HomeEntertainmentFilmGOTG 3 ရိုက်ကူးရေးအပြီးမှာ Drax ကို နှုတ်ဆက်စကားဆိုခဲ့တဲ့ Dave Bautista

GOTG 3 ရိုက်ကူးရေးအပြီးမှာ Drax ကို နှုတ်ဆက်စကားဆိုခဲ့တဲ့ Dave Bautista

Guardians of the Galaxy Vol. 3 ရဲ့ ရိုက်ကူးရေး ပြီးဆုံးသွားတဲ့‌ နောက်မှာတော့ Dave Bautista ဟာ Drax ဇာတ်ကောင်ကို နှုတ်ဆက်စကားဆိုခဲ့ပါတယ်။ Dave Bautista ကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Guardians of the Galaxy မှာကတည်းက Drax အဖြစ် ပါဝင်ခဲ့ပြီး GOTG 2 ၊ Infinity War နဲ့ Endgame တို့မှာ ပါဝင်ခဲ့သလို Thor: Love and Thunder မှာလည်း ပါဝင်လာဦးမှာပါ။ ဒါပေမယ့်လည်း GOTG 3 ထဲမှာတော့ Drax အဖြစ် နောက်ဆုံးအကြိမ်အဖြစ် ပါဝင်ထားတယ်လို့ ဆိုပါတယ်။

photo via screenrant

Guardians of the Galaxy Vol. 3 ရဲ့ ဇာတ်လမ်းအကျဉ်းကိုတော့ ယခုအချိန်ထိ မသိရသေးတာကြောင့် အဆုံးသတ်မှာ Drax ဟာ ဘယ်လိုကံကြမ္မာနဲ့ ရင်ဆိုင်ရမလည်း ဆိုတာကိုလည်း မသိရသေးပါဘူး။ ဒီရုပ်ရှင်ရဲ့ ရိုက်ကူးရေး ပြီးဆုံးသွားပြီ ဆိုတာကိုတော့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ ဒါရိုက်တာ James Gunn ကိုယ်တိုင်က ပြောပြခဲ့ပါတယ်။ ဒါကြောင့်ပဲ ယခုအချိန်မှာတော့ ဒီရုပ်ရှင်ဟာ Post-Production အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

Dave Bautista ကတော့ မကြာသေးခင်ကပဲ James Gunn အပါအဝင် တခြားသရုပ်ဆောင်တွေနဲ့ အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို အင်စတာဂရမ်မှာ မျှဝေပေးခဲ့ပြီး Drax ဇာတ်ကောင်ကိုလည်း နှုတ်ဆက်ခဲ့ပါတယ်။ Caption မှာတော့ သူ့ရဲ့ဘဝကို ပြောင်းလဲပေးခဲ့တဲ့ GOTG ဟာ ယခုအချိန်မှာတော့ အဆုံးသတ်သွားပါပြီလို့လည်း ပြောထားပါတယ်။

 

View this post on Instagram

 

A post shared by Super Duper Fly (@davebautista)

GOTG 3 ဟာ Drax ပါဝင်သွားမယ့် နောက်ဆုံး ပရောဂျက်တစ်ခု ဖြစ်ကြောင်း Dave Bautista ကိုယ်တိုင်က ပြောခဲ့ဖူးပြီး ယခုအချိန်မှာလည်း ဒီဇာတ်ကောင်ကို နှုတ်ဆက်ထားတာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာကတော့ GOTG Franchise ဟာ Trilogy နဲ့ပဲ ရပ်တန့်သွားမှာလား၊ ဒါမှမဟုတ် တခြား Franchise တစ်ခုအဖြစ် ပြောင်းလဲသွားမလား ဆိုတာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် GOTG အဖွဲ့သားတွေရဲ့ ဇာတ်လမ်းတွေကို ထပ်မံ မြင်တွေ့ရနိုင်ပေမယ့်လည်း Drax ရဲ့ နောက်ဆုံးပရောဂျက် ဖြစ်နေတယ်လို့ ဆိုတာကြောင့် GOTG 3 ထဲမှာ Drax သေဆုံးသွားမလား ဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular