HomeEntertainmentFilmNetflix ရဲ့ Sandman ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်သွားမယ့် Gwendoline Christie

Netflix ရဲ့ Sandman ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်သွားမယ့် Gwendoline Christie

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

HBO ရဲ့ နာမည်ကြီး ဇာတ်လမ်းတွဲဖြစ်တဲ့ Game of Thrones ထဲမှာ Brienne of Tarth အဖြစ် ပါဝင်ခဲ့တဲ့ Gwendoline Christie ဟာ Netflix ရဲ့ Sandman ဇာတ်လမ်းတွဲမှာ ပါဝင်သွားမယ်လို့ သိရပါတယ်။ Sandman ကတော့ ၁၉၈၉ ခုနှစ်ကစတင်ပြီး ထွက်ရှိခဲ့တဲ့ Neil Gaiman ရဲ့ နာမည်ကြီးကောမစ်တစ်ခုပဲ ဖြစ်ပါတယ်။ Netflix က Live Action အဖြစ် ပြန်လည်ရိုက်ကူးသွားမယ့် ဇာတ်လမ်းတွဲထဲမှာတော့ ခေတ်သစ်ပုံစံမျိူး ပြောင်းလဲဖန်တီးသွားမှာ ဖြစ်ပါတယ်။

photo via screenrant

၂၀၂၁ ခုနှစ်မှာ ဇာတ်အိမ်တည်သွားမှာ ဖြစ်ပြီး (၁၁) ပိုင်း ပါဝင်မယ်လို့လည်း သိရပါတယ်။ ဇာတ်လမ်းကတော့ Morpheus ဟာ နှစ်ပေါင်း (၁၀၅) နှစ်လောက် အကျဉ်းကျအပြီးမှာ သူ့ရဲ့လောကကို ပြန်သွားဖို့ ခရီးထွက်လာတာကို မြင်တွေ့ရမှာပါ။ Sandman ကောမစ်ကို အရင်ကလည်း အကြိမ်ပေါင်းများစွာ Live Action အဖြစ် ဖန်တီးဖို့ ကြိုးစားခဲ့ကြပြီး အကြောင်းမျိူးစုံကြောင့် မအောင်မြင်ခဲ့ပါဘူး။ ဒီတစ်ခါမှာတော့ Netflix က ပြန်လည်ရိုက်ကူးသွားမှာ ဖြစ်ပြီး Neil Gaiman ကိုယ်တိုင်ကလည်း ပါဝင်ဖန်တီးသွားမှာ ဖြစ်တာကြောင့် ပရိသတ်တွေကတော့ အများကြီးမျှော်လင့်နေကြပါတယ်။

ရိုက်ကူးရေးကိုတော့ ပြီးခဲ့တဲ့နှစ် မေလကတည်းက စတင်ဖို့ စီစဉ်ခဲ့ပေမယ့်လည်း ကိုဗစ်ကြောင့် ရိုက်ကူးရေး ရပ်နားခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ အောက်တိုဘာလမှာ စတင်ပြီး အင်္ဂလန်နိုင်ငံတွင် ရိုက်ကူးခဲ့ပါတယ်လို့ Neil Gaiman က အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း သရုပ်ဆောင်တွေ အပါအဝင် ဒီဇာတ်လမ်းတွဲနဲ့ ပတ်သက်တဲ့ တစ်ခြားအသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

photo via screenrant

Discussing Film သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ Game of Thrones ထဲမှာ Brienne of Tarth အဖြစ် ပါဝင်ခဲ့တဲ့ Gwendoline Christie ဟာလည်း ပါဝင်လာမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘယ်ဇာတ်ကောင်နေရာမှာ ပါဝင်လာမလည်း ဆိုတာကိုတော့ မသိရသေးပါဘူး။ Gwendoline Christie ကိုတော့ GOT ပရိသတ်တွေနဲ့ Star Wars ပရိသတ်တွေကတော့ ရင်းနှီးပြီးသား ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီသတင်းကတော့ ပရိသတ်တွေအများစုအတွက် သတင်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

HBO ရဲ႕ နာမည္ႀကီး ဇာတ္လမ္းတြဲျဖစ္တဲ့ Game of Thrones ထဲမွာ Brienne of Tarth အျဖစ္ ပါဝင္ခဲ့တဲ့ Gwendoline Christie ဟာ Netflix ရဲ႕ Sandman ဇာတ္လမ္းတြဲမွာ ပါဝင္သြားမယ္လို႔ သိရပါတယ္။ Sandman ကေတာ့ ၁၉၈၉ ခုႏွစ္ကစတင္ၿပီး ထြက္ရွိခဲ့တဲ့ Neil Gaiman ရဲ႕ နာမည္ႀကီးေကာမစ္တစ္ခုပဲ ျဖစ္ပါတယ္။ Netflix က Live Action အျဖစ္ ျပန္လည္႐ိုက္ကူးသြားမယ့္ ဇာတ္လမ္းတြဲထဲမွာေတာ့ ေခတ္သစ္ပုံစံမ်ိဴး ေျပာင္းလဲဖန္တီးသြားမွာ ျဖစ္ပါတယ္။

photo via screenrant

၂၀၂၁ ခုႏွစ္မွာ ဇာတ္အိမ္တည္သြားမွာ ျဖစ္ၿပီး (၁၁) ပိုင္း ပါဝင္မယ္လို႔လည္း သိရပါတယ္။ ဇာတ္လမ္းကေတာ့ Morpheus ဟာ ႏွစ္ေပါင္း (၁၀၅) ႏွစ္ေလာက္ အက်ဥ္းက်အၿပီးမွာ သူ႔ရဲ႕ေလာကကို ျပန္သြားဖို႔ ခရီးထြက္လာတာကို ျမင္ေတြ႕ရမွာပါ။ Sandman ေကာမစ္ကို အရင္ကလည္း အႀကိမ္ေပါင္းမ်ားစြာ Live Action အျဖစ္ ဖန္တီးဖို႔ ႀကိဳးစားခဲ့ၾကၿပီး အေၾကာင္းမ်ိဴးစုံေၾကာင့္ မေအာင္ျမင္ခဲ့ပါဘူး။ ဒီတစ္ခါမွာေတာ့ Netflix က ျပန္လည္႐ိုက္ကူးသြားမွာ ျဖစ္ၿပီး Neil Gaiman ကိုယ္တိုင္ကလည္း ပါဝင္ဖန္တီးသြားမွာ ျဖစ္တာေၾကာင့္ ပရိသတ္ေတြကေတာ့ အမ်ားႀကီးေမွ်ာ္လင့္ေနၾကပါတယ္။

႐ိုက္ကူးေရးကိုေတာ့ ၿပီးခဲ့တဲ့ႏွစ္ ေမလကတည္းက စတင္ဖို႔ စီစဥ္ခဲ့ေပမယ့္လည္း ကိုဗစ္ေၾကာင့္ ႐ိုက္ကူးေရး ရပ္နားခဲ့ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ေအာက္တိုဘာလမွာ စတင္ၿပီး အဂၤလန္ႏိုင္ငံတြင္ ႐ိုက္ကူးခဲ့ပါတယ္လို႔ Neil Gaiman က အတည္ျပဳခဲ့ပါတယ္။ ဒါေပမယ့္လည္း သ႐ုပ္ေဆာင္ေတြ အပါအဝင္ ဒီဇာတ္လမ္းတြဲနဲ႔ ပတ္သက္တဲ့ တစ္ျခားအေသးစိတ္ အခ်က္အလက္ေတြကိုေတာ့ မသိရေသးပါဘူး။

photo via screenrant

Discussing Film သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ဆိုရင္ေတာ့ Game of Thrones ထဲမွာ Brienne of Tarth အျဖစ္ ပါဝင္ခဲ့တဲ့ Gwendoline Christie ဟာလည္း ပါဝင္လာမယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း ဘယ္ဇာတ္ေကာင္ေနရာမွာ ပါဝင္လာမလည္း ဆိုတာကိုေတာ့ မသိရေသးပါဘူး။ Gwendoline Christie ကိုေတာ့ GOT ပရိသတ္ေတြနဲ႔ Star Wars ပရိသတ္ေတြကေတာ့ ရင္းႏွီးၿပီးသား ျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီသတင္းကေတာ့ ပရိသတ္ေတြအမ်ားစုအတြက္ သတင္းေကာင္းတစ္ခုပဲ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular