HomeEntertainmentFilmSecret Invasion အပိုင်း(၂)ထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

Secret Invasion အပိုင်း(၂)ထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

*** Spoiler Alert ***

Secret Invasion ဇာတ်လမ်းတွဲရဲ့ အပိုင်း(၂)ကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာခဲ့ပါတယ်။ အပိုင်း(၁)ကတော့ Cliffhanger နဲ့ ပြီးဆုံးသွားခဲ့တာကြောင့် ဒီအပိုင်းထဲမှာတော့ ရုရှားမှာဖြစ်ခဲ့တဲ့ ဗုံးကွဲမှုတွေရဲ့ နောက်ဆက်တွဲတွေကို မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် Nick Fury ဟာလည်း Skrull တွေကို တားဆီးဖို့ ကြိုးစားနေရင်း သူ့ဘက်မှာ ဘယ်သူမှ မရှိတော့သလိုကို ဖြစ်နေပါပြီ။

Marvel ရဲ့ Opening Logo အသစ်

photo credit Marvel Studios

အပိုင်း(၂)ထဲမှာလည်း ပထမအပိုင်းထဲကလိုပဲ Marvel ရဲ့ Opening Logo အသစ်ကိုပဲ အသုံးပြုသွားပါတယ်။ MCU ရဲ့ အစမှာတော့ Opening Logo ဟာ ကောမစ်ထဲက Panel တွေကိုပဲ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ MCU ထဲက ဇာတ်ကောင်တွေနဲ့ အထင်ကရဖြစ်တဲ့ Moment တွေကိုပါ ထည့်သွင်းခဲ့ပါတယ်။ ယခုအချိန်မှာတော့ ကောမစ် Panel တွေကို ပိုအသားပေးပြီး MCU ထဲကဇာတ်ကောင်အနည်းငယ်ကိုသာ ပြသသွားပါတယ်။ ဒါကြောင့်လည်း Opening Logo အသစ်ဟာ ဒုတိယမြောက် Opening Logo လောက် မကြာတော့ပါဘူး။

Secret Invasion ကောမစ်ထဲကလိုပဲ ဖြစ်လာတော့မှာလား?

photo credit Marvel Studios

ဒီဇာတ်လမ်းတွဲကတော့ ကောမစ်ထဲက Secret Invasion Storyline ကို အခြေခံဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲ ထွက်လာမယ့်အကြောင်း ကြားသိရတဲ့အခါ MCU ဟာ ဒီကောမစ်ဇာတ်လမ်းကို အကျဉ်းချုပ်ပြီး ဖန်တီးသွားမယ်လို့ပဲ ပရိသတ်အများစုက ထင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အပိုင်း(၂)ထဲမှာတော့ ကမ္ဘာပေါ်မှာ လူယောင်ဆောင်ပြီး နေထိုင်နေကြတဲ့ Skrull ပေါင်း သန်းနဲ့ချီပြီး ရှိတယ်လို့ Talos က ပြောသွားပါတယ်။ ဒါကြောင့်ပဲ ကောမစ်ထဲကလိုပဲ Epic ဖြစ်တဲ့ Storyline တွေ မြင်ရမလားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Super-Skrull

photo credit Marvel Studios

Talos နဲ့ Nick Fury တို့ ရုရှားက ရထားတစ်စီးပေါ်မှာ စကားပြောနေရင်း Talos ဟာ Emperor Drogge အကြောင်းကိုလည်း Mention လုပ်သွားပါတယ်။ ဒါကတော့ ကောမစ်ထဲက Dro’ge ကို Reference ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။ Dro’ge ဟာ အလွန်ဉာဏ်ရည်မြင့်တဲ့ Skrull တစ်ယောက် ဖြစ်ပြီး Super-Skrull တွေကို ဖန်တီးခဲ့သူလည်း ဖြစ်ပါတယ်။

ကောမစ်ထဲမှာတော့ Super-Skrull တွေကြောင့်ပဲ Secret Invasion ဖြစ်လာတာပါ။ ဒါ့အပြင် Super-Skrull တွေဟာ စွမ်းအားတွေလည်း ပိုင်ဆိုင်ထားပါသေးတယ်။ အပိုင်း(၂)ထဲမှာတော့ Doctor Rosa Dalton ဟာ Skrull တွေရဲ့ DNA တွေကို စမ်းသပ်မှုတွေ ပြုလုပ်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။

Skrull တွေ ရရှိထားတဲ့ DNA များ

photo credit Marvel Studios

ဒီအပိုင်းထဲက အံ့ဩစရာအကောင်းဆုံး အချက်ကတော့ Skrull တွေမှာ Groot ရဲ့ DNA ရှိနေတာပါပဲ။ ဒါကတော့ Gravik ရဲ့ အစီအစဉ်တွေထဲကတစ်ခု ဖြစ်ပြီး Harvest လို့ ခေါ်ပါတယ်။ G’iah က ဒီ Sample တွေကို ကြည့်နေတဲ့ အချိန်မှာတော့ Groot နဲ့ Frost Beast တို့ကို မြင်တွေ့ခဲ့ရပါတယ်။

Groot ရဲ့ DNA ကိုတော့ Infinity War သို့မဟုတ် Endgame ထဲမှာ Groot တစ်ယောက် ကမ္ဘာပေါ်ရောက်နေချိန်မှာ ရရှိခဲ့တာ ဖြစ်နိုင်ပါတယ်။ Frost Beast ကတော့ Jotunheim ဂြိုဟ်ပေါ်က သတ္တဝါကြီးတွေဖြစ်ပြီး Thor ရုပ်ရှင်ထဲမှာ ပါဝင်ခဲ့ဖူးပါတယ်။

ဒါ့အပြင် Cull Obsidian ရဲ့ DNA လည်း ရှိနေပါသေးတယ်။ Cull Obsidian ကတော့ Thanos ရဲ့ Black Order အဖွဲ့ထဲက ဖြစ်ပြီး Wong ကြောင့် လက်ပြတ်သွားသူလည်း ဖြစ်ပါတယ်။ နောက်ဆုံး DNA ကတော့ Extremis Human တွေပဲ ဖြစ်ပါတယ်။ Extremis Human တွေကိုတော့ Iron Man 3 ထဲမှာ မြင်တွေ့ခဲ့ရပြီး ဒီ DNA တွေကို စုဆောင်းထားတာကို ကြည့်ခြင်းအားဖြင့် Gravik ဟာ Skrull တွေကို စွမ်းအားတွေ ရလာအောင် ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ ယူဆရပါတယ်။

လက်ထပ်ထားတဲ့ Nick Fury

photo credit Marvel Studios

ဒီအပိုင်းရဲ့ ဇာတ်သိမ်းကတော့ ပရိသတ်တွေအတွက် လုံးဝ Surprise ပါပဲ။ Nick Fury ကိုတော့ MCU အစမှာကတည်းက မြင်တွေ့ခဲ့ရပေမယ့် ယခုအချိန်မှသာ သူလက်ထပ်ထားတယ်ဆိုတာ သိလိုက်ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူလက်ထပ်ထားတဲ့ မိန်းမကလည်း Skrull ဖြစ်နေပါတယ်။ ဒီအမျိူးသမီးကတော့ ၁၉၉၇ ခုနှစ်မှာ Nick Fury ကို Skrull Spy တွေ ရရှိအောင် ကူညီပေးခဲ့တဲ့ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Nick Fury ဟာ MCU ရဲ့အစမှာကတည်းက လက်ထပ်ထားတာ ဖြစ်နိုင်ပါတယ်။

ဒါကတော့ Secret Invasion အပိုင်း(၂)ထဲက စိတ်ဝင်စားစရာအချက်တချို့ပဲ ဖြစ်ပါတယ်။ အခုလိုအကြောင်းအရာတွေကို နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular