HomeCelebs Update NewsInternationalGOTG သရုပ်ဆောင်တွေ DC Universe ထဲမှာ ပါဝင်လာနိုင်တယ် ဆိုတဲ့ James Gunn

GOTG သရုပ်ဆောင်တွေ DC Universe ထဲမှာ ပါဝင်လာနိုင်တယ် ဆိုတဲ့ James Gunn

DC စတူဒီယိုရဲ့ CEO ဖြစ်သူ James Gunn ကတော့ Chris Pratt အပါအဝင် Guardians of the Galaxy သရုပ်ဆောင်တွေလည်း DC Universe မှာ ပါဝင်လာနိုင်တယ်လို့ ဆိုပါတယ်။ အသစ်ထွက်လာမယ့် GOTG 3 ကတော့ James Gunn ရဲ့ နောက်ဆုံး Marvel ရုပ်ရှင် ဖြစ်သွားနိုင်ပြီး ဒီရုပ်ရှင်ကလည်း GOTG Trilogy ရဲ့ အဆုံးသတ်လည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဇာတ်လမ်းအဆုံးမှာတော့ GOTG အဖွဲ့ကို လူစုံတက်စုံ မြင်ရတော့မှာ မဟုတ်ပါဘူး။

photo via screenrant

ယခုအချိန်မှာတော့  GOTG 3 ဟာ ထွက်ရှိလာဖို့ သိပ်မလိုတာကြောင့် James Gunn ဟာ ဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး အင်တာဗျူးတွေ ပြုလုပ်နေပါတယ်။ Empire သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာတော့ သူဟာ သရုပ်ဆောင်တွေနဲ့ ဘယ်လောက်တောင် ရင်းနှီးတယ် ဆိုတာနဲ့ သူတို့နဲ့အတူ ထပ်မံအလုပ်လုပ်ချင်သေးတဲ့ အကြောင်းတွေကို ပြောသွားခဲ့ပါတယ်။

“ဒီသရုပ်ဆောင်တွေက ကျွန်တော်ရဲ့ မိသားစုတွေလိုပဲ။ Chris Pratt ၊ Pom ၊ Dave ၊ Zoe နဲ့ Karen တို့နဲ့ ကျွန်တော် ဘယ်လောက်တောင် ရင်းနှီးတယ် ဆိုတာ ပြောပြလို့တောင် မရပါဘူး။ ဒါပေမယ့် သူတို့တစ်ယောက်ချင်းဆီနဲ့ ထပ်ပြီးအလုပ်လုပ်ရဦးမှာပါ။ ကျွန်တော်ရဲ့ အခြားအလုပ်မှာ(DCU) ဖြစ်ဖြစ်ပေါ့။”

photo via screenrant

James Gunn ကတော့ သူ့ရဲ့ ဒါရိုက်တာ သက်တမ်းတလျှောက်မှာ ရင်းနှီးခဲ့တဲ့ သရုပ်ဆောင်တွေကို သူ့ရဲ့ဇာတ်လမ်းတွေမှာ ထပ်ခါထပ်ခါ အသုံးပြုလေ့ရှိပါတယ်။ Michael Rooker နဲ့ Nathan Fillion တို့ရင် James Gunn ရဲ့ ဇာတ်လမ်းတွေအများစုမှာ ပါဝင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ GOTG သရုပ်ဆောင်တွေကို James Gunn ရဲ့ DCU ထဲမှာ မြင်တွေ့ရနိုင်တယ် ဆိုတာ သိပ်တော့ မထူးဆန်းပါဘူး။ GOTG သရုပ်ဆောင်တွေထဲက ဘယ်သူတွေက ဘယ်ဇာတ်ကောင်တွေအဖြစ် ပါဝင်လာမလည်း ဆိုတာတော့ စောင့်ကြည့်ရမှာပါ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular