HomeCelebs Update NewsInternationalFlash အပြင် တစ်ခြားစူပါဟီးရိုးနေရာမှာ သရုပ်ဆောင်ချင်သေးတယ်ဆိုတဲ့ Grant Gustin

Flash အပြင် တစ်ခြားစူပါဟီးရိုးနေရာမှာ သရုပ်ဆောင်ချင်သေးတယ်ဆိုတဲ့ Grant Gustin

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Flash ဇာတ်လမ်းတွဲထဲမှာ Barry Allen နေရာက သရုပ်ဆောင်ထားတဲ့ မင်းသား Grant Gustin ဟာ အခွင့်အရေးရခဲ့ရင် နောက်ထပ် စူပါဟီးရိုး ဇာတ်ကောင်တစ်ခုမှာ သရုပ်ဆောင်ချင်ပါသေးတယ်လို့ ပြောလိုက်ပါတယ်။

ဒီအကြောင်းကိုတော့ Backstage သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အင်တာဗျူးမှာတော့ Barry Allen နေရာမှာ သရုပ်ဆောင်ပြီးသွားရင် ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိပါသလည်း ဆိုပြီးတော့ Grant ကို မေးမြန်းခဲ့ရာ သူဟာ စိတ်ကူးယဉ်သိပ္ပံ ရုပ်ရှင်အမျိူးအစားတွေကို သဘောကျသူ ဖြစ်ပြီးတော့ အခွင့်အရေးရခဲ့ရင် နောက်ထပ် စူပါဟီးရိုးဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ချင်ပါသေးတယ်လို့ ဖြေဆိုခဲ့ပါတယ်။ ဒါ့အပြင် ပြဇာတ်ရုံတွေ ပြန်ဖွင့်ပြီဆိုရင်လည်း ပရိသတ်တွေကို ဖျော်ဖြေပေးချင်ပါတယ်လို့လည်း ပြောထားပါသေးတယ်။

photo via grantgust/instagram

အဲ့ဒီအင်တာဗျူးအတွင်းမှာ ပြောသွားတဲ့ စကားအပြည့်အစုံကတော့ “ကျွန်တော်က The Flash လိုမျိူး စူပါဟီးရိုးဇာတ်ကောင်ကို နောက်ထပ် သရုပ်မဆောင်လောက်ဘူးလို့ လူတွေက ထင်နေကြတယ်။ ဒါပေမယ့် ကျွန်တော်က စူပါဟီးရိုးနေရာမှာ သရုပ်ဆောင်ရတာကို သဘောကျတာကြောင့် တစ်ခြားစူပါဟီးရိုးနေရာမှာ သရုပ်ဆောင်ခွင့်ရရင် သရုပ်ဆောင်ဦးမှာပါ … ” လို့ ပြောထားပါတယ်။

အဲ့ဒီနောက် “တစ်ခြားစူပါဟီးရိုးနေရာမှာ သရုပ်ဆောင်ခွင့် မရဘူးဆိုရင်လည်း စိတ်ကူးယဉ်သိပ္ပံ ရုပ်ရှင်အမျိူးအစားတွေမှာ သရုပ်ဆောင်ချင်ပါတယ်။ အကြောင်းကတော့ ကျွန်တော်က စိတ်ကူးယဉ်သိပ္ပံ ဇာတ်လမ်းအမျိူးအစားတွေကို ကြိုက်နှစ်သက်တာကြောင့်ပါ။ တကယ်လို့ အဲ့လိုအခွင့်အရေးရခဲ့ရင် သေချာပေါက် အသုံးချသွားမှာပါ… ” ဆိုပြီးတော့ ပြောသွားခဲ့ပါတယ်။

photo via screenrant

Grant ဟာ ပရိသတ်တွေကြားမှာ Barry အနေနဲ့ ရေပန်းစားပြီး နာမည်ကြီးလာတာကြောင့် သူ့ကို နောက်ထပ် စူပါဟီးရိုးတစ်ယောက်အနေနဲ့ ပြန်လည်တွေ့မြင်ရမယ် ဆိုရင်တော့ ပရိသတ်တွေလည်း ပျော်ကြမှာပါ။ လောလောဆယ်မှာတော့ The Flash ဇာတ်လမ်းတွဲက မပြီးသေးတာကြောင့် သူ့ကို Barry အဖြစ် ဆက်လက်မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သူပြောသလိုပဲ စူပါဟီးရိုးဇာတ်ကောင် နှစ်ခုလောက်ကို သရုပ်ဆောင်ဖူးသူတွေလည်း ရှိပါတယ်။ Ryan Reynolds ဆိုရင် အရင်က Green Lantern နေရာမှာ သရုပ်ဆောင်ခဲ့ဖူးပြီး အခုလက်ရှိမှာ Deadpool နေရာမှာ သရုပ်ဆောင်နေပါတယ်။ Chris Evans ဆိုရင်လည်း Human Torch နေရာနဲ့ Captain America တို့နေရာမှာ သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် Grant Gustin ကိုလည်း အနာဂတ်မှာ ဘယ်လိုပုံစံနဲ့ မြင်တွေ့ရမလည်း ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: screenrant

(Zawgyi Version)

The Flash ဇာတ္လမ္းတြဲထဲမွာ Barry Allen ေနရာက သ႐ုပ္ေဆာင္ထားတဲ့ မင္းသား Grant Gustin ဟာ အခြင့္အေရးရခဲ့ရင္ ေနာက္ထပ္ စူပါဟီး႐ိုး ဇာတ္ေကာင္တစ္ခုမွာ သ႐ုပ္ေဆာင္ခ်င္ပါေသးတယ္လို႔ ေျပာလိုက္ပါတယ္။ဒီအေၾကာင္းကိုေတာ့ Backstage သတင္းဌာနနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

အဆိုပါ အင္တာဗ်ဴးမွာေတာ့ Barry Allen ေနရာမွာ သ႐ုပ္ေဆာင္ၿပီးသြားရင္ ဘာဆက္လုပ္ဖို႔ အစီအစဥ္ရွိပါသလည္း ဆိုၿပီးေတာ့ Grant ကို ေမးျမန္းခဲ့ရာ သူဟာ စိတ္ကူးယဥ္သိပၸံ ႐ုပ္ရွင္အမ်ိဴးအစားေတြကို သေဘာက်သူ ျဖစ္ၿပီးေတာ့ အခြင့္အေရးရခဲ့ရင္ ေနာက္ထပ္ စူပါဟီး႐ိုးဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ခ်င္ပါေသးတယ္လို႔ ေျဖဆိုခဲ့ပါတယ္။ ဒါ့အျပင္ ျပဇာတ္႐ုံေတြ ျပန္ဖြင့္ၿပီဆိုရင္လည္း ပရိသတ္ေတြကို ေဖ်ာ္ေျဖေပးခ်င္ပါတယ္လို႔လည္း ေျပာထားပါေသးတယ္။

photo via grantgust/instagram

အဲ့ဒီအင္တာဗ်ဴးအတြင္းမွာ ေျပာသြားတဲ့ စကားအျပည့္အစုံကေတာ့ “ကြၽန္ေတာ္က The Flash လိုမ်ိဴး စူပါဟီး႐ိုးဇာတ္ေကာင္ကို ေနာက္ထပ္ သ႐ုပ္မေဆာင္ေလာက္ဘူးလို႔ လူေတြက ထင္ေနၾကတယ္။ ဒါေပမယ့္ ကြၽန္ေတာ္က စူပါဟီး႐ိုးေနရာမွာ သ႐ုပ္ေဆာင္ရတာကို သေဘာက်တာေၾကာင့္ တစ္ျခားစူပါဟီး႐ိုးေနရာမွာ သ႐ုပ္ေဆာင္ခြင့္ရရင္ သ႐ုပ္ေဆာင္ဦးမွာပါ … ” လို႔ ေျပာထားပါတယ္။

အဲ့ဒီေနာက္ “တစ္ျခားစူပါဟီး႐ိုးေနရာမွာ သ႐ုပ္ေဆာင္ခြင့္ မရဘူးဆိုရင္လည္း စိတ္ကူးယဥ္သိပၸံ ႐ုပ္ရွင္အမ်ိဴးအစားေတြမွာ သ႐ုပ္ေဆာင္ခ်င္ပါတယ္။ အေၾကာင္းကေတာ့ ကြၽန္ေတာ္က စိတ္ကူးယဥ္သိပၸံ ဇာတ္လမ္းအမ်ိဴးအစားေတြကို ႀကိဳက္ႏွစ္သက္တာေၾကာင့္ပါ။ တကယ္လို႔ အဲ့လိုအခြင့္အေရးရခဲ့ရင္ ေသခ်ာေပါက္ အသုံးခ်သြားမွာပါ… ” ဆိုၿပီးေတာ့ ေျပာသြားခဲ့ပါတယ္။

photo via screenrant

Grant ဟာ ပရိသတ္ေတြၾကားမွာ Barry အေနနဲ႔ ေရပန္းစားၿပီး နာမည္ႀကီးလာတာေၾကာင့္ သူ႔ကို ေနာက္ထပ္ စူပါဟီး႐ိုးတစ္ေယာက္အေနနဲ႔ ျပန္လည္ေတြ႕ျမင္ရမယ္ ဆိုရင္ေတာ့ ပရိသတ္ေတြလည္း ေပ်ာ္ၾကမွာပါ။ ေလာေလာဆယ္မွာေတာ့ The Flash ဇာတ္လမ္းတြဲက မၿပီးေသးတာေၾကာင့္ သူ႔ကို Barry အျဖစ္ ဆက္လက္ျမင္ေတြ႕ရဦးမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ သူေျပာသလိုပဲ စူပါဟီး႐ိုးဇာတ္ေကာင္ ႏွစ္ခုေလာက္ကို သ႐ုပ္ေဆာင္ဖူးသူေတြလည္း ရွိပါတယ္။ Ryan Reynolds ဆိုရင္ အရင္က Green Lantern ေနရာမွာ သ႐ုပ္ေဆာင္ခဲ့ဖူးၿပီး အခုလက္ရွိမွာ Deadpool ေနရာမွာ သ႐ုပ္ေဆာင္ေနပါတယ္။ Chris Evans ဆိုရင္လည္း Human Torch ေနရာနဲ႔ Captain America တို႔ေနရာမွာ သ႐ုပ္ေဆာင္ထားသူ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ Grant Gustin ကိုလည္း အနာဂတ္မွာ ဘယ္လိုပုံစံနဲ႔ ျမင္ေတြ႕ရမလည္း ဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Legos

Source: screenrant

RELATED ARTICLES

Most Popular