HomeEntertainmentFilmGrimm ဇာတ်လမ်းတွဲနောက်ကွယ်က လူသိပ်မသိလောက်သေးတဲ့ အချက်များ

Grimm ဇာတ်လမ်းတွဲနောက်ကွယ်က လူသိပ်မသိလောက်သေးတဲ့ အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Grimm ဇာတ်လမ်းတွဲဟာ ၂၀၁၁ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (7.8) ရရှိထားတဲ့ ဇာတ်လမ်းတွဲ တစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Nick Burkhardt ဆိုသူဟာ တစ်ရက်မှာတော့ တစ်ခြား ဘယ်သူမှ မမြင်ရတဲ့ လူသားကြားထဲမှာ နေထိုင်နေတဲ့ သတ္တဝါတွေရဲ့ သရုပ်မှန်ကို မြင်ရလာခဲ့ပါတယ်။ သိပ်မကြာခင်မှာတော့ သူ့ရဲ့မျိူးဆက်ဟာ အဲ့လိုမျိူး သတ္တဝါတွေကို မြင်ရတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့ မုဆိုးတွေ ဖြစ်ကြောင်းကို သိလာရပါတော့တယ်။ အဲ့ဒါကြောင့်ပဲ သူဟာ လူသားတွေ အန္တရာယ်ရှိတဲ့ သတ္တဝါတွေကို အမဲလိုက်ရပါတော့တယ်။ ဒီတစ်ခါမှာတော့ Grimm ဇာတ်လမ်းတွဲရဲ့ နောက်ကွယ်က လူသိပ်မသိသေးတဲ့ အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

အခန်းနံပတ်နဲ့ လိပ်စာတွေဟာ season တွေနဲ့ အပိုင်းတွေရဲ့ နံပတ်တွေကို ရောထားတာ ဖြစ်ပါတယ်။
photo via screenrant

ဒီအချက်ကတော့ Grimm ဇာတ်လမ်းတွဲကို သေချာဂရုစိုက်ပြီး ကြည့်ကြသူတိုင်း သိကြတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့သမျှ အခန်းနံပတ်တွေ ၊ လိပ်စာတွေနဲ့ နံပတ်တွေ ပါဝင်တဲ့နေရာတွေ ဆိုရင် season တွေနဲ့ အပိုင်းတွေရဲ့ နံပတ်တွေကို ရောပြီး ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကတော့ ဒီဇာတ်လမ်းတွဲရဲ့ လုပ်ထုံးလုပ်နည်းတစ်ခုလို့တောင် ပြောလို့ရပါတယ်။

Wesen တွေရဲ့ နာမည်ဟာ တကယ့်ဂျာမနီစကားတွေက ဆင်းသက်လာတာ ဖြစ်ပါတယ်။
photo via screenrant

ဒီဇာတ်လမ်းတွဲကို ဖန်တီးသူတွေဟာ Grimm ညီအကိုနှစ်ယောက်ရဲ့ ပုံပြင်တွေရဲ့ အနီးစပ်ဆုံး တူအောင် ကြိုးစားခဲ့ကြပြီး Wesen တွေရဲ့ နာမည်တွေဆိုရင်လည်း တကယ့်ဂျာမနီစကားတွေကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ Grimm ညီအကိုနှစ်ယောက်ကတော့ ၁၇ ရာစုလောက်မှာ ဂျာမနီနိုင်ငံကနေ စာပေနဲ့ ပတ်သက်ပြီး နာမည်ကြီးပုံပြင်တွေနဲ့ ဒဏ္ဍာရီတွေကို ထုတ်ဝေခဲ့သူပဲ ဖြစ်ပါတယ်။ Season 2 မှာ ပါဝင်ခဲ့တဲ့ Fuchsbau ဆိုရင်တော့ မြေခွေးရဲ့တွင်း သို့မဟုတ် တွင်း လို့အဓိပ္ပာယ် ရပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ ပထမဆုံးမြင်တွေ့ခဲ့ရတဲ့ Monroe ဆိုရင်တော့ Blutbad လို့ခေါ်ပြီး ဘာသာပြန်လိုက်ရင် သွေးလို့ အဓိပ္ပာယ်ရပါတယ်။ Hexenbiest ဆိုရင်တော့ စုန်းမသားရဲ လို့ အဓိပ္ပာယ် ရပြီးတော့ Zauberbiest ကိုတော့ မှော်သားရဲ သို့မဟုတ် စုန်းထီးသားရဲ လို့ အဓိပ္ပာယ် ရပါတယ်။

Claire Coffee ဟာ season 4 ထဲမှာ တကယ်ပဲ ကိုယ်ဝန်ရှိနေတာ ဖြစ်ပါတယ်။
photo via screenrant

Grimm ဇာတ်လမ်းတွဲကို ရိုက်ကူးနေရင်းနဲ့ တစ်ချို့သရုပ်ဆောင်တွေဟာ ကိုယ်ဝန်ရှိသွားတာမျိုးတွေလည်း ရှိပါတယ်။ အဲ့ဒီအခြေအနေတွေ ဖြစ်လာရင်တော့ ရိုက်ကူးရေးအဖွဲ့သားတွေဟာ တစ်ယောက်ချင်းစီကို နည်းလမ်းတစ်မျိူးချင်းစီနဲ့ ဖြေရှင်းခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ Rosalee အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Bree Turner ဟာ season 2 မှာတော့ ကိုယ်ဝန်ရသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူမဟာ ဒီဇာတ်လမ်းထဲမှာ သိပ်ပြီးတော့ မပါဝင်တော့တာ ဖြစ်ပါတယ်။ Adalind အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Claire ကတော့ season 4 မှာ ကိုယ်ဝန်ရခဲ့တာကြောင့် ဇာတ်ညွှန်းကို အနည်းငယ် ပြုပြင်ပြောင်းလဲခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီဇာတ်လမ်းရဲ့ season 4 ထဲမှာ Nick နဲ့ Adalind တို့ဟာ ကလေးရသွားခဲ့ပါတယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဆာဂျင် Wu ဟာ အစတုန်းက အခုလိုမျိူး အဓိကဇာတ်ကောင် တစ်ယောက် ဖြစ်လာဖို့ အစီအစဉ် မရှိပါဘူး။
photo via screenrant

ဒီဇာတ်လမ်းတွဲရဲ့ လူကြိုက်အများဆုံး ဇာတ်ကောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဆာဂျင် Wu ဟာ အစတုန်းက အဓိကဇာတ်ကောင် တစ်ယောက်အဖြစ် ပါဝင်လာဖို့ အစီအစဉ်မရှိပါဘူး။ သူဟာ အစတုန်းက သာမန်ဇာတ်ရံတစ်ယောက်ပဲ ဖြစ်ပေမယ့်လည်း ပရိသတ်တွေအပါအဝင် ဇာတ်ညွှန်းသူတွေကပါ ဒီဇာတ်ကောင်ကို ကြိုက်နှစ်သက်ခဲ့တာကြောင့် တဖြည်းဖြည်းနဲ့ အဓိကဇာတ်ကောင်တွေထဲက တစ်ယောက် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲကို တကယ့်တောတွေထဲမှာ သွားရောက်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
photo via screenrant

ဒီဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး အားသာချက်တစ်ချက်ကတော့ ဇာတ်ဝင်ခန်းတွေနဲ့ ရိုက်ကွင်းဆက်တင်တွေဟာ အလွန်ကို သဘာဝကျနေတာပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ ရိုက်ကူးရေးတွေဟာ တောထဲမှာ ရိုက်ရမယ့် ဇာတ်ဝင်ခန်းတွေဆိုရင် တကယ့်တောတွေထဲမှာ သွားရောက်ရိုက်ကူးခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီဇာတ်လမ်းထဲမှာ Nick ဟာ တစ်ယောက်ယောက်ရဲ့ နောက်ကို တောထဲမှာ လိုက်ဖမ်းနေတာ ဒါမှမဟုတ် တောထဲမှာ လူပျောက်ရှာနေတဲ့ အခန်းတွေဆိုရင် သဘာဝကျနေပြီး ဖန်တီးထားတဲ့ ဆက်တင်ကြီးလို့ မထင်ရတာ ဖြစ်ပါတယ်။

Wesen တွေအများစုကို လူသားတွေနဲ့ အနီးစပ်ဆုံး တူညီအောင် ဖန်တီးခဲ့ပါတယ်။
photo via screenrant

ဒီဇာတ်လမ်းတွဲထဲက တစ်ချို့ Wesen တွေကတော့ ကြောက်စရာပုံစံနဲ့ ရက်စက်တတ်ကြတဲ့ မွန်းစတားတွေလို ပုံစံမျိူး ဖန်တီးခဲ့ကြပါတယ်။ ဒါပေမယ့်လည်း Wesen အများစုကတော့ အန္တရာယ်မရှိဘဲ လူသားတွေလိုမျိူး သူတို့ရဲ့ဘဝကို ရှင်သန်ဖို့ ကြိုးစားနေကြသူတွေ ဖြစ်ကြပါတယ်။အဲ့ဒီအချက်ကတော့ ဒီဇာတ်လမ်းနဲ့ ပုံပြင်တွေထဲက Wesen တွေကြားထဲက အကြီးမားဆုံး ကွာခြားချက်ပဲ ဖြစ်ပါတယ်။ Special effects artist ဖြစ်သူ Barney Burman ရဲ့ ပြောကြားချက်အရဆိုရင်တော့ Wesen တွေအများစုကို အန္တရာယ်မရှိတဲ့ ပုံစံနဲ့ လူသားတွေနဲ့ အနီးစပ်ဆုံး တူအောင် ဖန်တီးထားပါတယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် Wesen တစ်ယောက်ရဲ့ ပုံစံကို ပြင်ဆင်ရတာဟာလည်း အနည်းဆုံး မိနစ် (၂၀) လောက်ကြာအောင် ဖန်တီးရပါတယ်လို့ သိရပါတယ်။

ဒီဇာတ်လမ်းတွဲကို ရိုက်ကူးတဲ့ နေရာမှာ Grimm ညီအကိုနှစ်ယောက်ရဲ့ မျိူးဆက်တွေ နေထိုင်ကြပါတယ်။
photo via screenrant

ဒီဇာတ်လမ်းတွဲကို ဖန်တီးသူတွေနဲ့ ရိုက်ကူးရေးအဖွဲ့သားတွေတောင် မသိခဲ့ကြပေမယ့်လည်း တကယ်တော့ သူတို့ရဲ့ ရိုက်ကွင်းနေရာမှာ Grimm ညီအကိုနှစ်ယောက်ရဲ့ မျိူးဆက်တွေ နေထိုင်ကြပါတယ်။ ၂၀၁၃ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ Comic Con ပွဲမှာမှ ပရိသတ်တွေထဲက တစ်ယောက်ဟာ ဒီဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့တဲ့ Portland မြို့ထဲမှာ Grimm ညီအကိုနှစ်ယောက်ရဲ့ မျိူးဆက်တွေ နေထိုင်ကြပါတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်ကတော့ ဘယ်သူကမှ တမင်ပြုလုပ်ခဲ့တာ မဟုတ်ပေမယ့်လည်း တိုက်ဆိုင်ပြီး ဖြစ်သွားတဲ့ အံ့ဩစရာအချက်တစ်ခုပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Grimm ဇာတ္လမ္းတြဲဟာ ၂၀၁၁ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (7.8) ရရွိထားတဲ့ ဇာတ္လမ္းတြဲ တစ္ခု ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Nick Burkhardt ဆိုသူဟာ တစ္ရက္မွာေတာ့ တစ္ျခား ဘယ္သူမွ မျမင္ရတဲ့ လူသားၾကားထဲမွာ ေနထိုင္ေနတဲ့ သတၱဝါေတြရဲ႕ သ႐ုပ္မွန္ကို ျမင္ရလာခဲ့ပါတယ္။ သိပ္မၾကာခင္မွာေတာ့ သူ႔ရဲ႕မ်ိဴးဆက္ဟာ အဲ့လိုမ်ိဴး သတၱဝါေတြကို ျမင္ရတဲ့ စြမ္းအားေတြကို ပိုင္ဆိုင္ထားတဲ့ မုဆိုးေတြ ျဖစ္ေၾကာင္းကို သိလာရပါေတာ့တယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ လူသားေတြ အႏၲရာယ္ရွိတဲ့ သတၱဝါေတြကို အမဲလိုက္ရပါေတာ့တယ္။ ဒီတစ္ခါမွာေတာ့ Grimm ဇာတ္လမ္းတြဲရဲ႕ ေနာက္ကြယ္က လူသိပ္မသိေသးတဲ့ အေၾကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

အခန္းနံပတ္နဲ႔ လိပ္စာေတြဟာ season ေတြနဲ႔ အပိုင္းေတြရဲ႕ နံပတ္ေတြကို ေရာထားတာ ျဖစ္ပါတယ္။
photo via screenrant

ဒီအခ်က္ကေတာ့ Grimm ဇာတ္လမ္းတြဲကို ေသခ်ာဂ႐ုစိုက္ၿပီး ၾကည့္ၾကသူတိုင္း သိၾကတဲ့ အခ်က္တစ္ခ်က္ပဲ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲမွာ ပါဝင္ခဲ့သမွ် အခန္းနံပတ္ေတြ ၊ လိပ္စာေတြနဲ႔ နံပတ္ေတြ ပါဝင္တဲ့ေနရာေတြ ဆိုရင္ season ေတြနဲ႔ အပိုင္းေတြရဲ႕ နံပတ္ေတြကို ေရာၿပီး ထည့္သြင္းခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒါကေတာ့ ဒီဇာတ္လမ္းတြဲရဲ႕ လုပ္ထုံးလုပ္နည္းတစ္ခုလို႔ေတာင္ ေျပာလို႔ရပါတယ္။

Wesen ေတြရဲ႕ နာမည္ဟာ တကယ့္ဂ်ာမနီစကားေတြက ဆင္းသက္လာတာ ျဖစ္ပါတယ္။
photo via screenrant

ဒီဇာတ္လမ္းတြဲကို ဖန္တီးသူေတြဟာ Grimm ညီအကိုႏွစ္ေယာက္ရဲ႕ ပုံျပင္ေတြရဲ႕ အနီးစပ္ဆုံး တူေအာင္ ႀကိဳးစားခဲ့ၾကၿပီး Wesen ေတြရဲ႕ နာမည္ေတြဆိုရင္လည္း တကယ့္ဂ်ာမနီစကားေတြကေန ဆင္းသက္လာတာ ျဖစ္ပါတယ္။ Grimm ညီအကိုႏွစ္ေယာက္ကေတာ့ ၁၇ ရာစုေလာက္မွာ ဂ်ာမနီႏိုင္ငံကေန စာေပနဲ႔ ပတ္သက္ၿပီး နာမည္ႀကီးပုံျပင္ေတြနဲ႔ ဒ႑ာရီေတြကို ထုတ္ေဝခဲ့သူပဲ ျဖစ္ပါတယ္။ Season 2 မွာ ပါဝင္ခဲ့တဲ့ Fuchsbau ဆိုရင္ေတာ့ ေျမေခြးရဲ႕တြင္း သို႔မဟုတ္ တြင္း လို႔အဓိပၸာယ္ ရပါတယ္။ ဒီဇာတ္လမ္းတြဲထဲမွာ ပထမဆုံးျမင္ေတြ႕ခဲ့ရတဲ့ Monroe ဆိုရင္ေတာ့ Blutbad လို႔ေခၚၿပီး ဘာသာျပန္လိုက္ရင္ ေသြးလို႔ အဓိပၸာယ္ရပါတယ္။ Hexenbiest ဆိုရင္ေတာ့ စုန္းမသားရဲ လို႔ အဓိပၸာယ္ ရၿပီးေတာ့ Zauberbiest ကိုေတာ့ ေမွာ္သားရဲ သို႔မဟုတ္ စုန္းထီးသားရဲ လို႔ အဓိပၸာယ္ ရပါတယ္။

Claire Coffee ဟာ season 4 ထဲမွာ တကယ္ပဲ ကိုယ္ဝန္ရွိေနတာ ျဖစ္ပါတယ္။
photo via screenrant

Grimm ဇာတ္လမ္းတြဲကို ႐ိုက္ကူးေနရင္းနဲ႔ တစ္ခ်ိဳ႕သ႐ုပ္ေဆာင္ေတြဟာ ကိုယ္ဝန္ရွိသြားတာမ်ိဳးေတြလည္း ရွိပါတယ္။ အဲ့ဒီအေျခအေနေတြ ျဖစ္လာရင္ေတာ့ ႐ိုက္ကူးေရးအဖြဲ႕သားေတြဟာ တစ္ေယာက္ခ်င္းစီကို နည္းလမ္းတစ္မ်ိဴးခ်င္းစီနဲ႔ ေျဖရွင္းခဲ့ပါတယ္။ ဒီဇာတ္လမ္းတြဲထဲမွာ Rosalee အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ Bree Turner ဟာ season 2 မွာေတာ့ ကိုယ္ဝန္ရသြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူမဟာ ဒီဇာတ္လမ္းထဲမွာ သိပ္ၿပီးေတာ့ မပါဝင္ေတာ့တာ ျဖစ္ပါတယ္။ Adalind အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ Claire ကေတာ့ season 4 မွာ ကိုယ္ဝန္ရခဲ့တာေၾကာင့္ ဇာတ္ၫႊန္းကို အနည္းငယ္ ျပဳျပင္ေျပာင္းလဲခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီဇာတ္လမ္းရဲ႕ season 4 ထဲမွာ Nick နဲ႔ Adalind တို႔ဟာ ကေလးရသြားခဲ့ပါတယ္လို႔ ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

ဆာဂ်င္ Wu ဟာ အစတုန္းက အခုလိုမ်ိဴး အဓိကဇာတ္ေကာင္ တစ္ေယာက္ ျဖစ္လာဖို႔ အစီအစဥ္ မရွိပါဘူး။
photo via screenrant

ဒီဇာတ္လမ္းတြဲရဲ႕ လူႀကိဳက္အမ်ားဆုံး ဇာတ္ေကာင္ေတြထဲက တစ္ေယာက္ျဖစ္တဲ့ ဆာဂ်င္ Wu ဟာ အစတုန္းက အဓိကဇာတ္ေကာင္ တစ္ေယာက္အျဖစ္ ပါဝင္လာဖို႔ အစီအစဥ္မရွိပါဘူး။ သူဟာ အစတုန္းက သာမန္ဇာတ္ရံတစ္ေယာက္ပဲ ျဖစ္ေပမယ့္လည္း ပရိသတ္ေတြအပါအဝင္ ဇာတ္ၫႊန္းသူေတြကပါ ဒီဇာတ္ေကာင္ကို ႀကိဳက္ႏွစ္သက္ခဲ့တာေၾကာင့္ တျဖည္းျဖည္းနဲ႔ အဓိကဇာတ္ေကာင္ေတြထဲက တစ္ေယာက္ ျဖစ္လာခဲ့တာ ျဖစ္ပါတယ္။

ဒီဇာတ္လမ္းတြဲကို တကယ့္ေတာေတြထဲမွာ သြားေရာက္႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။
photo via screenrant

ဒီဇာတ္လမ္းတြဲနဲ႔ ပတ္သက္ၿပီး အားသာခ်က္တစ္ခ်က္ကေတာ့ ဇာတ္ဝင္ခန္းေတြနဲ႔ ႐ိုက္ကြင္းဆက္တင္ေတြဟာ အလြန္ကို သဘာဝက်ေနတာပဲ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ ႐ိုက္ကူးေရးေတြဟာ ေတာထဲမွာ ႐ိုက္ရမယ့္ ဇာတ္ဝင္ခန္းေတြဆိုရင္ တကယ့္ေတာေတြထဲမွာ သြားေရာက္႐ိုက္ကူးခဲ့တာေၾကာင့္ပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီဇာတ္လမ္းထဲမွာ Nick ဟာ တစ္ေယာက္ေယာက္ရဲ႕ ေနာက္ကို ေတာထဲမွာ လိုက္ဖမ္းေနတာ ဒါမွမဟုတ္ ေတာထဲမွာ လူေပ်ာက္ရွာေနတဲ့ အခန္းေတြဆိုရင္ သဘာဝက်ေနၿပီး ဖန္တီးထားတဲ့ ဆက္တင္ႀကီးလို႔ မထင္ရတာ ျဖစ္ပါတယ္။

Wesen ေတြအမ်ားစုကို လူသားေတြနဲ႔ အနီးစပ္ဆုံး တူညီေအာင္ ဖန္တီးခဲ့ပါတယ္။
photo via screenrant

ဒီဇာတ္လမ္းတြဲထဲက တစ္ခ်ိဳ႕ကေတာ့ ေၾကာက္စရာပုံစံနဲ႔ ရက္စက္တတ္ၾကတဲ့ မြန္းစတားေတြလို ပုံစံမ်ိဴး ဖန္တီးခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း Wesen အမ်ားစုကေတာ့ အႏၲရာယ္မရွိဘဲ လူသားေတြလိုမ်ိဴး သူတို႔ရဲ႕ဘဝကို ရွင္သန္ဖို႔ ႀကိဳးစားေနၾကသူေတြ ျဖစ္ၾကပါတယ္။အဲ့ဒီအခ်က္ကေတာ့ ဒီဇာတ္လမ္းနဲ႔ ပုံျပင္ေတြထဲက Wesen ေတြၾကားထဲက အႀကီးမားဆုံး ကြာျခားခ်က္ပဲ ျဖစ္ပါတယ္။ Special effects artist ျဖစ္သူ Barney Burman ရဲ႕ ေျပာၾကားခ်က္အရဆိုရင္ေတာ့ Wesen ေတြအမ်ားစုကို အႏၲရာယ္မရွိတဲ့ ပုံစံနဲ႔ လူသားေတြနဲ႔ အနီးစပ္ဆုံး တူေအာင္ ဖန္တီးထားပါတယ္လို႔ ေျပာခဲ့ပါတယ္။ ဒါ့အျပင္ Wesen တစ္ေယာက္ရဲ႕ ပုံစံကို ျပင္ဆင္ရတာဟာလည္း အနည္းဆုံး မိနစ္ (၂၀) ေလာက္ၾကာေအာင္ ဖန္တီးရပါတယ္လို႔ သိရပါတယ္။

ဒီဇာတ္လမ္းတြဲကို ႐ိုက္ကူးတဲ့ ေနရာမွာ Grimm ညီအကိုႏွစ္ေယာက္ရဲ႕ မ်ိဴးဆက္ေတြ ေနထိုင္ၾကပါတယ္။
photo via screenrant

ဒီဇာတ္လမ္းတြဲကို ဖန္တီးသူေတြနဲ႔ ႐ိုက္ကူးေရးအဖြဲ႕သားေတြေတာင္ မသိခဲ့ၾကေပမယ့္လည္း တကယ္ေတာ့ သူတို႔ရဲ႕ ႐ိုက္ကြင္းေနရာမွာ Grimm ညီအကိုႏွစ္ေယာက္ရဲ႕ မ်ိဴးဆက္ေတြ ေနထိုင္ၾကပါတယ္။ ၂၀၁၃ ခုႏွစ္မွာ ျပဳလုပ္ခဲ့တဲ့ Comic Con ပြဲမွာမွ ပရိသတ္ေတြထဲက တစ္ေယာက္ဟာ ဒီဇာတ္လမ္းတြဲကို ႐ိုက္ကူးခဲ့တဲ့ Portland ၿမိဳ႕ထဲမွာ Grimm ညီအကိုႏွစ္ေယာက္ရဲ႕ မ်ိဴးဆက္ေတြ ေနထိုင္ၾကပါတယ္လို႔ ေျပာခဲ့တာ ျဖစ္ပါတယ္။ ဒီအခ်က္ကေတာ့ ဘယ္သူကမွ တမင္ျပဳလုပ္ခဲ့တာ မဟုတ္ေပမယ့္လည္း တိုက္ဆိုင္ၿပီး ျဖစ္သြားတဲ့ အံ့ဩစရာအခ်က္တစ္ခုပဲ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular