HomeCharacterDC ကောမစ်ထဲမှာ တရားဝင်လက်ထပ်သွားပြီဖြစ်တဲ့ Poison Ivy နဲ့ Harley Quinn

DC ကောမစ်ထဲမှာ တရားဝင်လက်ထပ်သွားပြီဖြစ်တဲ့ Poison Ivy နဲ့ Harley Quinn

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အခုချိန်မှာတော့ DC ပရိသတ်တွေအများစုဟာ Poison Ivy နဲ့ Harley Quinn တို့ကို သူငယ်ချင်းအဆင့်ထက် ပိုစေချင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ပရိသတ်တွေ မျှော်လင့်ထားသလိုမျိူး တွဲခဲ့ကြတဲ့အပြင် Injustice: Year Zero ဆိုတဲ့ ကောမစ်စီးရီးထဲမှာတော့ တရားဝင်လက်ထပ်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ပရိသတ်တွေဟာ Ivy နဲ့ Harley တို့ရဲ့ ကြည်နူးစရာ လက်ထပ်ပွဲကို မြင်တွေ့ခွင့်ရခဲ့ကြပါတယ်။

Harley ဟာ Joker ရဲ့ နှိပ်စက်မှုတွေကို ခံခဲ့ရတာကြောင့် နောက်ဆုံးမှာတော့ သူမဘာသာ ဘဝအသစ်စဖို့အတွက် ပြင်ဆင်ခဲ့ပါတယ်။ Ivy နဲ့ Harley တို့ဟာ အရင်ကတည်းက ဘာလိုလိုတွေ ဖြစ်ခဲ့ပေမယ့်လည်း အဲ့ဒီအချိန်မှာတော့ သူတို့နှစ်ယောက်ဟာ လုံးဝကို တွဲဖြစ်သွားခဲ့တဲ့အပြင် မင်္ဂလာပါ ဆောင်ခဲ့ကြပါတယ်။ အဲ့လိုမျိူး သူတို့နှစ်ယောက်တွဲခဲ့ကြတဲ့အချိန်မှာလည်း Joker ဟာ Harley ကို အနိုင်ကျင့်ခဲ့တဲ့အတွက် ပြန်လည်လက်စားချေတဲ့အနေနဲ့ Joker ရဲ့ အသက်ကို ခြိမ်းခြောက်ခဲ့ပါတယ်။

photo via screenrant

အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက်လုံးဟာ Las Vegas ကို ထွက်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအချိန်ထိ သူတို့နှစ်ယောက်လုံးဟာ ဘဝအသစ်ကို မစရသေးဘဲ အရင်လိုမျိူး ဗီလိန်တွေအဖြစ်ပဲ ရှိနေပါသေးတယ်။ အဲ့ဒီနောက်မှာတော့ Ivy ဟာ အရင်လိုမျိူး ဗီလိန်အလုပ်တွေ မလုပ်တော့ဘဲ ဘဝအသစ်နိုင်ဖို့အတွက် Harley မသိအောင် လက်ထပ်ပွဲကို စီစဉ်လိုက်ပါတယ်။ အဲ့လိုလုပ်လိုက်ရင် သူတို့နှစ်ယောက်လုံးဟာ အရင်လိုမျိူး ဗီလိန်တွေ ဖြစ်စရာမလိုတော့ဘဲ ဘဝအသစ်ကို အေးအေးချမ်းချမ်းနဲ့ စတင်နိုင်မယ်လို့ Ivy က ယူဆခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

အဲ့ဒါကြောင့်ပဲ ၂၀၂၀ ခုနှစ် အောက်တိုဘာ (၁၃) ရက်မှာ ထွက်ရှိခဲ့တဲ့ Injustice: Year Zero #8 ထဲမှာတော့ Ivy ဟာ Las Vegas မှာ လက်ထပ်ပွဲကို စီစဉ်ခဲ့ပြီးတော့ သစ်ရွက်ပုံစံလက်စွပ်နဲ့ Harley ကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Harley ဟာ အရမ်းကို ပျော်သွားပြီးတော့ လက်ထပ်ဖို့ကို သဘောတူခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Ivy နဲ့ Harley တို့အပါအဝင် ပရိသတ်တွေအများစုရဲ့ အိပ်မက်ဟာ အမှန်တကယ် ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း စိတ်မကောင်းစရာတစ်ခုကတော့ Year Zero ဟာ Injustice ကောမစ်စီးရီးရဲ့ prequel ဖြစ်တာကြောင့် နောက်ဆုံးမှာတော့ ပျော်ရွှင်စရာကောင်းတဲ့ ဇာတ်သိမ်းတစ်ခု ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါ့အပြင် နောက်ပိုင်းမှာလည်း Harley ဟာ အကြောင်းအမျိူးမျိူးကြောင့် Joker ရဲ့အနားကို ပြန်ရောက်သွားပြီး အရင်လို Harley Quinn ပြန်လည်ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အနည်းတော့ ပရိသတ်တွေဟာ သူတို့ဖြစ်စေချင်တဲ့ အိပ်မက်က တကယ်ဖြစ်လာတာကို မြင်ခဲ့ရတယ်လို့တော့ ပြောလို့ရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

အခုခ်ိန္မွာေတာ့ DC ပရိသတ္ေတြအမ်ားစုဟာ Poison Ivy နဲ႔ Harley Quinn တို႔ကို သူငယ္ခ်င္းအဆင့္ထက္ ပိုေစခ်င္ခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ ပရိသတ္ေတြ ေမွ်ာ္လင့္ထားသလိုမ်ိဴး တြဲခဲ့ၾကတဲ့အျပင္ Injustice: Year Zero ဆိုတဲ့ ေကာမစ္စီးရီးထဲမွာေတာ့ တရားဝင္လက္ထပ္ခဲ့ၾကပါတယ္။ ေနာက္ဆုံးမွာေတာ့ ပရိသတ္ေတြဟာ Ivy နဲ႔ Harley တို႔ရဲ႕ ၾကည္ႏူးစရာ လက္ထပ္ပြဲကို ျမင္ေတြ႕ခြင့္ရခဲ့ၾကပါတယ္။

Harley ဟာ Joker ရဲ႕ ႏွိပ္စက္မႈေတြကို ခံခဲ့ရတာေၾကာင့္ ေနာက္ဆုံးမွာေတာ့ သူမဘာသာ ဘဝအသစ္စဖို႔အတြက္ ျပင္ဆင္ခဲ့ပါတယ္။ Ivy နဲ႔ Harley တို႔ဟာ အရင္ကတည္းက ဘာလိုလိုေတြ ျဖစ္ခဲ့ေပမယ့္လည္း အဲ့ဒီအခ်ိန္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ လုံးဝကို တြဲျဖစ္သြားခဲ့တဲ့အျပင္ မဂၤလာပါ ေဆာင္ခဲ့ၾကပါတယ္။ အဲ့လိုမ်ိဴး သူတို႔ႏွစ္ေယာက္တြဲခဲ့ၾကတဲ့အခ်ိန္မွာလည္း Joker ဟာ Harley ကို အႏိုင္က်င့္ခဲ့တဲ့အတြက္ ျပန္လည္လက္စားေခ်တဲ့အေနနဲ႔ Joker ရဲ႕ အသက္ကို ၿခိမ္းေျခာက္ခဲ့ပါတယ္။

photo via screenrant

အဲ့ဒီေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္လုံးဟာ Las Vegas ကို ထြက္သြားခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီအခ်ိန္ထိ သူတို႔ႏွစ္ေယာက္လုံးဟာ ဘဝအသစ္ကို မစရေသးဘဲ အရင္လိုမ်ိဴး ဗီလိန္ေတြအျဖစ္ပဲ ရွိေနပါေသးတယ္။ အဲ့ဒီေနာက္မွာေတာ့ Ivy ဟာ အရင္လိုမ်ိဴး ဗီလိန္အလုပ္ေတြ မလုပ္ေတာ့ဘဲ ဘဝအသစ္ႏိုင္ဖို႔အတြက္ Harley မသိေအာင္ လက္ထပ္ပြဲကို စီစဥ္လိုက္ပါတယ္။ အဲ့လိုလုပ္လိုက္ရင္ သူတို႔ႏွစ္ေယာက္လုံးဟာ အရင္လိုမ်ိဴး ဗီလိန္ေတြ ျဖစ္စရာမလိုေတာ့ဘဲ ဘဝအသစ္ကို ေအးေအးခ်မ္းခ်မ္းနဲ႔ စတင္ႏိုင္မယ္လို႔ Ivy က ယူဆခဲ့တာ ျဖစ္ပါတယ္။

photo via screenrant

အဲ့ဒါေၾကာင့္ပဲ ၂၀၂၀ ခုႏွစ္ ေအာက္တိုဘာ (၁၃) ရက္မွာ ထြက္ရွိခဲ့တဲ့ Injustice: Year Zero #8 ထဲမွာေတာ့ Ivy ဟာ Las Vegas မွာ လက္ထပ္ပြဲကို စီစဥ္ခဲ့ၿပီးေတာ့ သစ္႐ြက္ပုံစံလက္စြပ္နဲ႔ Harley ကို လက္ထပ္ခြင့္ေတာင္းခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Harley ဟာ အရမ္းကို ေပ်ာ္သြားၿပီးေတာ့ လက္ထပ္ဖို႔ကို သေဘာတူခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Ivy နဲ႔ Harley တို႔အပါအဝင္ ပရိသတ္ေတြအမ်ားစုရဲ႕ အိပ္မက္ဟာ အမွန္တကယ္ ျဖစ္လာခဲ့ပါတယ္။

ဒါေပမယ့္လည္း စိတ္မေကာင္းစရာတစ္ခုကေတာ့ Year Zero ဟာ Injustice ေကာမစ္စီးရီးရဲ႕ prequel ျဖစ္တာေၾကာင့္ ေနာက္ဆုံးမွာေတာ့ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ ဇာတ္သိမ္းတစ္ခု ျဖစ္လာမွာ မဟုတ္ပါဘူး။ ဒါ့အျပင္ ေနာက္ပိုင္းမွာလည္း Harley ဟာ အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ Joker ရဲ႕အနားကို ျပန္ေရာက္သြားၿပီး အရင္လို Harley Quinn ျပန္လည္ျဖစ္လာမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အနည္းေတာ့ ပရိသတ္ေတြဟာ သူတို႔ျဖစ္ေစခ်င္တဲ့ အိပ္မက္က တကယ္ျဖစ္လာတာကို ျမင္ခဲ့ရတယ္လို႔ေတာ့ ေျပာလို႔ရပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular