HomeCelebs Update NewsInternationalသူငယ်ချင်းရဲ့ ex ကို တွဲတာဟာ မလုပ်သင့်တဲ့အမှားလို့ ဆိုလာတဲ့ Halle Berry

သူငယ်ချင်းရဲ့ ex ကို တွဲတာဟာ မလုပ်သင့်တဲ့အမှားလို့ ဆိုလာတဲ့ Halle Berry

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဟောလိဝုဒ်ရဲ့ ဝါရင့်မင်းသမီးကြီး Halle Berry ဟာ သူမနဲ့ ခင်မင်ပေါင်းသင်းခဲ့ဖူးတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေရဲ့ အချစ်ဟောင်းတွေနဲ့ ပတ်သက်တာမျိုးကို လုံးဝရှောင်ကျဉ်တယ်လို့ ဆိုလိုက်ပါတယ်။

အသက်(၅၄)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Halle ဟာ အချစ်ရေးကိစ္စတွေနဲ့ ပတ်သက်ရင် ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားသူ ဖြစ်ပါတယ်။ သူငယ်ချင်း၊ မိတ်ဆွေတွေရဲ့ ex တွေကို ရှောင်တယ်ဆိုတဲ့အကြောင်းကိုတော့ Bad & Booshy လို့ အမည်ရတဲ့ သူမရဲ့ အင်စတာဂရမ်က ရှိုးမှာ ပြောသွားတာ ဖြစ်ပါတယ်။

Photo: halleberry/ Instagram

အဆိုပါ ရှိုးအတွင်းမှာတော့ ပရိသတ်တွေဘက်က မေးမြန်းတဲ့ live session မေးခွန်းတွေကို ပြန်လည်ဖြေကြားရာမှာ တကယ်လို့ အခါအခွင့် သင့်ခဲ့မယ်ဆိုရင် မိတ်ဆွေ၊ သူငယ်ချင်းတွေရဲ့ ex တွေကို တွဲမှာလားဆိုတဲ့ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

Halle ရဲ့ အဖြေကတော့ သူငယ်ချင်းရဲ့ ရည်းစားဟောင်းဖြစ်ဖြစ်၊ ခင်ပွန်းဟောင်းဖြစ်ဖြစ် ဘယ်တော့မှ ပတ်သက်မှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။ “ကိုယ့်သူငယ်ချင်းရဲ့ ex နဲ့ ပြန်တွဲတယ်ဆိုတာလေ ခွင့်လွှတ်လို့မရတဲ့ အပြစ်တစ်ခုပဲ။ ကိုယ့်အချစ်ဆုံး သူငယ်ချင်းတွေရဲ့ ex တွေဆိုရင် ပိုလို့တောင် မတွဲသင့်ပါဘူး။ ကျွန်မက လူတစ်ယောက်ကို သိပြီဆိုရင် သူ့အတိတ်မှာ ပတ်သက်ခဲ့ဖူးတဲ့ လူတွေနဲ့ ဒိတ်မှာ မဟုတ်ဘူး။ ဒါမျိုးက မမိုက်ဘူးကွာ။ သိလား …။ ကျွန်မရဲ့ ဖူးစာရှင်က ကျွန်မနဲ့သိတဲ့ လူတစ်ယောက်ရဲ့ ချစ်သူဟောင်းဆိုတာမျိုးကို လက်မခံနိုင်ပါဘူး … ” လို့ Halle က ဆိုထားတာ ဖြစ်ပါတယ်။

Photo: halleberry/ Instagram

Halle ရဲ့ အချစ်ရေးနဲ့ ပတ်သက်ရင်တော့ လက်ရှိမှာ သူမဟာ ဂရမ်မီဆုရ အဆိုတော် Van Hunt နဲ့ တွဲနေပါတယ်။ နှစ်ယောက်လုံးက ကိုယ့်နယ်ပယ်မှာ အောင်မြင်နေသူတွေချည်းဖြစ်လို့ အေးအေးဆေးဆေး၊ ငြိမ်ငြိမ်သက်သက်နဲ့ပဲ ရင့်ကျက်တဲ့ အချစ်ရေးတစ်ခုကို ဖြတ်သန်းနေတယ်လို့ အတွင်းစကားတွေအရ သိရပါတယ်။

LaNina

Source: people

(Zawgyi Version)

ေဟာလိဝုဒ္ရဲ႕ ဝါရင့္မင္းသမီးႀကီး Halle Berry ဟာ သူမနဲ႔ ခင္မင္ေပါင္းသင္းခဲ့ဖူးတဲ့ မိတ္ေဆြ၊ သူငယ္ခ်င္းေတြရဲ႕ အခ်စ္ေဟာင္းေတြနဲ႔ ပတ္သက္တာမ်ိဳးကို လုံးဝေရွာင္က်ဥ္တယ္လို႔ ဆိုလိုက္ပါတယ္။

အသက္(၅၄)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ Halle ဟာ အခ်စ္ေရးကိစၥေတြနဲ႔ ပတ္သက္ရင္ ကိုယ္ပိုင္စည္းမ်ဥ္းစည္းကမ္းေတြ ခ်မွတ္ထားသူ ျဖစ္ပါတယ္။ သူငယ္ခ်င္း၊ မိတ္ေဆြေတြရဲ႕ ex ေတြကို ေရွာင္တယ္ဆိုတဲ့အေၾကာင္းကိုေတာ့ Bad & Booshy လို႔ အမည္ရတဲ့ သူမရဲ႕ အင္စတာဂရမ္က ရႈိးမွာ ေျပာသြားတာ ျဖစ္ပါတယ္။

Photo: halleberry/ Instagram

အဆိုပါ ရႈိးအတြင္းမွာေတာ့ ပရိသတ္ေတြဘက္က ေမးျမန္းတဲ့ live session ေမးခြန္းေတြကို ျပန္လည္ေျဖၾကားရာမွာ တကယ္လို႔ အခါအခြင့္ သင့္ခဲ့မယ္ဆိုရင္ မိတ္ေဆြ၊ သူငယ္ခ်င္းေတြရဲ႕ ex ေတြကို တြဲမွာလားဆိုတဲ့ ေမးခြန္းကို ျပန္လည္ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။

Halle ရဲ႕ အေျဖကေတာ့ သူငယ္ခ်င္းရဲ႕ ရည္းစားေဟာင္းျဖစ္ျဖစ္၊ ခင္ပြန္းေဟာင္းျဖစ္ျဖစ္ ဘယ္ေတာ့မွ ပတ္သက္မွာ မဟုတ္ပါဘူးလို႔ ဆိုပါတယ္။ “ကိုယ့္သူငယ္ခ်င္းရဲ႕ ex နဲ႔ ျပန္တြဲတယ္ဆိုတာေလ ခြင့္လႊတ္လို႔မရတဲ့ အျပစ္တစ္ခုပဲ။ ကိုယ့္အခ်စ္ဆုံး သူငယ္ခ်င္းေတြရဲ႕ ex ေတြဆိုရင္ ပိုလို႔ေတာင္ မတြဲသင့္ပါဘူး။ ကြၽန္မက လူတစ္ေယာက္ကို သိၿပီဆိုရင္ သူ႔အတိတ္မွာ ပတ္သက္ခဲ့ဖူးတဲ့ လူေတြနဲ႔ ဒိတ္မွာ မဟုတ္ဘူး။ ဒါမ်ိဳးက မမိုက္ဘူးကြာ။ သိလား …။ ကြၽန္မရဲ႕ ဖူးစာရွင္က ကြၽန္မနဲ႔သိတဲ့ လူတစ္ေယာက္ရဲ႕ ခ်စ္သူေဟာင္းဆိုတာမ်ိဳးကို လက္မခံႏိုင္ပါဘူး … ” လို႔ Halle က ဆိုထားတာ ျဖစ္ပါတယ္။

Photo: halleberry/ Instagram

Halle ရဲ႕ အခ်စ္ေရးနဲ႔ ပတ္သက္ရင္ေတာ့ လက္ရွိမွာ သူမဟာ ဂရမ္မီဆုရ အဆိုေတာ္ Van Hunt နဲ႔ တြဲေနပါတယ္။ ႏွစ္ေယာက္လုံးက ကိုယ့္နယ္ပယ္မွာ ေအာင္ျမင္ေနသူေတြခ်ည္းျဖစ္လို႔ ေအးေအးေဆးေဆး၊ ၿငိမ္ၿငိမ္သက္သက္နဲ႔ပဲ ရင့္က်က္တဲ့ အခ်စ္ေရးတစ္ခုကို ျဖတ္သန္းေနတယ္လို႔ အတြင္းစကားေတြအရ သိရပါတယ္။

LaNina

Source: people

RELATED ARTICLES

Most Popular