HomeEntertainmentFilmHarley Quinn ပါဝင်လာမယ်လို့ သတင်းထွက်နေတဲ့ Joker 2

Harley Quinn ပါဝင်လာမယ်လို့ သတင်းထွက်နေတဲ့ Joker 2

ပရိသတ်တွေရော ရုပ်ရှင်ဝေဖန်ရေးတွေပါ ကြိုက်နှစ်သက်ခဲ့ကြတဲ့ Joker ရုပ်ရှင်ကတော့ Sequel ထွက်ရှိလာဦးမယ်လို့ မကြာသေးခင်ကပဲ အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင် Joker 2 ထဲမှာ Harley Quinn လည်း ပါဝင်လာဦးမယ်လို့ သတင်းထွက်နေပြီး လောလောဆယ်မှာတော့ Lady Gaga ဟာ ဒီဇာတ်ကောင်နေရာမှာ ပါဝင်သရုပ်ဆောင်ဖို့ ညိှနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ယခုအချိန်ထိတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး အတည်ပြုထားခြင်း မရှိသေးပါဘူး။

photo via screenrant

ပထမထွက်ရှိခဲ့တဲ့ Joker ရုပ်ရှင်ရဲ့ အောင်မြင်မှုကြောင့်ပဲ ဒီရုပ်ရှင်ရဲ့ Sequel ကို ဖန်တီးသွားမယ်ဆိုတဲ့ သတင်းတွေဟာ ၂၀၁၉ ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း Joker 2 ကို ဆက်လက် ကြည့်ရှုချင်နေကြပါတယ်။ ပြီးခဲ့တဲ့ အပတ်တုန်းကတော့ ဒါရိုက်တာ Todd Philips ဟာ Joker 2 အတွက် ဇာတ်ညွှန်း ပြီးစီးသွားတဲ့အကြောင်းကို အင်စတာဂရမ်ပေါ်မှာ တင်ပေးခဲ့ပြီး Joker 2 ထွက်ရှိလာဦးမယ်လို့ အတည်ပြုသွားပါတယ်။

မကြာသေးခင်တုန်းကပဲ The Hollywood Reporter သတင်းဌာနဟာ Joker 2 ထဲမှာ Harley Quinn ပါဝင်လာမယ်လို့ ဖော်ပြခဲ့ပြီး အဲဒီဇာတ်ကောင်အတွက်တော့ Lady Gaga နဲ့ ညိှနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ DCEU ထဲမှာတော့ Harley Quinn နေရာမှာ Margot Robbie က သရုပ်ဆောင်ထားပေမယ့်လည်း Joker ရုပ်ရှင်ဟာ DCEU ထဲမှာ မပါဝင်တာကြောင့် သရုပ်ဆောင်တွေလည်း ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ Lady Gaga ဟာ Harley Quinn အဖြစ် ပါဝင်လာနိုင်တဲ့အပြင် Joker 2 ကိုတော့ Musical အဖြစ် ဖန်တီးသွားမယ်လို့ သိရပါတယ်။

photo via screenrant

Joker 2 ရဲ့ Title ကတော့ Joker: Folie a Deux ပဲ ဖြစ်ပြီး လူနှစ်ယောက်ရဲ့ ရူးသွပ်မှုလို့ အကြမ်းဖျဉ်း ဘာသာပြန်နိုင်ပါတယ်။ ဒါကြောင့်ပဲ Title ကိုက Joker အပြင် နောက်ထပ် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတဲ့ လူတစ်ယောက် ပါဝင်လာဦးမယ်လို့ အရိပ်အမြွက် ပြသနေပါတယ်။ ဒါ့အပြင် အဲဒီနေရာမှာတော့ Harley Quinn လည်း ပါဝင်နေနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လောလောဆယ်မှာတော့ Warner Bros. ဟာ ဒီသတင်းနဲ့ ပတ်သက်ပြီး အတည်မပြုသေးတာကြောင့် Lady Gaga ကို Harley Quinn အနေနဲ့ မြင်ရမလားဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular