HomeCelebs Update NewsKoreaအသက္(၆)ႏွစ္နဲ႔ ေဒၚလာ(၈)သန္းတန္ အေဆာက္အအုံကို ၀ယ္လိုက္ႏိုင္တဲ့ YouTuber ေလး Boram

အသက္(၆)ႏွစ္နဲ႔ ေဒၚလာ(၈)သန္းတန္ အေဆာက္အအုံကို ၀ယ္လိုက္ႏိုင္တဲ့ YouTuber ေလး Boram

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Boram ဟာ အသက္(၆)ႏွစ္အရြယ္ပဲ ရိွေသးတယ္ဆိုေပမယ့္ ကိုရီးယားႏိုင္ငံက လူကုံထံေတြ ေနထိုင္ရာ ဂန္နမ္ၿမိဳ႕လယ္ေခါင္က ေဒၚလာသန္းေပါင္းမ်ားစြာတန္တဲ့ ငါးထပ္တိုက္ အေဆာက္အအုံရဲ႕ပိုင္ရွင္ ျဖစ္ေနပါၿပီ။

Boram ဟာ ေတာင္ကိုရီးယားႏိုင္ငံက အလြန္ေအာင္ျမင္တဲ့ ကေလး YouTuber ေလးျဖစ္ၿပီး သူမရဲ႕ကိုယ္ပိုင္ YouTube Channel ႏွစ္ခုနဲ႔ အခုလို ခ်မ္းသာၾကြယ္၀လာတာလည္း ျဖစ္ပါတယ္။ Boram Tube Vlog နဲ႔ Boram Tube Toys Review ဆိုတဲ့ Channel ႏွစ္ခုကို လႊင့္တင္ထားတာ ျဖစ္ပါတယ္။ Vlog ကေတာ့ Boram ရဲ႕ ေန႔စဥ္လႈပ္ရွားသြားလာ ေနထိုင္တ့ဲ ပုံစံေလးေတြကို မွတ္တမ္းတင္ ေ၀မွ်ေပးတဲ့ Channel ေလးပါ။ အဲ့ဒီ့ Channel မွာေတာ့ သူမရဲ႕ ေပ်ာ္ရႊင္စြာ ေဆာ့ကစားေနပုံေလးေတြ၊ ဟင္းခ်က္တာေလးေတြ၊ အစာစားတာေလးေတြနဲ႔ အျခားေသာ ေပ်ာ္ရႊင္ဖြယ္ရာ ပုံရိပ္ေလးေတြကို ေ၀မွ်ေပးပါတယ္။ Toys Review Channel မွာေတာ့ အရုပ္ကေလးေတြကို review ျပန္ေပးတာပါ။

Photo: koreaboo

သူေလးက အသက္ငယ္ေသးတယ္ဆိုေပမယ့္ ကိုရီးယားရဲ႕ နာမည္ႀကီး ေပၚျပဴလာ YouTuber ေတြထဲမွာ ထိပ္တန္းေနရာကေန ပါ၀င္ေနပါတယ္။ သူမရဲ႕ YouTube Channel မွာ Subscriber ေပါင္း (၃၂)သန္းရိွၿပီး Channel ႏွစ္ခုေပါင္း ရရိွထားတဲ့ view အေရအတြက္ကေတာ့ (၁၀)ဘီလ်ံေက်ာ္ ရိွေနပါတယ္။

Boram ဟာ သူမရဲ႕ Channel ေတြေၾကာင့္တင္ မဟုတ္ဘဲ အျခားေသာ အေၾကာင္းအရာတစ္ခုေၾကာင့္လည္း ပိုၿပီးလူစိတ္၀င္စားမႈ ရရိွခဲ့ပါတယ္။ အဲ့ဒါကေတာ့ ဧၿပီလကုန္ေလာက္တုန္းက Boram ရဲ႕ မိသားစုကုမၸဏီျဖစ္တဲ့ Boram Family ဟာ ဂန္နမ္ၿမိဳ႕လယ္ေခါင္က ငါးထပ္တိုက္ အေဆာက္အအုံႀကီးကို ၀ယ္ယူလိုက္လို႔ပါ။ သတင္းေတြမွာ ေဖာ္ျပခ်က္ေတြအရ အဆိုပါ အေဆာက္အအုံႀကီးတစ္ခုလုံးကို Boram တို႔မိသားစုက တစ္ဦးတည္းပိုင္ဆိုင္တာျဖစ္ၿပီး အက်ယ္အ၀န္းအေနနဲ႔ (၂၇၈၀) စတုရန္းေပခန္႔ က်ယ္၀န္းတယ္လို႔ သိရပါတယ္။

Photo: koreaboo

ဒီ့ထက္ပိုၿပီး အံ့ၾသစရာေကာင္းတာကေတာ့ အေဆာက္အအုံႀကီးရဲ႕ ေစ်းႏႈန္းပါပဲ။ အဆိုပါ အေဆာက္အအုံဟာ ကိုရီးယား၀မ္(၉.၅)ဘီလ်ံ၀န္းက်င္ (အေမရိကန္ေဒၚလာ ၈သန္းနီးပါး) တန္ေၾကးရိွေနလို႔ပဲ ျဖစ္ပါတယ္။ ဒီလို၀ယ္ယူလိုက္ႏိုင္တဲ့ ပိုက္ဆံအားလုံးဟာ Boram ေလးရဲ႕ YouTube ေပၚက ဗီြဒီယိုေတြကေန ရရိွလာတဲ့ ၀င္ေငြေတြနဲ႔ ၀ယ္ယူလိုက္တာပါ။ Boram ေလးရဲ႕ Vlog Channel ဟာ တစ္လကို ပ်မ္းမွ် ေဒၚလာ(၃.၆)သန္းခန္႔ ၀င္ေငြရရိွေနၿပီး Toys Review ေပးတဲ့ Channel ကေတာ့ တစ္လကို ပ်မ္းမွ် ေဒၚလာ(၇)သိန္းေက်ာ္ ၀င္ေငြရရိွေနတာလည္း ျဖစ္ပါတယ္။

ငယ္ငယ္ရြယ္ရြယ္နဲ႔ မိဘကို ေကာင္းေကာင္းလုပ္ေကၽြးႏိုင္ၿပီး ေအာင္ျမင္ေနတာကေတာ့ ေတာ္ေတာ္ေလး အားက်အတုယူစရာပါပဲ။

LaNina

(Unicode Version)

Boram ဟာ အသက်(၆)နှစ်အရွယ်ပဲ ရှိသေးတယ်ဆိုပေမယ့် ကိုရီးယားနိုင်ငံက လူကုံထံတွေ နေထိုင်ရာ ဂန်နမ်မြို့လယ်ခေါင်က ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ ငါးထပ်တိုက် အဆောက်အအုံရဲ့ပိုင်ရှင် ဖြစ်နေပါပြီ။

Boram ဟာ တောင်ကိုရီးယားနိုင်ငံက အလွန်အောင်မြင်တဲ့ ကလေး YouTuber လေးဖြစ်ပြီး သူမရဲ့ကိုယ်ပိုင် YouTube Channel နှစ်ခုနဲ့ အခုလို ချမ်းသာကြွယ်ဝလာတာလည်း ဖြစ်ပါတယ်။ Boram Tube Vlog နဲ့ Boram Tube Toys Review ဆိုတဲ့ Channel နှစ်ခုကို လွှင့်တင်ထားတာ ဖြစ်ပါတယ်။ Vlog ကတော့ Boram ရဲ့ နေ့စဉ်လှုပ်ရှားသွားလာ နေထိုင်တဲ့ ပုံစံလေးတွေကို မှတ်တမ်းတင် ဝေမျှပေးတဲ့ Channel လေးပါ။ အဲ့ဒီ့ Channel မှာတော့ သူမရဲ့ ပျော်ရွှင်စွာ ဆော့ကစားနေပုံလေးတွေ၊ ဟင်းချက်တာလေးတွေ၊ အစာစားတာလေးတွေနဲ့ အခြားသော ပျော်ရွှင်ဖွယ်ရာ ပုံရိပ်လေးတွေကို ဝေမျှပေးပါတယ်။ Toys Review Channel မှာတော့ အရုပ်ကလေးတွေကို review ပြန်ပေးတာပါ။

Photo: koreaboo

သူလေးက အသက်ငယ်သေးတယ်ဆိုပေမယ့် ကိုရီးယားရဲ့ နာမည်ကြီး ပေါ်ပြူလာ YouTuber တွေထဲမှာ ထိပ်တန်းနေရာကနေ ပါဝင်နေပါတယ်။ သူမရဲ့ YouTube Channel မှာ Subscriber ပေါင်း (၃၂)သန်းရှိပြီး Channel နှစ်ခုပေါင်း ရရှိထားတဲ့ view အရေအတွက်ကတော့ (၁၀)ဘီလျံကျော် ရှိနေပါတယ်။

Boram ဟာ သူမရဲ့ Channel တွေကြောင့်တင် မဟုတ်ဘဲ အခြားသော အကြောင်းအရာတစ်ခုကြောင့်လည်း ပိုပြီးလူစိတ်ဝင်စားမှု ရရှိခဲ့ပါတယ်။ အဲ့ဒါကတော့ ဧပြီလကုန်လောက်တုန်းက Boram ရဲ့ မိသားစုကုမ္ပဏီဖြစ်တဲ့ Boram Family ဟာ ဂန်နမ်မြို့လယ်ခေါင်က ငါးထပ်တိုက် အဆောက်အအုံကြီးကို ဝယ်ယူလိုက်လို့ပါ။ သတင်းတွေမှာ ဖော်ပြချက်တွေအရ အဆိုပါ အဆောက်အအုံကြီးတစ်ခုလုံးကို Boram တို့မိသားစုက တစ်ဦးတည်းပိုင်ဆိုင်တာဖြစ်ပြီး အကျယ်အဝန်းအနေနဲ့ (၂၇၈၀) စတုရန်းပေခန့် ကျယ်ဝန်းတယ်လို့ သိရပါတယ်။

Photo: koreaboo

ဒီ့ထက်ပိုပြီး အံ့သြစရာကောင်းတာကတော့ အဆောက်အအုံကြီးရဲ့ ဈေးနှုန်းပါပဲ။ အဆိုပါ အဆောက်အအုံဟာ ကိုရီးယားဝမ်(၉.၅)ဘီလျံဝန်းကျင် (အမေရိကန်ဒေါ်လာ ၈သန်းနီးပါး) တန်ကြေးရှိနေလို့ပဲ ဖြစ်ပါတယ်။ ဒီလိုဝယ်ယူလိုက်နိုင်တဲ့ ပိုက်ဆံအားလုံးဟာ Boram လေးရဲ့ YouTube ပေါ်က ဗွီဒီယိုတွေကနေ ရရှိလာတဲ့ ဝင်ငွေတွေနဲ့ ဝယ်ယူလိုက်တာပါ။ Boram လေးရဲ့ Vlog Channel ဟာ တစ်လကို ပျမ်းမျှ ဒေါ်လာ(၃.၆)သန်းခန့် ဝင်ငွေရရှိနေပြီး Toys Review ပေးတဲ့ Channel ကတော့ တစ်လကို ပျမ်းမျှ ဒေါ်လာ(၇)သိန်းကျော် ဝင်ငွေရရှိနေတာလည်း ဖြစ်ပါတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘကို ကောင်းကောင်းလုပ်ကျွေးနိုင်ပြီး အောင်မြင်နေတာကတော့ တော်တော်လေး အားကျအတုယူစရာပါပဲ။

LaNina

RELATED ARTICLES

Most Popular