်မြင်ဆုံး ဇာတ်လမ်းတွဲတွေထဲက တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ နောက်ဆုံး Season မှာတော့ Platform မျိူးစုံကနေ တစ်ပိုင်းကို ပျမ်းမျှ (၄၄.၂)သန်းလောက် ကြည့်ရှုနှုန်း ရှိခဲ့ပါတယ်။ သန်းနဲ့ချီတဲ့ လူတွေက ဒီဇာတ်လမ်းတွဲကို ပိုက်ဆံပေးပြီး ကြည့်နေကြသလို တချိန်တည်းမှာပဲ ဒီဇာတ်လမ်းတွဲဟာ ကမ္ဘာပေါ်မှာ Pirated အလုပ်ခံရဆုံး ဇာတ်လမ်းတွဲ ဖြစ်လာခဲ့ပါတယ်။ ဥပမာ ပြောရရင် Season 8 ရဲ့ ပထမဆုံးအပိုင်းကို (၂၄)နာရီအတွင်းမှာတင် အကြိမ်ရေပေါင်း (၅၄)သန်းလောက် Pirate လုပ်ခံခဲ့ရပါတယ်။

USwitch သတင်းဌာနရဲ့ ဖော်ပြချက်အရ Game of Thrones ဇာတ်လမ်းတွဲဟာ ပရိသတ်တွေကြားထဲမှာ ရေပန်းစားနေဆဲ ဖြစ်ပြီး လောလောဆယ်မှာတော့ ၂၀၂၂ ခုနှစ်ရဲ့ Pirate အလုပ်ခံရဆုံး ဇာတ်လမ်းတွဲ ထပ်မံဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းတွဲကို Pirate Website တွေမှာ ရှာဖွေမှုဟာ ပျမ်းမျှအားဖြင့် တစ်လကို အကြိမ်ပေါင်း (၈၅၆၀)လောက် ရှိတယ်လို့ ဆိုပါတယ်။ HBO ရဲ့ နောက်ဆုံးရေပန်းစားနေတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Euphoria ကတော့ ပျမ်းမျှအားဖြင့် တစ်လကို (၇၉၆၀)လောက် ရှိကာ ဒုတိယနေရာမှာ ရှိနေပြီး တတိယနေရာမှာတော့ Friends ဇာတ်လမ်းတွဲက အကြိမ်ပေါင်း (၅၀၆၀)နဲ့ ရပ်တည်နေပါတယ်။

photo via screenrant

Game of Thrones ဇာတ်လမ်းတွဲအပြီးမှာ WandaVision နဲ့ Mandalorian တို့လို ဇာတ်လမ်းတွဲတွေက Pirate အလုပ်ခံရဆုံး ဇာတ်လမ်းတွဲ ဖြစ်ခဲ့ပေမယ့်လည်း ယခုအချိန်မှာတော့ House of Dragon ထွက်ရှိလာတော့မှာကြောင့် ပရိသတ်တွေဟာ GOT ကို ပြန်လည်ကြည့်ရှုနေကြပါတယ်။ House of Dragon ဇာတ်လမ်းတွဲကတော့ GOT ထဲက အဖြစ်အပျက်တွေ မဖြစ်ခင် နှစ်ပေါင်း (၂၀၀)လောက်မှာ ဇာတ်အိမ်တည်ထားပြီး Targaryen မိသားစုတွေအကြောင်းကို အဓိက မြင်တွေ့ရမှာပါ။ House of Dragon ဇာတ်လမ်းတွဲကလည်း လာမယ့် ဩဂုတ်လ (၂၁)ရက်နေ့မှာ ထွက်ရှိလာတော့မှာ ဖြစ်ပြီး ဒီဇာတ်လမ်းတွဲဟာလည်း ၂၀၂၂ ခုနှစ်ရဲ့ Pirate အလုပ်ခံရဆုံး ဇာတ်လမ်းတွဲနေရာကို ယူသွားနိုင်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular