HomeCelebs Update NewsInternational(၁၁)နှစ်အရွယ် ကင်ဆာရောဂါသည်လေးအတွက် စိတ်ခွန်အားပေးခဲ့တဲ့ Ryan Reynolds 

(၁၁)နှစ်အရွယ် ကင်ဆာရောဂါသည်လေးအတွက် စိတ်ခွန်အားပေးခဲ့တဲ့ Ryan Reynolds 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသား Ryan Reynolds ဟာ စိတ်ခွန်အားလိုအပ်နေတဲ့ သူ့ရဲ့ပရိသတ်လေးအတွက် စူပါဟီးရိုးတစ်ယောက်ရဲ့ စိတ်စွမ်းအားတွေ ပေးအပ်လိုက်ပါတယ်။

မကြာသေးခင်ကပဲ Ryan ဟာ Deadpool ပရိသတ်တစ်ယောက်ဖြစ်တဲ့ အသက်(၁၁)နှစ်အရွယ် ကလေးလေးအတွက် သီးသန့်အားပေးစကား ပြောကြားလိုက်တာ ဖြစ်ပါတယ်။ Brody Dery လို့ အမည်ရတဲ့ အဆိုပါ ကလေးလေးဟာ Hodgkins Lymphoma and Crohn Disease လို့ခေါ်တဲ့ ရှားပါးတဲ့ ကင်ဆာရောဂါတစ်မျိုးကို ခံစားနေရတာ ဖြစ်ပါတယ်။

Photo: vancityreynolds/ Instagram

Ryan ဟာ Deadpool fan တစ်ယောက်ဖြစ်တဲ့ Brdoy Dery ရဲ့ နာမကျန်းမှုကို ကြားသိရတဲ့အခါ စိတ်ခွန်အားပေးချင်တာကြောင့် သူ့အတွက် သီးသန့်ရည်ရွယ်တဲ့ အားပေးစကားတွေကို ဗွီဒီယိုနဲ့ မှတ်တမ်းတင်ပြီး ပေးပို့လိုက်တာ ဖြစ်ပါတယ်။ အဆိုပါ ဗွီဒီယိုထဲမှာတော့ မျှော်လင့်ချက်ထားဖို့နဲ့ ဘဝမှာ အားမလျှော့ဖို့ အားပေးထားတာ ဖြစ်ပါတယ်။

“Brody ရေ … ဦးကတော့ Ryan Reynolds ပါ။ မင်းနဲ့ပတ်သက်တဲ့ အကြောင်းတချို့ကို ဦး ကြားသိရတော့ ဒီဗွီဒီယိုလေး ပို့ပြီး မင်းရဲ့အကြောင်းကို ဦး တွေးဖြစ်တယ်ဆိုတာနဲ့ ဦး ပိုင်ဆိုင်ထားသမျှ ခွန်အားတွေအားလုံး မင်းဆီကို ပေးချင်တယ်လို့ ပြောချင်ပါတယ်။ ပြီးတော့ မင်းအတွက် ချစ်ခြင်းမေတ္တာတွေ အများကြီးနဲ့ ခွန်အားတွေ အများကြီးကိုလည်း တစ်ပါတည်း ပေးပို့လိုက်ပါတယ် … ” လို့ Ryan က အဆိုပါ ဗွီဒီယိုထဲမှာ ဆိုထားပါတယ်။

ဆက်လက်ပြီး “မင်းဘဝထဲမှာ မင်းကိုချစ်တဲ့သူတွေ အများကြီး ရှိတယ်နော်။ အခု မင်းခံစားနေရတယ်ဆိုတာ ဦး သိပါတယ်။ မင်း ဒီရောဂါကြီးကို ရင်ဆိုင်တိုက်ခိုက်နေရတယ်ဆိုတာလည်း ဦး သိတယ်။ ဒါပေမယ့် Brody … မင်း သိလား ?? မင်းက ဒါကြီးကို တိုက်ဖျက်နိုင်မယ့် လူတစ်ယောက်ပဲ …. ”

“အဲ့ဒါကြောင့် ဦးရဲ့ ချစ်ခြင်းမေတ္တာတွေ အများကြီးကို မင်းဆီ ပို့ပေးလိုက်ပါတယ်။ သိပ်မကြာခင် တစ်ရက်မှာတော့ မင်းနဲ့ လူချင်းတွေ့ရမယ်လို့ ဦး မျှော်လင့်ပါတယ်။ အဲ့ဒါကြောင့် အခုအားတင်းထားပါဦး။ အိုကေနော် … ဘိုင့်ဘိုင် … ” ဆိုပြီး နွေးထွေးတဲ့ အားပေးစကားတွေ ပြောပေးထားပါတယ်။

Photo via IMDb

Ryan ဆီက ပေးပို့လာတဲ့ ဒီဗွီဒီယိုလေးကြောင့် ကင်ဆာရောဂါသည် ကလေးလေး Brody ဟာ အလွန်အံ့အားသင့်နေပြီး စိတ်ခွန်အားတွေလည်း တက်နေတယ်လို့ မိခင်ဖြစ်သူက ပြောပြထားပါတယ်။ “သားက တစ်ခုခု အရေးပါတဲ့လူလိုမျိုး ခံစားရတယ်။ နာမည်ကြီး ရုပ်ရှင်စတားတစ်ယောက်လိုပဲ သားခံစားနေရတယ်လို့ တစ်ချိန်လုံး ပြောနေရှာတယ် … ” လို့ Brody ရဲ့မိခင်က ဆိုပါတယ်။

တကယ်တော့ Brody ဟာ ကင်ဆာရောဂါ အဆင့်(၃)ကို ပြင်းထန်စွာ ခံစားနေရတာဖြစ်ပြီး ဆေးကုသမှု ခံယူဖို့အတွက် အိမ်ကနေ ဆေးရုံအထိ ကိုးနာရီကြာခရီးကို မကြာခဏ သွားနေရတာ ဖြစ်ပါတယ်။ အခုလို ကိုဗစ်ကာလ လူအားလုံး ဒုက္ခရောက်နေကြတဲ့အချိန်မှာ ကင်ဆာဝေဒနာ ခံစားနေရတဲ့ ကလေးတစ်ယောက်ရဲ့ မိသားစုအနေနဲ့လည်း ခက်ခဲစွာ ရုန်းကန်လှုပ်ရှားနေရတာ ဖြစ်တယ်လို့ မိခင်ဖြစ်သူက ဆိုထားပါတယ်။

Photo via IMDb

ဒီလို ခက်ခဲမှုတွေ ရှိနေပေမယ့် Brody ဟာ အရာအားလုံးကို အကောင်းဘက်ကနေ ရှုမြင်တတ်သူဖြစ်ပြီး ပျော်ပျော်နေတတ်သူလည်း ဖြစ်တယ်လို့ မိခင်ဖြစ်သူက ဆိုပါတယ်။ အထူးသဖြင့် Brody ဟာ Deadpool ရဲ့ အမာခံပရိသတ်တစ်ယောက် ဖြစ်ပြီး ပင်ပန်းခက်ခဲတဲ့နေ့တွေမှာ မိခင်နဲ့အတူ Deadpool ရုပ်ရှင်ကို ကြည့်ရှုလေ့ရှိတယ်လို့လည်း ဆိုပါတယ်။

တစ်နေ့တာ ခက်ခဲနေသမျှဟာ Deadpool ဇာတ်ကားထဲက ဟာသတွေကြောင့် စိတ်လက်ပေါ့ပါးပြီး Brody ဟာလည်း စိတ်ဓာတ်တွေ တက်ကြွလာလေ့ ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း Deadpool သရုပ်ဆောင် Ryan Reynolds ရဲ့ အထူးသီးသန့် အားပေးစကားဟာ Brody လေးအတွက်တော့ တကယ့်အားဆေး ဖြစ်မယ်ဆိုတာ အသေအချာပါပဲ။

Linda December

Source: people

(Zawgyi Version)

မင္းသား Ryan Reynolds ဟာ စိတ္ခြန္အားလိုအပ္ေနတဲ့ သူ႔ရဲ႕ပရိသတ္ေလးအတြက္ စူပါဟီး႐ိုးတစ္ေယာက္ရဲ႕ စိတ္စြမ္းအားေတြ ေပးအပ္လိုက္ပါတယ္။

မၾကာေသးခင္ကပဲ Ryan ဟာ Deadpool ပရိသတ္တစ္ေယာက္ျဖစ္တဲ့ အသက္(၁၁)ႏွစ္အ႐ြယ္ ကေလးေလးအတြက္ သီးသန႔္အားေပးစကား ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။ Brody Dery လို႔ အမည္ရတဲ့ အဆိုပါ ကေလးေလးဟာ Hodgkins Lymphoma and Crohn Disease လို႔ေခၚတဲ့ ရွားပါးတဲ့ ကင္ဆာေရာဂါတစ္မ်ိဳးကို ခံစားေနရတာ ျဖစ္ပါတယ္။

Photo: vancityreynolds/ Instagram

Ryan ဟာ Deadpool fan တစ္ေယာက္ျဖစ္တဲ့ Brody Dery ရဲ႕ နာမက်န္းမႈကို ၾကားသိရတဲ့အခါ စိတ္ခြန္အားေပးခ်င္တာေၾကာင့္ သူ႔အတြက္ သီးသန႔္ရည္႐ြယ္တဲ့ အားေပးစကားေတြကို ဗြီဒီယိုနဲ႔ မွတ္တမ္းတင္ၿပီး ေပးပို႔လိုက္တာ ျဖစ္ပါတယ္။ အဆိုပါ ဗြီဒီယိုထဲမွာေတာ့ ေမွ်ာ္လင့္ခ်က္ထားဖို႔နဲ႔ ဘဝမွာ အားမေလွ်ာ့ဖို႔ အားေပးထားတာ ျဖစ္ပါတယ္။

“Brody ေရ … ဦးကေတာ့ Ryan Reynolds ပါ။ မင္းနဲ႔ပတ္သက္တဲ့ အေၾကာင္းတခ်ိဳ႕ကို ဦး ၾကားသိရေတာ့ ဒီဗြီဒီယိုေလး ပို႔ၿပီး မင္းရဲ႕အေၾကာင္းကို ဦး ေတြးျဖစ္တယ္ဆိုတာနဲ႔ ဦး ပိုင္ဆိုင္ထားသမွ် ခြန္အားေတြအားလုံး မင္းဆီကို ေပးခ်င္တယ္လို႔ ေျပာခ်င္ပါတယ္။ ၿပီးေတာ့ မင္းအတြက္ ခ်စ္ျခင္းေမတၱာေတြ အမ်ားႀကီးနဲ႔ ခြန္အားေတြ အမ်ားႀကီးကိုလည္း တစ္ပါတည္း ေပးပို႔လိုက္ပါတယ္ … ” လို႔ Ryan က အဆိုပါ ဗြီဒီယိုထဲမွာ ဆိုထားပါတယ္။

ဆက္လက္ၿပီး “မင္းဘဝထဲမွာ မင္းကိုခ်စ္တဲ့သူေတြ အမ်ားႀကီး ရွိတယ္ေနာ္။ အခု မင္းခံစားေနရတယ္ဆိုတာ ဦး သိပါတယ္။ မင္း ဒီေရာဂါႀကီးကို ရင္ဆိုင္တိုက္ခိုက္ေနရတယ္ဆိုတာလည္း ဦး သိတယ္။ ဒါေပမယ့္ Brody … မင္း သိလား ?? မင္းက ဒါႀကီးကို တိုက္ဖ်က္ႏိုင္မယ့္ လူတစ္ေယာက္ပဲ …. ”

“အဲ့ဒါေၾကာင့္ ဦးရဲ႕ ခ်စ္ျခင္းေမတၱာေတြ အမ်ားႀကီးကို မင္းဆီ ပို႔ေပးလိုက္ပါတယ္။ သိပ္မၾကာခင္ တစ္ရက္မွာေတာ့ မင္းနဲ႔ လူခ်င္းေတြ႕ရမယ္လို႔ ဦး ေမွ်ာ္လင့္ပါတယ္။ အဲ့ဒါေၾကာင့္ အခုအားတင္းထားပါဦး။ အိုေကေနာ္ … ဘိုင့္ဘိုင္ … ” ဆိုၿပီး ေႏြးေထြးတဲ့ အားေပးစကားေတြ ေျပာေပးထားပါတယ္။

Photo via IMDb

Ryan ဆီက ေပးပို႔လာတဲ့ ဒီဗြီဒီယိုေလးေၾကာင့္ ကင္ဆာေရာဂါသည္ ကေလးေလး Brody ဟာ အလြန္အံ့အားသင့္ေနၿပီး စိတ္ခြန္အားေတြလည္း တက္ေနတယ္လို႔ မိခင္ျဖစ္သူက ေျပာျပထားပါတယ္။ “သားက တစ္ခုခု အေရးပါတဲ့လူလိုမ်ိဳး ခံစားရတယ္။ နာမည္ႀကီး ႐ုပ္ရွင္စတားတစ္ေယာက္လိုပဲ သားခံစားေနရတယ္လို႔ တစ္ခ်ိန္လုံး ေျပာေနရွာတယ္ … ” လို႔ Brody ရဲ႕မိခင္က ဆိုပါတယ္။

တကယ္ေတာ့ Brody ဟာ ကင္ဆာေရာဂါ အဆင့္(၃)ကို ျပင္းထန္စြာ ခံစားေနရတာျဖစ္ၿပီး ေဆးကုသမႈ ခံယူဖို႔အတြက္ အိမ္ကေန ေဆး႐ုံအထိ ကိုးနာရီၾကာခရီးကို မၾကာခဏ သြားေနရတာ ျဖစ္ပါတယ္။ အခုလို ကိုဗစ္ကာလ လူအားလုံး ဒုကၡေရာက္ေနၾကတဲ့အခ်ိန္မွာ ကင္ဆာေဝဒနာ ခံစားေနရတဲ့ ကေလးတစ္ေယာက္ရဲ႕ မိသားစုအေနနဲ႔လည္း ခက္ခဲစြာ ႐ုန္းကန္လႈပ္ရွားေနရတာ ျဖစ္တယ္လို႔ မိခင္ျဖစ္သူက ဆိုထားပါတယ္။

Photo via IMDb

ဒီလို ခက္ခဲမႈေတြ ရွိေနေပမယ့္ Brody ဟာ အရာအားလုံးကို အေကာင္းဘက္ကေန ရႈျမင္တတ္သူျဖစ္ၿပီး ေပ်ာ္ေပ်ာ္ေနတတ္သူလည္း ျဖစ္တယ္လို႔ မိခင္ျဖစ္သူက ဆိုပါတယ္။ အထူးသျဖင့္ Brody ဟာ Deadpool ရဲ႕ အမာခံပရိသတ္တစ္ေယာက္ ျဖစ္ၿပီး ပင္ပန္းခက္ခဲတဲ့ေန႔ေတြမွာ မိခင္နဲ႔အတူ Deadpool ႐ုပ္ရွင္ကို ၾကည့္ရႈေလ့ရွိတယ္လို႔လည္း ဆိုပါတယ္။

တစ္ေန႔တာ ခက္ခဲေနသမွ်ဟာ Deadpool ဇာတ္ကားထဲက ဟာသေတြေၾကာင့္ စိတ္လက္ေပါ့ပါးၿပီး Brody ဟာလည္း စိတ္ဓာတ္ေတြ တက္ႂကြလာေလ့ ရွိတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္လည္း Deadpool သ႐ုပ္ေဆာင္ Ryan Reynolds ရဲ႕ အထူးသီးသန႔္ အားေပးစကားဟာ Brody ေလးအတြက္ေတာ့ တကယ့္အားေဆး ျဖစ္မယ္ဆိုတာ အေသအခ်ာပါပဲ။

Linda December

Source: people

 

 

RELATED ARTICLES

Most Popular