HomeCelebs Update NewsInternationalေနာက္ဆုံးေတာ့ JBနဲ႔ ကြဲမွာပဲလို႔ ၀ိုင္းေ၀ဖန္ေနသူေတြကို ျပန္လည္ေခ်ပလိုက္တဲ့ Hailey Baldwin

ေနာက္ဆုံးေတာ့ JBနဲ႔ ကြဲမွာပဲလို႔ ၀ိုင္းေ၀ဖန္ေနသူေတြကို ျပန္လည္ေခ်ပလိုက္တဲ့ Hailey Baldwin

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Hailey Baldwin တစ္ေယာက္ကေတာ့ Justin Bieber နဲ႔ အိမ္ေထာင္ေရးဟာ ေရရွည္ခိုင္ၿမဲမွာ မဟုတ္ဘူးလို႔ ေ၀ဖန္ၾကတဲ့အေပၚ ျပန္လည္ေခ်ပတုံ႔ျပန္လိုက္ပါၿပီ။ hater ေတြအေနနဲ႔ သူမနဲ႔ JB ရဲ႕ အိမ္ေထာင္ေရးကို ေ၀ဖန္ၿပီး ဆုံးျဖတ္ခ်က္ခ်ေနၾကတာဟာ မျဖစ္သင့္ေၾကာင္းနဲ႔ အဲ့ဒီ့အေၾကာင္းကို ထုတ္ေျပာဖို႔လည္း ၀န္မေလးတဲ့အေၾကာင္း Vogue Australia နဲ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာ ေျပာသြားတာ ျဖစ္ပါတယ္။

Hailey Baldwin ဟာ Vogue Australia မဂၢဇင္းရဲ႕ ေနာက္ဆုံးထြက္ စာအုပ္မွာ မ်က္ႏွာဖုံးရွင္အျဖစ္ ဓာတ္ပုံရိုက္ကူးေပးထားၿပီး အင္တာဗ်ဴးလည္း ေျဖေပးထားပါတယ္။ အဆိုပါ အင္တာဗ်ဴးမွာပဲ သူမရဲ႕အိမ္ေထာင္ေရးကို မလိုတမာ အမုန္းစကားလာေျပာၾကတဲ့ လူေတြကို ျပန္လည္ေခ်ပတုံ႔ျပန္လိုက္တာ ျဖစ္ပါတယ္။

အသက္(၂၂)ႏွစ္အရြယ္ Hailey ဟာ ေမာ္ဒယ္လ္တစ္ေယာက္ျဖစ္ၿပီး အသက္(၂၅)ႏွစ္အရြယ္ အဆိုေတာ္ Justin Bieber နဲ႔ လက္ထပ္ၿပီးကတည္းက ေဘးပတ္၀န္းက်င္ရဲ႕ ေ၀ဖန္မႈေတြကို ခံလာရသူ ျဖစ္ပါတယ္။ ေ၀ဖန္မႈမ်ားစြာထဲကမွ အမ်ားစုကေတာ့ သူမနဲ႔ JB ရဲ႕ အိမ္ေထာင္ေရးဟာ ၾကာရွည္တည္ၿမဲမွာ မဟုတ္ဘူးဆိုၿပီး ဖိအား၀ိုင္းေပးတဲ့ comment ေတြ ျဖစ္ပါတယ္။ ဆိုရွယ္မီဒီယာေပၚက ေ၀ဖန္သံေတြဟာ အေရးမႀကီးဘူးလို႔ ထင္ရေပမယ့္ ျပင္းထန္လြန္းလာတဲ့အခါမွာေတာ့ ခံစားရသူရဲ႕ စိတ္ထဲမွာ ထိခိုက္မႈေတြ ျဖစ္လာေစႏိုင္ပါတယ္။

Photo: haileybieber/ Instagram

Hailey ကလည္း ဒီလိုေ၀ဖန္မႈေတြနဲ႔ ပတ္သက္ၿပီး “အျပင္ေလာကကလူေတြက တကယ္တမ္း ကၽြန္မတို႔ႏွစ္ေယာက္ၾကားမွာ ဘာေတြျဖစ္ေနတယ္ဆိုတာ မသိၾကပါဘူး။ ကၽြန္မရဲ႕ ဆိုရွယ္မီဒီယာပို႔စ္ေတြေအာက္မွာ comment ေတြ ေထာင္နဲ႔ေသာင္းနဲ႔ခ်ီၿပီး လာေရးၾကတဲ့အထဲမွာ တစ္ခ်ိဳ႕ဟာေတြဆို ေတာ္ေတာ္ေလး ျပင္းထန္တာမ်ိဳးေတြ ပါတယ္။ သူက အဲ့လိုလုပ္ေပးမွာ မဟုတ္ဘူး …. နင္ကလည္း ဒီလိုျဖစ္လာမွာ မဟုတ္ဘူး … စသျဖင့္ ၀ိုင္းၿပီး ေဘးကေန ဆုံးျဖတ္ခ်က္ေတြ ခ်ေပးေနၾကတာေပါ့။ ၿပီးရင္လည္း နင္တို႔ ကြဲၾကမွာပဲ … ဆိုတာမ်ိဳးေတြ လာေရးၾကေတာ့ သိတယ္မွတ္လား။ လူက ေတြးမိလာတယ္။ ငါမျမင္ႏိုင္တဲ့ တစ္စုံတစ္ရာကိုမ်ား ဒီလူေတြက ျမင္ေနတာလားဆိုၿပီးေတာ့ ဆိုက္ကိုေဖာက္လာတာေပါ့။ ဒါေပမယ့္ Relationship တစ္ခုမွာ လူႏွစ္ေယာက္ပဲ ပါ၀င္တာ … တကယ္တမ္းမွာ အဲ့ႏွစ္ေယာက္နဲ႔ပဲ သက္ဆိုင္တယ္” လို႔ ေျပာထားပါတယ္။

Hailey ဟာ ဒီလိုအမုန္းစကား လာေျပာတဲ့လူေတြရဲ႕ comment ေတြနဲ႔ ပတ္သက္ၿပီး အရင္ကထက္ ပိုမိုကၽြမ္းက်င္စြာ ကိုင္တြယ္လာႏိုင္ၿပီလို႔ ဆိုထားပါတယ္။ သူမရဲ႕ဆိုရွယ္မီဒီယာ အေကာင့္အားလုံးကို သူမ follow လုပ္ထားတဲ့ လူေတြမွအပ က်န္တဲ့လူေတြအတြက္ comment ပိတ္ထားလိုက္တာကလည္း သူမအတြက္ ပိုလြယ္ကူေစတဲ့ နည္းလမ္းတစ္ခုလို႔ ေျပာပါတယ္။

Photo: haileybieber/ Instagram

ဒါ့အျပင္ Hailey နဲ႔ JB တို႔ဟာ ေလာ့စ္အိန္ဂ်လိစ္မွာ အိမ္တစ္လုံး၊ JB ရဲ႕ ေမြးရပ္ေျမျဖစ္တဲ့ ကေနဒါႏိုင္ငံမွာ အိမ္တစ္လုံး သပ္သပ္စီ ရိွတယ္လို႔ ဆိုပါတယ္။ “ကေနဒါမွာလည္း ကၽြန္မတို႔ရဲ႕ အိမ္တစ္လုံး ရိွပါတယ္။ အယ္လ္ေအမွာကေတာ့ ရႈပ္ေထြးေပြလီေနတာေလ။ ဘယ္ကိုပဲ သြားခ်င္ခ်င္၊ မလြတ္လပ္ဘူး။ ကေနဒါမွာက်ေတာ့ တကယ့္ကို သီးသန္႔ဆန္တဲ့ ေနရာေလးတစ္ခု ျဖစ္ေနတာ။ ၿခံ၀န္းကလည္း အက်ယ္ႀကီးပဲ။ ၿပီးေတာ့ Justin ကလည္း အဲ့ဒီ့မွာ ပိုၿပီးသက္ေသာင့္သက္သာ ျဖစ္သလိုပဲ။ ကၽြန္မတို႔မွာ four-wheeler (လမ္းၾကမ္းေမာင္းလို႔ရတဲ့ ေလးဘီးဆိုင္ကယ္)ေတြ အမ်ားႀကီးရိွတယ္။ တိတ္တိတ္ဆိတ္ဆိတ္ေလးလည္းဆိုေတာ့ ကၽြန္မတို႔ ေလွ်ာက္သြားၾကတာပဲ။ အ့ဲမွာက ေဆာင္းရာသီဆို အရမ္းလွတယ္ေလ။ ၿပီးခဲ့တဲ့ႏွစ္က ေက်းဇူးေတာ္ေန႔နဲ႔ ခရစ္စမတ္ေန႔ကိုလည္း အဲ့မွာပဲ ျဖတ္သန္းခဲ့တာ။ ကၽြန္မဆို ဟင္းေတြပဲ ခ်က္ေနတာ” လို႔ ကေနဒါနဲ႔ အယ္လ္ေအရဲ႕ ကြာျခားပုံေတြကို ေျပာျပထားပါတယ္။

Photo: haileybieber/ Instagram

လက္ထပ္ၿပီးကတည္းက သာယာတဲ့အခ်ိန္ေလးေတြ ရိွခဲ့တယ္ဆိုေပမယ့္ အိမ္ေထာင္တစ္ခုမွာ ရုန္းကန္ရတာေတြ၊ ႀကိဳးစားရတာေတြရိွတာကို နားလည္ၿပီး ဒါေတြကပဲ ပိုၿပီးခိုင္ၿမဲတဲ့ သံေယာဇဥ္ကို ျဖစ္လာေစတယ္လို႔ Hailey က ဆိုပါတယ္။ “ကၽြန္မတို႔ စၿပီးလက္ထပ္တည္းက ကၽြန္မ ေျပာခဲ့တယ္။ အိမ္ေထာင္ေရးဆိုတာ အၿမဲတမ္း ခက္ေနမွာပဲ။ ေပ်ာ္ရႊင္စရာေကာင္းတဲ့၊ ခိုင္ၿမဲတဲ့ အိမ္ေထာင္ေရးဆိုတာကလည္း တကယ္ကို အားႀကိဳးမာန္တက္ ႀကိဳးစားထားလို႔ ရတာလို႔ ကၽြန္မေတာ့ ထင္တယ္။ အထူးသျဖင့္ အိမ္ေထာင္ျပဳလိုက္ၿပီဆိုရင္ ႀကံဳရမယ့္ အသစ္အဆန္းေတြက အမ်ားႀကီးပဲ။ အရင္တုန္းက ဘယ္သူနဲ႔မွလည္း အတူမေနထိုင္ဖူးဘူး။ လူတစ္ေယာက္နဲ႔ ညိွႏိႈင္းေနထိုင္ရတာမ်ိဳးကို အရင္က မလုပ္ခဲ့ဖူးဘူး။ အဲ့ေတာ့ ကိုယ့္ရဲ႕တစ္ကိုယ္စာေနရာေလးကို ေနာက္တစ္ေယာက္အတြက္ မွ်ေ၀ေပးရတဲ့ဟာကို စၿပီးသင္ယူခဲ့ရတယ္။ ကၽြန္မတို႔ႏွစ္ေယာက္က တစ္ေယာက္သြားမယ့္ လမ္းေၾကာင္းကို တစ္ေယာက္က လိုက္ပါၾကည့္ရင္းနဲ႔ ဘယ္သူ႔လမ္းေၾကာင္းက ပိုၿပီးအဆင္ေျပတယ္ဆိုတာ ရွာေဖြၿပီး သင္ယူေနၾကတာပါ” လို႔ ဆိုပါတယ္။

Photo: haileybieber/ Instagram

“အခုေတာ့ ပိုၿပီးလြယ္ကူသြားပါၿပီ။ ကၽြန္မတို႔ႏွစ္ေယာက္အတြက္ အဆင္ေျပတဲ့ စည္းခ်က္တစ္ခုကို ရွာေတြ႕သြားၿပီ။ ႏွစ္ေယာက္အတူတူ ရိွေနရင္ ပိုၿပီးေပ်ာ္ရတယ္” လို႔ ေျပာၿပီး အင္တာဗ်ဴးကို အဆုံးသတ္ထားပါတယ္။

Hailey နဲ႔ JB ဟာ စက္တင္ဘာလ(၁၃)ရက္ေန႔က အိမ္ေထာင္သက္တမ္း တစ္ႏွစ္ျပည့္သြားခဲ့ၿပီ ျဖစ္ပါတယ္။ လာမယ့္ စက္တင္ဘာလ(၃၀)ရက္ေန႔မွာေတာ့ မက်င္းပရေသးတဲ့ မဂၤလာဧည့္ခံပြဲကို မိသားစု၊ေဆြမ်ိဳးအသိုင္းအ၀ိုင္း၊ ရင္းႏွီးရာ မိတ္ေဆြေတြနဲ႔ South Carolina မွာ က်င္းပသြားမယ္လို႔လည္း သိရိွထားရပါတယ္။

LaNina

Source: hollywoodlife

(Unicode Version)

Hailey Baldwin တစ်ယောက်ကတော့ Justin Bieber နဲ့ အိမ်ထောင်ရေးဟာ ရေရှည်ခိုင်မြဲမှာ မဟုတ်ဘူးလို့ ဝေဖန်ကြတဲ့အပေါ် ပြန်လည်ချေပတုံ့ပြန်လိုက်ပါပြီ။ hater တွေအနေနဲ့ သူမနဲ့ JB ရဲ့ အိမ်ထောင်ရေးကို ဝေဖန်ပြီး ဆုံးဖြတ်ချက်ချနေကြတာဟာ မဖြစ်သင့်ကြောင်းနဲ့ အဲ့ဒီ့အကြောင်းကို ထုတ်ပြောဖို့လည်း ဝန်မလေးတဲ့အကြောင်း Vogue Australia နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောသွားတာ ဖြစ်ပါတယ်။

Hailey Baldwin ဟာ Vogue Australia မဂ္ဂဇင်းရဲ့ နောက်ဆုံးထွက် စာအုပ်မှာ မျက်နှာဖုံးရှင်အဖြစ် ဓာတ်ပုံရိုက်ကူးပေးထားပြီး အင်တာဗျူးလည်း ဖြေပေးထားပါတယ်။ အဆိုပါ အင်တာဗျူးမှာပဲ သူမရဲ့အိမ်ထောင်ရေးကို မလိုတမာ အမုန်းစကားလာပြောကြတဲ့ လူတွေကို ပြန်လည်ချေပတုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

အသက်(၂၂)နှစ်အရွယ် Hailey ဟာ မော်ဒယ်လ်တစ်ယောက်ဖြစ်ပြီး အသက်(၂၅)နှစ်အရွယ် အဆိုတော် Justin Bieber နဲ့ လက်ထပ်ပြီးကတည်းက ဘေးပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေကို ခံလာရသူ ဖြစ်ပါတယ်။ ဝေဖန်မှုများစွာထဲကမှ အများစုကတော့ သူမနဲ့ JB ရဲ့ အိမ်ထောင်ရေးဟာ ကြာရှည်တည်မြဲမှာ မဟုတ်ဘူးဆိုပြီး ဖိအားဝိုင်းပေးတဲ့ comment တွေ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်က ဝေဖန်သံတွေဟာ အရေးမကြီးဘူးလို့ ထင်ရပေမယ့် ပြင်းထန်လွန်းလာတဲ့အခါမှာတော့ ခံစားရသူရဲ့ စိတ်ထဲမှာ ထိခိုက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။

Photo: haileybieber/ Instagram

Hailey ကလည်း ဒီလိုဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး “အပြင်လောကကလူတွေက တကယ်တမ်း ကျွန်မတို့နှစ်ယောက်ကြားမှာ ဘာတွေဖြစ်နေတယ်ဆိုတာ မသိကြပါဘူး။ ကျွန်မရဲ့ ဆိုရှယ်မီဒီယာပို့စ်တွေအောက်မှာ comment တွေ ထောင်နဲ့သောင်းနဲ့ချီပြီး လာရေးကြတဲ့အထဲမှာ တစ်ချို့ဟာတွေဆို တော်တော်လေး ပြင်းထန်တာမျိုးတွေ ပါတယ်။ သူက အဲ့လိုလုပ်ပေးမှာ မဟုတ်ဘူး …. နင်ကလည်း ဒီလိုဖြစ်လာမှာ မဟုတ်ဘူး … စသဖြင့် ဝိုင်းပြီး ဘေးကနေ ဆုံးဖြတ်ချက်တွေ ချပေးနေကြတာပေါ့။ ပြီးရင်လည်း နင်တို့ ကွဲကြမှာပဲ … ဆိုတာမျိုးတွေ လာရေးကြတော့ သိတယ်မှတ်လား။ လူက တွေးမိလာတယ်။ ငါမမြင်နိုင်တဲ့ တစ်စုံတစ်ရာကိုများ ဒီလူတွေက မြင်နေတာလားဆိုပြီးတော့ ဆိုက်ကိုဖောက်လာတာပေါ့။ ဒါပေမယ့် Relationship တစ်ခုမှာ လူနှစ်ယောက်ပဲ ပါဝင်တာ … တကယ်တမ်းမှာ အဲ့နှစ်ယောက်နဲ့ပဲ သက်ဆိုင်တယ်” လို့ ပြောထားပါတယ်။

Hailey ဟာ ဒီလိုအမုန်းစကား လာပြောတဲ့လူတွေရဲ့ comment တွေနဲ့ ပတ်သက်ပြီး အရင်ကထက် ပိုမိုကျွမ်းကျင်စွာ ကိုင်တွယ်လာနိုင်ပြီလို့ ဆိုထားပါတယ်။ သူမရဲ့ဆိုရှယ်မီဒီယာ အကောင့်အားလုံးကို သူမ follow လုပ်ထားတဲ့ လူတွေမှအပ ကျန်တဲ့လူတွေအတွက် comment ပိတ်ထားလိုက်တာကလည်း သူမအတွက် ပိုလွယ်ကူစေတဲ့ နည်းလမ်းတစ်ခုလို့ ပြောပါတယ်။

Photo: haileybieber/ Instagram

ဒါ့အပြင် Hailey နဲ့ JB တို့ဟာ လော့စ်အိန်ဂျလိစ်မှာ အိမ်တစ်လုံး၊ JB ရဲ့ မွေးရပ်မြေဖြစ်တဲ့ ကနေဒါနိုင်ငံမှာ အိမ်တစ်လုံး သပ်သပ်စီ ရှိတယ်လို့ ဆိုပါတယ်။ “ကနေဒါမှာလည်း ကျွန်မတို့ရဲ့ အိမ်တစ်လုံး ရှိပါတယ်။ အယ်လ်အေမှာကတော့ ရှုပ်ထွေးပွေလီနေတာလေ။ ဘယ်ကိုပဲ သွားချင်ချင်၊ မလွတ်လပ်ဘူး။ ကနေဒါမှာကျတော့ တကယ့်ကို သီးသန့်ဆန်တဲ့ နေရာလေးတစ်ခု ဖြစ်နေတာ။ ခြံဝန်းကလည်း အကျယ်ကြီးပဲ။ ပြီးတော့ Justin ကလည်း အဲ့ဒီ့မှာ ပိုပြီးသက်သောင့်သက်သာ ဖြစ်သလိုပဲ။ ကျွန်မတို့မှာ four-wheeler (လမ်းကြမ်းမောင်းလို့ရတဲ့ လေးဘီးဆိုင်ကယ်)တွေ အများကြီးရှိတယ်။ တိတ်တိတ်ဆိတ်ဆိတ်လေးလည်းဆိုတော့ ကျွန်မတို့ လျှောက်သွားကြတာပဲ။ အဲ့မှာက ဆောင်းရာသီဆို အရမ်းလှတယ်လေ။ ပြီးခဲ့တဲ့နှစ်က ကျေးဇူးတော်နေ့နဲ့ ခရစ်စမတ်နေ့ကိုလည်း အဲ့မှာပဲ ဖြတ်သန်းခဲ့တာ။ ကျွန်မဆို ဟင်းတွေပဲ ချက်နေတာ” လို့ ကနေဒါနဲ့ အယ်လ်အေရဲ့ ကွာခြားပုံတွေကို ပြောပြထားပါတယ်။

Photo: haileybieber/ Instagram

လက်ထပ်ပြီးကတည်းက သာယာတဲ့အချိန်လေးတွေ ရှိခဲ့တယ်ဆိုပေမယ့် အိမ်ထောင်တစ်ခုမှာ ရုန်းကန်ရတာတွေ၊ ကြိုးစားရတာတွေရှိတာကို နားလည်ပြီး ဒါတွေကပဲ ပိုပြီးခိုင်မြဲတဲ့ သံယောဇဉ်ကို ဖြစ်လာစေတယ်လို့ Hailey က ဆိုပါတယ်။ “ကျွန်မတို့ စပြီးလက်ထပ်တည်းက ကျွန်မ ပြောခဲ့တယ်။ အိမ်ထောင်ရေးဆိုတာ အမြဲတမ်း ခက်နေမှာပဲ။ ပျော်ရွှင်စရာကောင်းတဲ့၊ ခိုင်မြဲတဲ့ အိမ်ထောင်ရေးဆိုတာကလည်း တကယ်ကို အားကြိုးမာန်တက် ကြိုးစားထားလို့ ရတာလို့ ကျွန်မတော့ ထင်တယ်။ အထူးသဖြင့် အိမ်ထောင်ပြုလိုက်ပြီဆိုရင် ကြုံရမယ့် အသစ်အဆန်းတွေက အများကြီးပဲ။ အရင်တုန်းက ဘယ်သူနဲ့မှလည်း အတူမနေထိုင်ဖူးဘူး။ လူတစ်ယောက်နဲ့ ညှိနှိုင်းနေထိုင်ရတာမျိုးကို အရင်က မလုပ်ခဲ့ဖူးဘူး။ အဲ့တော့ ကိုယ့်ရဲ့တစ်ကိုယ်စာနေရာလေးကို နောက်တစ်ယောက်အတွက် မျှဝေပေးရတဲ့ဟာကို စပြီးသင်ယူခဲ့ရတယ်။ ကျွန်မတို့နှစ်ယောက်က တစ်ယောက်သွားမယ့် လမ်းကြောင်းကို တစ်ယောက်က လိုက်ပါကြည့်ရင်းနဲ့ ဘယ်သူ့လမ်းကြောင်းက ပိုပြီးအဆင်ပြေတယ်ဆိုတာ ရှာဖွေပြီး သင်ယူနေကြတာပါ” လို့ ဆိုပါတယ်။

Photo: haileybieber/ Instagram

“အခုတော့ ပိုပြီးလွယ်ကူသွားပါပြီ။ ကျွန်မတို့နှစ်ယောက်အတွက် အဆင်ပြေတဲ့ စည်းချက်တစ်ခုကို ရှာတွေ့သွားပြီ။ နှစ်ယောက်အတူတူ ရှိနေရင် ပိုပြီးပျော်ရတယ်” လို့ ပြောပြီး အင်တာဗျူးကို အဆုံးသတ်ထားပါတယ်။

Hailey နဲ့ JB ဟာ စက်တင်ဘာလ(၁၃)ရက်နေ့က အိမ်ထောင်သက်တမ်း တစ်နှစ်ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ လာမယ့် စက်တင်ဘာလ(၃၀)ရက်နေ့မှာတော့ မကျင်းပရသေးတဲ့ မင်္ဂလာဧည့်ခံပွဲကို မိသားစု၊ဆွေမျိုးအသိုင်းအဝိုင်း၊ ရင်းနှီးရာ မိတ်ဆွေတွေနဲ့ South Carolina မှာ ကျင်းပသွားမယ်လို့လည်း သိရှိထားရပါတယ်။

LaNina

Source: hollywoodlife

 

RELATED ARTICLES

Most Popular